မ်က္နွာေပၚက တင္းတိပ္၊ မွဲ႔ေျခာက္နွင့္ ညိဳမဲကြက္မ်ား သိသာထင္ရွားစြာ ေပ်ာက္ကင္းသြားေစတဲ့ နည္းလမ္း ၃ခု
Zawgyi ျဖင့္ဖတ္ရန္
အမ်ားအားျဖင့္ အသက္အရြယ္ရလာတဲ့ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားဆံုးကေတာ့ တင္းတိပ္၊ မွဲ႔ေျခာက္ ျပႆနာပါပဲ။ ဒါေတြကို ဂရုမစိုက္ဘဲထေားလိုက္ရင္ေတာ့ ေပ်ာက္ကင္းမႈမရွိဘဲ မ်က္နွာေပၚမွာ ေသရာပါအထိ ပါသြားပါလိ့မ္မယ္။
တင္းတိပ္၊ မွဲ႔ေျခာက္ဆိုတာ မေပ်ာက္ကင္းနိုင္တဲ့ အေရျပားေရာဂါမဟုတ္ပါဘူး။ ေသခ်ာဂရုစိုက္ေပးမယ္ဆိုလွ်င္ အခ်ိန္အတုိင္းအတာတစ္ခုအတြင္းမွာတင္ အရွင္းေပ်ာက္ကင္းနို္င္ပါတယ္။ အေရျပားေဆးကုခန္းေတြမွာ ကုသမႈခံယူနိုင္သလို မိမိကိုယ္တိုင္ အိမ္တြင္းနည္းလမ္းေကာင္းမ်ားျဖင့္လည္း ေပ်ာက္ကင္းသက္သာေစနို္င္ပါတယ္။
၁။ သံပုယိုသီး
သံပုယိုသီးကို အရည္ညွစ္ျပီး တင္းတိပ္၊ မွဲ႕ေျခာက္ရွိရာေနရာသို႔ ပြတ္ေပးျပီး ညွင္သာစြာ နွိပ္နယ္ေပးပါ။ ထို႔ေနာက္ ၁၅မိနစ္ခန္႔ထားျပီး ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာေပးပါ။ ထိုအတုိင္း တစ္ေန႔ ၂ၾကိမ္ျပဳလုပ္ေပးပါ။ သို႔ေသာ္ အသားအေရထိခိုက္လြယ္တတ္တဲ့ အေရျပားပိုင္ရွင္မ်ားကေတာ့ ဒီနည္းလမ္းကို အသံုးမျပဳသင့္ပါဘူး။
၂။ ခရမ္းသီး
ခရမ္းသီးကေတာ့ အလွအပေရးရာ နည္းလမ္းေတြမွာ ျမင္ေတြ႕ရခဲပါတယ္။ သို႔ေသာ္ ကိုယ္တိုင္လက္ေတြ႕ျပဳလုပ္ဖူးသူေတြရဲ႕ ေျပာျပခ်က္အရ ခရမ္းသီးကို တင္းတိပ္၊ မွဲ႔ေျခာက္ ေဖ်ာက္တဲ့ေနရာမွာ သံုးနိုင္ျပီး အေကာင္းဆံုးထိေရာက္မႈကိုလည္း ေပးစြမ္းနိုင္တယ္လုိ႔ ဆိုပါတယ္။ ပထမဦးစြာ ခရမး္သီးကို ခပ္ပါးပါးလွီးျပီး အေရျပားျဖစ္တဲ့ေနရာမွာ စက္ဝိုင္းပံုအတိုင္း ပြတ္ေပးပါ။ မိနစ္အနည္းငယ္ၾကာ ပြတ္ေပးျပီးလွ်င္ ၁၅မိနစ္ခန္႔ ဒီအတိုင္းထားျပီး ေရေဆးေၾကာလိုက္ပါ။ ထိုအတိုင္း ေန႔စဥ္ပံုမွန္ျပဳလုပ္ျခင္းျဖင့္ တင္းတိပ္မ်ားကို အရွင္းေပ်ာက္ကင္းေစနို္င္ပါတယ္။
၃။ ၾကက္သြန္နီ
ၾကက္သြန္နီ နည္းလမ္းကိုေတာ့ မၾကာခဏ ျမင္ဖူးပါလိမ့္မယ္။ ၾကက္သြန္က က်န္းမာေရးအတြက္လည္း အက်ိဳးရွိသလို အလွအပေရးရာအတြက္လည္း ေကာငး္က်ိဳးစြမ္းအင္မ်ား ရွိေနပါတယ္။ ၾကက္သြန္နီကို နုတ္နုတ္စင္းျပီး အရည္ညွစ္ယူပါ။ ထိုအရည္ကို တင္းတိပ္ျဖစ္ရာ မ်က္နွာေပၚသို႔ ဂြမး္ျဖင့္တို႔ကာ ပြတ္လိမ္းေပးပါ။ ၁၅မိနစ္ခန္႔ ၾကာလွ်င္ေတာ့ ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာလိုက္ရံုပါပဲ။ တစ္ေန႔ နွစ္ၾကိမ္ ပံုမွန္ ျပဳလုပ္ေပးဖို႔လည္း မေမ့ပါနဲ႔။
CHAN (ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
မျက်နှာပေါ်က တင်းတိပ်၊ မှဲ့ခြောက်နှင့် ညိုမဲကွက်များ သိသာထင်ရှားစွာ ပျောက်ကင်းသွားစေတဲ့ နည်းလမ်း ၃ခု
အများအားဖြင့် အသက်အရွယ်ရလာတဲ့ အမျိုးသမီးတွေမှာ အဖြစ်များဆုံးကတော့ တင်းတိပ်၊ မှဲ့ခြောက် ပြဿနာပါပဲ။ ဒါတွေကို ဂရုမစိုက်ဘဲထေားလိုက်ရင်တော့ ပျောက်ကင်းမှုမရှိဘဲ မျက်နှာပေါ်မှာ သေရာပါအထိ ပါသွားပါလိ့မ်မယ်။
တင်းတိပ်၊ မှဲ့ခြောက်ဆိုတာ မပျောက်ကင်းနိုင်တဲ့ အရေပြားရောဂါမဟုတ်ပါဘူး။ သေချာဂရုစိုက်ပေးမယ်ဆိုလျှင် အချိန်အတိုင်းအတာတစ်ခုအတွင်းမှာတင် အရှင်းပျောက်ကင်းနိုင်ပါတယ်။ အရေပြားဆေးကုခန်းတွေမှာ ကုသမှုခံယူနိုင်သလို မိမိကိုယ်တိုင် အိမ်တွင်းနည်းလမ်းကောင်းများဖြင့်လည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
၁။ သံပုယိုသီး
သံပုယိုသီးကို အရည်ညှစ်ပြီး တင်းတိပ်၊ မှဲ့ခြောက်ရှိရာနေရာသို့ ပွတ်ပေးပြီး ညှင်သာစွာ နှိပ်နယ်ပေးပါ။ ထို့နောက် ၁၅မိနစ်ခန့်ထားပြီး ကြက်သီးနွေးရေဖြင့် ဆေးကြောပေးပါ။ ထိုအတိုင်း တစ်နေ့ ၂ကြိမ်ပြုလုပ်ပေးပါ။ သို့သော် အသားအရေထိခိုက်လွယ်တတ်တဲ့ အရေပြားပိုင်ရှင်များကတော့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။
၂။ ခရမ်းသီး
ခရမ်းသီးကတော့ အလှအပရေးရာ နည်းလမ်းတွေမှာ မြင်တွေ့ရခဲပါတယ်။ သို့သော် ကိုယ်တိုင်လက်တွေ့ပြုလုပ်ဖူးသူတွေရဲ့ ပြောပြချက်အရ ခရမ်းသီးကို တင်းတိပ်၊ မှဲ့ခြောက် ဖျောက်တဲ့နေရာမှာ သုံးနိုင်ပြီး အကောင်းဆုံးထိရောက်မှုကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ပထမဦးစွာ ခရမ်းသီးကို ခပ်ပါးပါးလှီးပြီး အရေပြားဖြစ်တဲ့နေရာမှာ စက်ဝိုင်းပုံအတိုင်း ပွတ်ပေးပါ။ မိနစ်အနည်းငယ်ကြာ ပွတ်ပေးပြီးလျှင် ၁၅မိနစ်ခန့် ဒီအတိုင်းထားပြီး ရေဆေးကြောလိုက်ပါ။ ထိုအတိုင်း နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် တင်းတိပ်များကို အရှင်းပျောက်ကင်းစေနိုင်ပါတယ်။
၃။ ကြက်သွန်နီ
ကြက်သွန်နီ နည်းလမ်းကိုတော့ မကြာခဏ မြင်ဖူးပါလိမ့်မယ်။ ကြက်သွန်က ကျန်းမာရေးအတွက်လည်း အကျိုးရှိသလို အလှအပရေးရာအတွက်လည်း ကောင်းကျိုးစွမ်းအင်များ ရှိနေပါတယ်။ ကြက်သွန်နီကို နုတ်နုတ်စင်းပြီး အရည်ညှစ်ယူပါ။ ထိုအရည်ကို တင်းတိပ်ဖြစ်ရာ မျက်နှာပေါ်သို့ ဂွမ်းဖြင့်တို့ကာ ပွတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့် ကြာလျှင်တော့ ကြက်သီးနွေးရေဖြင့် ဆေးကြောလိုက်ရုံပါပဲ။ တစ်နေ့ နှစ်ကြိမ် ပုံမှန် ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။
CHAN (ရွှေအင်းလေး)


မှတ်ချက်များ