ဝမ္းခ်ဳပ္ စျမင္းခံသူမ်ားအတြက္ လြယ္ကူသည့္နည္း
Zawgyi ျဖင့္ဖတ္ရန္
ဝမ္းခ်ဳပ္စျမင္းခံသူေတြဟာ ဝမ္းေၾကာေတြ တင္းေနတတ္ပါတယ္။ ဝမ္းေၾကာ တင္းတာေၾကာင့္လည္း ရင္ျပည့္ရင္ကယ္၊ အစာမေၾက၊ ဝမ္းခ်ဳပ္တာ ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ဝမ္းေၾကာေလ်ာ့ေအာင္ လုပ္ေပးရပါတယ္။ဝမ္းေၾကာေလ်ာ့ေစမယ့္နည္း ေပးပါ့မယ္။ လိုအပ္တာေတြ ေျပာပါ့မယ္။
(၁) အုန္းဆီ
(၂) ကြမ္းစားထုံး
(၃)သြားတိုက္ေဆးေတြ လိုအပ္ပါတယ္။
အဲဒီသုံးမ်ိဳးကို လိမ္းမယ့္ေလာက္ကိုဆတူယူ ေရာေမႊေပးရပါမယ္။ ေမႊၿပီးရင္ လက္ဖေနာင့္မွာသုတ္ၿပီး ရင္ေခါင္းကေနဆီးခုံအထိ ခပ္သာသာေလး ဖိလိမ္းေပးရပါမယ္။ ဝမ္းဗိုက္တစ္ခုလုံး ႏွံ႔စပ္ေအာင္ လိမ္းေပးရပါမယ္။ လိမ္းၿပီးရင္ အျပင္မထြက္ပါနဲ႔။ မၾကာမီမွာ ဗိုက္ထဲမွာ ဂြီဂြီဂြမ္ဂြမ္ ျမည္လာၿပီး ေလေတြ ၿပိဳကြဲလာပါမယ္။ ဗိုက္ေၾကာ ေလ်ာ့လာၿပီးတာနဲ႔ အိမ္သာကို မ်က္ေစာင္းထိုးလာပါေတာ့မယ္။ သိပ္ၿပီး ဝမ္းခိုင္သူဆိုရင္ေတာ့ ႏွမ္းဆီ ဟင္းစားဇြန္း တစ္ဇြန္း ႀကိဳေသာက္ထားေပါ့ဗ်ာ။ ၿပီးရင္ ေျပးလမ္း အဆင္သင့္ ျပင္ထားပါေတာ့ဗ်ာ။
႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ
Credit-Shwe La Thar Win
Unicode ဖြင့်ဖတ်ရန်
ဝမ်းချုပ် စမြင်းခံသူများအတွက် လွယ်ကူသည့်နည်း
ဝမ်းချုပ်စမြင်းခံသူတွေဟာ ဝမ်းကြောတွေ တင်းနေတတ်ပါတယ်။ ဝမ်းကြော တင်းတာကြောင့်လည်း ရင်ပြည့်ရင်ကယ်၊ အစာမကြေ၊ ဝမ်းချုပ်တာ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဝမ်းကြောလျော့အောင် လုပ်ပေးရပါတယ်။ဝမ်းကြောလျော့စေမယ့်နည်း ပေးပါ့မယ်။ လိုအပ်တာတွေ ပြောပါ့မယ်။
(၁) အုန်းဆီ
(၂) ကွမ်းစားထုံး
(၃)သွားတိုက်ဆေးတွေ လိုအပ်ပါတယ်။
အဲဒီသုံးမျိုးကို လိမ်းမယ့်လောက်ကိုဆတူယူ ရောမွှေပေးရပါမယ်။ မွှေပြီးရင် လက်ဖနောင့်မှာသုတ်ပြီး ရင်ခေါင်းကနေဆီးခုံအထိ ခပ်သာသာလေး ဖိလိမ်းပေးရပါမယ်။ ဝမ်းဗိုက်တစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရပါမယ်။ လိမ်းပြီးရင် အပြင်မထွက်ပါနဲ့။ မကြာမီမှာ ဗိုက်ထဲမှာ ဂွီဂွီဂွမ်ဂွမ် မြည်လာပြီး လေတွေ ပြိုကွဲလာပါမယ်။ ဗိုက်ကြော လျော့လာပြီးတာနဲ့ အိမ်သာကို မျက်စောင်းထိုးလာပါတော့မယ်။ သိပ်ပြီး ဝမ်းခိုင်သူဆိုရင်တော့ နှမ်းဆီ ဟင်းစားဇွန်း တစ်ဇွန်း ကြိုသောက်ထားပေါ့ဗျာ။ ပြီးရင် ပြေးလမ်း အဆင်သင့် ပြင်ထားပါတော့ဗျာ။
ရွှင်လန်းချမ်းမြေ့ကြပါစေ
Credit-Shwe La Thar Win


မှတ်ချက်များ