ခ်စ္သူက မိမိကိုယ္ကိုသတ္ေသဖို႔ အႀကိမ္ေပါင္းမ်ားစြာ တိုက္တြန္းတာေၾကာင့္ ဘြဲ႕ယူတဲ့ေနမွာ မိမိကိုယ္ကိုသတ္ေသတဲ့ ေကာင္ေလး
Zawgyi ျဖင့္ဖတ္ရန္
ေဘာ္စတြန္ေကာလိပ္မွ အသက္၂၁အ႐ြယ္ ေက်ာင္းသူတစ္ဦးျဖစ္တဲ့ Inyoung ဟာ ခ်စ္သူေကာင္ေလးကို ကိုယ့္ကိုကိုယ္သတ္ေသဖို႔ အႀကိမ္ႀကိမ္ေျပာခဲ့တာေၾကာင့္ တရားစြဲဆိုခံထားရတယ္လို႔ သိရပါတယ္။သူမရဲ႕ခ်စ္သူ Alexander Urtula ဟာ သူ႔ဘြဲ႕ယူရမယ့္ေန႔မွာ ကားပါကင္ေခါင္မိုးကေန ခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္သတ္ေသခဲ့ပါတယ္။
Alexander ဟာ ရည္းစားသက္တမ္း ၁၈လအတြင္းမွာ ခ်စ္သူ Inyoung ဆီကေန ၾကမ္းတမ္းတဲ့စကားေတြ စိတ္ထိခိုက္ဖြယ္ရာအျပဳအမူေတြေၾကာင့္ ကိုယ္ေရာ စိတ္ပါ စိတ္ဆင္းရဲခဲ့ရတယ္လို႔ မိသားစုေတြနဲ႔ အတန္းေဖာ္ေတြရဲ႕သက္ေသခံခဲ့ၾကပါတယ္။
Inyoung ကို Alexander ရဲ႕ ကိုယ့္ကိုကိုယ္သတ္ေသမႈအတြက္ သံသယရွိသူအျဖစ္ သတ္မွတ္ၾကတဲ့ အေၾကာင္းအရင္းမ်ားစြာရွိတယ္လို႔ သိရပါတယ္။
Inyoungဟာ Alexanderကို ၿခိမ္းေျခာက္ကာ အက်ပ္ကိုင္မႈေႂတြပုလုပ္ခဲ့တဲ့အျပင္ alexander စိတ္အားငယ္ေနခ်ိန္မွာလည္း သူ႔ရ႕အားနည္းခ်က္ကို အသုံးခ်ခဲ့တယ္လို႔ သိရပါတယ္။
စိတ္ဓာတ္က်ေနတဲ့ ခ်စ္သူထံကိုလည္း ကိုယ္ကိုကိုယ္သတ္ေသဖို႔တိုက္တြန္းထားတဲ့ မက္ေဆ့ခ္်ေတြ ပို႔ခဲ့တာေၾကာင့္ သူမကို တရားစြဲဆိုထားတာျဖစ္ပါတယ္။
လက္ရွိမွာ Inyoung ဟာ ေတာင္ကိုရီးယားမွာ ရွိေနတာေၾကာင့္ အာဏာပိုင္ေတြက USA ကိုျပန္လာကာ တရားရင္ဆိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတယ္လို႔ သိရပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
ချစ်သူက မိမိကိုယ်ကိုသတ်သေဖို့ အကြိမ်ပေါင်းများစွာ တိုက်တွန်းတာကြောင့် ဘွဲ့ယူတဲ့နေမှာ မိမိကိုယ်ကိုသတ်သေတဲ့ ကောင်လေး
ဘော်စတွန်ကောလိပ်မှ အသက်၂၁အရွယ် ကျောင်းသူတစ်ဦးဖြစ်တဲ့ Inyoung ဟာ ချစ်သူကောင်လေးကို ကိုယ့်ကိုကိုယ်သတ်သေဖို့ အကြိမ်ကြိမ်ပြောခဲ့တာကြောင့် တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။သူမရဲ့ချစ်သူ Alexander Urtula ဟာ သူ့ဘွဲ့ယူရမယ့်နေ့မှာ ကားပါကင်ခေါင်မိုးကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။
Alexander ဟာ ရည်းစားသက်တမ်း ၁၈လအတွင်းမှာ ချစ်သူ Inyoung ဆီကနေ ကြမ်းတမ်းတဲ့စကားတွေ စိတ်ထိခိုက်ဖွယ်ရာအပြုအမူတွေကြောင့် ကိုယ်ရော စိတ်ပါ စိတ်ဆင်းရဲခဲ့ရတယ်လို့ မိသားစုတွေနဲ့ အတန်းဖော်တွေရဲ့သက်သေခံခဲ့ကြပါတယ်။
Inyoung ကို Alexander ရဲ့ ကိုယ့်ကိုကိုယ်သတ်သေမှုအတွက် သံသယရှိသူအဖြစ် သတ်မှတ်ကြတဲ့ အကြောင်းအရင်းများစွာရှိတယ်လို့ သိရပါတယ်။
Inyoungဟာ Alexanderကို ခြိမ်းခြောက်ကာ အကျပ်ကိုင်မှုတြွေပုလုပ်ခဲ့တဲ့အပြင် alexander စိတ်အားငယ်နေချိန်မှာလည်း သူ့ရ့အားနည်းချက်ကို အသုံးချခဲ့တယ်လို့ သိရပါတယ်။
စိတ်ဓာတ်ကျနေတဲ့ ချစ်သူထံကိုလည်း ကိုယ်ကိုကိုယ်သတ်သေဖို့တိုက်တွန်းထားတဲ့ မက်ဆေ့ခ်ျတွေ ပို့ခဲ့တာကြောင့် သူမကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
လက်ရှိမှာ Inyoung ဟာ တောင်ကိုရီးယားမှာ ရှိနေတာကြောင့် အာဏာပိုင်တွေက USA ကိုပြန်လာကာ တရားရင်ဆိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
Writer -LLA ( Shwe Yaung Lan )

မှတ်ချက်များ