ခ်စ္သူ ရွိေနၿပီျဖစ္ေၾကာင္း ပရိတ္သတ္ေတြကို ပုံေလးတစ္ပုံနဲ႔ အသိေပးလိုက္တဲ့ အဆိုေတာ္ မိစႏၵီ
Zawgyi ျဖင့္ဖတ္ရန္
ဂီတေလာကမွာ အမ်ိဳးသမီး Rapper တစ္ေယာက္အျဖစ္ ရပ္တည္ေနခဲ့တဲ့ မိစႏၵီဆိုရင္ ပရိတ္သတ္ႀကီး မ်က္လုံးထဲမွာ ခ်စ္စဖြယ္အၿပဳံးေလးနဲ႔ ကေလးသဖြယ္ ႐ိုးသားျဖဴစင္တဲ့ မ်က္ႏွာေလးကို ေျပးျမင္ၾကမယ္လို႔ ထင္ပါတယ္ေနာ္။ မိစႏၵီဟာ လက္ရွိအခ်ိန္မွာေတာ့ “ေဈးဗန္း” ဆိုတဲ့ သီခ်င္းေလးနဲ႔ လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားလ်က္ရွိပါတယ္။
သူမရဲ႕ သီခ်င္းျဖစ္တဲ့ “ေရစက္” ဆိုတဲ့ သီခ်င္းဟာလည္း အခုတေလာ လူမႈကြန္ယက္နဲ႔ သီခ်င္းေတာင္ အစီအစဥ္ေတြမွာ အမ်ားဆုံး ေတာင္းခံျခင္းခံရတဲ့ သီခ်င္းေလးလည္းျဖစ္ပါတယ္။ သူမမွာ လက္ရွိအခ်ိန္မွာ ခ်စ္သူမရွိဘူးလို႔ ေျပာထားခဲ့ပါတယ္။ သို႔ေပမယ့္လည္း မၾကာေသးမီရက္ပိုင္းကမွာ သူမရဲ႕ လူမႈကြန္ယက္အေကာင့္မွာ လက္တစ္ဖက္ပုံနဲ႔ ႐ိုက္ထားတဲ့ ဓါတ္ပုံတစ္ခုကို တင္ခဲ့ပါတယ္။ ပုံေလးအျပင္ သူမဟာ ((((“Thank you baby. just stand by me”)))) ဆိုၿပီး စာေလးနဲ႔ပါ တြဲတင္ခဲ့တာျဖစ္ပါတယ္။
လူပုံလည္း မပါ ထိုလက္တစ္ဖက္ဟာ ဘယ္သူျဖစ္မလဲဆိုတာ ပရိတ္သတ္ႀကီးက ေတာ္ေတာ္ေလး စိတ္ဝင္စားခဲ့ၾကပါတယ္။ ဒီပုံေလးတင္ၿပီးတဲ့ မိနစ္ပိုင္းအတြင္းမွာလည္း မိႏၵီဟာ အဆိုေတာ္ နီနီခင္ေဇာ္ရဲ႕ လက္နဲ႔ တြဲ႐ိုက္ထားတာပါလို႔ မွတ္ခ်က္ေပးသူေတြကလည္း အမ်ားႀကီးျဖစ္သလို၊ သူငယ္ခ်င္းလက္တစ္ဖက္နဲ႔ ပရိတ္သတ္ႀကီးကို စေနာက္လိုက္တာလို႔ ထင္ျမင္သူေတြကလည္း အမ်ားႀကီးျဖစ္ပါတယ္။ ကဲ ပရိတ္သတ္ႀကီးေရ မိႏၵီတစ္ေယာက္ တကယ္ပဲ ခ်စ္သူရသြားၿပီလား၊ ဒါမွ မဟုတ္ ပရိတ္သတ္ႀကီးကို ခ်စ္လို႔ စေနာက္လိုက္တာလားဆိုတာ ဆက္ၿပီး စုံစမ္းၾကရေအာင္ေနာ္…………. :p ။
Writer- ME(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ချစ်သူ ရှိနေပြီဖြစ်ကြောင်း ပရိတ်သတ်တွေကို ပုံလေးတစ်ပုံနဲ့ အသိပေးလိုက်တဲ့ အဆိုတော် မိစန္ဒီ
ဂီတလောကမှာ အမျိုးသမီး Rapper တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တဲ့ မိစန္ဒီဆိုရင် ပရိတ်သတ်ကြီး မျက်လုံးထဲမှာ ချစ်စဖွယ်အပြုံးလေးနဲ့ ကလေးသဖွယ် ရိုးသားဖြူစင်တဲ့ မျက်နှာလေးကို ပြေးမြင်ကြမယ်လို့ ထင်ပါတယ်နော်။ မိစန္ဒီဟာ လက်ရှိအချိန်မှာတော့ “ဈေးဗန်း” ဆိုတဲ့ သီချင်းလေးနဲ့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိပါတယ်။
သူမရဲ့ သီချင်းဖြစ်တဲ့ “ရေစက်” ဆိုတဲ့ သီချင်းဟာလည်း အခုတလော လူမှုကွန်ယက်နဲ့ သီချင်းတောင် အစီအစဉ်တွေမှာ အများဆုံး တောင်းခံခြင်းခံရတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ သူမမှာ လက်ရှိအချိန်မှာ ချစ်သူမရှိဘူးလို့ ပြောထားခဲ့ပါတယ်။ သို့ပေမယ့်လည်း မကြာသေးမီရက်ပိုင်းကမှာ သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ လက်တစ်ဖက်ပုံနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတစ်ခုကို တင်ခဲ့ပါတယ်။ ပုံလေးအပြင် သူမဟာ ((((“Thank you baby. just stand by me”)))) ဆိုပြီး စာလေးနဲ့ပါ တွဲတင်ခဲ့တာဖြစ်ပါတယ်။
လူပုံလည်း မပါ ထိုလက်တစ်ဖက်ဟာ ဘယ်သူဖြစ်မလဲဆိုတာ ပရိတ်သတ်ကြီးက တော်တော်လေး စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီပုံလေးတင်ပြီးတဲ့ မိနစ်ပိုင်းအတွင်းမှာလည်း မိန္ဒီဟာ အဆိုတော် နီနီခင်ဇော်ရဲ့ လက်နဲ့ တွဲရိုက်ထားတာပါလို့ မှတ်ချက်ပေးသူတွေကလည်း အများကြီးဖြစ်သလို၊ သူငယ်ချင်းလက်တစ်ဖက်နဲ့ ပရိတ်သတ်ကြီးကို စနောက်လိုက်တာလို့ ထင်မြင်သူတွေကလည်း အများကြီးဖြစ်ပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ မိန္ဒီတစ်ယောက် တကယ်ပဲ ချစ်သူရသွားပြီလား၊ ဒါမှ မဟုတ် ပရိတ်သတ်ကြီးကို ချစ်လို့ စနောက်လိုက်တာလားဆိုတာ ဆက်ပြီး စုံစမ်းကြရအောင်နော်…………. :p ။
Writer- ME(Shwe Yaung Lan)


မှတ်ချက်များ