Zawgyiျဖင့္ဖတ္ရန္
ေသြးတိုးက်ေစတဲ့ အစားအစာမ်ား – ေသြးတိုးေရာဂါရွိေနၿပီလို႔ သိလိုက္တာနဲ႔ လူအမ်ားစုဟာ ေသြးက်ေဆးေသာက္ဖို႔ကိုပဲ အာ႐ုံရွိၾကပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ စားေသာက္ေနထိုင္မႈ ပုံစံတခုကို ေျပာင္းႏိုင္ရင္ ေသြးတိုးေရာဂါကို ေဆးဝါးမသုံးစြဲဘဲျဖစ္ေစ၊ ေဆးဝါးအကူအညီ အနည္းငယ္ ယူ႐ုံေလာက္နဲ႔ ထိန္းသိမ္းႏိုင္ပါတယ္။အခုေဖာ္ျပေပးမွာကေတာ့ ေသြးတိုးေရာဂါ ရွိသူတိုင္း သိထားသင့္တဲ့ ေသြးတိုးျခင္းကို ထိန္းသိမ္းေပးႏိုင္တဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။
(၁) အစိမ္းေရာင္ အသီးအ႐ြက္မ်ား – အစိမ္းေရာင္ရွိတဲ့ အသီးအ႐ြက္ေတြဟာ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝတာေၾကာင့္ ေသြးတြင္းဆိုဒီယမ္ဓာတ္မ်ားျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္ၿပီး ေသြးတိုးျခင္းနဲ႔ ႐ုတ္တရက္ ေသြးေပါင္အလြန္အမင္းတက္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။
(၂) ဒိန္ခ်ဥ္ – အေမရိကန္ေဆးပညာရွင္ေတြရဲ႕ ေလ့လာမႈေတြအရ တပတ္ကို သၾကားမပါတဲ့ ဒိန္ခ်ဥ္ သုံးခြက္ကေန ငါးခြက္ေလာက္အထိ ပုံမွန္စားေပးျခင္းဟာ ေသြးတိုးျခင္းကို ၃၀ ရာခိုင္ႏႈန္းေလာက္ထိ ထိန္းခ်ဳပ္ေပးႏိုင္တယ္လို႔ သိရၿပီး ႏွလုံးေရာဂါျဖစ္ပြားျခင္းကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။
(၃) ငွက္ေပ်ာသီး – ငွက္ေပ်ာသီးဟာဆိုရင္လည္း ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝတဲ့ အစားအစာတမ်ိဳးျဖစ္တာေၾကာင့္ ေသြးတိုးျခင္းကို ထိန္းခ်ဳပ္ကာကြယ္ေပးႏိုင္ပါတယ္။
(၄) ငါး – ငါးမွာပါဝင္တဲ့ Omega3 Fatty Acid နဲ႔ ပ႐ိုတင္းဓာတ္ေတြဟာ ေသြးေပါင္တက္ျခင္းကို ေလ်ာ့က်ေစႏိုင္ၿပီး ေသြးတိုးေရာဂါနဲ႔ ဆက္စပ္ေနတဲ့ တျခားေသာ ေရာဂါေတြ ျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့နည္းေစပါတယ္။
(၅) ၾကက္သြန္ျဖဴ – ေန႔စဥ္ စားေသာက္မႈပုံစံမွာ ၾကက္သြန္ျဖဴကို ဟင္းလ်ာေတြထဲ ထည့္ခ်က္ျခင္းထက္ အစိမ္းလိုက္စားေပးျခင္းက ေသြးတိုးျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။
Unicode ဖြင့်ဖတ်ရန်

သွေးတိုးကျစေတဲ့ အစားအစာများ – သွေးတိုးရောဂါရှိနေပြီလို့ သိလိုက်တာနဲ့ လူအများစုဟာ သွေးကျဆေးသောက်ဖို့ကိုပဲ အာရုံရှိကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတခုကို ပြောင်းနိုင်ရင် သွေးတိုးရောဂါကို ဆေးဝါးမသုံးစွဲဘဲဖြစ်စေ၊ ဆေးဝါးအကူအညီ အနည်းငယ် ယူရုံလောက်နဲ့ ထိန်းသိမ်းနိုင်ပါတယ်။အခုဖော်ပြပေးမှာကတော့ သွေးတိုးရောဂါ ရှိသူတိုင်း သိထားသင့်တဲ့ သွေးတိုးခြင်းကို ထိန်းသိမ်းပေးနိုင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
(၁) အစိမ်းရောင် အသီးအရွက်များ – အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဟာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတာကြောင့် သွေးတွင်းဆိုဒီယမ်ဓာတ်များခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတိုးခြင်းနဲ့ ရုတ်တရက် သွေးပေါင်အလွန်အမင်းတက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဒိန်ချဉ် – အမေရိကန်ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ တပတ်ကို သကြားမပါတဲ့ ဒိန်ချဉ် သုံးခွက်ကနေ ငါးခွက်လောက်အထိ ပုံမှန်စားပေးခြင်းဟာ သွေးတိုးခြင်းကို ၃၀ ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ငှက်ပျောသီး – ငှက်ပျောသီးဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် သွေးတိုးခြင်းကို ထိန်းချုပ်ကာကွယ်ပေးနိုင်ပါတယ်။
(၄) ငါး – ငါးမှာပါဝင်တဲ့ Omega3 Fatty Acid နဲ့ ပရိုတင်းဓာတ်တွေဟာ သွေးပေါင်တက်ခြင်းကို လျော့ကျစေနိုင်ပြီး သွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့ တခြားသော ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
(၅) ကြက်သွန်ဖြူ – နေ့စဉ် စားသောက်မှုပုံစံမှာ ကြက်သွန်ဖြူကို ဟင်းလျာတွေထဲ ထည့်ချက်ခြင်းထက် အစိမ်းလိုက်စားပေးခြင်းက သွေးတိုးခြင်းကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Credit-The Irrawaddy-Burmese Editon

မှတ်ချက်များ