Zawgyiျဖင့္ဖတ္ရန္
ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ဝက္ၿခံဆိုတဲ့ အမ်ိဳးဟာ တစ္ေနရာတည္းမွာ ဘယ္ေတာ့မွ ထြက္ေလ့မရွိပါဘူး။ ကိုယ္ခႏၶာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ထြက္ေလ့ရွိၿပီး အမ်ားဆုံးကေတာ့ မ်က္ႏွာမွာပဲ ျဖစ္ပါတယ္။ မ်က္ႏွာမွာေတာင္မွနဖူးဆို နဖူး၊ ႏွာေခါင္းဆို ႏွာေခါင္း တစ္ေနရာတည္း စည္းကမ္းရွိရွိ ထြက္တာမ်ိဳး မဟုတ္ဘဲ ဟိုေနရာမွာေပါက္လိုက္ ဒီေနရာမွာေပါက္လိုက္နဲ႔ေတာ္ေတာ္ဆိုးတဲ့ဝက္ၿခံ ေတြပါ။ ဒီေတာ့ ဘာ့ေၾကာင့္ ဒီလိုမ်ိဳး မ်က္ႏွာအႏွံ႔ ဝက္ၿခံေတြ ထြက္ရတာလဲ။
ေနရာအလိုက္ေပါက္တဲ့ဝက္ၿခံေတြနဲ႔ သူ႔ကို ျဖစ္ေစတဲ့အေၾကာင္းအရင္းမ်ား ။
နဖူး ။ ။
နဖူးမွာ ေပါက္တဲ ့ဝက္ၿခံအမ်ားစုရဲ႕ တရားခံဟာ ဆံပင္ပဲ ျဖစ္ပါတယ္။ ဆံပင္မွာကပ္ေနတဲ့ ဘက္တီးရီးယားေတြ ဖုန္ေတြနဲ႔ေခြၽးေပါက္ေတြထဲမွာ ရွိတဲ့ အဆီေတြ ေရာသြားတဲ့အခါ ဝက္ၿခံစၿပီးျဖစ္လာပါေတာ့တယ္။
စိတ္ဖိစီးမႈမ်ားတဲ့အခါ မွာလည္း နဖူးေပၚမွာ ဝက္ၿခံေတြ ေပါက္လာေလ့ရွိပါတယ္။
စားလိုက္တဲ့အစားအစာေတြထဲမွာ အဆီပါဝင္မႈႏႈန္းမ်ားေနျခင္းကလည္း နဖူးေပၚ ဝက္ၿခံေပါက္ေစတဲ့အေၾကာင္းအရင္းတစ္ခုပါ။
ေနာက္ဆုံးတစ္ခုကေတာ့ နဖူးေပၚ ေပါက္တဲ့ဝက္ၿခံေတြနဲ႔ ေရဓာတ္ခမ္းေျခာက္ျခင္းနဲ႔ကလည္း ဆက္စပ္ေနတယ္ဆိုတာပါပဲ။
ႏွာေခါင္း
စပ္လြန္းတဲ အစားအစာေတြက ႏွာေခါင္းမွာ ဝက္ၿခံေပါက္ရျခင္းရဲ႕ တရားခံေတြပါ။ အဲဒီအစား ျပည့္ဝဆီမ်ားတဲ့ ေထာပတ္သီးတို႔ သစ္ၾကားသီးတို႔ကို စားေပးရင္ ႏွာေခါင္းေပၚက ဝက္ၿခံ ေတြ သက္သာသြားမွာပါ။
ေနာက္ၿပီး ႏွာေခါင္းမွာ ေခြၽးေပါက္ ေတြက အက်ယ္ဆုံး ျဖစ္တာေၾကာင့္ ေခြၽးေပါက္ပိတ္ေစၿပီး ဝက္ၿခံျဖစ္ေစမယ့္ အလွကုန္ပစၥည္းေတြ မိတ္ကပ္ ေတြ ကိုေရွာင္လိမ္းဖို႔ေတာ့ လိုပါလိမ့္မယ္။
မ်က္ခုံးႏွစ္ခုၾကားက ဝက္ၿခံ
ဒီေနရာမွာ ေပါက္တဲ့ဝက္ၿခံအမ်ားစုက ကိုယ္စားလိုက္တဲ့ အစားအစာေတြနဲ႔ မတည့္တာေၾကာင့္ အဓိကျဖစ္ရတာပါ။
အထူးသျဖင့္ ႏို႔သၾကားဓာတ္မစုပ္ယူႏိုင္တဲ့သူေတြနဲ႔ အစာမေၾကတတ္တဲ့သူအမ်ားစုက မ်က္ခုံးၾကားထဲက ေနရာေလးမွာ ဝက္ၿခံေပါက္ေလ့ရွိပါတယ္။
ပါး ။
ပါးနဲ႔ အမ်ားဆုံးထိေတြ႕ေနရတဲ့ မိတ္ကပ္လိမ္းပစၥည္းေတြ၊ လက္ကိုင္ဖုန္းေတြကို ေသခ်ာသန႔္ရွင္းေရး မလုပ္ဘူးဆိုရင္ ဝက္ၿခံေပါက္ဖို႔ အလားအလာအရမ္းကို မ်ားသြားပါၿပီ။
ေနာက္ၿပီး ပါးေပၚမွာ ေပါက္တဲ့ ဝက္ၿခံေတြကအသက္ရႉပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔လည္း ဆက္စပ္ေနတတ္ပါတယ္။
ေမးေစ့နဲ႔ ပါး႐ိုးမွာ ေပါက္တဲ့ဝက္ၿခံ
ဒီလို ေမးေစ့နဲ႔ ေမး႐ိုးမွာ ေပါက္တဲ့ ဝက္ၿခံ အမ်ားစုဟာ ေဟာ္မုန္းဓာတ္မမွ်တလို႔ ျဖစ္ရတဲ့ ဝက္ၿခံေတြ ျဖစ္ပါတယ္။
ကိုယ္တြင္းမွာ ေျပာင္းလဲေနတဲ့ ေဟာ္မုန္း ေတြကို ထိန္းခ်ဳပ္လို႔မရေပမယ့္ မွန္မွန္အိပ္၊ အသီးအ႐ြက္မ်ားမ်ားစား၊ ေရမ်ားမ်ားေသာက္ၿပီး ဝက္ၿခံေတြကို ထိန္းခ်ဳပ္လို႔ရပါတယ္။
နား႐ြက္
နား႐ြက္မွာေပါက္တဲ့ဝက္ၿခံအမ်ားစုဟာ ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာ့င့္ ျဖစ္ရတာပါ။
ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္မယ္။ ဂတ္စ္ပါတဲ့အခ်ိဳရည္ေတြကိုေရွာင္ႏိုင္မယ္ဆိုရင္ ဝက္ၿခံျဖစ္တာေတြ လည္း သက္သာသြားမွာပါ။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှနဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာပေါက်လိုက် ဒီနေရာမှာပေါက်လိုက်နဲ့တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။
နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။
နဖူး ။ ။
နဖူးမှာ ပေါက်တဲ ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။
စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။
စားလိုက်တဲ့အစားအစာတွေထဲမှာ အဆီပါဝင်မှုနှုန်းများနေခြင်းကလည်း နဖူးပေါ် ဝက်ခြံပေါက်စေတဲ့အကြောင်းအရင်းတစ်ခုပါ။
နောက်ဆုံးတစ်ခုကတော့ နဖူးပေါ် ပေါက်တဲ့ဝက်ခြံတွေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ကလည်း ဆက်စပ်နေတယ်ဆိုတာပါပဲ။
နှာခေါင်း
စပ်လွန်းတဲ အစားအစာတွေက နှာခေါင်းမှာ ဝက်ခြံပေါက်ရခြင်းရဲ့ တရားခံတွေပါ။ အဲဒီအစား ပြည့်ဝဆီများတဲ့ ထောပတ်သီးတို့ သစ်ကြားသီးတို့ကို စားပေးရင် နှာခေါင်းပေါ်က ဝက်ခြံ တွေ သက်သာသွားမှာပါ။
နောက်ပြီး နှာခေါင်းမှာ ချွေးပေါက် တွေက အကျယ်ဆုံး ဖြစ်တာကြောင့် ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေမယ့် အလှကုန်ပစ္စည်းတွေ မိတ်ကပ် တွေ ကိုရှောင်လိမ်းဖို့တော့ လိုပါလိမ့်မယ်။
မျက်ခုံးနှစ်ခုကြားက ဝက်ခြံ
ဒီနေရာမှာ ပေါက်တဲ့ဝက်ခြံအများစုက ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ မတည့်တာကြောင့် အဓိကဖြစ်ရတာပါ။
အထူးသဖြင့် နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့သူတွေနဲ့ အစာမကြေတတ်တဲ့သူအများစုက မျက်ခုံးကြားထဲက နေရာလေးမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။
ပါး ။
ပါးနဲ့ အများဆုံးထိတွေ့နေရတဲ့ မိတ်ကပ်လိမ်းပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေကို သေချာသန့်ရှင်းရေး မလုပ်ဘူးဆိုရင် ဝက်ခြံပေါက်ဖို့ အလားအလာအရမ်းကို များသွားပါပြီ။
နောက်ပြီး ပါးပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေကအသက်ရှူပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
မေးစေ့နဲ့ ပါးရိုးမှာ ပေါက်တဲ့ဝက်ခြံ
ဒီလို မေးစေ့နဲ့ မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ အများစုဟာ ဟော်မုန်းဓာတ်မမျှတလို့ ဖြစ်ရတဲ့ ဝက်ခြံတွေ ဖြစ်ပါတယ်။
ကိုယ်တွင်းမှာ ပြောင်းလဲနေတဲ့ ဟော်မုန်း တွေကို ထိန်းချုပ်လို့မရပေမယ့် မှန်မှန်အိပ်၊ အသီးအရွက်များများစား၊ ရေများများသောက်ပြီး ဝက်ခြံတွေကို ထိန်းချုပ်လို့ရပါတယ်။
နားရွက်
နားရွက်မှာပေါက်တဲ့ဝက်ခြံအများစုဟာ ရေဓာတ်ခမ်းခြောက်ခြင်းကြော့င့် ဖြစ်ရတာပါ။
ဒါ့ကြောင့် ရေများများသောက်မယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေကိုရှောင်နိုင်မယ်ဆိုရင် ဝက်ခြံဖြစ်တာတွေ လည်း သက်သာသွားမှာပါ။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

မှတ်ချက်များ