အလားတူေဆးေတြက အာနိသင္မစြမ္းဘူးလား



Zawgyiျဖင့္ဖတ္ရန္



ေရးသားသူ Yun Sandi Nan Mon
 ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ေဆးဆိုင္မွာ ေဆးသြားဝယ္တဲ့အခါ ကိုယ္ေသာက္ေနက်ေဆး ဒါမွမဟုတ္ ဆရာဝန္ၫႊန္းထားတဲ့ေဆး မရွိရင္ အလားတူေဆးပဲရွိတယ္ဆိုရင္ ဘယ္လိုတုံ႔ျပန္ခဲ့ဖူးလဲ။

ေဆးအတူတူခ်င္းကို ေစ်းပိုသက္သာသြားတယ္ဆိုၿပီး ေပ်ာ္သြားတဲ့သူေတြရွိမယ္၊ အလားတူေဆးကို အရည္အေသြးမမီတဲ့ေဆးအတုလို ေတြးမိတဲ့သူေတြရွိမယ္၊ ေစ်းကြာတယ္ဆိုရင္ အာနိသင္ပါေလ်ာ့မယ္လို႔ထင္တဲ့သူရွိမယ္။ ရပါတယ္လို႔ေျပာၿပီး ကိုယ့္ေဆးဝယ္မရလို႔သာ ေသာက္လိိုက္ရတယ္၊ စိတ္ထဲေတာ့ ဒီေဆးေသာက္မိလို႔မ်ား ငါမသက္သာေသးတာလား၊ (original ေဆးလို႔ေခၚၾကတဲ့)ဘရန္းတံဆိပ္ကိုသာ ေသာက္ခဲ့ရရင္ ခုေလာက္ဆိုျမန္ျမန္သက္သာေနေလာက္ၿပီလို႔ တထင့္ထင့္နဲ႔ျဖစ္ေနသူေတြလည္းရွိတယ္။ တခ်ိဳ႕ကေတာ့ ျပတ္ျပတ္သားသားေခါင္းခါၿပီး တျခားဆိုင္သြားဝယ္ဖို႔ႀကိဳးစားၾကတယ္။ အလားတူေဆးေတြက တကယ္ပဲ မေကာင္းဘူးလား။
ဘာကြာျခားတာလဲ

ေဆးကုမၸဏီတစ္ခုက မူပိုင္ခြင့္တင္သြင္းထားတဲ့ေဆးတစ္မ်ိဳးကို အရင္ဆုံးထုတ္လုပ္လိုက္တဲ့အခါ ဒီဘရန္းအမည္နဲ႔(Original Brand) ေဆးကို ထုတ္လုပ္ေရာင္းခ်ခြင့္တစ္ဦးတည္းရရွိတာျဖစ္ပါတယ္။ အဲဒီမူပိုင္ခြင့္သက္တမ္းကုန္ဆုံးတာနဲ႔ ဒီေဆးကို တျခားကုမၸဏီေတြက ကိုယ္ပိုင္ဗားရွင္းနဲ႔ ထုတ္လုပ္ႏိုင္တယ္၊ ဘရန္းအမည္ေတာ့ မတူရဘူးေပါ့။ သူတို႔အားလုံးက ဘရန္းအမွတ္တံဆိပ္ေဆးဝါးေတြပါပဲ။ မူပိုင္ခြင့္သက္တမ္းကုန္ဆုံးၿပီးေနာက္ပိုင္း ထုတ္လုပ္တဲ့ေဆးေတြကိုေတာ့ ဘရန္းအမည္မပါတဲ့ generic brands ေတြလို႔ေခၚပါတယ္။

ေစ်းကြာတယ္ဆိုတိုင္း အေပါစားမဟုတ္ပါဘူး။ FDA ရဲ႕စည္းမ်ဥး္သတ္မွတ္ခ်က္အရ ဘရန္းတံဆိပ္နဲ႔ အလားတူေဆးေတြအပါအဝင္ ေဆးဝါးအားလုံးဟာ လုပ္ေဆာင္ခ်က္ေကာင္းရမွာျဖစ္ၿပီး ေဘးကင္းစိတ္ခ်ရမွာခ်ည္း ျဖစ္ပါတယ္။ အလားတူေဆးေတြမွာ ဘရန္းေဆးဝါးေတြလိုပဲ အာနိသင္ပါဝင္ပစၥည္းေတြ၊ ေကာင္းက်ိဳးေတြနဲ႔ ေဘးထြက္ဆိုးက်ိဳးေတြ အတူတူပဲရွိေနပါတယ္။
အတူတူပဲလို႔ ဘာလို႔ေျပာႏိုင္တာလဲ

ေဆးတစ္မ်ိဳးမွာ ဘရန္းအမွတ္တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ ေစ်းကြက္မွာရွိႏိုင္ေပမယ့္ သူ႔မွာပါဝင္တဲ့ ေဆးအမ်ိဳးအစားကေတာ့ အတူတူပါပဲ။ ဥပမာ Amoxicillin ေဆးကို Amoxil ၊ Moxilin စတဲ့ ဘရန္းအမည္ေတြနဲ႔ ရွိေနတာမ်ိဳးဆို Amoxicillin ေဆးခ်င္းအတူတူပါပဲ။ ဘယ္လိုအလားတူေဆးကိုပဲ ေတြ႕ေတြ႕ ေဆးမွာ သို႔မဟုတ္ ဘူးမွာေဖာ္ျပထားတဲ့ label ေပၚက မူရင္းေဆးအမ်ိဳးအစားကို တိုက္ညႇိစစ္ေဆးလိုက္ရင္ တူမတူ သိႏိုင္ပါတယ္။

ဒီေဆးေတြက Original Brand အတိုင္းပဲ –

    ပါဝင္ေဆးအမ်ိဳးအစား ပမာဏတူညီရမယ္၊
    ကုသမႈမွာ ထိေရာက္မႈအာနိသင္တူညီရမယ္၊
    ေဘးကင္းစိတ္ခ်ရမႈနဲ႔ အရည္အေသြးစံႏႈန္းခ်င္း တူညီရမယ္ လို႔ FDA ကခ်မွတ္ထားတာျဖစ္ပါတယ္။
အလားတူေဆးေတြေသာက္ရင္ ဘရန္းေဆးေတြေလာက္ မေကာင္းဘူးလို႔ ဘာလို႔ထင္ၾကတာလဲ

ပါဝင္တဲ့ေဆးအမ်ိဳးအစားက တူညီေပမယ့္ ‘inactive’ ingredients သို႔မဟုတ္ Excipients လို႔ေခၚတဲ့ ေဖ်ာ္စပ္အကူပစၥည္းေတြကေတာ့ မတူၾကပါဘူး။ ေဆးဝါးတစ္မ်ိဳးကို တျခားဘရန္းေတြနဲ႔မတူေအာင္ ပုံစံေျပာင္းဖို႔အတြက္ ထုတ္လုပ္မႈလုပ္ငန္းစဥ္မွာ Excipients ေတြကို အသုံးျပဳပါတယ္။ ေဆးဝါးေတြကို ေပါင္းစပ္ေပးဖို႔၊ ၾကာရွည္ခံဖို႔ ၊ ေဆးျပား သို႔မဟုတ္ ေဆးေတာင့္ပုံစံျဖစ္လာေစဖို႔ လုပ္ေဆာင္ရာမွာလည္း သုံးပါတယ္။ Excipients ေတြထဲမွာ –

    လက္တို႔စ္(Lactose)
    အေရာင္ေတြ
    ဂလူတင္ (Gluten)
    တာရွည္ခံပစၥည္းေတြ ပါဝင္ပါတယ္။
Excipients ေတြက ေဆးရဲ႕ပုံသ႑ာန္၊အ႐ြယ္အစား၊အနံ႔၊အေရာင္ေတြကို ေျပာင္းလဲေစႏိုင္တာေၾကာင့္ အမ်ိဳးအစားတူ ဘရန္းေဆးေတြ ပုံစံမတူၾကတာပဲျဖစ္ပါတယ္။ ေဆးမွာ အေပၚယံလႊာ(coating) အုပ္ထားတာ၊ အာနိသင္ျဖည္းျဖည္းခ်င္းထြက္ရွိေစတာ(Slow release) စတဲ့ မတူညီတဲ့လုပ္ေဆာင္ပုံေတြရွိတာရယ္၊ လူတစ္ဦးနဲ႔တစ္ဦး ေဆးကိုစုပ္ယူႏိုင္စြမ္းကြာျခားတာရယ္ အေပးအယူမမွ်တဲ့အခါ ေဆးအာနိသင္သိသာမႈမွာ နည္းနည္းကြာျခားတတ္ပါတယ္။ တခ်ိဳ႕ေဆးေတြက ျမန္ျမန္သက္သာေပမယ့္ တခ်ိ်ဳ႕က် သူ႔အခ်ိန္အတိုင္းအတာနဲ႔သူ ျဖည္းျဖည္းခ်င္းကုသေပးသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

အမွန္က ေစ်းပိုနည္းလို႔ အာနိသင္ေလ်ာ့တာ၊ အရည္အေသြးေလ်ာ့တာမဟုတ္သလို ေစ်းပိုမ်ားလို႔ အာနိသင္အေကာင္းဆုံးမဟုတ္ပါဘူး။ ကုမၸဏီကြဲတဲ့ အလားတူေဆးေတြနဲ႔ပတ္သက္ရင္ေတာ့ မစိုးရိမ္ပါနဲ႔။ ဆရာဝန္ၫႊန္းတဲ့ဘရန္းတံဆိပ္ကို ဦးစားေပးပါ၊ သို႔ေသာ္ အလားတူေဆးပဲရွိတယ္ဆိုလည္း အတင္းေရွာင္မေျပးပါနဲ႔။ အာနိသင္အတူတူပါပဲလို႔ အႀကံျပဳခ်င္ပါတယ္။ ကိုယ္ဝယ္မိတာ ေဆးအတုေတာ့ မျဖစ္ေစနဲ႔ေပါ့။

ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။





Unicode ဖြင့်ဖတ်ရန်



ရေးသားသူ Yun Sandi Nan Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဆေးဆိုင်မှာ ဆေးသွားဝယ်တဲ့အခါ ကိုယ်သောက်နေကျဆေး ဒါမှမဟုတ် ဆရာဝန်ညွှန်းထားတဲ့ဆေး မရှိရင် အလားတူဆေးပဲရှိတယ်ဆိုရင် ဘယ်လိုတုံ့ပြန်ခဲ့ဖူးလဲ။

ဆေးအတူတူချင်းကို ဈေးပိုသက်သာသွားတယ်ဆိုပြီး ပျော်သွားတဲ့သူတွေရှိမယ်၊ အလားတူဆေးကို အရည်အသွေးမမီတဲ့ဆေးအတုလို တွေးမိတဲ့သူတွေရှိမယ်၊ ဈေးကွာတယ်ဆိုရင် အာနိသင်ပါလျော့မယ်လို့ထင်တဲ့သူရှိမယ်။ ရပါတယ်လို့ပြောပြီး ကိုယ့်ဆေးဝယ်မရလို့သာ သောက်လိုက်ရတယ်၊ စိတ်ထဲတော့ ဒီဆေးသောက်မိလို့များ ငါမသက်သာသေးတာလား၊ (original ဆေးလို့ခေါ်ကြတဲ့)ဘရန်းတံဆိပ်ကိုသာ သောက်ခဲ့ရရင် ခုလောက်ဆိုမြန်မြန်သက်သာနေလောက်ပြီလို့ တထင့်ထင့်နဲ့ဖြစ်နေသူတွေလည်းရှိတယ်။ တချို့ကတော့ ပြတ်ပြတ်သားသားခေါင်းခါပြီး တခြားဆိုင်သွားဝယ်ဖို့ကြိုးစားကြတယ်။ အလားတူဆေးတွေက တကယ်ပဲ မကောင်းဘူးလား။
ဘာကွာခြားတာလဲ

ဆေးကုမ္ပဏီတစ်ခုက မူပိုင်ခွင့်တင်သွင်းထားတဲ့ဆေးတစ်မျိုးကို အရင်ဆုံးထုတ်လုပ်လိုက်တဲ့အခါ ဒီဘရန်းအမည်နဲ့(Original Brand) ဆေးကို ထုတ်လုပ်ရောင်းချခွင့်တစ်ဦးတည်းရရှိတာဖြစ်ပါတယ်။ အဲဒီမူပိုင်ခွင့်သက်တမ်းကုန်ဆုံးတာနဲ့ ဒီဆေးကို တခြားကုမ္ပဏီတွေက ကိုယ်ပိုင်ဗားရှင်းနဲ့ ထုတ်လုပ်နိုင်တယ်၊ ဘရန်းအမည်တော့ မတူရဘူးပေါ့။ သူတို့အားလုံးက ဘရန်းအမှတ်တံဆိပ်ဆေးဝါးတွေပါပဲ။ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ထုတ်လုပ်တဲ့ဆေးတွေကိုတော့ ဘရန်းအမည်မပါတဲ့ generic brands တွေလို့ခေါ်ပါတယ်။

ဈေးကွာတယ်ဆိုတိုင်း အပေါစားမဟုတ်ပါဘူး။ FDA ရဲ့စည်းမျဥ်းသတ်မှတ်ချက်အရ ဘရန်းတံဆိပ်နဲ့ အလားတူဆေးတွေအပါအဝင် ဆေးဝါးအားလုံးဟာ လုပ်ဆောင်ချက်ကောင်းရမှာဖြစ်ပြီး ဘေးကင်းစိတ်ချရမှာချည်း ဖြစ်ပါတယ်။ အလားတူဆေးတွေမှာ ဘရန်းဆေးဝါးတွေလိုပဲ အာနိသင်ပါဝင်ပစ္စည်းတွေ၊ ကောင်းကျိုးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ အတူတူပဲရှိနေပါတယ်။
အတူတူပဲလို့ ဘာလို့ပြောနိုင်တာလဲ

ဆေးတစ်မျိုးမှာ ဘရန်းအမှတ်တံဆိပ်အမျိုးမျိုးနဲ့ ဈေးကွက်မှာရှိနိုင်ပေမယ့် သူ့မှာပါဝင်တဲ့ ဆေးအမျိုးအစားကတော့ အတူတူပါပဲ။ ဥပမာ Amoxicillin ဆေးကို Amoxil ၊ Moxilin စတဲ့ ဘရန်းအမည်တွေနဲ့ ရှိနေတာမျိုးဆို Amoxicillin ဆေးချင်းအတူတူပါပဲ။ ဘယ်လိုအလားတူဆေးကိုပဲ တွေ့တွေ့ ဆေးမှာ သို့မဟုတ် ဘူးမှာဖော်ပြထားတဲ့ label ပေါ်က မူရင်းဆေးအမျိုးအစားကို တိုက်ညှိစစ်ဆေးလိုက်ရင် တူမတူ သိနိုင်ပါတယ်။

ဒီဆေးတွေက Original Brand အတိုင်းပဲ –

    ပါဝင်ဆေးအမျိုးအစား ပမာဏတူညီရမယ်၊
    ကုသမှုမှာ ထိရောက်မှုအာနိသင်တူညီရမယ်၊
    ဘေးကင်းစိတ်ချရမှုနဲ့ အရည်အသွေးစံနှုန်းချင်း တူညီရမယ် လို့ FDA ကချမှတ်ထားတာဖြစ်ပါတယ်။
အလားတူဆေးတွေသောက်ရင် ဘရန်းဆေးတွေလောက် မကောင်းဘူးလို့ ဘာလို့ထင်ကြတာလဲ

ပါဝင်တဲ့ဆေးအမျိုးအစားက တူညီပေမယ့် ‘inactive’ ingredients သို့မဟုတ် Excipients လို့ခေါ်တဲ့ ဖျော်စပ်အကူပစ္စည်းတွေကတော့ မတူကြပါဘူး။ ဆေးဝါးတစ်မျိုးကို တခြားဘရန်းတွေနဲ့မတူအောင် ပုံစံပြောင်းဖို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ Excipients တွေကို အသုံးပြုပါတယ်။ ဆေးဝါးတွေကို ပေါင်းစပ်ပေးဖို့၊ ကြာရှည်ခံဖို့ ၊ ဆေးပြား သို့မဟုတ် ဆေးတောင့်ပုံစံဖြစ်လာစေဖို့ လုပ်ဆောင်ရာမှာလည်း သုံးပါတယ်။ Excipients တွေထဲမှာ –

    လက်တို့စ်(Lactose)
    အရောင်တွေ
    ဂလူတင် (Gluten)
    တာရှည်ခံပစ္စည်းတွေ ပါဝင်ပါတယ်။
Excipients တွေက ဆေးရဲ့ပုံသဏ္ဍာန်၊အရွယ်အစား၊အနံ့၊အရောင်တွေကို ပြောင်းလဲစေနိုင်တာကြောင့် အမျိုးအစားတူ ဘရန်းဆေးတွေ ပုံစံမတူကြတာပဲဖြစ်ပါတယ်။ ဆေးမှာ အပေါ်ယံလွှာ(coating) အုပ်ထားတာ၊ အာနိသင်ဖြည်းဖြည်းချင်းထွက်ရှိစေတာ(Slow release) စတဲ့ မတူညီတဲ့လုပ်ဆောင်ပုံတွေရှိတာရယ်၊ လူတစ်ဦးနဲ့တစ်ဦး ဆေးကိုစုပ်ယူနိုင်စွမ်းကွာခြားတာရယ် အပေးအယူမမျှတဲ့အခါ ဆေးအာနိသင်သိသာမှုမှာ နည်းနည်းကွာခြားတတ်ပါတယ်။ တချို့ဆေးတွေက မြန်မြန်သက်သာပေမယ့် တချျို့ကျ သူ့အချိန်အတိုင်းအတာနဲ့သူ ဖြည်းဖြည်းချင်းကုသပေးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

အမှန်က ဈေးပိုနည်းလို့ အာနိသင်လျော့တာ၊ အရည်အသွေးလျော့တာမဟုတ်သလို ဈေးပိုများလို့ အာနိသင်အကောင်းဆုံးမဟုတ်ပါဘူး။ ကုမ္ပဏီကွဲတဲ့ အလားတူဆေးတွေနဲ့ပတ်သက်ရင်တော့ မစိုးရိမ်ပါနဲ့။ ဆရာဝန်ညွှန်းတဲ့ဘရန်းတံဆိပ်ကို ဦးစားပေးပါ၊ သို့သော် အလားတူဆေးပဲရှိတယ်ဆိုလည်း အတင်းရှောင်မပြေးပါနဲ့။ အာနိသင်အတူတူပါပဲလို့ အကြံပြုချင်ပါတယ်။ ကိုယ်ဝယ်မိတာ ဆေးအတုတော့ မဖြစ်စေနဲ့ပေါ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။




မှတ်ချက်များ