Zawgyiျဖင့္ဖတ္ရန္
ေရးသားသူ Dr.Thant Zin
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
သင့္ပတ္ဝန္းက်င္မွာ ယွဥ္ၿပိဳင္လိုစိတ္ ျပင္းထန္သူေတြ၊ ေတာ္တန္႐ုံကို စိတ္မရွည္တတ္သူေတြကို ေတြ႕မိတဲ့အခါ အံ့ၾသေကာင္း အံ့ၾသပါလိမ့္မယ္။ အမ်ားနဲ႔ကြဲျပားေနတတ္တဲ့ ကိုယ္ရည္ကိုယ္ေသြးကို သင္သတိထားေကာင္းထားမိပါလိမ့္မယ္။ သူတို႔ဟာ အမ်ိဳးအစား A ကိုယ္ရည္ကိုယ္ေသြး (Type A personality) ပိုင္ရွင္ေတြ ျဖစ္ေနႏိုင္ပါတယ္။
သူတို႔မွာဘယ္လိုအမူအက်င့္ေတြရွိသလဲ ဆက္လက္ေလ့လာၾကည့္ရေအာင္ပါ။
၁။ စိတ္ႀကီးျခင္း
သူတို႔ဟာ စိတ္ႀကီးပါတယ္။ ေအာင္ျမင္လိုစိတ္ႀကီးမားပါတယ္။ မိမိကိုယ္ကိုေရာ ပတ္ဝန္းက်င္ကိုပါ ေမာင္းႏွင္တတ္ၿပီး မလိုမက်ရင္လည္း ဆူပူႀကိမ္းေမာင္းဖို႔ ဝန္မေလးပါဘူး။ ဒါေပမယ့္ အဲဒီစိတ္ေၾကာင့္ပဲ အသီးအပြင့္ေတြ ျဖစ္ထြန္းလာတတ္ပါတယ္။
၂။ ယွဥ္ၿပိဳင္တတ္ျခင္း
Type A ကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္မ်ားရဲ႕ ေန႔စဥ္ဘဝလမ္းၫႊန္ခ်က္ဟာ ယွဥ္ၿပိဳင္ေနဖို႔ပါပဲ။ ဦးတည္ခ်က္တစ္ခုထားၿပီး မေရာက္ေရာက္ေအာင္ သြားတတ္ပါတယ္။ သူတပါးကို မယွဥ္ၿပိဳင္ရင္ေတာင္ မိမိကိုယ္မိမိ တိုးတက္လာျခင္း ရွိ၊မရွိ ယွဥ္ၿပိဳင္ေနတတ္သူေတြ ျဖစ္ပါတယ္။
၃။ ရည္မွန္းခ်က္ႀကီးျခင္း
ဒီအခ်က္ဟာ သူတို႔ကိုယ္ရည္ကိုယ္ေသြးမွာ အခရာက်တဲ့ ေမာင္းႏွင္အား ျဖစ္ပါတယ္။ သူတို႔စိတ္မွာ ရည္မွန္းခ်က္တစ္ခုခုဝင္လာၿပီးတာနဲ႔ မရမေန ႀကိဳးစားတတ္ပါတယ္။ မိမိဦးတည္ခ်က္ကိုပဲ အာ႐ုံစိုက္လြန္းရင္ ေန႔စဥ္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆုံးႏိုင္တာကို သတိခ်ပ္ရပါမယ္။
၄။ စိတ္မရွည္ျခင္း
သူတို႔ဟာ တစ္စုံတရာကို ေစာင့္ဆိုင္းေနဖို႔ စိတ္မရွည္တတ္သူမ်ား ျဖစ္ပါတယ္။ တက္ႂကြၿပီး ေရွ႕ကိုသြားေနသူမ်ားပီပီ ေစာင့္ဆိုင္းေနမယ့္အစား ေရွ႕ဆက္ဖို႔သာ ေလာေဆာ္ေနတတ္ပါတယ္။
၅။ အခ်ိန္မလုံေလာက္ျခင္း
တစ္ေန႔မွာ ၂၄ နာရီရွိျခင္းဟာ သူတို႔အတြက္ မလုံေလာက္ဘူးလို႔ ခံယူထားသူမ်ားျဖစ္ပါတယ္။ လူတိုင္းကိုလည္း သူတို႔လို ျဖစ္ေစခ်င္ပါတယ္။ အခ်ိန္ကို သူတို႔စိတ္ႀကိဳက္ မစီမံႏိုင္တဲ့အခါ ရန္လိုျခင္း ေဒါသထြက္ျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။
၆။ အေျပာအဆိုျမန္ျခင္း
Type A ကိုယ္ရည္ကိုယ္ေသြးသမားေတြရဲ႕ ေခါင္းထဲမွာ စကားတစ္ခြန္းကို ေျပာလို႔မၿပီးေသးခင္ ေနာက္စကားတစ္ခြန္းကို စဥ္းစားေနတတ္ပါတယ္။ ေျပာခ်င္တာေတြလည္း မ်ားေနၿပီး လိုက္နားေထာင္ေပးသူအတြက္ေတာင္ ေမာစရာပါ။
၇။ ၿပီးျပည့္စုံျခင္းကိုလိုလားျခင္း
အနာအဆာကင္းတဲ့ ၿပီးျပည့္စုံျခင္းကိုသာ လိုလားတာေၾကာင့္ တစ္ခါတရံ ဇီဇာေၾကာင္သူမ်ားသဖြယ္ ျဖစ္ေနတတ္ပါတယ္။ ရႈံးနိမ့္မႈကို ေၾကာက္တတ္တာေၾကာင့္လည္း စိတ္ဖိစီးမႈ ျဖစ္လြယ္ပါတယ္။
၈။ ရန္လိုတတ္ျခင္း
ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္လြန္း၊ အနာအဆာကင္းတာကိုပဲ ေမွ်ာ္လင့္လြန္းတာေၾကာင့္ တစ္ခါတရံရန္လိုျခင္းပါ တြဲပါလာတတ္ပါတယ္။ မိမိကိုယ္ကိုပါ အလိုမက် ေဒါသထြက္လာတတ္ပါတယ္။
၉။ ႏိုးၾကားဖ်တ္လတ္စြာလုပ္ကိုင္ျခင္း
အဆိုပါကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္မ်ားဟာ လုပ္ငန္းခြင္ရဲ႕အဆင့္တိုင္းမွာ ႏိုးၾကားဖ်တ္လတ္စြာ လုပ္ကိုင္တတ္ပါတယ္။ အေသးအဖြဲကိစၥဆိုၿပီး ေပါ့ေပါ့ဆဆထားျခင္းမ်ိဳး မရွိပါဘူး။ လုပ္ငန္းခြင္ရဲ႕ ဖန္တီးထုတ္လုပ္ႏိုင္စြမ္းကို တိုးတက္ေစတာေတာ့ အမွန္ပါပဲ။
၁၀။ စြမ္းအင္ျပည့္ဝျခင္း
စြမ္းအင္အျပည့္နဲ႔ စိတ္ေခၚမႈတိုင္းကို ရင္ဆိုင္လုပ္ကိုင္တတ္ျခင္းဟာ Type A ကိုယ္ရည္ကိုယ္ေသြးသမားေတြရဲ႕ လကၡဏာျဖစ္ပါတယ္။ မိမိရဲ႕ကိုယ္ပိုင္ေမာင္းႏွင္အားနဲ႔ မနားမေန လုပ္ကိုင္တတ္လို႔ သူတို႔ကို ေတာ္႐ုံစိတ္ဓာတ္နဲ႔ အမီလိုက္ဖို႔ မလြယ္ပါဘူး။
ၿခဳံၾကည့္ရရင္ Type A ကိုယ္ရည္ကိုယ္ေသြးသမားမ်ားဟာ လုပ္ငန္းခြင္တစ္ခုရဲ႕ ေမာင္းႏွင္အားအတြက္ အခရာက်သူေတြပဲ ျဖစ္ပါတယ္။ အရာရာကို လႊမ္းမိုးဦးေဆာင္လိုတဲ့၊ ယွဥ္ၿပိဳင္လိုစိတ္ျပင္းထန္တဲ့ ကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္မ်ားနဲ႔ ေပါင္းသင္းဆက္ဆံရာမွာ သူတို႔ရဲ႕ အမူအက်င့္မ်ားကို နားလည္သိရွိထားရင္ မိမိဟာ ဘယ္လိုကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္ျဖစ္ေစ အဆင္ေျပေခ်ာေမြ႕စြာ လက္တြဲလုပ္ကိုင္ႏိုင္မွာ ျဖစ္ပါတယ္။
Type A ကိုယ္ရည္ကိုယ္ေသြးပိုင္ရွင္မ်ားအေနနဲ႔လည္း မိမိရဲ႕ အမူအက်င့္ဟာ ပတ္ဝန္းက်င္အေပၚ ဘယ္လိုသက္ေရာက္သလဲ၊ မိမိရဲ႕ စိတ္ပိုင္း႐ုပ္ပိုင္းက်န္းမာေရးကို ဘယ္လိုသက္ေရာက္မႈရွိသလဲဆိုတာ သတိျပဳသင့္ပါတယ္။
ဤေဆာင္းပါးကို Mizzima ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်
ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
သင့်ပတ်ဝန်းကျင်မှာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သူတွေ၊ တော်တန်ရုံကို စိတ်မရှည်တတ်သူတွေကို တွေ့မိတဲ့အခါ အံ့သြကောင်း အံ့သြပါလိမ့်မယ်။ အများနဲ့ကွဲပြားနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို သင်သတိထားကောင်းထားမိပါလိမ့်မယ်။ သူတို့ဟာ အမျိုးအစား A ကိုယ်ရည်ကိုယ်သွေး (Type A personality) ပိုင်ရှင်တွေ ဖြစ်နေနိုင်ပါတယ်။
သူတို့မှာဘယ်လိုအမူအကျင့်တွေရှိသလဲ ဆက်လက်လေ့လာကြည့်ရအောင်ပါ။
၁။ စိတ်ကြီးခြင်း
သူတို့ဟာ စိတ်ကြီးပါတယ်။ အောင်မြင်လိုစိတ်ကြီးမားပါတယ်။ မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ မောင်းနှင်တတ်ပြီး မလိုမကျရင်လည်း ဆူပူကြိမ်းမောင်းဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အဲဒီစိတ်ကြောင့်ပဲ အသီးအပွင့်တွေ ဖြစ်ထွန်းလာတတ်ပါတယ်။
၂။ ယှဉ်ပြိုင်တတ်ခြင်း
Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များရဲ့ နေ့စဉ်ဘဝလမ်းညွှန်ချက်ဟာ ယှဉ်ပြိုင်နေဖို့ပါပဲ။ ဦးတည်ချက်တစ်ခုထားပြီး မရောက်ရောက်အောင် သွားတတ်ပါတယ်။ သူတပါးကို မယှဉ်ပြိုင်ရင်တောင် မိမိကိုယ်မိမိ တိုးတက်လာခြင်း ရှိ၊မရှိ ယှဉ်ပြိုင်နေတတ်သူတွေ ဖြစ်ပါတယ်။
၃။ ရည်မှန်းချက်ကြီးခြင်း
ဒီအချက်ဟာ သူတို့ကိုယ်ရည်ကိုယ်သွေးမှာ အခရာကျတဲ့ မောင်းနှင်အား ဖြစ်ပါတယ်။ သူတို့စိတ်မှာ ရည်မှန်းချက်တစ်ခုခုဝင်လာပြီးတာနဲ့ မရမနေ ကြိုးစားတတ်ပါတယ်။ မိမိဦးတည်ချက်ကိုပဲ အာရုံစိုက်လွန်းရင် နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနိုင်တာကို သတိချပ်ရပါမယ်။
၄။ စိတ်မရှည်ခြင်း
သူတို့ဟာ တစ်စုံတရာကို စောင့်ဆိုင်းနေဖို့ စိတ်မရှည်တတ်သူများ ဖြစ်ပါတယ်။ တက်ကြွပြီး ရှေ့ကိုသွားနေသူများပီပီ စောင့်ဆိုင်းနေမယ့်အစား ရှေ့ဆက်ဖို့သာ လောဆော်နေတတ်ပါတယ်။
၅။ အချိန်မလုံလောက်ခြင်း
တစ်နေ့မှာ ၂၄ နာရီရှိခြင်းဟာ သူတို့အတွက် မလုံလောက်ဘူးလို့ ခံယူထားသူများဖြစ်ပါတယ်။ လူတိုင်းကိုလည်း သူတို့လို ဖြစ်စေချင်ပါတယ်။ အချိန်ကို သူတို့စိတ်ကြိုက် မစီမံနိုင်တဲ့အခါ ရန်လိုခြင်း ဒေါသထွက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
၆။ အပြောအဆိုမြန်ခြင်း
Type A ကိုယ်ရည်ကိုယ်သွေးသမားတွေရဲ့ ခေါင်းထဲမှာ စကားတစ်ခွန်းကို ပြောလို့မပြီးသေးခင် နောက်စကားတစ်ခွန်းကို စဉ်းစားနေတတ်ပါတယ်။ ပြောချင်တာတွေလည်း များနေပြီး လိုက်နားထောင်ပေးသူအတွက်တောင် မောစရာပါ။
၇။ ပြီးပြည့်စုံခြင်းကိုလိုလားခြင်း
အနာအဆာကင်းတဲ့ ပြီးပြည့်စုံခြင်းကိုသာ လိုလားတာကြောင့် တစ်ခါတရံ ဇီဇာကြောင်သူများသဖွယ် ဖြစ်နေတတ်ပါတယ်။ ရှုံးနိမ့်မှုကို ကြောက်တတ်တာကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။
၈။ ရန်လိုတတ်ခြင်း
ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်း၊ အနာအဆာကင်းတာကိုပဲ မျှော်လင့်လွန်းတာကြောင့် တစ်ခါတရံရန်လိုခြင်းပါ တွဲပါလာတတ်ပါတယ်။ မိမိကိုယ်ကိုပါ အလိုမကျ ဒေါသထွက်လာတတ်ပါတယ်။
၉။ နိုးကြားဖျတ်လတ်စွာလုပ်ကိုင်ခြင်း
အဆိုပါကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များဟာ လုပ်ငန်းခွင်ရဲ့အဆင့်တိုင်းမှာ နိုးကြားဖျတ်လတ်စွာ လုပ်ကိုင်တတ်ပါတယ်။ အသေးအဖွဲကိစ္စဆိုပြီး ပေါ့ပေါ့ဆဆထားခြင်းမျိုး မရှိပါဘူး။ လုပ်ငန်းခွင်ရဲ့ ဖန်တီးထုတ်လုပ်နိုင်စွမ်းကို တိုးတက်စေတာတော့ အမှန်ပါပဲ။
၁၀။ စွမ်းအင်ပြည့်ဝခြင်း
စွမ်းအင်အပြည့်နဲ့ စိတ်ခေါ်မှုတိုင်းကို ရင်ဆိုင်လုပ်ကိုင်တတ်ခြင်းဟာ Type A ကိုယ်ရည်ကိုယ်သွေးသမားတွေရဲ့ လက္ခဏာဖြစ်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်မောင်းနှင်အားနဲ့ မနားမနေ လုပ်ကိုင်တတ်လို့ သူတို့ကို တော်ရုံစိတ်ဓာတ်နဲ့ အမီလိုက်ဖို့ မလွယ်ပါဘူး။
ခြုံကြည့်ရရင် Type A ကိုယ်ရည်ကိုယ်သွေးသမားများဟာ လုပ်ငန်းခွင်တစ်ခုရဲ့ မောင်းနှင်အားအတွက် အခရာကျသူတွေပဲ ဖြစ်ပါတယ်။ အရာရာကို လွှမ်းမိုးဦးဆောင်လိုတဲ့၊ ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များနဲ့ ပေါင်းသင်းဆက်ဆံရာမှာ သူတို့ရဲ့ အမူအကျင့်များကို နားလည်သိရှိထားရင် မိမိဟာ ဘယ်လိုကိုယ်ရည်ကိုယ်သွေးပိုင်ရှင်ဖြစ်စေ အဆင်ပြေချောမွေ့စွာ လက်တွဲလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
Type A ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်များအနေနဲ့လည်း မိမိရဲ့ အမူအကျင့်ဟာ ပတ်ဝန်းကျင်အပေါ် ဘယ်လိုသက်ရောက်သလဲ၊ မိမိရဲ့ စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ သတိပြုသင့်ပါတယ်။
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

မှတ်ချက်များ