Zawgyiျဖင့္ဖတ္ရန္
ပိတ္ရက္က်ရင္ အၾကာႀကီးအိပ္ရဖို႔ တစ္ခါတရံမွာ အေၾကာင္းျပခ်က္ေပးရေလ့ ရွိပါတယ္။ ဒါေပမဲ့ အခုေလ့လာ ေတြ႕ရွိခ်က္အသစ္ကေတာ့ သင္အိပ္စက္ႏိုင္ဖို႔ အေၾကာင္းျပခ်က္ေကာင္းေကာင္း ရရွိေစမွာပါ။ အဲဒါကေတာ့ ပိတ္ရက္ေတြမွာ အခ်ိန္အၾကာႀကီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ျခင္းဟာ သင့္ကို အသက္ပိုရွည္ေစတယ္ဆိုတာ ပါပဲ။ အဲဒါေၾကာင့္ ပိတ္ရက္မွာ အၾကာႀကီးအိပ္စက္ျခင္းကေန ရရွိမယ့္ အက်ိဳးေက်းဇူးေတြကိုလည္း ေဝမွ်ေပးလိုက္ပါတယ္။
ပိတ္ရက္မွာ အိပ္စက္ျခင္းက ပိုေကာင္းပါတယ္
ေန႔တိုင္း တစ္ေန႔ကို အနည္းဆုံး ၈ နာရီအိပ္စက္ျခင္းဟာ အေကာင္းဆုံးျဖစ္တယ္ဆိုတာ သိရွိၿပီးျဖစ္မွာပါ။ ဒါေပမဲ့ အိပ္စက္ျခင္းနဲ႔ပတ္သက္လို႔ ေလ့လာစမ္းစစ္ခဲ့ရာမွာ ဖြင့္ရက္ေတြမွာေတာ့ အခ်ိန္နည္းနည္းအိပ္စက္ၿပီး ပိတ္ရက္ေတြမွာ အခ်ိန္အၾကာႀကီးအိပ္စက္ျခင္းဟာ ပိုမိုေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ တစ္ေန႔ကို ၈ နာရီထက္မနည္းအိပ္တာထက္စာရင္ သင့္ကို အသက္ပိုရွည္ေစလို႔ပါပဲ။
အိပ္စက္ခ်ိန္နဲ႔ ေသဆုံးႏိုင္ေခ်ၾကားက ဆက္စပ္မႈကို ေလ့လာခဲ့ၾကပါတယ္
ႏွစ္ေပါင္း ၁၃ ႏွစ္မွာ လူေပါင္း ၃၈,၀၁၅ ေယာက္ကို အုပ္စု ၂ ခုခြဲျခားၿပီး သုေတသနျပဳေလ့လာခဲ့ၾကပါတယ္။ အဲဒါကေတာ့ အသက္ ၆၅ ႏွစ္ေအာက္နဲ႔ အသက္ ၆၅ ႏွစ္ အထက္တို႔ ပါပဲ။ တစ္ေန႔အိပ္စက္တဲ့ အခ်ိန္ကိုေတာ့ ၆ နာရီ-၇နာရီ ဝန္းက်င္ သတ္မွတ္ထားပါတယ္။ က်ား/မ၊ ခႏၶာကိုယ္၊ ေဆးလိပ္ေသာက္သုံးမႈ၊ ကိုယ္ကာယ လႈပ္ရွားမႈနဲ႔ အလုပ္ခ်ိန္တို႔ကိုလည္း ထည့္သြင္းစဥ္းစားခဲ့ၾကပါတယ္။
အဲဒီမွာေတြ႕ရွိရတာကေတာ့ ပိတ္ရက္ေရာ ဖြင့္ရက္မွာပါ အိပ္ခ်ိန္ ၅ နာရီထက္နည္းတဲ့ အသက္ ၆၅ ႏွစ္ေအာက္ ေတြဟာ တစ္ညကို ၆-၇ နာရီေလာက္ အိပ္ေလ့ရွိသူေတြထက္စာရင္ ေသဆုံးႏိုင္ေခ် ၆၅ ရာခိုင္ႏႈန္း ပိုမိုျမင့္မား ပါတယ္။
ပိတ္ရက္ေတြမွာ အခ်ိန္ၾကာၾကာပိုအိပ္တာဟာ သင့္သက္တမ္းကိုပိုရွည္ေစပါတယ္
သင့္အေနနဲ႔ အသက္ ၆၅ ႏွစ္ေအာက္ျဖစ္ၿပီး ပိတ္ရက္ေတြမွာ အခ်ိန္အၾကာႀကီးအိပ္ေလ့ရွိသူဆိုရင္ေတာ့ အဲဒီလို ေသဆုံးႏႈန္းျမင့္မားစရာ အေၾကာင္းမရွိပါဘူး။ သင့္အေနနဲ႔ တစ္ေန႔ကို ၆-၇ နာရီဝန္းက်င္ အိပ္စက္ဖို႔ လိုအပ္ပါ တယ္။ စေန၊ တနဂၤေႏြဆိုရင္ေတာ့ သင့္အေနနနဲ႔ အဲဒီထက္ ပိုၾကာၾကာအိပ္စက္ရမွာ ျဖစ္ပါတယ္။
တစ္ေန႔ကို အနည္းဆုံး ၈ နာရီ အိပ္ရမွာဆိုတာက မမွန္ပါဘူး
အဲဒီေတာ့ မ်ားမ်ားပိုအိပ္ေလ ပိုေကာင္းေလလား? မဟုတ္ပါဘူးေနာ္။ ေလ့လာေတြ႕ရွိခ်က္အရဆိုရင္ ေန႔တိုင္း တစ္ေန႔ကို ၈ နာရီထက္ ပိုအိပ္တာဟာ တစ္ေန႔ ၆-၇ နာရီ အိပ္တာထက္စာရင္ ေသဆုံးမႈကို ၂၅ ရာခိုင္ႏႈန္း ပိုမိုတိုးလာေစပါတယ္။ အဲဒါေၾကာင့္ တစ္ေန႔ကို အနည္းဆုံး ၈ နာရီ အိပ္ရမယ္ဆိုတာ မမွန္ကန္ပါဘူး။
အဲဒီရွာေဖြေတြ႕ရွိခ်က္ေတြဟာ အသက္ ၆၅ ႏွစ္အထက္ေတြအတြက္ေတာ့ အက်ဳံးမဝင္ပါဘူး။ အိပ္စက္တဲ့ ၾကာခ်ိန္နဲ႔ ေသဆုံးႏႈန္းဟာ သူတို႔အသက္အ႐ြယ္အတြက္ေတာ့ ဆက္စပ္မႈသိပ္မရွိပါဘူး။ အေၾကာင္းကေတာ့ အသက္အ႐ြယ္ႀကီးရင့္သူ တစ္ေယာက္ခ်င္းစီဟာ သူတို႔လိုအပ္တဲ့ အိပ္စက္မႈကို ရရွိၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။
by Cherry Mon
Ref; Bright Side
Credit:We.Com
Unicodeဖြင့်ဖတ်ရန်
ပိတ်ရက်မှာ အချိန်အကြာကြီးအိပ်စက်ခြင်းက သင့်ကို အသက်ပိုရှည်စေနိုင်
ပိတ်ရက်ကျရင် အကြာကြီးအိပ်ရဖို့ တစ်ခါတရံမှာ အကြောင်းပြချက်ပေးရလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုလေ့လာ တွေ့ရှိချက်အသစ်ကတော့ သင်အိပ်စက်နိုင်ဖို့ အကြောင်းပြချက်ကောင်းကောင်း ရရှိစေမှာပါ။ အဲဒါကတော့ ပိတ်ရက်တွေမှာ အချိန်အကြာကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ သင့်ကို အသက်ပိုရှည်စေတယ်ဆိုတာ ပါပဲ။ အဲဒါကြောင့် ပိတ်ရက်မှာ အကြာကြီးအိပ်စက်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကိုလည်း ဝေမျှပေးလိုက်ပါတယ်။
ပိတ်ရက်မှာ အိပ်စက်ခြင်းက ပိုကောင်းပါတယ်
နေ့တိုင်း တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်စက်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာ သိရှိပြီးဖြစ်မှာပါ။ ဒါပေမဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်လို့ လေ့လာစမ်းစစ်ခဲ့ရာမှာ ဖွင့်ရက်တွေမှာတော့ အချိန်နည်းနည်းအိပ်စက်ပြီး ပိတ်ရက်တွေမှာ အချိန်အကြာကြီးအိပ်စက်ခြင်းဟာ ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ တစ်နေ့ကို ၈ နာရီထက်မနည်းအိပ်တာထက်စာရင် သင့်ကို အသက်ပိုရှည်စေလို့ပါပဲ။
အိပ်စက်ချိန်နဲ့ သေဆုံးနိုင်ချေကြားက ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်
နှစ်ပေါင်း ၁၃ နှစ်မှာ လူပေါင်း ၃၈,၀၁၅ ယောက်ကို အုပ်စု ၂ ခုခွဲခြားပြီး သုတေသနပြုလေ့လာခဲ့ကြပါတယ်။ အဲဒါကတော့ အသက် ၆၅ နှစ်အောက်နဲ့ အသက် ၆၅ နှစ် အထက်တို့ ပါပဲ။ တစ်နေ့အိပ်စက်တဲ့ အချိန်ကိုတော့ ၆ နာရီ-၇နာရီ ဝန်းကျင် သတ်မှတ်ထားပါတယ်။ ကျား/မ၊ ခန္ဓာကိုယ်၊ ဆေးလိပ်သောက်သုံးမှု၊ ကိုယ်ကာယ လှုပ်ရှားမှုနဲ့ အလုပ်ချိန်တို့ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။
အဲဒီမှာတွေ့ရှိရတာကတော့ ပိတ်ရက်ရော ဖွင့်ရက်မှာပါ အိပ်ချိန် ၅ နာရီထက်နည်းတဲ့ အသက် ၆၅ နှစ်အောက် တွေဟာ တစ်ညကို ၆-၇ နာရီလောက် အိပ်လေ့ရှိသူတွေထက်စာရင် သေဆုံးနိုင်ချေ ၆၅ ရာခိုင်နှုန်း ပိုမိုမြင့်မား ပါတယ်။
ပိတ်ရက်တွေမှာ အချိန်ကြာကြာပိုအိပ်တာဟာ သင့်သက်တမ်းကိုပိုရှည်စေပါတယ်
သင့်အနေနဲ့ အသက် ၆၅ နှစ်အောက်ဖြစ်ပြီး ပိတ်ရက်တွေမှာ အချိန်အကြာကြီးအိပ်လေ့ရှိသူဆိုရင်တော့ အဲဒီလို သေဆုံးနှုန်းမြင့်မားစရာ အကြောင်းမရှိပါဘူး။ သင့်အနေနဲ့ တစ်နေ့ကို ၆-၇ နာရီဝန်းကျင် အိပ်စက်ဖို့ လိုအပ်ပါ တယ်။ စနေ၊ တနင်္ဂနွေဆိုရင်တော့ သင့်အနေနနဲ့ အဲဒီထက် ပိုကြာကြာအိပ်စက်ရမှာ ဖြစ်ပါတယ်။
တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်ရမှာဆိုတာက မမှန်ပါဘူး
အဲဒီတော့ များများပိုအိပ်လေ ပိုကောင်းလေလား? မဟုတ်ပါဘူးနော်။ လေ့လာတွေ့ရှိချက်အရဆိုရင် နေ့တိုင်း တစ်နေ့ကို ၈ နာရီထက် ပိုအိပ်တာဟာ တစ်နေ့ ၆-၇ နာရီ အိပ်တာထက်စာရင် သေဆုံးမှုကို ၂၅ ရာခိုင်နှုန်း ပိုမိုတိုးလာစေပါတယ်။ အဲဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၈ နာရီ အိပ်ရမယ်ဆိုတာ မမှန်ကန်ပါဘူး။
အဲဒီရှာဖွေတွေ့ရှိချက်တွေဟာ အသက် ၆၅ နှစ်အထက်တွေအတွက်တော့ အကျုံးမဝင်ပါဘူး။ အိပ်စက်တဲ့ ကြာချိန်နဲ့ သေဆုံးနှုန်းဟာ သူတို့အသက်အရွယ်အတွက်တော့ ဆက်စပ်မှုသိပ်မရှိပါဘူး။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်သူ တစ်ယောက်ချင်းစီဟာ သူတို့လိုအပ်တဲ့ အိပ်စက်မှုကို ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
by Cherry Mon
Ref; Bright Side
Credit:We.Com


မှတ်ချက်များ