Zawgyiျဖင့္ဖတ္ရန္
ေက်ာက္ကပ္ေတြဟာ ခါးေနာက္ေအာက္ပိုင္း ေက်ာ႐ိုးမ တစ္ဖက္ တစ္ခ်က္စီမွာ တစ္လုံးစီရွိတဲ့ ကိုယ္တြင္း အဂၤါတစ္စုံပါ။ ေက်ာက္ကပ္က ေသြးေတြကို စစ္ထုတ္ေပးရာမွ ထြက္ရွိလာတဲ့ အဆိပ္ေတြကိုဆီးအျဖစ္ ဆီးအိတ္မွတစ္ဆင့္ ခန္ၶာကိုယ္ျပင္ပသို႔ စြန႔္ထုတ္ေပးပါတယ္။ ေက်ာက္ကပ္ပ်က္စီးေနရင္ ေက်ာက္ကပ္က ေသြးထဲက အညစ္အေၾကး၊ အဆိပ္အေတာက္ေတြကို စစ္ထုတ္ မေပးႏိုင္ေတာ့ပါဘူး။ ေက်ာက္ကပ္ပ်က္စီးစ ျပဳေနတဲ့လက္ၡဏာေတြကို သိရွိထားရင္ ေက်ာက္ကပ္ ထပ္မံ မပ်က္စီးေအာင္ ကာကြယ္ႏိုင္တာမို႔ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဆီးထဲေသြးပါျခင္း
က်န္းမာေရးေကာင္းတဲ့ ေက်ာက္ကပ္ေတြဟာ ေသြးထဲက အညစ္အေၾကးေတြ စစ္ထုတ္ၿပီး ဆီးအျဖစ္ ေျပာင္းလဲေပးတဲ့အခါမွာ ေသြးဆဲလ္ေတြ မပ်က္စီးေအာင္ ထိန္းသိမ္းေပးပါတယ္။ ဒါေပမဲ့ ေက်ာက္ကပ္ရဲ႕ စစ္ထုတ္ လုပ္ငန္းပ်က္စီး သြားတဲ့အခါမွာ ေသြးဆဲလ္ေတြက ဆီးထဲကို စိမ့္ၿပီး ထြက္သြားပါတယ္။ ဆီးထဲမွာ ေသြးပါတာက ေက်ာက္ကပ္ ေက်ာက္တည္တာ၊ ေက်ာက္ကပ္ ကင္ဆာျဖစ္တာ ဒါမွမဟုတ္ ေရာဂါပိုး ဝင္တာေတြရဲ႕ လကၡဏာလည္း ျဖစ္ပါတယ္။
၂။ မၾကာခဏ ဆီးသြားျခင္း
ခါတိုင္းထက္ပိုၿပီး ဆီးသြားတဲ့အႀကိမ္ေရ မ်ားလာခဲ့ရင္ (အထူးသျဖင့္ ညဘက္) ေက်ာက္ကပ္ေရာဂါရဲ႕ လကၡဏာပါ။ ေက်ာက္ကပ္ရဲ႕ စစ္ထုတ္လုပ္ငန္းေတြ ပ်က္စီးသြားတဲ့အခါမွာ ဆီးသြားခ်င္စိတ္ေတြ ပိုမ်ားလာတာေၾကာင့္ပါ။ ဒီလကၡဏာက ဆီးလမ္းေၾကာင္း ပိုးဝင္တာ ဒါမွမဟုတ္ အမ်ိဳးသားေတြမွာ ဆီးက်ိတ္ႀကီးလာတာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။
၃။ ေန႔ခင္းပိုင္းမွာ ေမာပန္းေနၿပီး အားမရွိသကဲ့သို႔ ျဖစ္ေနျခင္း
ေမာပန္းတာက EPO ေခၚတဲ့ Erythroppoietin ေဟာ္မုန္း ေလ်ာ့နည္းေနတာေၾကာင့္ပါ။ EPO က ေသြးနီဥေတြ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးပါတယ္။ ေသြးနီဥေတြက ခႏၶာကိုယ္က ဆဲလ္ေတြအတြင္း ေအာက္ဆီဂ်င္သယ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ပ်က္စီးေနတဲ့ ေက်ာက္ကပ္ေတြက EPO ကို လုံလုံေလာက္ေလာက္ မထုတ္လုပ္ေပးႏိုင္တဲ့အတြက္ ေသြးနီဥ အေရအတြက္ေတြ ေလ်ာ့က်ေနတာေၾကာင့္ ေမာပန္းတဲ့ေဝဒနာ ခံစားရတာျဖစ္ပါတယ္။
၄။ ခႏၶာကိုယ္အတြင္း အရည္စုေဆာင္းမႈမ်ားလာျခင္းေၾကာင့္ ေဖာေရာင္ျခင္းႏွင့္ ကိုယ္အေလးခ်ိန္ ျမင့္တက္လာျခင္း
သင့္ေက်ာက္ကပ္ေတြက ခႏၶာကိုယ္က ထြက္လာတဲ့ အညစ္အေၾကးေတြကို ဆီးအျဖစ္ စြန႔္ထုတ္ပစ္ဖို႔ တာဝန္ရွိပါတယ္။ ေက်ာက္ကပ္က ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ရင္ ခႏၶာကိုယ္အတြင္း အရည္စုေဆာင္းမႈမ်ားလာၿပီး တစ္သွ်ဴးအတြင္း ေဖာေရာင္မႈေတြ ျဖစ္လာႏိုင္ပါတယ္။
၅။ ေသြးဖိအား ျမင့္တက္လာျခင္း
ေက်ာက္ကပ္ပ်က္စီးစျပဳလာတဲ့အခါမွာ ေက်ာက္ကပ္အတြင္းမွ ေသြးေၾကာေတြ အားနည္းသြားၿပီး အမာ႐ြတ္ေတြ ျဖစ္လာကာ ေသြးဖိအားကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပါဘူး။
၆။ ယားယံျခင္း
ကိုယ္အတြင္း အညစ္အေၾကးနဲ႔ ယူရစ္အက္စစ္ေတြ စုေဆာင္းမႈမ်ားလာတဲ့အခါ ခႏၶာကိုယ္မွာ ယားယံတဲ့အကြက္ေတြ ေပၚေပါက္ လာႏိုင္ပါတယ္။ ယူရစ္အက္စစ္ေတြ စုေဆာင္းမႈမ်ားေနတာေၾကာင့္ အနီေရာင္ အစက္အေျပာက္ေတြလည္း ထြက္လာတတ္ပါတယ္။
၇။ ရင္တုန္ျခင္း
ေက်ာက္ကပ္ ပ်က္စီးေနတာေၾကာင့္ ကိုယ္အတြင္း ပိုတက္စီယမ္ စုေဆာင္းမႈ မ်ားလာကာ ႏွလုံးခုန္ႏႈန္း ပုံမမွန္ျဖစ္လာပါတယ္။
၈။ ႂကြက္တက္ျခင္း
ေက်ာက္ကပ္ လုပ္ေဆာင္ခ်က္ေတြ ပ်က္စီးသြားတဲ့အတြက္ ခႏၶာကိုယ္အတြင္း ဓာတ္ဆားေတြ ညီၫြတ္မွ်တမႈ မရွိႏိုင္ေတာ့ပါဘူး။ ေဖာ့စ္ဖရပ္စ္နဲ႔ ကယ္လ္စီယမ္ေတြ ေလ်ာ့နည္းသြားႏိုင္တာေၾကာင့္ ႂကြက္တက္ တတ္ပါတယ္။
၉။ ပ်ိဳ႕ျခင္းႏွင့္ အန္ျခင္း
ခႏၶာကိုယ္အတြင္း ယူရီးမီးယားလို႔ ေခၚတဲ့ ဆီးဆိပ္ေတြ စုေဆာင္းမႈမ်ားလာတဲ့အခါမွာ ကိုယ္က အဆိပ္အေတာက္ကို ဖယ္ရွားလိုတဲ့ ခံစားခ်က္ေၾကာင့္ ပ်ိဳ႕တာ၊ အန္တာေတြ ျဖစ္ေပၚလာပါတယ္။
၁၀။ ဆီးအျမႇဳပ္ထျခင္း
ဆီးအျမႇဳပ္ထေနတာက ဆီးထဲမွာ ပ႐ိုတင္းပါဝင္ေနတာကို ၫႊန္ျပေနတာပါ။ ၾကက္ဥအစိမ္းကို ေခါက္ေမႊလိုက္တဲ့အခါမွာ ထြက္လာတဲ့အျမႇဳပ္နဲ႔ ဆင္တူပါတယ္။ ဆီးထဲမွာ ေတြ႕ရတဲ့ ပ႐ိုတင္းက ၾကက္ဥထဲမွာ ပါဝင္တဲ့ ပ႐ိုတင္း အယ္လ္ဗ်ဴမင္ အမ်ိဳးအစားနဲ႔ တူေနတာေၾကာင့္ပါ။
Gabriel
Crd : ေဒါက္တာခင္မိုးမိုး
Credit:We.Com
Unicodeဖြင့်ဖတ်ရန်
ကျောက်ကပ်ပျက်စီးစပြုနေပြီဖြစ်ကြောင်း ပြသနေတဲ့လက္ခဏာများ
ကျောက်ကပ်တွေဟာ ခါးနောက်အောက်ပိုင်း ကျောရိုးမ တစ်ဖက် တစ်ချက်စီမှာ တစ်လုံးစီရှိတဲ့ ကိုယ်တွင်း အင်္ဂါတစ်စုံပါ။ ကျောက်ကပ်က သွေးတွေကို စစ်ထုတ်ပေးရာမှ ထွက်ရှိလာတဲ့ အဆိပ်တွေကိုဆီးအဖြစ် ဆီးအိတ်မှတစ်ဆင့် ခန်္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပျက်စီးနေရင် ကျောက်ကပ်က သွေးထဲက အညစ်အကြေး၊ အဆိပ်အတောက်တွေကို စစ်ထုတ် မပေးနိုင်တော့ပါဘူး။ ကျောက်ကပ်ပျက်စီးစ ပြုနေတဲ့လက်္ခဏာတွေကို သိရှိထားရင် ကျောက်ကပ် ထပ်မံ မပျက်စီးအောင် ကာကွယ်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆီးထဲသွေးပါခြင်း
ကျန်းမာရေးကောင်းတဲ့ ကျောက်ကပ်တွေဟာ သွေးထဲက အညစ်အကြေးတွေ စစ်ထုတ်ပြီး ဆီးအဖြစ် ပြောင်းလဲပေးတဲ့အခါမှာ သွေးဆဲလ်တွေ မပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ စစ်ထုတ် လုပ်ငန်းပျက်စီး သွားတဲ့အခါမှာ သွေးဆဲလ်တွေက ဆီးထဲကို စိမ့်ပြီး ထွက်သွားပါတယ်။ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ် ကျောက်တည်တာ၊ ကျောက်ကပ် ကင်ဆာဖြစ်တာ ဒါမှမဟုတ် ရောဂါပိုး ဝင်တာတွေရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
၂။ မကြာခဏ ဆီးသွားခြင်း
ခါတိုင်းထက်ပိုပြီး ဆီးသွားတဲ့အကြိမ်ရေ များလာခဲ့ရင် (အထူးသဖြင့် ညဘက်) ကျောက်ကပ်ရောဂါရဲ့ လက္ခဏာပါ။ ကျောက်ကပ်ရဲ့ စစ်ထုတ်လုပ်ငန်းတွေ ပျက်စီးသွားတဲ့အခါမှာ ဆီးသွားချင်စိတ်တွေ ပိုများလာတာကြောင့်ပါ။ ဒီလက္ခဏာက ဆီးလမ်းကြောင်း ပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
၃။ နေ့ခင်းပိုင်းမှာ မောပန်းနေပြီး အားမရှိသကဲ့သို့ ဖြစ်နေခြင်း
မောပန်းတာက EPO ခေါ်တဲ့ Erythroppoietin ဟော်မုန်း လျော့နည်းနေတာကြောင့်ပါ။ EPO က သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ သွေးနီဥတွေက ခန္ဓာကိုယ်က ဆဲလ်တွေအတွင်း အောက်ဆီဂျင်သယ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပျက်စီးနေတဲ့ ကျောက်ကပ်တွေက EPO ကို လုံလုံလောက်လောက် မထုတ်လုပ်ပေးနိုင်တဲ့အတွက် သွေးနီဥ အရေအတွက်တွေ လျော့ကျနေတာကြောင့် မောပန်းတဲ့ဝေဒနာ ခံစားရတာဖြစ်ပါတယ်။
၄။ ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာခြင်းကြောင့် ဖောရောင်ခြင်းနှင့် ကိုယ်အလေးချိန် မြင့်တက်လာခြင်း
သင့်ကျောက်ကပ်တွေက ခန္ဓာကိုယ်က ထွက်လာတဲ့ အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပစ်ဖို့ တာဝန်ရှိပါတယ်။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် ခန္ဓာကိုယ်အတွင်း အရည်စုဆောင်းမှုများလာပြီး တစ်သျှူးအတွင်း ဖောရောင်မှုတွေ ဖြစ်လာနိုင်ပါတယ်။
၅။ သွေးဖိအား မြင့်တက်လာခြင်း
ကျောက်ကပ်ပျက်စီးစပြုလာတဲ့အခါမှာ ကျောက်ကပ်အတွင်းမှ သွေးကြောတွေ အားနည်းသွားပြီး အမာရွတ်တွေ ဖြစ်လာကာ သွေးဖိအားကို မထိန်းချုပ်နိုင်တော့ပါဘူး။
၆။ ယားယံခြင်း
ကိုယ်အတွင်း အညစ်အကြေးနဲ့ ယူရစ်အက်စစ်တွေ စုဆောင်းမှုများလာတဲ့အခါ ခန္ဓာကိုယ်မှာ ယားယံတဲ့အကွက်တွေ ပေါ်ပေါက် လာနိုင်ပါတယ်။ ယူရစ်အက်စစ်တွေ စုဆောင်းမှုများနေတာကြောင့် အနီရောင် အစက်အပြောက်တွေလည်း ထွက်လာတတ်ပါတယ်။
၇။ ရင်တုန်ခြင်း
ကျောက်ကပ် ပျက်စီးနေတာကြောင့် ကိုယ်အတွင်း ပိုတက်စီယမ် စုဆောင်းမှု များလာကာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်လာပါတယ်။
၈။ ကြွက်တက်ခြင်း
ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပျက်စီးသွားတဲ့အတွက် ခန္ဓာကိုယ်အတွင်း ဓာတ်ဆားတွေ ညီညွတ်မျှတမှု မရှိနိုင်တော့ပါဘူး။ ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်တွေ လျော့နည်းသွားနိုင်တာကြောင့် ကြွက်တက် တတ်ပါတယ်။
၉။ ပျို့ခြင်းနှင့် အန်ခြင်း
ခန္ဓာကိုယ်အတွင်း ယူရီးမီးယားလို့ ခေါ်တဲ့ ဆီးဆိပ်တွေ စုဆောင်းမှုများလာတဲ့အခါမှာ ကိုယ်က အဆိပ်အတောက်ကို ဖယ်ရှားလိုတဲ့ ခံစားချက်ကြောင့် ပျို့တာ၊ အန်တာတွေ ဖြစ်ပေါ်လာပါတယ်။
၁၀။ ဆီးအမြှုပ်ထခြင်း
ဆီးအမြှုပ်ထနေတာက ဆီးထဲမှာ ပရိုတင်းပါဝင်နေတာကို ညွှန်ပြနေတာပါ။ ကြက်ဥအစိမ်းကို ခေါက်မွှေလိုက်တဲ့အခါမှာ ထွက်လာတဲ့အမြှုပ်နဲ့ ဆင်တူပါတယ်။ ဆီးထဲမှာ တွေ့ရတဲ့ ပရိုတင်းက ကြက်ဥထဲမှာ ပါဝင်တဲ့ ပရိုတင်း အယ်လ်ဗျူမင် အမျိုးအစားနဲ့ တူနေတာကြောင့်ပါ။
Gabriel
Crd : ဒေါက်တာခင်မိုးမိုး
Credit:We.Com


မှတ်ချက်များ