ပိတ္ေနတဲ့ေဘစင္ပိုက္၊ ေရခ်ိဳးခန္းပိုက္ရဲ႕ ျပႆနာေတြကို အလြယ္တကူေျဖရွင္းနိုင္မယ့္နည္းလမ္းမ်ား


Zawgyiျဖင့္ဖတ္ရန္

ေဘစင္ပိုက္၊ ေရခ်ိဳးခန္းပိုက္ေတြ ပိတ္သြားျပီး ေရမစီးပဲအိုင္ေနတာမ်ိဳးက အရမး္စိတ္ညစ္စရာေကာင္းသလို၊ စိတ္အေနွာက္အယွက္လည္း အရမး္ျဖစ္ရပါတယ္ေနာ္။ ဒီျပႆနာေတြကို ၾကံဳရတဲ့အခါ ပိုက္ျပင္ဆရာကို မေခၚခင္ ဒီနည္းလမ္းေလးေတြကို စမး္သပ္ၾကည့္လိုက္ပါဦး။ လြယ္ကူထိေရာက္တဲ့ နည္းလမ္းေလးေတြျဖစ္လို႔ သင္ကိုယ္တုိင္ျပဳလုပ္ႏိုင္တဲ့နည္းလမ္းေလးေတြျဖစ္ပါတယ္။

(၁) မုန္႔ဖုတ္ဆိုဒါရည္

လိုအပ္ေသာပစၥည္းမ်ား

မုန္႔ဖုတ္ဆိုဒါ ၄ဇြန္း

ဆား ၂ ဇြန္း

ရွာလကာရည္ ၁ခြက္

မုန္႔ဖုတ္ဆိုဒါနဲ႔ ဆားတို႔ကို ေသေသခ်ာခ်ာေရာေမႊျပီး ပိုက္ထဲကုိ ေလာင္းထည့္လိုက္ပါ။ရွာလကာရည္ကို ပြက္ပြက္ဆူတဲ့အထိ အပူေပးျပီး ပိုက္ထဲကို ထပ္ေလာင္လုိက္ပါ။ျပီးရင္ ပိုက္အဝကို ခ်က္ခ်င္း တစ္ခုခုနဲ႔ အုပ္ျပီးဖိထားလိုက္ပါ။နာရီဝက္ၾကာတဲ့အခါမွာ ေရေႏြးပူပူေလာင္းခ်လိုက္ပါ။ပိုက္ထဲက ဂ်ီးေတြနဲ႔ အစာေဟာငး္ေတြအကုန္ ေမ်ာပါသြားပါလိမ့္မယ္။

(၂) ဆား

ဆား ၅ဇြန္းေလာက္ကို ပိုက္ထဲထည့္လိုက္ပါ။ျပီးရင္ေတာ့ ေရေႏြးဆူဆူကို ေလာင္းလိုက္ပါ။ေရေႏြးပူမေလာင္မိဖို႔ လက္ကိုသတိထားပါ။လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ေပးႏိုင္ပါတယ္။

(၃) Asprin

Asprin ေဆးျပား ၂ျပားကို ပိုက္ထဲထည့္လိုက္ပါ။ျပီးရင္ေတာ့ ရွာလကာရည္တစ္ခြက္ ေလာင္းထည့္လိုက္ပါ။ခဏအၾကာမွာေရေႏြးဆူဆူကိုေလာင္းထည့္လိုက္ပါ။လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ႏိုင္ပါတယ္။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ပိတ်နေတဲ့ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်ရဲ့ ပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်မယ့်နည်းလမ်းများ

ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။ ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါရည်

လိုအပ်သောပစ္စည်းများ

မုန့်ဖုတ်ဆိုဒါ ၄ဇွန်း

ဆား ၂ ဇွန်း

ရှာလကာရည် ၁ခွက်

မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်လိုက်ပါ။ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။

(၂) ဆား

ဆား ၅ဇွန်းလောက်ကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ ရေနွေးဆူဆူကို လောင်းလိုက်ပါ။ရေနွေးပူမလောင်မိဖို့ လက်ကိုသတိထားပါ။လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်ပေးနိုင်ပါတယ်။

(၃) Asprin

Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ ရှာလကာရည်တစ်ခွက် လောင်းထည့်လိုက်ပါ။ခဏအကြာမှာရေနွေးဆူဆူကိုလောင်းထည့်လိုက်ပါ။လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။

Em Em

Credit:Aunty May

မှတ်ချက်များ