ဘဝမွာ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ လုပ္ၾကည့္ဖူးသင့္တဲ့ အရာေလးေတြ
Zawgyiျဖင့္ဖတ္ရန္
ဘဝကို သာမာန္႐ိုး႐ွင္းစြာ ျဖတ္သန္းရမယ္ဆိုရင္ေတာ့ တကယ့္ကို ပ်င္းရိစရာေကာင္းမွာပါ။ စြန္႔စားမႈေတြ၊ လွည့္ကြက္ေတြနဲ႔ ျပည့္ေနတဲ့ ကမၻာႀကီးမွာ ကိုယ္မသိေသးတာကို ၊ ကိုယ္မလုပ္ဖူးေသးတဲ့အရာကို လုပ္လိုက္ရျခင္းက ဘယ္လိုမွ ေျပာမျပတတ္ေအာင္ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။ ဒီလိုအရာေတြကို ဘဝမွာ တစ္ႀကိမ္တစ္ခါေလာက္ လုပ္ဖူးၾကည့္သင့္ပါတယ္။
ေနထြက္ခ်ိန္ကို ေစာင့္ၾကည့္မယ္
ျခင္းေတာင္းေလးထဲမွာ ေကာ္ဖီရယ္၊ စားစရာတစ္ခ်ိဳ႕ရယ္ ထည့္ၿပီး ပင္လယ္ကမ္းစပ္နား၊ ဒါမွမဟုတ္ တိတ္ဆိတ္တဲ့ေနရာတစ္ခုမွာ ေနထြက္ခ်ိန္ကို ေစာင့္ၾကည့္ရတဲ့ ခံစားခ်က္္က အရမ္းကို မိုက္ပါတယ္။ ပတ္ဝန္းက်င္တစ္ခုလံုး တိတ္ဆိတ္ၿပီး မနက္ေစာေစာ ေနလံုးႀကီးထြက္လာတဲ့အခ်ိန္က အရမ္းကို စြဲမက္စရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုပါ။
ေတာင္ထိပ္မွာ ရပ္ၿပီး အသံကုန္ေအာ္မယ္
ေတာင္တက္ျခင္းက က်န္းမာေရးကို ေကာင္းမြန္ုေစပါတယ္။ ေတာင္တက္ရတာ ေမာေပမယ့္လို႔ ေတာင္ထိပ္ကို ေရာက္တဲ့အခ်ိန္မွာ လွပတဲ့ ႐ႈခင္းႀကီးက သင့္ကို ေစာင့္ႀကိဳေနပါလိမ္႔မယ္။ ေတာင္ထိပ္မွာ ရပ္ၿပီး အသံကုန္ေအာ္ဟစ္လိုက္တဲ့ ခံစားခ်က္က စိတ္ပင္ပန္းျခင္းေတြကို အေဝးကိုေမာင္းထုတ္ေပးႏုိင္ပါတယ္။ ဒီလိုမ်ိဳး တစ္ခါေလာက္ေတာ့ စမ္းလုပ္ၾကည့္သင့္ပါတယ္ေနာ္။
မီးဖိုေခ်ာင္ထဲမွာ စိတ္ႀကိဳက္ခ်က္ျပဳတ္မယ္
ကိုယ့္ သူငယ္ခ်င္းေတြကို ဖိတ္ၿပီး ကိုယ္စားခ်င္တဲ့ အစားအစာေတြ၊ online ေပၚကေတြ႕တဲ့ အစားအေသာက္အသစ္ဆန္းေတြကို စိတ္ႀကိဳက္ခ်က္ျပဳတ္မယ္။ ကို္ယ္တစ္ေယာက္ပဲ မင္းမူထားတဲ့ မီးဖိုေခ်ာင္ထဲမွာ ကို္ယ့္စိတ္ႀကိဳက္စီမံခြင့္ရတဲ့ ဟင္းလ်ာေတြက စားမရေလာက္ေအာင္ အရသာဆိုးေနရင္ေတာင္ ဆိုင္ကမွာစားရတဲ့ ခံစားခ်က္ေလးက အရမ္းကို ေပါ့ပါးလြတ္လပ္ပါတယ္။
အစီအစဥ္မ႐ွိပဲ ခရီးသြားမယ္
ခရီးသြားခ်င္စိတ္ျဖစ္လာတဲ့အခ်ိန္၊ ဘာဆိုဘာမွ ႀကိဳတင္ျပင္ဆင္ထားျခင္းမ႐ွိတဲ့ အခ်ိန္မ်ိဳးမွာ ကိုယ္သြားခ်င္တဲ့ ခရီးကို ဘာမွမစဥ္းစားပဲ ေကာက္ကာငင္ကာ သြားလိုက္ရတဲ့ feeling က အရမ္းမိုက္ပါတယ္ေနာ္။ အဲလိုမ်ိဳး ျဖဳန္းစားႀကီး စီစဥ္မထားတဲ့ ခရီးေတြက ပိုေပ်ာ္စရာေကာင္းေနတတ္ပါတယ္။
စြန္႔စားၾကည့္မယ္
ကိုယ္ေၾကာက္ေနတဲ့ အရာ၊ ကို္ယ္မလုပ္ရဲတဲ့ တစ္ခုခုေပါ့ ဥပမာ- roallercoaster, skydiving စီးတာမ်ိဳး၊ ဒါမွမဟုတ္ horror movie ၾကည့္တာမ်ိဳး ကိုယ္မလုပ္ရဲတဲ့ အရာတစ္ခုကို သတၱိေမြးၿပီးလုပ္တာက အရမ္းကို စိတ္လႈပ္႐ွားစရာ ေကာင္းပါတယ္။ ကိုယ္မလုပ္ရဲတဲ့အရာကို လုပ္ၿပီးသြားတဲ့အခါမွာလည္း ပိုၿပီး သန္မာတဲ့သူ တစ္ေယာက္ ျဖစ္လာပါတယ္ေနာ္။
Khin
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ လုပ်ကြည့်ဖူးသင့်တဲ့ အရာလေးတွေ
ဘဝကို သာမာန်ရိုးရှင်းစွာ ဖြတ်သန်းရမယ်ဆိုရင်တော့ တကယ့်ကို ပျင်းရိစရာကောင်းမှာပါ။ စွန့်စားမှုတွေ၊ လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်မသိသေးတာကို ၊ ကိုယ်မလုပ်ဖူးသေးတဲ့အရာကို လုပ်လိုက်ရခြင်းက ဘယ်လိုမှ ပြောမပြတတ်အောင် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒီလိုအရာတွေကို ဘဝမှာ တစ်ကြိမ်တစ်ခါလောက် လုပ်ဖူးကြည့်သင့်ပါတယ်။
နေထွက်ချိန်ကို စောင့်ကြည့်မယ်
ခြင်းတောင်းလေးထဲမှာ ကော်ဖီရယ်၊ စားစရာတစ်ချို့ရယ် ထည့်ပြီး ပင်လယ်ကမ်းစပ်နား၊ ဒါမှမဟုတ် တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ နေထွက်ချိန်ကို စောင့်ကြည့်ရတဲ့ ခံစားချက်က အရမ်းကို မိုက်ပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး မနက်စောစော နေလုံးကြီးထွက်လာတဲ့အချိန်က အရမ်းကို စွဲမက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။
တောင်ထိပ်မှာ ရပ်ပြီး အသံကုန်အော်မယ်
တောင်တက်ခြင်းက ကျန်းမာရေးကို ကောင်းမွန်ုစေပါတယ်။ တောင်တက်ရတာ မောပေမယ့်လို့ တောင်ထိပ်ကို ရောက်တဲ့အချိန်မှာ လှပတဲ့ ရှုခင်းကြီးက သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ တောင်ထိပ်မှာ ရပ်ပြီး အသံကုန်အော်ဟစ်လိုက်တဲ့ ခံစားချက်က စိတ်ပင်ပန်းခြင်းတွေကို အဝေးကိုမောင်းထုတ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး တစ်ခါလောက်တော့ စမ်းလုပ်ကြည့်သင့်ပါတယ်နော်။
မီးဖိုချောင်ထဲမှာ စိတ်ကြိုက်ချက်ပြုတ်မယ်
ကိုယ့် သူငယ်ချင်းတွေကို ဖိတ်ပြီး ကိုယ်စားချင်တဲ့ အစားအစာတွေ၊ online ပေါ်ကတွေ့တဲ့ အစားအသောက်အသစ်ဆန်းတွေကို စိတ်ကြိုက်ချက်ပြုတ်မယ်။ ကိုယ်တစ်ယောက်ပဲ မင်းမူထားတဲ့ မီးဖိုချောင်ထဲမှာ ကိုယ့်စိတ်ကြိုက်စီမံခွင့်ရတဲ့ ဟင်းလျာတွေက စားမရလောက်အောင် အရသာဆိုးနေရင်တောင် ဆိုင်ကမှာစားရတဲ့ ခံစားချက်လေးက အရမ်းကို ပေါ့ပါးလွတ်လပ်ပါတယ်။
အစီအစဉ်မရှိပဲ ခရီးသွားမယ်
ခရီးသွားချင်စိတ်ဖြစ်လာတဲ့အချိန်၊ ဘာဆိုဘာမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ အချိန်မျိုးမှာ ကိုယ်သွားချင်တဲ့ ခရီးကို ဘာမှမစဉ်းစားပဲ ကောက်ကာငင်ကာ သွားလိုက်ရတဲ့ feeling က အရမ်းမိုက်ပါတယ်နော်။ အဲလိုမျိုး ဖြုန်းစားကြီး စီစဉ်မထားတဲ့ ခရီးတွေက ပိုပျော်စရာကောင်းနေတတ်ပါတယ်။
စွန့်စားကြည့်မယ်
ကိုယ်ကြောက်နေတဲ့ အရာ၊ ကိုယ်မလုပ်ရဲတဲ့ တစ်ခုခုပေါ့ ဥပမာ- roallercoaster, skydiving စီးတာမျိုး၊ ဒါမှမဟုတ် horror movie ကြည့်တာမျိုး ကိုယ်မလုပ်ရဲတဲ့ အရာတစ်ခုကို သတ္တိမွေးပြီးလုပ်တာက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကိုယ်မလုပ်ရဲတဲ့အရာကို လုပ်ပြီးသွားတဲ့အခါမှာလည်း ပိုပြီး သန်မာတဲ့သူ တစ်ယောက် ဖြစ်လာပါတယ်နော်။
Khin
Credit:Aunty May


မှတ်ချက်များ