လမ္းေပ်ာ္ကေလးေတြကို စာသင္ေပးေနတဲ့ ျပည္သူ႔အခ်စ္ေတာ္ မူႀကိဳဆရာမေလး
Zawgyi ျဖင့္ဖတ္ရန္
ပရဟိတကို လူတိုင္း လုပ္ခြင့္ရွိပါတယ္။ လုပ္လို႔လည္း ရပါတယ္။ ေနရာတိုင္းမွာ အလုပ္က ႏွစ္ခုပဲ ရွိပါတယ္။ အတၱဟိတ၊ ပရဟိတ။ ကိုယ့္အက်ိဳးအတြက္ ရည္႐ြယ္ၿပီးလုပ္တဲ့ အလုပ္ေတြဟာ အတၱဟိတပါဘဲ။ သူတစ္ပါးအက်ိဳးအတြက္ ရည္႐ြယ္ၿပီး လုပ္တဲ့အလုပ္ဟာ ပရဟိတျဖစ္ပါတယ္။ ပရဟိတဟာ လုပ္တတ္ရင္ သက္ဆိုင္ရာ နယ္ပယ္အသီးသီးမွာ ပုံစံမ်ိဳးစုံနဲ႔ ရွိေနပါတယ္။
ႏိုင္ငံေရးဆိုတာကလည္း အလြန္ႀကီးမားတဲ့ ပရဟိတႀကီး ျဖစ္ပါတယ္။ ပညာေရး၊ လူမႈေရး စတဲ့ လူတို႔လြန္ဆန္လို႔မရတဲ့ နယ္ပယ္ေတြမွာလည္း ပရဟိတလုပ္ငန္းေတြ ရွိေနၾကပါတယ္။ အခုလည္း ဖိလစ္ပိုင္ျပည္သူျပည္သားေတြရဲ႕ အခ်စ္ေတာ္ ဆရာမေလး Dara Mae Tuazon ရဲ႕ လုပ္ရပ္ဟာ အားက် ၾကည္ညိဳဖြယ္ရာ ပါဘဲ။
တကယ္ေတာ့ Dara အစိုးရဆီက အသိအမွတ္ျပဳလက္မွတ္ရထားတဲ့ ဆရာမတစ္ေယာက္ေတာ့ မဟုတ္ဘူး။ သူမကိုယ္တိုင္က University of the East တကၠသိုလ္မွာ ေက်ာင္းတက္ေနဆဲ ေက်ာင္းသူတစ္ေယာက္ပါ။ ဒါေပမယ့္ ေက်ာင္းက အျပန္ဆို အိမ္ကို တန္းမျပန္ေသးပဲ၊ လမ္းေပ်ာ္ကေလးေတြကို စုေဝးေစကာ စာသင္ေပးပါတယ္။ သူမမွာ ပါလာတဲ့ ပိုက္ဆံေတြနဲ႔ အစားအစာေတြ ဝယ္ေကြၽးပါတယ္။ သူမက တစ္ေန႔မွာ မူႀကိဳဆရာမအျဖစ္ တာဝန္ထမ္းေဆာင္မယ္လို႔ ဆိုထားပါတယ္။
Dara ရဲ႕ လႈပ္ရွားမႈဓာတ္ပုံေလးေတြကို သူမကို ေလးစားအားက်သူတစ္စုက Facebook ကြန္ယက္မွာ UM Freedom Wall ဆိုတဲ့ Page ကေနတစ္ဆင့္ မွ်ေဝေပးေနတယ္လို႔ သိရပါတယ္။ ညေနခင္းဘက္ မနီလာၿမိဳ႕က Gastambide ဝန္းက်င္ရွိ လမ္းမေတြေပၚမွာ စာအံသံေတြ ၾကားေနရရင္ ဆရာမေလးက ဘယ္သူလဲလို႔ မေမးလိုက္ပါနဲ႔။ စိတ္ထားမြန္ျမတ္လွတဲ့ Dara လို႔အမည္ရတဲ့ ျပည္သူ႔အခ်စ္ေတာ္ေလးပါဘဲ။
share from: shweman
Unicode ဖြင့်ဖတ်ရန်
လမ်းပျော်ကလေးတွေကို စာသင်ပေးနေတဲ့ ပြည်သူ့အချစ်တော် မူကြိုဆရာမလေး
ပရဟိတကို လူတိုင်း လုပ်ခွင့်ရှိပါတယ်။ လုပ်လို့လည်း ရပါတယ်။ နေရာတိုင်းမှာ အလုပ်က နှစ်ခုပဲ ရှိပါတယ်။ အတ္တဟိတ၊ ပရဟိတ။ ကိုယ့်အကျိုးအတွက် ရည်ရွယ်ပြီးလုပ်တဲ့ အလုပ်တွေဟာ အတ္တဟိတပါဘဲ။ သူတစ်ပါးအကျိုးအတွက် ရည်ရွယ်ပြီး လုပ်တဲ့အလုပ်ဟာ ပရဟိတဖြစ်ပါတယ်။ ပရဟိတဟာ လုပ်တတ်ရင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။
နိုင်ငံရေးဆိုတာကလည်း အလွန်ကြီးမားတဲ့ ပရဟိတကြီး ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး စတဲ့ လူတို့လွန်ဆန်လို့မရတဲ့ နယ်ပယ်တွေမှာလည်း ပရဟိတလုပ်ငန်းတွေ ရှိနေကြပါတယ်။ အခုလည်း ဖိလစ်ပိုင်ပြည်သူပြည်သားတွေရဲ့ အချစ်တော် ဆရာမလေး Dara Mae Tuazon ရဲ့ လုပ်ရပ်ဟာ အားကျ ကြည်ညိုဖွယ်ရာ ပါဘဲ။
တကယ်တော့ Dara အစိုးရဆီက အသိအမှတ်ပြုလက်မှတ်ရထားတဲ့ ဆရာမတစ်ယောက်တော့ မဟုတ်ဘူး။ သူမကိုယ်တိုင်က University of the East တက္ကသိုလ်မှာ ကျောင်းတက်နေဆဲ ကျောင်းသူတစ်ယောက်ပါ။ ဒါပေမယ့် ကျောင်းက အပြန်ဆို အိမ်ကို တန်းမပြန်သေးပဲ၊ လမ်းပျော်ကလေးတွေကို စုဝေးစေကာ စာသင်ပေးပါတယ်။ သူမမှာ ပါလာတဲ့ ပိုက်ဆံတွေနဲ့ အစားအစာတွေ ဝယ်ကျွေးပါတယ်။ သူမက တစ်နေ့မှာ မူကြိုဆရာမအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ဆိုထားပါတယ်။
Dara ရဲ့ လှုပ်ရှားမှုဓာတ်ပုံလေးတွေကို သူမကို လေးစားအားကျသူတစ်စုက Facebook ကွန်ယက်မှာ UM Freedom Wall ဆိုတဲ့ Page ကနေတစ်ဆင့် မျှဝေပေးနေတယ်လို့ သိရပါတယ်။ ညနေခင်းဘက် မနီလာမြို့က Gastambide ဝန်းကျင်ရှိ လမ်းမတွေပေါ်မှာ စာအံသံတွေ ကြားနေရရင် ဆရာမလေးက ဘယ်သူလဲလို့ မမေးလိုက်ပါနဲ့။ စိတ်ထားမွန်မြတ်လှတဲ့ Dara လို့အမည်ရတဲ့ ပြည်သူ့အချစ်တော်လေးပါဘဲ။
share from: shweman



မှတ်ချက်များ