မေကာင္းတဲ့ကံ ေတြ ပေပ်ာက္ေအာင္ ကံေကာင္းတဲ့နည္းေတြ မရွိဘူးလားဆို၊ ရွိတယ္။အကုသိုလ္ အက်ိဳးေတြ ဝင္ေရာက္ျဖစ္ေပၚေနတာကို လူေတြက ကံမေကာင္းဘူးလို႔ေျပာတာ။အကုသိုလ္ရဲ႕ အက်ိဳးတရား ေတြက ကိုယ့္သႏၱာန္ ေရာက္ၿပီ၊ ထိခိုက္ေနၿပီဆိုရင္…ဒါက ကံမေကာင္းဘူးလို႔ ေျပာၾကတယ္။အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕လုပ္ရပ္ကို ျပန္ဆန္းစစ္ ၾကည့္ရမယ္။ငါတို႔လုပ္ေနတာ အမွားမရွိဘူး၊ အေကာင္း ေတြလုပ္တယ္။
သို႔ေသာ္ အတိတ္တုန္းက မွားယြင္းမႈေတြကလည္းလူေတြရဲ႕သႏၱာန္ လာေရာက္ၿပီး အက်ိဳးေပး ေနတာေတြ ရွိတတ္တယ္ေပါ့။အဲဒီလို ျဖစ္ေပၚလာတာမ်ိဳးေတြ ေကာ မရွိႏိုင္ဘူးလားဆို ရွိႏိုင္တယ္။ ရွိလာလို႔ရွိရင္ ဘာနဲ႔အကာအကြယ္လုပ္ရမလဲလို႔ ဆိုရင္ ကံေကာင္းေအာင္ ေကာင္းတဲ့ကံတရား ေတြကို ႀကိဳးစားၿပီး လုပ္ရမယ္။ ဘုရားကို အာရုံျပဳမယ္၊ သံဃာကို အာရုံျပဳမယ္။ ဘုရားရဲ႕ ႏႈတ္ကပတ္ေတာ္ေတြကို ရြတ္ဖတ္ သရဇၥ်ာယ္မယ္။ ဘုရားကို ပူေဇာ္မယ္ ေနာ္။ ဘုရားနဲ႔ ပတ္သက္ၿပီး စိတ္ၾကည္ႏူးမႈေတြရေအာင္ လုပ္ရမယ္။ ကုသိုလ္ေကာင္းမႈေတြ မျပတ္လုပ္ေပးရမယ္။
ဘုရားပန္း၊ ေရခ်မ္း အၿမဲတမ္း ဆက္ကပ္၊ ဘုရားကို အာရုံျပဳ၊ ကုသိုလ္တရားေတြကို စိတ္ထဲမွာ ျဖစ္ပြားေအာင္ႀကိဳးစား၊ အဲဒီလို ႀကိဳးစားျခင္းအားျဖင့္လည္းပဲမေကာင္းတဲ့ကံေတြ ပေပ်ာက္သြားႏိုင္တယ္။ကံဆိုးမိုးေမွာင္က်လာတဲ့အခါ ျဖစ္လာမယ့္ အရိပ္အေရာင္ရွိၿပီ ဆိုတဲ့အခ်ိန္မွာဘာနဲ႔ ကာကြယ္ရသလဲဆိုရင္ ဘုရားကို အာရုံျပဳၿပီး ဗုဒၶါႏုႆတိကို ပြားရမယ္။ ဘုရားရဲ႕ ဂုဏ္ေတာ္ေတြကို အာရုံျပဳ၊ ကမၼဌာန္းထိုင္၊ ဂုဏ္ေတာ္ေတြကို ႏွလံုးသြင္း ဆင္ျခင္ၿပီး အခ်ိန္မ်ားမ်ား ျမတ္စြာဘုရားကို ပူေဇာ္ရမယ္။လုပ္ၿပီးတဲ့အခါ ကိုယ္လုပ္တဲ့ ကုသိုလ္ေကာင္းမႈကို ကိုယ္မျမင္ရတဲ့ သတၱဝါေတြ ကိုယ့္အနီးအပါးမွာရွိတဲ့ အိမ္ေစာင့္နတ္ေတြကို အမွ်အတန္း ေပးေဝရမယ္။
အဲဒီ အမွ်အတန္း ေပးေဝျခင္းအားျဖင့္ ကိုယ္နဲ႔သူတို႔နဲ႔က မိတ္ေဆြျဖစ္သြားတယ္။
ခင္မင္ရင္းႏွီးမႈေတြ ရလာတယ္။မိတ္ေဆြျဖစ္လို႔ရွိရင္ ကိုယ္ အႏၱရာယ္ မေရာက္ေအာင္ သူတို႔က ၾကည့္ရႈေပးတယ္။အိမ္နားနီးခ်င္းနဲ႔ တည့္ေအာင္ေပါင္းရင္ေတာင္မွပဲ ကိုယ့္အိမ္ ၾကည့္ေပးေဖာ္ရမယ္။မတည့္ဘူးဆိုရင္ မသိခ်င္ေယာင္ေဆာင္ေနမွာ ဘာႀကီးျဖစ္ေနေန၊ ဟုတ္ကဲ့လား။
အဲဒါလိုပဲ ကိုယ္မျမင္ရလို႔ အိမ္ေစာင့္နတ္တို႔၊ ကိုယ္ေစာင့္နတ္တို႔ သြားၿပီးေတာ့ ရန္မျဖစ္ေလနဲ႔။
ရန္ျဖစ္ရင္ေတာ့ အဲဒါ ကိုယ့္ကို ေကာင္းက်ိဳး ေပးမွာ မဟုတ္ဘူးေနာ္။ ဘယ္သူနဲ႔မွ ရန္မျဖစ္နဲ႔။
ေနာက္ဆံုးမွာ ကိုယ့္ရဲ႕အိမ္က ေမြးထားတဲ့ ေခြးနဲ႔ေတာင္ ရန္ျဖစ္ရင္ ကိုယ့္ကို မ်က္ေစာင္းထိုး ၾကည့္တာအနည္းဆံုး ခံရမယ္။ ေၾကာက္လို႔သာ ျပန္မလုပ္တာ ရွိမယ္ေနာ္။
ဒီတိရစၦာန္ေတြမွာလည္း အသိရွိတယ္ေလ။တစ္ခါေလာက္ ရိုက္ထားတဲ့သူဆိုရင္ ေရွာင္ေပေရွာင္ေပနဲ႔ မ်က္ေစာင္းထိုးၾကည့္တယ္။သူတို႔ အၿမဲတန္း ငါ့မ်ားဘာလုပ္မလဲဆိုၿပီး ေဒါသနဲ႔ ၾကည့္တာ။ဘယ္သူနဲ႔မွ ရန္မျဖစ္ဘဲ ေမတၱာ သက္ေရာက္ေအာင္ လုပ္တာဟာ ကိုယ့္အတြက္ ကံေကာင္းေစျခင္းရဲ႕ အေၾကာင္းတစ္ခုပဲျဖစ္တယ္ေပါ့။ ကိုယ့္အတြက္ အကူအညီရျခင္းပဲ။ေမတၱာပို႔ရတယ္။ အမွ်အတန္းေပးေဝရတယ္။ကုသိုလ္ေကာင္းမႈလုပ္တိုင္းလုပ္တိုင္း ဖိတ္ၾကားၿပီးေတာ့ သူတို႔ကို အေရးတယူ လုပ္ရတယ္။မိတ္ေဆြေကာင္းေတာင္မွ လမ္းမွာေတြ႕ရင္ ကိုယ္က အရင္ေခၚရတယ္။
အေရးတယူ ႏႈတ္ဆက္ရင္ ရင္းႏွီးတယ္။ မေခၚခ်င္သလိုလို လုပ္သြားရင္သူကလည္း မေခၚခ်င္သလိုလို ျပန္လုပ္မွာပဲ။ လူအခ်င္းခ်င္းေတာင္ ဒီလို ျဖစ္လာတယ္။ အဲဒါေၾကာင့္မို႔ ကံေကာင္းေအာင္လုပ္ဖို႔ဆိုသည္မွာ ကိုယ္ကိုယ္တိုင္က ရင္ထဲက အမုန္းကင္းၿပီးေမတၱာဘာဝနာေတြ မ်ားမ်ားပြားရမယ္။ေမတၱာပို႔မယ္၊ အမွ်အတန္း ေပးေဝမယ္၊အားလံုးနဲ႔ မိတ္ေဆြေတြျဖစ္မယ္။အရာရာမွာ စိတ္ၾကည္ႏူးမႈေတြ ရလာတဲ့အခါမွာ ကိုယ္ေတြးတာေတြ၊ကိုယ္ႀကံတာေတြ၊ ကိုယ္လုပ္တာေတြလည္း လမ္းမွန္ေပၚ ေရာက္လာႏိုင္တယ္ေပါ့။အဲဒီလိုမဟုတ္ဘူး။”ကံမေကာင္း အေၾကာင္းမလွ” လို႔ မေကာင္းတာေတြနဲ႔ စိတ္ကညစ္ေနရင္ ပိုဆိုးသြားႏိုင္တယ္။
အဲဒီလိုမျဖစ္ရေအာင္ သတိရွိရမယ္။ ဘယ္သူပဲျဖစ္ျဖစ္ ကံၾကမၼာ ရဲ႕အလွည့္အေျပာင္းေၾကာင့္ကံေကာင္းတဲ့အခါ ေကာင္းတယ္၊ မေကာင္းတဲ့အခါ မေကာင္းဘူး။ဘုရားဂုဏ္ေတာ္ေတြကို ကိုယ့္ရဲ႕ ရင္ထဲႏွလံုးထဲ ေရာက္ေအာင္ တည္ၿငိမ္ေအးခ်မ္းမႈကိုေပးႏိုင္တဲ့ဟာမ်ိဳးျဖစ္ေအာင္ လုပ္ရမယ္။ျပီးၿပီ ဆိုၿပီးေတာ့မွ ကိုယ့္ရဲ႕ (wish) ကို ေဖာ္ျပတာ။ဆုေတာင္းတိုင္းကေတာ့ မရဘူးေပါ့။ဆုေတာင္းတိုင္း ရလို႔ရွိရင္ ဘာမွ လုပ္မေနနဲ႔။ ထိုင္ၿပီးေတာ့ ဆုသာ ဆုေတာင္း။
စာေမးပြဲေအာင္လို႔ရွိရင္ ဒီ ၃- လံုးပါပါေစ၊ ၆- လံုး ပါပါေစ၊ထိုင္သာ ဆုေတာင္းေန၊ စာမက်က္နဲ႔၊ ရမွာ မဟုတ္ဘူးေနာ္။အဲဒါေၾကာင့္မို႔လို႔ ဆုေတာင္းရုံနဲ႔ ဘယ္အရာမွ မရဘူး။ဆုေတာင္းတယ္ဆိုတာ wish ကိုေဖာ္ျပတာပဲ ျဖစ္တယ္။ဆုေတာင္းတာ လုိခ်င္တဲ့ဆႏၵရဲ႕ေနာက္မွာ လံု႔လ ဝီရိယတို႔၊ အသိဉာဏ္တို႔ ဆိုတာေတြ လိုအပ္တယ္ေပါ့။အဲဒီလို အေၾကာင္းအက်ိဳး ဆီေလွ်ာ္စြာ အလုပ္လုပ္မွ ေကာင္းက်ိဳးခ်မ္းသာေတြဆိုတာ ရႏိုင္တယ္။အဲဒီလို အခ်က္ေတြကိုလည္း ျမတ္စြာဘုရား ေဟာတာျဖစ္တယ္။
ဗုဒၶဆိုတဲ့ ဂုဏ္ေတာ္ေတြထဲမွာအရာခပ္သိမ္းကို သိစြမ္းႏိုင္တဲ့ အသိဉာဏ္ရွိလို႔ ဗုဒၶ ဆိုတာကို အာရုံျပဳၿပီးေတာ့ႏွလံုးသြင္း ဆင္ျခင္ျခင္းအားျဖင့္ မိမိအတြက္ ကံေကာင္းလာႏိုင္တယ္ဆိုတာ ယံုၾကည္ၾကရမွာ ျဖစ္တယ္။
ေက်းဇူးေတာ္႐ွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ နႏၵမာလာဘိဝံသ
Unicode ဖြင့်ဖတ်ရန်
မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်…ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။
သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်းလူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေး နေတာတွေ ရှိတတ်တယ်ပေါ့။အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။ ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရား တွေကို ကြိုးစားပြီး လုပ်ရမယ်။ ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္ဈာယ်မယ်။ ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။ ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။
ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ်အရောင်ရှိပြီ ဆိုတဲ့အချိန်မှာဘာနဲ့ ကာကွယ်ရသလဲဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။ ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။
အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။
ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။
အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုး ပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။
နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုး ကြည့်တာအနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။
ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။ ကိုယ့်အတွက် အကူအညီရခြင်းပဲ။မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ်။
အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။ မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။ လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။ အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီးမေတ္တာဘာဝနာတွေ များများပွားရမယ်။မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။အဲဒီလိုမဟုတ်ဘူး။”ကံမကောင်း အကြောင်းမလှ” လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင် ပိုဆိုးသွားနိုင်တယ်။
အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့်ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။ပြီးပြီ ဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။ ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။
စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။
ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ ဗုဒ္ဓ ဆိုတာကို အာရုံပြုပြီးတော့နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ


မှတ်ချက်များ