ပင္လယ္ထဲမွာ တစ္ႏွစ္မွာ တစ္ခါ နတ္ေတြခင္းတဲ့လမ္းေပၚတဲ့ ဘုရားပြဲအခ်ိန္ေရာက္ပါၿပီ.
Zawgyiျဖင့္ဖတ္ရန္
တစ္ႏွစ္မွတခါသာ ပင္လယ္ျပင္တြင္း ေပၚလာသည့္နတ္ေတြခင္းသည့္ နတ္လမ္းရွိသည္ဆိုေသာ ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားပြဲေတာ္ဆီ ဖိတ္ေခၚပါသည္
📅က်င္းပသည့္အခ်ိန္🗓
မၾကာခင္ ျပန္လည္ ေရာက္ရွိလာေတာာ့မယ့္ ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားပြဲေတာ္ဟာ သံျဖဴဇရပ္ၿမိဳ႕ နယ္ရွိ မြန္႐ြာ အမ်ားဆုံးလာေရာက္ဖူးေမွ်ာ္ေလ့ရွိတဲ့ ေရလယ္ဘုရားပြဲေတာ္တစ္ခုဆိုလည္းမမွားႏိုင္ပါဘူး။
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားသည္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၂)ရက္ေန႔ညမွ (၃)ရက္ေန႔မနက္ထိ စည္ကားသိုက္ၿမိဳက္စြာ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပေလ့ရွိပါသည္။ ေရလယ္ေစတီဘုရားေပၚမွ ေဝယ်ာဝစၥကိစၥအရပ္ရပ္မ်ားကို ဝဲကေလာင္းေက်း႐ြာ ႐ြာသူ႐ြာသားမ်ား တာဝန္ယူေဆာင္႐ြက္ေလ့ရွိၿပီးဘုရားတည္ရွိေနရာကေတာ့ ဝဲကေလာင္း႐ြာကမ္းေျခႏွင့္ အံခဲ႐ြာကမ္းေျခၾကားပဲျဖစ္ပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ရပ္နီးရပ္ေဝးဧည့္သည္မ်ား စည္ကားမ်ားျပားစြာ လာေရာက္လည္ပတ္ေနၾကသည္ကို ဘုရားပြဲခ်ိန္မွာ ေတြ႕ျမင္ႏိုင္ပါတယ္
အစည္ကားဆုံးည – ၁၃ ႏိုဝင္ဘာ ၂၀၁၉(ညဘက္)
နတ္လမ္းေပၚခ်ိန္ – ၁၄ ႏိုဝင္ဘာ ၂၀၁၉(မနက္ပိုင္း)
😮က်ိဳက္နဲေရလယ္ဘုရားရဲ႕ ထူးျခားခ်က္မ်ား😮
ထူးျခားခ်က္မွာ ဘယ္လိုပင္ေရတက္တက္ ဘုရားေပၚမေရာက္ႏိုင္ပဲ ဘယ္ေလာက္ပင္ လူမ်ားမ်ား ေနစရာေနရာလုံေလာက္စြာ ရွိပါတယ္။ ေနာက္တစ္ခုမွာ တစ္ႏွစ္မွတစ္ခါသာ ေပၚလာတတ္တဲ့ နတ္လမ္းျမင္ကြင္းပဲျဖစ္ပါတယ္။ ထိုနတ္လမ္းဟာ ကားေျခာက္စီးေလာက္ တစ္ၿပိဳင္တည္း သြားလာႏိုင္ၿပီး လွပတဲ့ ေက်ာက္တုံးမ်ားျဖင့္ ဖန္ဆင္းခင္က်င္းထားသည္ကို ဘုရားပြဲခ်ိန္ တန္ေဆာင္မုန္းလျပည့္ (၃) ရက္ေန႔မနက္တြင္ ထင္ရွားစြားေတြ႕ျမင္ႏိုင္ပါတယ္
နတ္လမ္းေပၚလာတဲ့အခ်ိန္မွာ (၂)နာရီေက်ာ္ အခ်ိန္သာၾကာျမင့္ၿပီး ထိုအခ်ိန္အတြင္း ကမ္းေျခမွ (၁)မိုင္ (၆)ဖာလုံ အကြာအေဝးရွိတဲ့ ေရလယ္ဘုရားဆီ လမ္းေလွ်ာက္ၿပီး အလြယ္တကူသြားလာႏိုင္ပါတယ္။ ေခတ္မွီတိုးတက္လာသည္ႏွင့္အမွ် ဘုရားဖူးဧည့္သည္ေတာ္မ်ားဟာ ဆိုင္ကယ္၊ ေမာ္ေတာ္ကား မ်ားျဖင့္ လာေရာက္လည္ပတ္သူမ်ားၿပီး ႏြားလွည့္ျဖင့္လာေရာက္ဖူးေမွ်ာ္သူလည္း အနည္းငယ္ရွိပါတယ္။
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားႏွင့္ သမိုင္းအက်ဥ္း
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္၊ ဝဲကေလာင္းေက်း႐ြာႏွင့္ အံခဲေက်း႐ြာၾကား ပင္လယ္ျပင္မွာ ထင္ရွားရွိေသာ
နတ္လမ္းသမိုင္းဝင္ ဆံေတာ္ရွင္ေစတီေတာ္တစ္ဆ ူ(က်ိဳက္နဲဘုရား)ရွိေတာ္မူေလသည္။ ကမ္းေျခမွ (၁)မိုင္ (၆)ဖာလုံ အေဝးမွာရွိၿပီး သူေတာ္စင္ ပါရမီရွင္မ်ားသာ သြားေရာက္ဖူးျမင္ ကုသိုလ္ျပဳဆုေတာင္းႏိုင္ေလသည္။
“က်ိဳက္နဲဘုရား ထင္ရွားသမိုင္း
ပင္လယ္မွာတည္ ေစတီေရဝိုင္း
ကုသိုလ္ရွိမွ ေရာက္ၾကေပ်ာ္ႏိုင္
ဆံေတာ္ရွင္ ဖူးျမင္ဆုေတာင္းခိုင္း”
ဒီသမိုင္းဝင္ဆံေတာ္ရွင္ေစတီ က်ိဳက္နဲေရလယ္ဘုရားကို သုဝဏၰဘူမိ သထုံၿမိဳ႕ဌာနီ မြန္တို႔ျပည္ သီရီမာေသာကမင္းႀကီးလက္ထက္၌ ဂဝမၸတိမေထရ္ျမတ္၏ ေက်းဇူးရွင္မိခင္ႀကီးကို အေၾကာင္းျပဳ၍ မဟာသကၠရာဇ္(၁၁၁)ခုႏွစ္၊ ဘီစီ(၅၈၁) ျမတ္စြာဘုရားရွစ္ဝါရွိေသာ ကာလမွာ ရဟႏၲာသံဃာေတာ္ ႏွစ္ေသာင္းၿခံရံလ်က္ ယခုက်ိဳက္နဲဘုရား တည္ရွိေနရာသို႔ ႂကြေရာက္လာၿပီး ေနာက္အခါ ငါဘုရား၏ ဆံေတာ္တစ္ဆူ ေရာက္ရွိလာမည္ဟု ဗ်ာဒိတ္ေတာ္ ေပးသနားေတာ္မူေလသည္။
“တို႔ျမတ္ဘုရား ရွစ္ဝါကာလ
ေဒသစာရီ ႂကြခ်ီမည
ဂဝမၸတိ အမိေထရ
ခ်ီးေျမႇာက္က လာၾကသံဃာႏွင့္”
လြန္ေလၿပီးေသာအခါ ဘဝတခုမွာ တို႔ျမတ္ဘုရား ငါးၾကင္းျဖစ္၍ သိန္းငွက္တစ္ေကာင္ ပင္လယ္ျပင္တစ္ေနရာမွ ဖမ္းခ်ီလာၿပီး ဤေက်ာက္ေဆာင္ေပၚ၌ စားခဲ့ေလသည္။ ၎ေက်ာက္ေဆာင္ေပၚမွာပင္ နတ္ဘီလူးၾကမ္းမ်ားကို ဆုံးမေတာ္မူရာ ေမတၱာဓာတ္ႏွင့္ ေအာင္ျမင္ေတာ္မူ၍ ဗ်ာဒိတ္ေတာ္ မြန္လူမ်ိဳးတို႔က က်ိဳက္နဲဘုရား(ေအာင္ေတာ္မူဘုရား)ဟုေခၚဆိုၾကကုန္၏။
“လြန္ေလၿပီးခါ ငါးၾကင္းဘဝ
သိန္းငွက္ဖမ္းလာ စားရာဌာန
နတ္ဘီးလူးေပါင္း ငါေအာင္ျမင္ပ
မြန္တို႔က ေခၚၾကက်ိဳက္နဲမည္”
ဆံေတာ္ရွင္ က်ိဳက္နဲေရလယ္ဘုရားကို အေရွ႕ဖက္ကမ္းေျခမွေမွ်ာ္၍ လွမ္းၾကည့္ေသာ္ ပင္လယ္ေရနက္ ခ်ိဳင့္ခြက္အလယ္မွာ ျမတ္စြာဘုရား၏ ဆံေတာ္တစ္ဆူ ေ႐ႊခြက္ထဲထည့္၍ ေမွ်ာထားသလိုကို သဒၶါၾကည္ညိဳ သြားေရာက္ကုသိုလ္ျပဳ သာဓုေခၚႏိုင္သည္။
“ကမ္းေျခဖက္မွ ေမွ်ာ္ထၾကည့္ေသာ္
ဘုရားေဘးဖက္ ခ်ိဳင့္ခြက္လို႔ေနာ္
ေ႐ႊခြက္ပမာ ေမွ်ာ္ထားဆံေတာ္
ယုံၾကည္ေသာ္ ေကာ္ေရာ္ပူေဇာ္ပါ”
က်ိဳက္နဲေရလယ္ဘုရားကို သြားေရာက္ဖူးေမွ်ာ္လိုပါက ကမ္းေျခမွ (၁)မိုင္(၆)ဖာလုံရွိ နတ္လမ္းနဲ႔လည္းေျခလ်င္ေလွ်ာက္သြားေရာက္ႏိုင္သည္။
“ဘုရားျမတ္ထံ နတ္လမ္းေလွ်ာက္ကာ
တစ္မိုင္ေက်ာ္ေလာက္ ေျခာက္ဖာလုံံမွာ
က်ိဳက္နဲေစတီ တန္ခိုးႀကီးမား
တည္၍ထား လာေရာက္ပူေဇာ္ပါ”
က်ိဳက္နဲေစတီ တန္ခိုးႀကီးဘုရားကို ပင္လယ္ေရျပင္မွာရွိ၍ ေလးဘက္ရပ္မွ ဒီေရေလၾကမ္း လႈိင္းထန္ႀကီးမ်ားက တိုးဝင္ လာၿပီးမလႊမ္းမိုးႏိုင္ပါ။ ဘုရားရွိကုန္း ပရဝုဏ္ပတ္လည္မွာလည္း နတ္တကာမ်ားက ေက်ာက္တိုင္ေလးခု ကာကြယ္ျပဳထား၍ေဘးရန္ကင္းစြာ သြားေရာက္ဖူးေမွ်ာ္ႏိုင္သည္။
“ဓါတ္ေတာ္ျမတ္ထံ ေရၾကမ္းဒီလႈိင္း
ေျပးဝင္လို႔တိုး လႊမ္းမိုးမႏိုင္
ေလးဘက္ရပ္မွာ ရွိထားေက်ာက္တိုင္
သဒၶါခိုင္း ကိုယ္တိုင္ၾကည္ညိဳပါ”
က်ိဳက္နဲ(ေအာင္ေတာ္မူ)ဘုရားကို ၾကည္ညိဳသဒၶါရွိ၍ ရွိခိုးပူေဇာ္ရသည့္ အက်ိဳးကား အပါယ္ေလးပါး လမ္းတံခါးပိတ္ၿပီး ယခုမ်က္ေမွာက္ဘဝ၌ ကိုယ္စိတ္ႏွစ္ျဖာ က်မ္းမာေပ်ာ္႐ႊင္ ေနာင္တမလြန္ဘဝမွာလည္း လူနတ္ခ်မ္းသာ အမတာနိဗၺာန္သို႔ေရာက္ရွိ ေလေတာ့သတည္း။
“ဘုရားတန္ခိုး ၾကည္ညိဳပူေဇာ္
အပါယ္ေလးပါး တံခါးပိတ္ေပ်ာ္
နတ္လူနိဗၺာန္ ေအးခ်မ္းၿမိဳ႕ေတာ္
ကုသိုလ္ေခၚ ေစာေစာလာခဲ့ပါ”
👬ဘုရားေပၚဆြမ္းေတာ္ကပ္ခ်င္တဲ့ ရပ္နီးရပ္ေဝးမွ ေ႐ႊဧည့္သည္ေတာ္မ်ားအတြက္👭
က်ိဳက္နဲ႔ေရလယ္ဘုရားဆီ ဘုရားေပၚဆြမ္းေတာ္ကပ္ခ်င္တဲ့ ရပ္နီးရပ္ေဝးမွ ေ႐ႊဧည့္သည္ေတာ္မ်ားအတြက္ တန္ေဆာင္မုန္းလျပည့္ေန႔မတိုင္ခင္ အဖိတ္ေန႔ မနက္ပိုင္းမွ ညေနပိုင္းအထိ ဧည့္သည္မ်ားအတြက္ ေရလယ္ဘုရားဆီ အလြယ္တကူ သြားေရာက္ႏိုင္ရန္ ဝဲကေလာင္း႐ြာမွာ စနစ္တက် စီစဥ္ေပးထားေသာ ေလွမ်ားႏွင့္ အႏၲရာယ္ကင္းရွင္းစြာ ပို႔ေဆာင္ေပးပါတယ္။ ဘုရားေပၚတစ္ညအိပ္ရင္း ေနဝင္ခ်ိန္ ေနထြက္ခ်ိန္ ႏွင့္အတူ ေရလယ္ဘုရားရဲ႕ ေရက်ၿပီးေနာက္ပိုင္း ျမင္ရတဲ့ တုႏႈိင္းမမွီ တင့္တယ္လွပတဲ့ ေက်ာက္ေဆာင္ေက်ာက္တန္းမ်ားရဲ႕ အလွကို တဝႀကီးျမင္ေတြ႕ခံစားႏိုင္ရမွာပါ။ လျပည့္ေန႔မနက္ေစာေစာပိုင္းမွာ ဆြမ္းေတာ္ကပ္ၿပီးရင္ ကမ္းေျခသို႔ စႌစဥ္ေပးထားေသာေလွမ်ားႏွင့္ ျပန္လည္ပို႔ေဆာင္ေပးပါတယ္။
✏ဆြမ္းေတာ္ကပ္မည့္သူမ်ားအတြက္ လိုအပ္တဲ့ တဲ့ပစၥည္းတန္ဆာမ်ား
သစ္သီးဝလံ၊ ဖေယာင္းတိုင္၊ အေမႊးတိုင္၊ ညအိပ္မည္ျဖစ္တဲ့အတြက္ Power Bank ၊ ျမန္မာ႐ိုးရာဝတ္စုံ(သို႔)တိုင္းရင္းသား႐ိုးရာဝတ္စုံအပိုထည့္လာပါရန္။ မ်က္ႏွာသုတ္ပုဝါ။ စသျဖင့္ လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ား ထည့္လာႏိုင္ပါတယ္။
🚸🏃♂️🚗ဘယ္လိုလာရမလဲ🛵🏃♀️🚸
ေမာ္လၿမိဳင္ သံျဖဴဇရပ္ ဘက္ကေနလာဖူးေမွ်ာ္မယ့္ ဧည့္သည္မ်ားအတြက္
သံျဖဴဇရပ္ၿမိဳ႕အစြန္ဘက္ေရာက္လာခဲ့လွ်င္
“ေရး” သို႔ နဲ႔ “ပင” သို႔ ဆိုတဲ့ လမ္းၫႊန္ဆိုင္းပုဒ္ေတြ႕ျမင္ႏိုင္ပါတယ္။
“ပင” သို႔ ဘက္ကို လာရပါမည္။ လမ္းေၾကာင့္တည့္တည့္သာ ဆင္းလာလွ်င္ ပင႐ြာကိုေရာက္ရွိမည္။ ပင ႐ြာ ဆားကြင္းကိုျဖတ္ၿပီးရင္ က႐ုပၸိ စံျပေက်း႐ြာကို ေရာက္ရွိမွာျဖစ္ပါတယ္။ က႐ုပၸိ ကိုျဖတ္ေက်ာ္ၿပီးတာနဲ႔ က်ိဳက္နဲေရလယ္ဘုရား က်င္းပရာ ဝဲကေလာင္း႐ြာကို ေရာက္ရွိၿပီးျဖစ္ပါတယ္။ ဝဲကေလာင္း႐ြာ ေရာက္ရွိၿပီးတာနဲ႔ တည့္တည့္ေမာင္လာရာ ႐ြာအဆုံးတြင္ က်ိဳက္နဲေရလယ္ဘုရား သို႔သြားရာလမ္း မုဒ္ဦးတစ္ခုကို ေတြ႕ျမင္က လမ္းေၾကာင္းအတိုင္းသာ ဆင္းေမာင္းလာႏိုင္ပါတယ္။
⏩❇ဇာတ္ပြဲ❇⏪
မြန္ျပည္နယ္ရဲ႕ နာမည္ေက်ာ္ လူႀကိဳက္အမ်ားဆုံးဇာတ္ပြဲျဖစ္တဲ့ နာမည္ေက်ာ္ပြဲမင္းသား မြန္ခ်စ္စိုး ရဲ႕သား “သၼိင္ဟံသား” လို႔ဇာတ္ပြဲအမည္ရတဲ့ မင္းသား “သိုက္ဟံသာ” ရဲ႕ပြဲျဖစ္ပါတယ္။ ဘုရာပြဲလည္း လာေရာက္ဖူးေမွ်ာ္လည္ပတ္ရင္း ဇာတ္ပြဲေကာင္းကိုလည္း ၾကည့္ရႈ႕ခံစားေပးၾကဖို႔ ဖိတ္ေခၚလိုက္ပါတယ္။
မူရင္းဓါတ္ပုံရွင္မ်ားအား Credit ေပးပါသည္။
Credit:Zin Moe
Unicodeဖြင့်ဖတ်ရန်
ပင်လယ်ထဲမှာ တစ်နှစ်မှာ တစ်ခါ နတ်တွေခင်းတဲ့လမ်းပေါ်တဲ့ ဘုရားပွဲအချိန်ရောက်ပါပြီ.
တစ်နှစ်မှတခါသာ ပင်လယ်ပြင်တွင်း ပေါ်လာသည့်နတ်တွေခင်းသည့် နတ်လမ်းရှိသည်ဆိုသော ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ဆီ ဖိတ်ခေါ်ပါသည်
📅ကျင်းပသည့်အချိန်🗓
မကြာခင် ပြန်လည် ရောက်ရှိလာတောာ့မယ့် ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားပွဲတော်ဟာ သံဖြူဇရပ်မြို့ နယ်ရှိ မွန်ရွာ အများဆုံးလာရောက်ဖူးမျှော်လေ့ရှိတဲ့ ရေလယ်ဘုရားပွဲတော်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားသည် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ညမှ (၃)ရက်နေ့မနက်ထိ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပါသည်။ ရေလယ်စေတီဘုရားပေါ်မှ ဝေယျာဝစ္စကိစ္စအရပ်ရပ်များကို ဝဲကလောင်းကျေးရွာ ရွာသူရွာသားများ တာဝန်ယူဆောင်ရွက်လေ့ရှိပြီးဘုရားတည်ရှိနေရာကတော့ ဝဲကလောင်းရွာကမ်းခြေနှင့် အံခဲရွာကမ်းခြေကြားပဲဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရပ်နီးရပ်ဝေးဧည့်သည်များ စည်ကားများပြားစွာ လာရောက်လည်ပတ်နေကြသည်ကို ဘုရားပွဲချိန်မှာ တွေ့မြင်နိုင်ပါတယ်
အစည်ကားဆုံးည – ၁၃ နိုဝင်ဘာ ၂၀၁၉(ညဘက်)
နတ်လမ်းပေါ်ချိန် – ၁၄ နိုဝင်ဘာ ၂၀၁၉(မနက်ပိုင်း)
😮ကျိုက်နဲရေလယ်ဘုရားရဲ့ ထူးခြားချက်များ😮
ထူးခြားချက်မှာ ဘယ်လိုပင်ရေတက်တက် ဘုရားပေါ်မရောက်နိုင်ပဲ ဘယ်လောက်ပင် လူများများ နေစရာနေရာလုံလောက်စွာ ရှိပါတယ်။ နောက်တစ်ခုမှာ တစ်နှစ်မှတစ်ခါသာ ပေါ်လာတတ်တဲ့ နတ်လမ်းမြင်ကွင်းပဲဖြစ်ပါတယ်။ ထိုနတ်လမ်းဟာ ကားခြောက်စီးလောက် တစ်ပြိုင်တည်း သွားလာနိုင်ပြီး လှပတဲ့ ကျောက်တုံးများဖြင့် ဖန်ဆင်းခင်ကျင်းထားသည်ကို ဘုရားပွဲချိန် တန်ဆောင်မုန်းလပြည့် (၃) ရက်နေ့မနက်တွင် ထင်ရှားစွားတွေ့မြင်နိုင်ပါတယ်
နတ်လမ်းပေါ်လာတဲ့အချိန်မှာ (၂)နာရီကျော် အချိန်သာကြာမြင့်ပြီး ထိုအချိန်အတွင်း ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အကွာအဝေးရှိတဲ့ ရေလယ်ဘုရားဆီ လမ်းလျှောက်ပြီး အလွယ်တကူသွားလာနိုင်ပါတယ်။ ခေတ်မှီတိုးတက်လာသည်နှင့်အမျှ ဘုရားဖူးဧည့်သည်တော်များဟာ ဆိုင်ကယ်၊ မော်တော်ကား များဖြင့် လာရောက်လည်ပတ်သူများပြီး နွားလှည့်ဖြင့်လာရောက်ဖူးမျှော်သူလည်း အနည်းငယ်ရှိပါတယ်။
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားနှင့် သမိုင်းအကျဉ်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြား ပင်လယ်ပြင်မှာ ထင်ရှားရှိသော
နတ်လမ်းသမိုင်းဝင် ဆံတော်ရှင်စေတီတော်တစ်ဆ ူ(ကျိုက်နဲဘုရား)ရှိတော်မူလေသည်။ ကမ်းခြေမှ (၁)မိုင် (၆)ဖာလုံ အဝေးမှာရှိပြီး သူတော်စင် ပါရမီရှင်များသာ သွားရောက်ဖူးမြင် ကုသိုလ်ပြုဆုတောင်းနိုင်လေသည်။
“ကျိုက်နဲဘုရား ထင်ရှားသမိုင်း
ပင်လယ်မှာတည် စေတီရေဝိုင်း
ကုသိုလ်ရှိမှ ရောက်ကြပျော်နိုင်
ဆံတော်ရှင် ဖူးမြင်ဆုတောင်းခိုင်း”
ဒီသမိုင်းဝင်ဆံတော်ရှင်စေတီ ကျိုက်နဲရေလယ်ဘုရားကို သုဝဏ္ဏဘူမိ သထုံမြို့ဌာနီ မွန်တို့ပြည် သီရီမာသောကမင်းကြီးလက်ထက်၌ ဂဝမ္ပတိမထေရ်မြတ်၏ ကျေးဇူးရှင်မိခင်ကြီးကို အကြောင်းပြု၍ မဟာသက္ကရာဇ်(၁၁၁)ခုနှစ်၊ ဘီစီ(၅၈၁) မြတ်စွာဘုရားရှစ်ဝါရှိသော ကာလမှာ ရဟန္တာသံဃာတော် နှစ်သောင်းခြံရံလျက် ယခုကျိုက်နဲဘုရား တည်ရှိနေရာသို့ ကြွရောက်လာပြီး နောက်အခါ ငါဘုရား၏ ဆံတော်တစ်ဆူ ရောက်ရှိလာမည်ဟု ဗျာဒိတ်တော် ပေးသနားတော်မူလေသည်။
“တို့မြတ်ဘုရား ရှစ်ဝါကာလ
ဒေသစာရီ ကြွချီမည
ဂဝမ္ပတိ အမိထေရ
ချီးမြှောက်က လာကြသံဃာနှင့်”
လွန်လေပြီးသောအခါ ဘဝတခုမှာ တို့မြတ်ဘုရား ငါးကြင်းဖြစ်၍ သိန်းငှက်တစ်ကောင် ပင်လယ်ပြင်တစ်နေရာမှ ဖမ်းချီလာပြီး ဤကျောက်ဆောင်ပေါ်၌ စားခဲ့လေသည်။ ၎င်းကျောက်ဆောင်ပေါ်မှာပင် နတ်ဘီလူးကြမ်းများကို ဆုံးမတော်မူရာ မေတ္တာဓာတ်နှင့် အောင်မြင်တော်မူ၍ ဗျာဒိတ်တော် မွန်လူမျိုးတို့က ကျိုက်နဲဘုရား(အောင်တော်မူဘုရား)ဟုခေါ်ဆိုကြကုန်၏။
“လွန်လေပြီးခါ ငါးကြင်းဘဝ
သိန်းငှက်ဖမ်းလာ စားရာဌာန
နတ်ဘီးလူးပေါင်း ငါအောင်မြင်ပ
မွန်တို့က ခေါ်ကြကျိုက်နဲမည်”
ဆံတော်ရှင် ကျိုက်နဲရေလယ်ဘုရားကို အရှေ့ဖက်ကမ်းခြေမှမျှော်၍ လှမ်းကြည့်သော် ပင်လယ်ရေနက် ချိုင့်ခွက်အလယ်မှာ မြတ်စွာဘုရား၏ ဆံတော်တစ်ဆူ ရွှေခွက်ထဲထည့်၍ မျှောထားသလိုကို သဒ္ဓါကြည်ညို သွားရောက်ကုသိုလ်ပြု သာဓုခေါ်နိုင်သည်။
“ကမ်းခြေဖက်မှ မျှော်ထကြည့်သော်
ဘုရားဘေးဖက် ချိုင့်ခွက်လို့နော်
ရွှေခွက်ပမာ မျှော်ထားဆံတော်
ယုံကြည်သော် ကော်ရော်ပူဇော်ပါ”
ကျိုက်နဲရေလယ်ဘုရားကို သွားရောက်ဖူးမျှော်လိုပါက ကမ်းခြေမှ (၁)မိုင်(၆)ဖာလုံရှိ နတ်လမ်းနဲ့လည်းခြေလျင်လျှောက်သွားရောက်နိုင်သည်။
“ဘုရားမြတ်ထံ နတ်လမ်းလျှောက်ကာ
တစ်မိုင်ကျော်လောက် ခြောက်ဖာလုံံမှာ
ကျိုက်နဲစေတီ တန်ခိုးကြီးမား
တည်၍ထား လာရောက်ပူဇော်ပါ”
ကျိုက်နဲစေတီ တန်ခိုးကြီးဘုရားကို ပင်လယ်ရေပြင်မှာရှိ၍ လေးဘက်ရပ်မှ ဒီရေလေကြမ်း လှိုင်းထန်ကြီးများက တိုးဝင် လာပြီးမလွှမ်းမိုးနိုင်ပါ။ ဘုရားရှိကုန်း ပရဝုဏ်ပတ်လည်မှာလည်း နတ်တကာများက ကျောက်တိုင်လေးခု ကာကွယ်ပြုထား၍ဘေးရန်ကင်းစွာ သွားရောက်ဖူးမျှော်နိုင်သည်။
“ဓါတ်တော်မြတ်ထံ ရေကြမ်းဒီလှိုင်း
ပြေးဝင်လို့တိုး လွှမ်းမိုးမနိုင်
လေးဘက်ရပ်မှာ ရှိထားကျောက်တိုင်
သဒ္ဓါခိုင်း ကိုယ်တိုင်ကြည်ညိုပါ”
ကျိုက်နဲ(အောင်တော်မူ)ဘုရားကို ကြည်ညိုသဒ္ဓါရှိ၍ ရှိခိုးပူဇော်ရသည့် အကျိုးကား အပါယ်လေးပါး လမ်းတံခါးပိတ်ပြီး ယခုမျက်မှောက်ဘဝ၌ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာပျော်ရွှင် နောင်တမလွန်ဘဝမှာလည်း လူနတ်ချမ်းသာ အမတာနိဗ္ဗာန်သို့ရောက်ရှိ လေတော့သတည်း။
“ဘုရားတန်ခိုး ကြည်ညိုပူဇော်
အပါယ်လေးပါး တံခါးပိတ်ပျော်
နတ်လူနိဗ္ဗာန် အေးချမ်းမြို့တော်
ကုသိုလ်ခေါ် စောစောလာခဲ့ပါ”
👬ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက်👭
ကျိုက်နဲ့ရေလယ်ဘုရားဆီ ဘုရားပေါ်ဆွမ်းတော်ကပ်ချင်တဲ့ ရပ်နီးရပ်ဝေးမှ ရွှေဧည့်သည်တော်များအတွက် တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဧည့်သည်များအတွက် ရေလယ်ဘုရားဆီ အလွယ်တကူ သွားရောက်နိုင်ရန် ဝဲကလောင်းရွာမှာ စနစ်တကျ စီစဉ်ပေးထားသော လှေများနှင့် အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးပါတယ်။ ဘုရားပေါ်တစ်ညအိပ်ရင်း နေဝင်ချိန် နေထွက်ချိန် နှင့်အတူ ရေလယ်ဘုရားရဲ့ ရေကျပြီးနောက်ပိုင်း မြင်ရတဲ့ တုနှိုင်းမမှီ တင့်တယ်လှပတဲ့ ကျောက်ဆောင်ကျောက်တန်းများရဲ့ အလှကို တဝကြီးမြင်တွေ့ခံစားနိုင်ရမှာပါ။ လပြည့်နေ့မနက်စောစောပိုင်းမှာ ဆွမ်းတော်ကပ်ပြီးရင် ကမ်းခြေသို့ င်္စီစဉ်ပေးထားသောလှေများနှင့် ပြန်လည်ပို့ဆောင်ပေးပါတယ်။
✏ဆွမ်းတော်ကပ်မည့်သူများအတွက် လိုအပ်တဲ့ တဲ့ပစ္စည်းတန်ဆာများ
သစ်သီးဝလံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ညအိပ်မည်ဖြစ်တဲ့အတွက် Power Bank ၊ မြန်မာရိုးရာဝတ်စုံ(သို့)တိုင်းရင်းသားရိုးရာဝတ်စုံအပိုထည့်လာပါရန်။ မျက်နှာသုတ်ပုဝါ။ စသဖြင့် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများ ထည့်လာနိုင်ပါတယ်။
🚸🏃♂️🚗ဘယ်လိုလာရမလဲ🛵🏃♀️🚸
မော်လမြိုင် သံဖြူဇရပ် ဘက်ကနေလာဖူးမျှော်မယ့် ဧည့်သည်များအတွက်
သံဖြူဇရပ်မြို့အစွန်ဘက်ရောက်လာခဲ့လျှင်
“ရေး” သို့ နဲ့ “ပင” သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းပုဒ်တွေ့မြင်နိုင်ပါတယ်။
“ပင” သို့ ဘက်ကို လာရပါမည်။ လမ်းကြောင့်တည့်တည့်သာ ဆင်းလာလျှင် ပငရွာကိုရောက်ရှိမည်။ ပင ရွာ ဆားကွင်းကိုဖြတ်ပြီးရင် ကရုပ္ပိ စံပြကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။ ကရုပ္ပိ ကိုဖြတ်ကျော်ပြီးတာနဲ့ ကျိုက်နဲရေလယ်ဘုရား ကျင်းပရာ ဝဲကလောင်းရွာကို ရောက်ရှိပြီးဖြစ်ပါတယ်။ ဝဲကလောင်းရွာ ရောက်ရှိပြီးတာနဲ့ တည့်တည့်မောင်လာရာ ရွာအဆုံးတွင် ကျိုက်နဲရေလယ်ဘုရား သို့သွားရာလမ်း မုဒ်ဦးတစ်ခုကို တွေ့မြင်က လမ်းကြောင်းအတိုင်းသာ ဆင်းမောင်းလာနိုင်ပါတယ်။
⏩❇ဇာတ်ပွဲ❇⏪
မွန်ပြည်နယ်ရဲ့ နာမည်ကျော် လူကြိုက်အများဆုံးဇာတ်ပွဲဖြစ်တဲ့ နာမည်ကျော်ပွဲမင်းသား မွန်ချစ်စိုး ရဲ့သား “သ္မိင်ဟံသား” လို့ဇာတ်ပွဲအမည်ရတဲ့ မင်းသား “သိုက်ဟံသာ” ရဲ့ပွဲဖြစ်ပါတယ်။ ဘုရာပွဲလည်း လာရောက်ဖူးမျှော်လည်ပတ်ရင်း ဇာတ်ပွဲကောင်းကိုလည်း ကြည့်ရှု့ခံစားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မူရင်းဓါတ်ပုံရှင်များအား Credit ပေးပါသည်။
Credit:Zin Moe


မှတ်ချက်များ