အေမျဖစ္သူက ေထာင္က်ေနျပီး အေဖကို ဘယ္မွာရွာရမွန္းမသိတဲ႔ ေမာင္ႏွမ (၃)ေယာက္
Zawgyiျဖင့္ဖတ္ရန္
အေဖကအဆက္အသြယ္မရ၊အေမကေထာင္က်၊က်န္ရစ္ခဲ့တဲ့ေမာင္ႏွမသုံးေယာက္အတြက္စားေရးေနေရး၊ပညာေရးတို႔ကိုလစဥ္ေထာက္ပံေနတာတစ္ႏွစ္ေက်ာ္ပါၿပီ။
သူတို႔ရဲ႕ဇာတ္ေၾကာင္းက သူတို႔ရဲ႕ဖခင္ျဖစ္သူကအိမ္က
ထြက္ၿပီးတပ္မေတာ္ထဲဝင္ၿပီးသင္တန္းကေနထြက္ေျပးသြားတာ၃ႏွစ္
ေက်ာ္ၿပီး တပ္ေျပးျဖစ္ေနၿပီလို႔ေျပာပါတယ္။အခုအထိသူနဲ႔
အဆက္အသြယ္မရတာၾကာၿပီတဲ့။အေမျဖစ္တဲ့သူကဝင္
ေငြရဖို႔ ဘူးခြံ၊ပုလင္းခြံေကာက္ယင္း လမ္းေဘးမွာေတြ႕
တဲ့ အစိုးရဌာနပိုင္ ဝါယာႀကိဳးအခြံစေတြေကာက္မိလို႔ ပုဒ္
မ၆၁နဲ႔ေထာင္၃ႏွစ္က်သြားပါတယ္။က်န္ရစ္ခဲ့တဲ့ကေလး
သုံးေယာက္ကိုလူမႈေရးအသင္းမွေစာင့္ေရွာက္ေပးထားပါ
တယ္။ကၽြန္ေတာ္ကေတာ့ကေလးသုံးေယာက္စားေရးေန
ေရး၊ပညာေရးအတြက္အမ်ားလႈဒါန္းေငြမွတစ္လကိုတစ္
သိန္းေထာက္ပံေပးေနတာ ၂၀၁၈၊၉လပိုင္းကတည္းပါ။
အလႈရွင္မေအးေအးခိုင္ကလဲလစဥ္တစ္လကိုငါးေသာင္း
က်ပ္လႈေပးေနလို႔ စုစုေပါင္းတစ္သိန္းငါးေသာင္းလႈခဲ့ပါ
ၿပီး။ကေလးေတြအေမေထာင္ကလြတ္လာရင္ေတာ့ေနဖို႔
လုပ္ကိုင္စားဖို႔ဆက္ကူညီေပးသြားမွာပါ။
ONE TO ONE ျပည္သူ႔ကူညီေရး
မႏၲေလးၿမိဳ႕
Credit:ကိုဝမ္း ဖုန္း ၀၉၄၅၆၅၆၇၈၇၈
Unicodeဖြင့်ဖတ်ရန်
အမေဖြစ်သူက ထောင်ကျနေပြီး အဖေကို ဘယ်မှာရှာရမှန်းမသိတဲ့ မောင်နှမ (၃)ယောက်
အဖေကအဆက်အသွယ်မရ၊အမေကထောင်ကျ၊ကျန်ရစ်ခဲ့တဲ့မောင်နှမသုံးယောက်အတွက်စားရေးနေရေး၊ပညာရေးတို့ကိုလစဉ်ထောက်ပံနေတာတစ်နှစ်ကျော်ပါပြီ။
သူတို့ရဲ့ဇာတ်ကြောင်းက သူတို့ရဲ့ဖခင်ဖြစ်သူကအိမ်က
ထွက်ပြီးတပ်မတော်ထဲဝင်ပြီးသင်တန်းကနေထွက်ပြေးသွားတာ၃နှစ်
ကျော်ပြီး တပ်ပြေးဖြစ်နေပြီလို့ပြောပါတယ်။အခုအထိသူနဲ့
အဆက်အသွယ်မရတာကြာပြီတဲ့။အမေဖြစ်တဲ့သူကဝင်
ငွေရဖို့ ဘူးခွံ၊ပုလင်းခွံကောက်ယင်း လမ်းဘေးမှာတွေ့
တဲ့ အစိုးရဌာနပိုင် ဝါယာကြိုးအခွံစတွေကောက်မိလို့ ပုဒ်
မ၆၁နဲ့ထောင်၃နှစ်ကျသွားပါတယ်။ကျန်ရစ်ခဲ့တဲ့ကလေး
သုံးယောက်ကိုလူမှုရေးအသင်းမှစောင့်ရှောက်ပေးထားပါ
တယ်။ကျွန်တော်ကတော့ကလေးသုံးယောက်စားရေးနေ
ရေး၊ပညာရေးအတွက်အများလှုဒါန်းငွေမှတစ်လကိုတစ်
သိန်းထောက်ပံပေးနေတာ ၂၀၁၈၊၉လပိုင်းကတည်းပါ။
အလှုရှင်မအေးအေးခိုင်ကလဲလစဉ်တစ်လကိုငါးသောင်း
ကျပ်လှုပေးနေလို့ စုစုပေါင်းတစ်သိန်းငါးသောင်းလှုခဲ့ပါ
ပြီး။ကလေးတွေအမေထောင်ကလွတ်လာရင်တော့နေဖို့
လုပ်ကိုင်စားဖို့ဆက်ကူညီပေးသွားမှာပါ။
ONE TO ONE ပြည်သူ့ကူညီရေး
မန္တလေးမြို့
Credit:ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈


မှတ်ချက်များ