သင့္အိမ္မွာ သင္အၿမဲရႈပ္ေအာင္ထားတတ္တဲ့ ေနရာက ေျပာတဲ့ သင့္စိတ္အေျခအေန
Zawgyiျဖင့္ဖတ္ရန္
သင္က အိမ္မွာ ဒါမွမဟုတ္ သင့္အခန္းအတြင္းမွာ တစ္ေနရာမဟုတ္တစ္ေနရာကို မရွင္းဘဲ ထားတတ္တဲ့သူ လား၊ ဒါမွမဟုတ္ လုံး၀ သန႔္ရွင္းသပ္ရပ္ေနေအာင္ ထားတတ္တဲ့သူလား။ သင့္အခန္းမွာ အၿမဲရႈပ္ေနတတ္တဲ့ ေနရာက သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔ ကိုယ္ရည္ကိုယ္ေသြးကို ေဖာ္ျပေနပါတယ္။ အခန္းကို အရမ္း သပ္ရပ္ေအာင္ထားတဲ့ ဆိုရင္လည္း အဲဒီလိုပါပဲ။
အဲဒါေၾကာင့္ သင့္အိမ္ ဒါမွမဟုတ္ သင့္အခန္းမွာ သင္ဘယ္ေတာ့မွမရွင္းလင္းဘဲ အၿမဲရႈပ္ေအာင္ထားတတ္တဲ့ ေနရာကေျပာတဲ့ သင့္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အံဆြဲ၊ အဝတ္ဗီ႐ိုနဲ႔ အဝတ္ေသတၱာေတြကို အၿမဲရႈပ္ပြေနေအာင္ထားတတ္သူ
အေပၚယံၾကည္ရင္ေတာ့ ၾကမ္းျပင္ေတြသန႔္ရွင္းၿပီး စာအုပ္ေတြကိုလည္း စီစီရီရီထားမယ္၊ အခန္းနံရံေတြလည္း သန႔္ရွင္းေနမယ္၊ ဒါေပမဲ့ အဝတ္ဗီ႐ို၊ အဝတ္ေသတၱာနဲ႔ အံဆြဲထဲမွာေတာ့ ပစၥည္းေတြ၊ အဝတ္ေတြ ထိုးသိပ္ထည့္ ထားၿပီး ရႈပ္ပြေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ အဲဒီလိုထားတတ္သူ အမ်ားစုဟာ အေပၚယံေတြကို ပိုအေလးထား ၿပီး ဒရမ္မာခင္းတတ္ၾကသူေတြပါ။ သူတို႔ရဲ႕ေကာင္းကြက္ေတြကိုပဲ ေ႐ြးျပၿပီး လူအထင္ႀကီးေအာင္လုပ္တတ္သူ ေတြလည္း ျဖစ္ပါတယ္။ သူတို႔ေတြဟာ တကယ္တမ္းသန႔္ရွင္းေနဖို႔ထက္ လူျမင္ေကာင္းဖို႔ကိုပဲ အာ႐ုံထားတတ္ သူေတြ မ်ားပါတယ္။
၂။ အိမ္ ဒါမွမဟုတ္ အခန္းကို ဘယ္ေတာ့မွမျပင္ဆင္သူ
တခ်ိဳ႕လူေတြကေတာ့ တိုက္ခန္းေဟာင္း၊ အိမ္ခန္းေဟာင္းမွာ ႏွစ္ေပါင္းမ်ားစြာ ေနလာေပမဲ့ အိမ္ကို တစ္ခါမွ မျပင္ဆင္ဘဲ နံရံေဟာင္းေတြအတိုင္း ထားတတ္ၾကၿပီး ပစၥည္းေတြကိုလည္း ေသတၱာေတြထဲမွာပဲ ထည့္သိမ္း ထားတတ္ၾကပါတယ္။ အသစ္ေတြဝယ္ယူဖို႔ ေငြပိုသုံးေလ့မရွိပါဘူး။ သူတို႔ေနတတ္တဲ့ပုံစံဟာ အိမ္မွာ ယာယီ ေနၾကသလိုမ်ိဳး၊ တစ္ေနရာရာကို ေျပာင္းေ႐ႊ႕ဖို႔အသင့္ျပင္ထားတဲ့ ပုံစံမ်ိဳး ေနၾကတာပါ။
စိတ္ပညာရွင္တခ်ိဳ႕ရဲ႕ အဆိုအရ အဲဒီလိုလူေတြဟာ မေရာက္ေသးတဲ့အနာဂတ္ ေမွ်ာ္ကိုးေနတတ္သူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ လက္ရွိအေျခအေနကို ခဏတာသည္းခံရမယ့္ ယာယီျပႆနာတစ္ခုလို သေဘာထား တတ္ၾကပါတယ္။ တျခား တစ္ဖက္ကၾကည့္ရင္လည္း သူတို႔မွာ ေသခ်ာေရရာတဲ့ စီမံကိန္းမရွိဘဲ သူတို႔ရဲ႕ အေျခအေနေျပာင္းလဲသြား ေအာင္ တစ္စုံတစ္ေယာက္ ဒါမွမဟုတ္ တစ္စုံတစ္ရာရဲ႕အကူအညီကို ေမွ်ာ္ကိုး ေနတတ္သူေတြလည္း ျဖစ္ပါတယ္။
၃။ အလုပ္စားပြဲကို ရႈပ္ပြေအာင္ထားတတ္သူ
သင္က အလုပ္စားပြဲကို ရႈပ္ပြေအာင္ထားတတ္သူဆိုရင္ေတာ့ အေျခအေနေကာင္းပါတယ္။ တခ်ိဳ႕ေတြက အလုပ္စားပြဲကို လုံးဝသပ္ရပ္ေနေအာင္ ထားတတ္သူေတြပါ၊ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ အလုပ္စားပြဲ မွာ ပစၥည္းမ်ိဳးစုံနဲ႔ ပ်ံ႕ႀကဲေနတာမ်ားပါတယ္။ စားပြဲမွာ ရႈပ္ပြေနတာဟာ အျမင္မလွေပမဲ့ အဲဒီလိုထားရွိျခင္းက သင္ဟာ ဖန္တီးမႈစြမ္းရည္ျမင့္မားသူတစ္ေယာက္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဒါ့ျပင္ သင့္အေနနဲ႔ အၿမဲ ႏိုးၾကားတတ္ႂကြၿပီး အသင့္ရွိေနသူဆိုတာကိုလည္း ျပသရာေရာက္ပါတယ္။ အဲဒီလို အလုပ္စားပြဲရႈပ္ပြေအာင္ ထားတတ္သူေတြဟာ သူမတူတဲ့၊ ထူးျခားဆန္းသစ္တဲ့ အႀကံဉာဏ္ေကာင္းေတြ ရွိေနတတ္ပါတယ္။
၄။ အဝတ္ေလွ်ာ္ျခင္းေတာင္းနဲ႔ အမႈိက္ပုံးကို အၿမဲျပည့္သိပ္ေနေအာင္ ထားတတ္သူ
လူအေတာ္မ်ားမ်ားက ကိုယ့္အိမ္မွာဆိုရင္ သက္သာသလို ေနၾကတာမ်ားပါတယ္။ အမ်ားအားျဖင့္ ေန႔စဥ္ လုပ္ေနရတဲ့ အလုပ္ေတြကို လုပ္ဖို႔ ပ်င္းရိေလးလံတတ္ၾကပါတယ္။ စားၿပီးပန္းကန္ေတြကို ခ်က္ခ်င္းမေဆးဘဲ ေဘစင္မွာပုံထားမယ္၊ အမႈိက္ေတြကို မွန္မွန္မသြန္ဘဲ ရက္လြန္ေအာင္ထားမယ္၊ အဝတ္ကို မွန္မွန္မေလွ်ာ္ဘဲ မေလွ်ာ္မျဖစ္ေတာ့မွ စုေလွ်ာ္မယ္၊ အဲဒီလိုအမူအက်င့္ေတြဟာ လူေတာ္ေတာ္မ်ားမ်ားမွာ ရွိတတ္ၾကပါတယ္။
အဲဒီအက်င့္ရွိသူေတြဟာ အခ်ိန္ဆြဲတတ္တဲ့အက်င့္ပါေနသူေတြပါ။ “ပ်င္းလို႔မလုပ္ေသးဘူး၊ အခု အခ်ိန္မရွိ ေသးဘူး၊ ေနာက္မွလုပ္မယ္” ဆိုတဲ့ အေၾကာင္းျပခ်က္မ်ိဳးစုံ ေပးတတ္ၾကပါတယ္။ ေန႔စဥ္ လုပ္စရာရွိတာေလးကို ပုံမွန္လုပ္သြားျခင္းက အေလ့အက်င့္ေကာင္းတစ္ခု ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဲဒီအေလ့အက်င့္ေကာင္းကို ေမြးျမဴထားသင့္ပါတယ္။
၅။ အိမ္မွာ ေက်ာတစ္ခင္းစာေနရာပဲ ေနတတ္သူ
တခ်ိဳ႕လူေတြဟာ အိမ္ကို အိပ္စရာေနရာအျဖစ္ပဲ အသုံးျပဳတတ္ၾကပါတယ္။ ေနရာက သန႔္ရွင္းေနေပမဲ့ လူသိပ္မေနလို႔ ေျခရာလက္ရာမပ်က္ သန႔္ရွင္းေနတဲ့ပုံစံမ်ိဳးပါ။ အိမ္မွာလည္း ပစၥည္းနည္းနည္းပဲ ထားတတ္ၾက ပါတယ္။ အမ်ားအားျဖင့္ ေက်ာင္းသားေတြ ယာယီေနတတ္တဲ့ အိမ္ခန္းမ်ိဳးပါ။ ဒါေပမဲ့ အဲဒီလိုေနတတ္တဲ့ အ႐ြယ္ေရာက္ၿပီးသူ တစ္ကိုယ္တည္းသမားေတြလည္း ရွိၾကပါတယ္။ အဲဒီလိုေနထိုင္ျခင္းဟာ မရင့္က်က္တဲ့ သေဘာလည္း နည္းနည္းေဆာင္ေနပါတယ္။ အဒီလိုလူမ်ိဳးေတြဟာ သူတို႔ကို ေႏြးေထြးမႈေပးမယ့္၊ သူတို႔ေနရာ ကို ေနခ်င့္စဖြယ္ျဖစ္ေအာင္ ေျပာင္းလဲေပးမယ့္ တစ္စုံတစ္ေယာက္ကို ေမွ်ာ္လင့္ေနတတ္သူေတြလည္း ျဖစ္ပါတယ္။
၆။ မီးဖိုခန္းမွာ စားႂကြင္းစားက်န္ထားတတ္သူမ်ား
မီးဖိုခန္းဆိုတာ အစားအေသာက္ေတြ ခ်က္ျပဳတ္တတ္တဲ့ေနရာ ျဖစ္တာေၾကာင့္ အိမ္တစ္အိမ္မွာ အသန႔္ရွင္းဆုံး ျဖစ္ေနသင့္တဲ့ ေနရာတစ္ခုပါ။ ဒါေပမဲ့ မီးဖိုခန္းမွာ စားႂကြင္းစာက်န္ေတြ၊ ဆီ၊ ေကာ္ဖီအစြန္းအထင္းေတြနဲ႔ ျဖစ္ေနတတ္ပါတယ္။ မ်ားစြာေသာေလ့လာေတြ႕ရွိခ်က္ေတြအရဆိုရင္ အိမ္ကိုသန႔္ရွင္းေအာင္မထားတာပဲ စိတ္က်ေရာဂါရဲ႕ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ အဲဒီလိုလူေတြဟာ အိမ္ကို သန႔္ရွင္းအာင္ထားႏိုင္တဲ့ စြမ္းအား မ်ိဳး မရွိၾကသလို သန႔္ရွင္းေအာင္ထားဖို႔ကို အေရးႀကီးတယ္လို႔လည္း မထင္ၾကပါဘူး။ အိမ္ကို ပုံမွန္အတိုင္း သန႔္ရွင္းသပ္ရပ္ေအာင္ ထားရွိျခင္းဟာ စိတ္အေျခအေနကို ပိုမိုတိုးတက္ေစၿပီး စိတ္က်ေဝဒနာရဲ႕ လကၡဏာရပ္ ေတြကို တိုက္ထုတ္ဖို႔လည္း အေထာက္အကူျဖစ္ေစပါတယ္။
၇။ ေရခ်ိဳးခန္းကို ညစ္ပစ္ေအာင္ထားတတ္သူ
ေရခ်ိဳးခန္းမွာ ေခါင္းေလွ်ာ္ရည္အိတ္ခြံေတြ ဟိုတစ္စဒီတစ္စရွိေနၿပီး ဆပ္ျပာေတြလည္း ပ်ံ႕ႀကဲကာ ရႈပ္ပြေနတတ္ ပါတယ္။ အဲဒီလိုထားတတ္သူေတြဟာ စိတ္ဖိစီးမႈရွိေနတာကို ျပသရာေရာက္ၿပီး သူတို႔ကိုယ္သူတို႔လည္း သိပ္ ဂ႐ုမစိုက္တတ္သူေတြ ျဖစ္ပါတယ္။
၈။ အသုံးမျပဳေတာ့တဲ့ ပစၥည္းေဟာင္းေတြကို ဒီအတိုင္းထားတတ္သူ
တခ်ိဳ႕သူေတြက သူတို႔ႀကိဳက္တဲ့ပစၥည္းေတြကို အသုံးမလိုေတာ့ရင္ေတာင္ မစြန႔္ပစ္ဘဲ ႏွေမ်ာတသစြာ ထားတတ္သူေတြ ရွိပါတယ္။ ဥပမာ ဘယ္သူမွမသုံးေတာ့တဲ့ ထိုင္ခုံေတြ၊ ဘယ္သူမွမစီးေတာ့တဲ့ စက္ဘီး၊ အဲဒီလိုမသုံးေတာ့တာေတြကို မဖယ္ရွားပစ္ဘဲ ထားတတ္သူေတြပါ။ အဲဒီလိုလူေတြဟာ ေရွး႐ိုးစြဲဆန္တဲ့သေဘာ ရွိၿပီး အေျပာင္းအလဲကို လက္ခံခ်င္သူေတြလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ အဲဒီလိုအက်င့္ရွိသူေတြဟာ အစြဲအလမ္း ႀကီးလြန္းသူေတြလည္း ျဖစ္ပါတယ္။
၉။ အိမ္ခန္းကို သန႔္ရွင္းသပ္ရပ္လြန္းစြာ ထားတတ္သူမ်ား
အိမ္ခန္းကို အရမ္းသန႔္ရွင္းေအာင္ ထားတတ္သူေတြလည္း ရွိပါတယ္။ အားလပ္ခ်ိန္တိုင္းမွာ အိမ္သန႔္ရွင္းေရး လုပ္ေနတတ္သူေတြပါ။ အိမ္ကို သန႔္ရွင္းေအာင္ထားတာဟာ ေကာင္းတဲ့အက်င့္ပါ။ ဒါေပမဲ့လည္း အဲဒီအေပၚမွာ ပဲ အရမ္းအာ႐ုံထားေနမယ္ဆိုရင္ေတာ့ အဲဒီလူေတြမွာလည္း စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ရွိတတ္ပါတယ္။ အဲဒီလူေတြဟာ စာအုပ္ႀကီးသမားေတြျဖစ္တတ္ၿပီး ေတာ္႐ုံမေရာင့္ရဲတတ္ဘဲ အရာရာကို လုံးဝၿပီးျပည့္စုံေနတာ မ်ိဳး လိုခ်င္ၾကသူေတြပါ
တခ်ိဳ႕ေတြကေတာ့ စိတ္ညစ္စရာေတြကို မေတြးမိေအာင္ အိမ္သန႔္ရွင္းေရးကိုပဲ လုံး၀ အာ႐ုံစိုက္ထားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ေလ့လာေတြ႕ရွိခ်က္ေတြအရဆိုရင္ အိမ္ခန္းကို ပုံမွန္အတိုင္း သန႔္ရွင္းသပ္ရပ္ေအာင္ ထားတတ္သူေတြကေတာ့ ျပႆနာရပ္ေတြကို ေျဖရွင္းႏိုင္စြမ္းရွိသူေတြ၊ တာဝန္ယူ တတ္သူေတြနဲ႔ ေပ်ာ္႐ႊင္ၿပီး ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိသူေတြ ျဖစ္ပါတယ္။
by Cherry Mon
Ref; Brightside
Photo Credit: WeHeartit, Pinterest
Unicodeဖြင့်ဖတ်ရန်
သင့်အိမ်မှာ သင်အမြဲရှုပ်အောင်ထားတတ်တဲ့ နေရာက ပြောတဲ့ သင့်စိတ်အခြေအနေ
သင်က အိမ်မှာ ဒါမှမဟုတ် သင့်အခန်းအတွင်းမှာ တစ်နေရာမဟုတ်တစ်နေရာကို မရှင်းဘဲ ထားတတ်တဲ့သူ လား၊ ဒါမှမဟုတ် လုံး၀ သန့်ရှင်းသပ်ရပ်နေအောင် ထားတတ်တဲ့သူလား။ သင့်အခန်းမှာ အမြဲရှုပ်နေတတ်တဲ့ နေရာက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပါတယ်။ အခန်းကို အရမ်း သပ်ရပ်အောင်ထားတဲ့ ဆိုရင်လည်း အဲဒီလိုပါပဲ။
အဲဒါကြောင့် သင့်အိမ် ဒါမှမဟုတ် သင့်အခန်းမှာ သင်ဘယ်တော့မှမရှင်းလင်းဘဲ အမြဲရှုပ်အောင်ထားတတ်တဲ့ နေရာကပြောတဲ့ သင့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အံဆွဲ၊ အဝတ်ဗီရိုနဲ့ အဝတ်သေတ္တာတွေကို အမြဲရှုပ်ပွနေအောင်ထားတတ်သူ
အပေါ်ယံကြည်ရင်တော့ ကြမ်းပြင်တွေသန့်ရှင်းပြီး စာအုပ်တွေကိုလည်း စီစီရီရီထားမယ်၊ အခန်းနံရံတွေလည်း သန့်ရှင်းနေမယ်၊ ဒါပေမဲ့ အဝတ်ဗီရို၊ အဝတ်သေတ္တာနဲ့ အံဆွဲထဲမှာတော့ ပစ္စည်းတွေ၊ အဝတ်တွေ ထိုးသိပ်ထည့် ထားပြီး ရှုပ်ပွနေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုထားတတ်သူ အများစုဟာ အပေါ်ယံတွေကို ပိုအလေးထား ပြီး ဒရမ်မာခင်းတတ်ကြသူတွေပါ။ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြပြီး လူအထင်ကြီးအောင်လုပ်တတ်သူ တွေလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ တကယ်တမ်းသန့်ရှင်းနေဖို့ထက် လူမြင်ကောင်းဖို့ကိုပဲ အာရုံထားတတ် သူတွေ များပါတယ်။
၂။ အိမ် ဒါမှမဟုတ် အခန်းကို ဘယ်တော့မှမပြင်ဆင်သူ
တချို့လူတွေကတော့ တိုက်ခန်းဟောင်း၊ အိမ်ခန်းဟောင်းမှာ နှစ်ပေါင်းများစွာ နေလာပေမဲ့ အိမ်ကို တစ်ခါမှ မပြင်ဆင်ဘဲ နံရံဟောင်းတွေအတိုင်း ထားတတ်ကြပြီး ပစ္စည်းတွေကိုလည်း သေတ္တာတွေထဲမှာပဲ ထည့်သိမ်း ထားတတ်ကြပါတယ်။ အသစ်တွေဝယ်ယူဖို့ ငွေပိုသုံးလေ့မရှိပါဘူး။ သူတို့နေတတ်တဲ့ပုံစံဟာ အိမ်မှာ ယာယီ နေကြသလိုမျိုး၊ တစ်နေရာရာကို ပြောင်းရွှေ့ဖို့အသင့်ပြင်ထားတဲ့ ပုံစံမျိုး နေကြတာပါ။
စိတ်ပညာရှင်တချို့ရဲ့ အဆိုအရ အဲဒီလိုလူတွေဟာ မရောက်သေးတဲ့အနာဂတ် မျှော်ကိုးနေတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအခြေအနေကို ခဏတာသည်းခံရမယ့် ယာယီပြဿနာတစ်ခုလို သဘောထား တတ်ကြပါတယ်။ တခြား တစ်ဖက်ကကြည့်ရင်လည်း သူတို့မှာ သေချာရေရာတဲ့ စီမံကိန်းမရှိဘဲ သူတို့ရဲ့ အခြေအနေပြောင်းလဲသွား အောင် တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာရဲ့အကူအညီကို မျှော်ကိုး နေတတ်သူတွေလည်း ဖြစ်ပါတယ်။
၃။ အလုပ်စားပွဲကို ရှုပ်ပွအောင်ထားတတ်သူ
သင်က အလုပ်စားပွဲကို ရှုပ်ပွအောင်ထားတတ်သူဆိုရင်တော့ အခြေအနေကောင်းပါတယ်။ တချို့တွေက အလုပ်စားပွဲကို လုံးဝသပ်ရပ်နေအောင် ထားတတ်သူတွေပါ၊ ဒါပေမဲ့ တော်တော်များများကတော့ အလုပ်စားပွဲ မှာ ပစ္စည်းမျိုးစုံနဲ့ ပျံ့ကြဲနေတာများပါတယ်။ စားပွဲမှာ ရှုပ်ပွနေတာဟာ အမြင်မလှပေမဲ့ အဲဒီလိုထားရှိခြင်းက သင်ဟာ ဖန်တီးမှုစွမ်းရည်မြင့်မားသူတစ်ယောက်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါ့ပြင် သင့်အနေနဲ့ အမြဲ နိုးကြားတတ်ကြွပြီး အသင့်ရှိနေသူဆိုတာကိုလည်း ပြသရာရောက်ပါတယ်။ အဲဒီလို အလုပ်စားပွဲရှုပ်ပွအောင် ထားတတ်သူတွေဟာ သူမတူတဲ့၊ ထူးခြားဆန်းသစ်တဲ့ အကြံဉာဏ်ကောင်းတွေ ရှိနေတတ်ပါတယ်။
၄။ အဝတ်လျှော်ခြင်းတောင်းနဲ့ အမှိုက်ပုံးကို အမြဲပြည့်သိပ်နေအောင် ထားတတ်သူ
လူအတော်များများက ကိုယ့်အိမ်မှာဆိုရင် သက်သာသလို နေကြတာများပါတယ်။ အများအားဖြင့် နေ့စဉ် လုပ်နေရတဲ့ အလုပ်တွေကို လုပ်ဖို့ ပျင်းရိလေးလံတတ်ကြပါတယ်။ စားပြီးပန်းကန်တွေကို ချက်ချင်းမဆေးဘဲ ဘေစင်မှာပုံထားမယ်၊ အမှိုက်တွေကို မှန်မှန်မသွန်ဘဲ ရက်လွန်အောင်ထားမယ်၊ အဝတ်ကို မှန်မှန်မလျှော်ဘဲ မလျှော်မဖြစ်တော့မှ စုလျှော်မယ်၊ အဲဒီလိုအမူအကျင့်တွေဟာ လူတော်တော်များများမှာ ရှိတတ်ကြပါတယ်။
အဲဒီအကျင့်ရှိသူတွေဟာ အချိန်ဆွဲတတ်တဲ့အကျင့်ပါနေသူတွေပါ။ “ပျင်းလို့မလုပ်သေးဘူး၊ အခု အချိန်မရှိ သေးဘူး၊ နောက်မှလုပ်မယ်” ဆိုတဲ့ အကြောင်းပြချက်မျိုးစုံ ပေးတတ်ကြပါတယ်။ နေ့စဉ် လုပ်စရာရှိတာလေးကို ပုံမှန်လုပ်သွားခြင်းက အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအလေ့အကျင့်ကောင်းကို မွေးမြူထားသင့်ပါတယ်။
၅။ အိမ်မှာ ကျောတစ်ခင်းစာနေရာပဲ နေတတ်သူ
တချို့လူတွေဟာ အိမ်ကို အိပ်စရာနေရာအဖြစ်ပဲ အသုံးပြုတတ်ကြပါတယ်။ နေရာက သန့်ရှင်းနေပေမဲ့ လူသိပ်မနေလို့ ခြေရာလက်ရာမပျက် သန့်ရှင်းနေတဲ့ပုံစံမျိုးပါ။ အိမ်မှာလည်း ပစ္စည်းနည်းနည်းပဲ ထားတတ်ကြ ပါတယ်။ အများအားဖြင့် ကျောင်းသားတွေ ယာယီနေတတ်တဲ့ အိမ်ခန်းမျိုးပါ။ ဒါပေမဲ့ အဲဒီလိုနေတတ်တဲ့ အရွယ်ရောက်ပြီးသူ တစ်ကိုယ်တည်းသမားတွေလည်း ရှိကြပါတယ်။ အဲဒီလိုနေထိုင်ခြင်းဟာ မရင့်ကျက်တဲ့ သဘောလည်း နည်းနည်းဆောင်နေပါတယ်။ အဒီလိုလူမျိုးတွေဟာ သူတို့ကို နွေးထွေးမှုပေးမယ့်၊ သူတို့နေရာ ကို နေချင့်စဖွယ်ဖြစ်အောင် ပြောင်းလဲပေးမယ့် တစ်စုံတစ်ယောက်ကို မျှော်လင့်နေတတ်သူတွေလည်း ဖြစ်ပါတယ်။
၆။ မီးဖိုခန်းမှာ စားကြွင်းစားကျန်ထားတတ်သူများ
မီးဖိုခန်းဆိုတာ အစားအသောက်တွေ ချက်ပြုတ်တတ်တဲ့နေရာ ဖြစ်တာကြောင့် အိမ်တစ်အိမ်မှာ အသန့်ရှင်းဆုံး ဖြစ်နေသင့်တဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ မီးဖိုခန်းမှာ စားကြွင်းစာကျန်တွေ၊ ဆီ၊ ကော်ဖီအစွန်းအထင်းတွေနဲ့ ဖြစ်နေတတ်ပါတယ်။ များစွာသောလေ့လာတွေ့ရှိချက်တွေအရဆိုရင် အိမ်ကိုသန့်ရှင်းအောင်မထားတာပဲ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီလိုလူတွေဟာ အိမ်ကို သန့်ရှင်းအာင်ထားနိုင်တဲ့ စွမ်းအား မျိုး မရှိကြသလို သန့်ရှင်းအောင်ထားဖို့ကို အရေးကြီးတယ်လို့လည်း မထင်ကြပါဘူး။ အိမ်ကို ပုံမှန်အတိုင်း သန့်ရှင်းသပ်ရပ်အောင် ထားရှိခြင်းဟာ စိတ်အခြေအနေကို ပိုမိုတိုးတက်စေပြီး စိတ်ကျဝေဒနာရဲ့ လက္ခဏာရပ် တွေကို တိုက်ထုတ်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
၇။ ရေချိုးခန်းကို ညစ်ပစ်အောင်ထားတတ်သူ
ရေချိုးခန်းမှာ ခေါင်းလျှော်ရည်အိတ်ခွံတွေ ဟိုတစ်စဒီတစ်စရှိနေပြီး ဆပ်ပြာတွေလည်း ပျံ့ကြဲကာ ရှုပ်ပွနေတတ် ပါတယ်။ အဲဒီလိုထားတတ်သူတွေဟာ စိတ်ဖိစီးမှုရှိနေတာကို ပြသရာရောက်ပြီး သူတို့ကိုယ်သူတို့လည်း သိပ် ဂရုမစိုက်တတ်သူတွေ ဖြစ်ပါတယ်။
၈။ အသုံးမပြုတော့တဲ့ ပစ္စည်းဟောင်းတွေကို ဒီအတိုင်းထားတတ်သူ
တချို့သူတွေက သူတို့ကြိုက်တဲ့ပစ္စည်းတွေကို အသုံးမလိုတော့ရင်တောင် မစွန့်ပစ်ဘဲ နှမျောတသစွာ ထားတတ်သူတွေ ရှိပါတယ်။ ဥပမာ ဘယ်သူမှမသုံးတော့တဲ့ ထိုင်ခုံတွေ၊ ဘယ်သူမှမစီးတော့တဲ့ စက်ဘီး၊ အဲဒီလိုမသုံးတော့တာတွေကို မဖယ်ရှားပစ်ဘဲ ထားတတ်သူတွေပါ။ အဲဒီလိုလူတွေဟာ ရှေးရိုးစွဲဆန်တဲ့သဘော ရှိပြီး အပြောင်းအလဲကို လက်ခံချင်သူတွေလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီလိုအကျင့်ရှိသူတွေဟာ အစွဲအလမ်း ကြီးလွန်းသူတွေလည်း ဖြစ်ပါတယ်။
၉။ အိမ်ခန်းကို သန့်ရှင်းသပ်ရပ်လွန်းစွာ ထားတတ်သူများ
အိမ်ခန်းကို အရမ်းသန့်ရှင်းအောင် ထားတတ်သူတွေလည်း ရှိပါတယ်။ အားလပ်ချိန်တိုင်းမှာ အိမ်သန့်ရှင်းရေး လုပ်နေတတ်သူတွေပါ။ အိမ်ကို သန့်ရှင်းအောင်ထားတာဟာ ကောင်းတဲ့အကျင့်ပါ။ ဒါပေမဲ့လည်း အဲဒီအပေါ်မှာ ပဲ အရမ်းအာရုံထားနေမယ်ဆိုရင်တော့ အဲဒီလူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတတ်ပါတယ်။ အဲဒီလူတွေဟာ စာအုပ်ကြီးသမားတွေဖြစ်တတ်ပြီး တော်ရုံမရောင့်ရဲတတ်ဘဲ အရာရာကို လုံးဝပြီးပြည့်စုံနေတာ မျိုး လိုချင်ကြသူတွေပါ
တချို့တွေကတော့ စိတ်ညစ်စရာတွေကို မတွေးမိအောင် အိမ်သန့်ရှင်းရေးကိုပဲ လုံး၀ အာရုံစိုက်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် အိမ်ခန်းကို ပုံမှန်အတိုင်း သန့်ရှင်းသပ်ရပ်အောင် ထားတတ်သူတွေကတော့ ပြဿနာရပ်တွေကို ဖြေရှင်းနိုင်စွမ်းရှိသူတွေ၊ တာဝန်ယူ တတ်သူတွေနဲ့ ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေ ဖြစ်ပါတယ်။
by Cherry Mon
Ref; Brightside
Photo Credit: WeHeartit, Pinterest

မှတ်ချက်များ