႐ုပ္ရွင္ထဲကလို ဇာတ္သိမ္းမလွရွာတဲ့ ေရသူမေလး ေအရီယယ္ရဲ႕ မူရင္းဇာတ္လမ္း


Zawgyiျဖင့္ဖတ္ရန္

ေရသူမေလး ေအရီယယ္ရဲ႕ ကာတြန္းကားေလးကို အားလုံးၾကည့္ဖူးၾကမယ္ထင္ပါတယ္။ ေရသူမေလးဟာ ကုန္းေပၚက လူသားမင္းသားေလးနဲ႔ ခ်စ္ကြၽမ္းဝင္ၿပီး ေနာက္ဆုံးမွာ happily ever after နဲ႔ ဇာတ္သိမ္းသြားခဲ့ပါတယ္။ ဒီဇာတ္လမ္းေလးဟာ နာမည္ေက်ာ္ စာေရးဆရာ Hans Christian Andersen ရဲ႕ နတ္သမီးပုံျပင္ကို အေျခခံထားတာပါ။ ဒါေပမဲ့ Little Mermaid ကို ပထမဆုံး ထုတ္ေဝတဲ့ ၁၈၃၇ ခုႏွစ္က ဇာတ္လမ္းကို ျပန္ဖတ္ၾကည့္တဲ့အခါ ဇာတ္လမ္းဟာ မတူကြဲျပားေနပါတယ္။

ေရသူမေလးဟာ အ႐ြယ္ေရာက္လာေတာ့ ေရမ်က္ႏွာျပင္ေပၚတက္ၿပီး စူးစမ္းေလ့လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ မင္းသားေလးဟာ သေဘၤာေပၚမွာ ေမြးေန႔ပြဲက်င္းပေနတာကို ေတြ႕ခဲ့ပါတယ္။ မင္းသားေလး ေရနစ္တာကို ကယ္တင္ခဲ့ၿပီး ေအရီယယ္ဟာ မင္းသားေလးကို ခ်စ္ကြၽမ္းဝင္သြားခဲ့ပါတယ္။ ဒီအထိေတာ့ ကာတြန္းထဲကဇာတ္လမ္းနဲ႔ အတူတူပါပဲ။ ေရသူမေလးဟာ မင္းသားေလးကိုခ်စ္လို႔ လူသားအျဖစ္ သြားေတြ႕ခ်င္တာေၾကာင့္ ေရစုန္းမဆီမွာ ေတာင္းဆိုတဲ့အခါမွာေတာ့ ဇာတ္လမ္းက ကြဲျပားသြားပါၿပီ။

အာစူလာ စုန္းမႀကီးဟာ ေအရီယယ္ရဲ႕အသံကို ေဖ်ာက္ပစ္႐ုံမက လွ်ာပါျဖတ္ပစ္ခဲ့ၿပီးမွ လူသားအျဖစ္ ေျပာင္းေပးခဲ့တာပါ။ ေအရီယယ္ဟာ အၿမီးကေန ေျခေထာက္ေတြ ေျပာင္းသြားၿပီး လူသားမေလး ျဖစ္လာပါတယ္။ ဒါေပမဲ့ သူမေျခတစ္လွမ္း လွမ္းတိုင္း ဓားထက္ထက္ေတြေပၚ လမ္းေလွ်ာက္ေနရသလို နာက်င္ခဲ့ရပါတယ္။ ေျခလွမ္းတိုင္းနာက်င္ရေပမယ့္ မင္းသားေလးဆီ သူမ ေရာက္ေအာင္ သြားခဲ့ပါတယ္။ မင္းသားေလးလည္း သူမကို ခ်စ္မယ္အထင္နဲ႔ေပါ့။

ဒါ့အျပင္ ေအရီယယ္ အသက္ဆက္ရွင္ဖို႔ မင္းသားေလးရဲ႕အခ်စ္ကိုရၿပီး မင္းသားေလးနဲ႔ လက္ထပ္ရဖို႔ လိုပါတယ္။ အဲလိုမွမဟုတ္ရင္ ေအရီယယ္ဟာ ရင္ကြဲနာက်ၿပီး ပင္လယ္ေရျမႇဳပ္အျဖစ္နဲ႔ပဲ ေပ်ာက္ကြယ္သြားရမွာပါ။ ခ်စ္သူကိုေတြ႕ရဖို႔ ေအရီယယ္ရင္းထားရတဲ့ တန္ဖိုးက ေတာ္ေတာ္ႀကီးပါတယ္။ ေမွ်ာ္လင့္ခ်က္ႀကီးမားစြာနဲ႔ မင္းသားေလးဆီသြားခဲ့ေပမယ့္ ေအရီယယ္ဟာ မင္းသားရဲ႕အခ်စ္ကို မရခဲ့ပါဘူး။ မင္းသားဟာ သူေရနစ္တုန္းက ကယ္ခဲ့တယ္လို႔ထင္ေနတဲ့ အျခားေကာင္မေလးတစ္ေယာက္နဲ႔ လက္ထပ္သြားခဲ့ပါတယ္။ လွ်ာမရွိတဲ့အတြက္ အျဖစ္မွန္ကိုလည္း ေအရီယယ္ဟာ မေျပာျပႏိုင္ခဲ့ဘူးေလ။

အဲဒီအခါ ေအရီယယ္ဟာ အသည္းကြဲခဲ့ရပါတယ္။ ေအရီယယ္ ရင္ကြဲနာက်ေသမွာ စိုးတာေၾကာင့္ ေအရီရယ္ရဲ႕ ညီအမ ၅ ေယာက္ဟာ သူတို႔ရဲ႕ လွပတဲ့ဆံႏြယ္ေတြကို စုန္းမဆီမွာေပးၿပီး ဓားနဲ႔လဲလွယ္ခဲ့ပါတယ္။ အဲဒီဓားနဲ႔ မင္းသားေလးကို ထိုးသတ္ၿပီး မင္းသားရဲ႕ေသြးစက္ေတြကို ေအရီရယ့္ ေျခေထာက္ေပၚခ်လိုက္မယ္ဆိုရင္ ေရသူမအျဖစ္ ျပန္ေျပာင္းသြားၿပီး အသက္ရွင္ခြင့္ ရသြားမွာပါ။ ဒါေပမဲ့ ေအရီရယ္ဟာ မင္းသားေလးကို မသတ္ရက္ခဲ့ဘဲ ေရျမႇဳပ္အျဖစ္ေပ်ာက္ကြယ္မဲ့လမ္းကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။ ေအရီယယ္ေသၿပီးေနာက္မွာေတာ့ သူမဟာ ေလနတ္သမီး ျဖစ္လာခဲ့ပါတယ္။

ဆိုေတာ့ မူရင္းဝတၳဳမွာ ေအရီယယ္က ခ်စ္တတ္လြန္းသူႀကီးေပါ့။ အခ်စ္အတြက္ အသက္ကိုစေတးခဲ့သူျဖစ္ၿပီး ကာတြန္းထဲကလို မင္းသားေလးနဲ႔ မေပါင္းဖက္ရပါဘူး။ မင္းသားေလးက သူမခ်စ္ေနမွန္း သိေတာင္မသိခဲ့ပါဘူး။ သို႔ေပမဲ့ Happy Ending ကိုမွ ႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ ဒစ္စေနးက ဇာတ္လမ္း ေျပာင္းခဲ့ပုံရပါတ

Ref; https://www.liverpoolecho.co.uk/news/liverpool-news/here-real-story-little-mermaid-13287324

Credit: We Media

Unicodeဖြင့်ဖတ်ရန်

ရုပ်ရှင်ထဲကလို ဇာတ်သိမ်းမလှရှာတဲ့ ရေသူမလေး အေရီယယ်ရဲ့ မူရင်းဇာတ်လမ်း

ရေသူမလေး အေရီယယ်ရဲ့ ကာတွန်းကားလေးကို အားလုံးကြည့်ဖူးကြမယ်ထင်ပါတယ်။ ရေသူမလေးဟာ ကုန်းပေါ်က လူသားမင်းသားလေးနဲ့ ချစ်ကျွမ်းဝင်ပြီး နောက်ဆုံးမှာ happily ever after နဲ့ ဇာတ်သိမ်းသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းလေးဟာ နာမည်ကျော် စာရေးဆရာ Hans Christian Andersen ရဲ့ နတ်သမီးပုံပြင်ကို အခြေခံထားတာပါ။ ဒါပေမဲ့ Little Mermaid ကို ပထမဆုံး ထုတ်ဝေတဲ့ ၁၈၃၇ ခုနှစ်က ဇာတ်လမ်းကို ပြန်ဖတ်ကြည့်တဲ့အခါ ဇာတ်လမ်းဟာ မတူကွဲပြားနေပါတယ်။

ရေသူမလေးဟာ အရွယ်ရောက်လာတော့ ရေမျက်နှာပြင်ပေါ်တက်ပြီး စူးစမ်းလေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မင်းသားလေးဟာ သင်္ဘောပေါ်မှာ မွေးနေ့ပွဲကျင်းပနေတာကို တွေ့ခဲ့ပါတယ်။ မင်းသားလေး ရေနစ်တာကို ကယ်တင်ခဲ့ပြီး အေရီယယ်ဟာ မင်းသားလေးကို ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ဒီအထိတော့ ကာတွန်းထဲကဇာတ်လမ်းနဲ့ အတူတူပါပဲ။ ရေသူမလေးဟာ မင်းသားလေးကိုချစ်လို့ လူသားအဖြစ် သွားတွေ့ချင်တာကြောင့် ရေစုန်းမဆီမှာ တောင်းဆိုတဲ့အခါမှာတော့ ဇာတ်လမ်းက ကွဲပြားသွားပါပြီ။

အာစူလာ စုန်းမကြီးဟာ အေရီယယ်ရဲ့အသံကို ဖျောက်ပစ်ရုံမက လျှာပါဖြတ်ပစ်ခဲ့ပြီးမှ လူသားအဖြစ် ပြောင်းပေးခဲ့တာပါ။ အေရီယယ်ဟာ အမြီးကနေ ခြေထောက်တွေ ပြောင်းသွားပြီး လူသားမလေး ဖြစ်လာပါတယ်။ ဒါပေမဲ့ သူမခြေတစ်လှမ်း လှမ်းတိုင်း ဓားထက်ထက်တွေပေါ် လမ်းလျှောက်နေရသလို နာကျင်ခဲ့ရပါတယ်။ ခြေလှမ်းတိုင်းနာကျင်ရပေမယ့် မင်းသားလေးဆီ သူမ ရောက်အောင် သွားခဲ့ပါတယ်။ မင်းသားလေးလည်း သူမကို ချစ်မယ်အထင်နဲ့ပေါ့။

ဒါ့အပြင် အေရီယယ် အသက်ဆက်ရှင်ဖို့ မင်းသားလေးရဲ့အချစ်ကိုရပြီး မင်းသားလေးနဲ့ လက်ထပ်ရဖို့ လိုပါတယ်။ အဲလိုမှမဟုတ်ရင် အေရီယယ်ဟာ ရင်ကွဲနာကျပြီး ပင်လယ်ရေမြှုပ်အဖြစ်နဲ့ပဲ ပျောက်ကွယ်သွားရမှာပါ။ ချစ်သူကိုတွေ့ရဖို့ အေရီယယ်ရင်းထားရတဲ့ တန်ဖိုးက တော်တော်ကြီးပါတယ်။ မျှော်လင့်ချက်ကြီးမားစွာနဲ့ မင်းသားလေးဆီသွားခဲ့ပေမယ့် အေရီယယ်ဟာ မင်းသားရဲ့အချစ်ကို မရခဲ့ပါဘူး။ မင်းသားဟာ သူရေနစ်တုန်းက ကယ်ခဲ့တယ်လို့ထင်နေတဲ့ အခြားကောင်မလေးတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါတယ်။ လျှာမရှိတဲ့အတွက် အဖြစ်မှန်ကိုလည်း အေရီယယ်ဟာ မပြောပြနိုင်ခဲ့ဘူးလေ။

အဲဒီအခါ အေရီယယ်ဟာ အသည်းကွဲခဲ့ရပါတယ်။ အေရီယယ် ရင်ကွဲနာကျသေမှာ စိုးတာကြောင့် အေရီရယ်ရဲ့ ညီအမ ၅ ယောက်ဟာ သူတို့ရဲ့ လှပတဲ့ဆံနွယ်တွေကို စုန်းမဆီမှာပေးပြီး ဓားနဲ့လဲလှယ်ခဲ့ပါတယ်။ အဲဒီဓားနဲ့ မင်းသားလေးကို ထိုးသတ်ပြီး မင်းသားရဲ့သွေးစက်တွေကို အေရီရယ့် ခြေထောက်ပေါ်ချလိုက်မယ်ဆိုရင် ရေသူမအဖြစ် ပြန်ပြောင်းသွားပြီး အသက်ရှင်ခွင့် ရသွားမှာပါ။ ဒါပေမဲ့ အေရီရယ်ဟာ မင်းသားလေးကို မသတ်ရက်ခဲ့ဘဲ ရေမြှုပ်အဖြစ်ပျောက်ကွယ်မဲ့လမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ အေရီယယ်သေပြီးနောက်မှာတော့ သူမဟာ လေနတ်သမီး ဖြစ်လာခဲ့ပါတယ်။

ဆိုတော့ မူရင်းဝတ္ထုမှာ အေရီယယ်က ချစ်တတ်လွန်းသူကြီးပေါ့။ အချစ်အတွက် အသက်ကိုစတေးခဲ့သူဖြစ်ပြီး ကာတွန်းထဲကလို မင်းသားလေးနဲ့ မပေါင်းဖက်ရပါဘူး။ မင်းသားလေးက သူမချစ်နေမှန်း သိတောင်မသိခဲ့ပါဘူး။ သို့ပေမဲ့ Happy Ending ကိုမှ ကြိုက်တဲ့ ပရိသတ်တွေအတွက် ဒစ်စနေးက ဇာတ်လမ်း ပြောင်းခဲ့ပုံရပါတ

Ref; https://www.liverpoolecho.co.uk/news/liverpool-news/here-real-story-little-mermaid-13287324

Credit: We Media

မှတ်ချက်များ