မေတာ္တဆ လြတ္က်က်ိဳးသြားတဲ့ လက္ေကာက္ရဲ႕ ေဈးႏႈန္းကို သိလိုက္ရၿပီး ေမ့ေမ်ာသြားသူ
Zawgyiျဖင့္ဖတ္ရန္
မေတာ္တဆမႈဆိုတာ ေနရာတကာႀကဳံေတြ႕ရတတ္ပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့ျဖစ္မယ္၊ ဘယ္လိုျဖစ္မယ္ဆိုတာ ဘယ္လိုမွခန႔္မွန္းလို႔ မရႏိုင္ပါဘူး။ အခ်ိန္တိုင္းေနရာတိုင္းမွာ မေတာ္တဆမႈက ျဖစ္တတ္ပါတယ္။
တ႐ုပ္ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ ေ႐ႊလီၿမိဳ႕ရဲ႕ ေဈးတန္းထဲမွာ မိသားစုေတြနဲ႔ အလည္အပတ္လာတဲ့ တ႐ုပ္အမ်ိဳးသမီးႀကီးတစ္ဦးက ေလွ်ာက္ၾကည့္ရင္း အမွတ္မထင္ ေက်ာက္စိမ္းလက္ေကာက္တစ္ရံကို ကိုင္ၾကည့္ရာမွာ လြတ္က်ၿပီး ထက္ပိုင္းက်ိဳးသြားခဲ့ပါတယ္။ ထုံစံအတိုင္း ျပန္ေလ်ာ္ေပးရမွာျဖစ္လို႔ ေဈးေမးၾကည့္လိုက္တဲ့အခါမွေတာ့ ေနရာမွာတင္ ပုံရက္သား ေမ့ေျမာလဲက်သြားပါေတာ့တယ္။
ေက်ာက္စိမ္းဟာ တ႐ုပ္လုမ်ိဳးတို႔ရဲ႕ အထြဋ္အျမတ္ထားရာ လက္ဝတ္ရတနာတစ္ပါးျဖစ္သလို ေက်ာက္စိမ္းနဲ႔ ပတ္သက္ၿပီး အသက္ရွည္က်န္းမာ စီးပြားတတ္တယ္လို႔ ယုံၾကည္မႈေတြလဲ ထားၾကပါတယ္။ ဒါေၾကာင့္မို႔ အမ်ိဳးသမီးႀကီးဟာ လက္ေကာက္ကို ကိုင္ၾကည့္ရင္း အမွတ္တမဲ့ လြတ္က်ၿပီး က်ိဳးသြားတာျဖစ္ပါတယ္။
ျပန္ေလ်ာ္ေပးဖို႔ ဆိုင္ရွင္ထံ ေဈးေမးၾကည့္တဲ့အခါ တ႐ုပ္ယြမ္ေငြ ၃ သိန္း(က်ပ္သိန္း ၆၀၀ ေက်ာ္) ျဖစ္ေနတာကို သိလိုက္ရတဲ့အခါမွာေတာ့ ေရွာ့ခ္ရၿပီး ေနရာမွာတင္ ေမ့လဲက်သြားပါတယ္။ သူမရဲ႕ မိသားစုေတြက ဆိုင္ရွင္ကို ယြမ္ ၇ ေသာင္းနဲ႔ ေဈးဆစ္ေပမယ့္ အဆင္မေျပခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ ယြမ္ ၃ သိန္းေပးခဲ့ရပါတယ္။
အမ်ိဳးသမီးႀကီးကိုေတာ့ နီးစပ္ရာေဆး႐ုံပို႔ၿပီး ျပဳစုကုသလိုက္တဲ့အခါ ျပန္လည္သတိလည္လာခဲ့ပါတယ္။ သူမရဲ႕ ဘဝမွာေတာ့ ဒီမေတာ္တဆမႈဟာ ဘယ္လိုမွ ေမ့ေဖ်ာက္လို႔ မရႏိုင္ေတာ့တာ ေသခ်ာပါတယ္။ ျမန္မာေငြ သိန္း ၆၀၀ ေက်ာ္ေပးဝယ္လိုက္ရတဲ့ လက္ေကာက္ အက်ိဳးေလးက သူ႔ကို တစ္သက္တာ စိတ္နာေစႏိုင္ပါတယ္။
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
မတော်တဆ လွတ်ကျကျိုးသွားတဲ့ လက်ကောက်ရဲ့ ဈေးနှုန်းကို သိလိုက်ရပြီး မေ့မျောသွားသူ
မတော်တဆမှုဆိုတာ နေရာတကာကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်လိုမှခန့်မှန်းလို့ မရနိုင်ပါဘူး။ အချိန်တိုင်းနေရာတိုင်းမှာ မတော်တဆမှုက ဖြစ်တတ်ပါတယ်။
တရုပ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့ရဲ့ ဈေးတန်းထဲမှာ မိသားစုတွေနဲ့ အလည်အပတ်လာတဲ့ တရုပ်အမျိုးသမီးကြီးတစ်ဦးက လျှောက်ကြည့်ရင်း အမှတ်မထင် ကျောက်စိမ်းလက်ကောက်တစ်ရံကို ကိုင်ကြည့်ရာမှာ လွတ်ကျပြီး ထက်ပိုင်းကျိုးသွားခဲ့ပါတယ်။ ထုံစံအတိုင်း ပြန်လျော်ပေးရမှာဖြစ်လို့ ဈေးမေးကြည့်လိုက်တဲ့အခါမှတော့ နေရာမှာတင် ပုံရက်သား မေ့မြောလဲကျသွားပါတော့တယ်။
ကျောက်စိမ်းဟာ တရုပ်လုမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ လက်ဝတ်ရတနာတစ်ပါးဖြစ်သလို ကျောက်စိမ်းနဲ့ ပတ်သက်ပြီး အသက်ရှည်ကျန်းမာ စီးပွားတတ်တယ်လို့ ယုံကြည်မှုတွေလဲ ထားကြပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးကြီးဟာ လက်ကောက်ကို ကိုင်ကြည့်ရင်း အမှတ်တမဲ့ လွတ်ကျပြီး ကျိုးသွားတာဖြစ်ပါတယ်။
ပြန်လျော်ပေးဖို့ ဆိုင်ရှင်ထံ ဈေးမေးကြည့်တဲ့အခါ တရုပ်ယွမ်ငွေ ၃ သိန်း(ကျပ်သိန်း ၆၀၀ ကျော်) ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ရှော့ခ်ရပြီး နေရာမှာတင် မေ့လဲကျသွားပါတယ်။ သူမရဲ့ မိသားစုတွေက ဆိုင်ရှင်ကို ယွမ် ၇ သောင်းနဲ့ ဈေးဆစ်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးတော့ ယွမ် ၃ သိန်းပေးခဲ့ရပါတယ်။
အမျိုးသမီးကြီးကိုတော့ နီးစပ်ရာဆေးရုံပို့ပြီး ပြုစုကုသလိုက်တဲ့အခါ ပြန်လည်သတိလည်လာခဲ့ပါတယ်။ သူမရဲ့ ဘဝမှာတော့ ဒီမတော်တဆမှုဟာ ဘယ်လိုမှ မေ့ဖျောက်လို့ မရနိုင်တော့တာ သေချာပါတယ်။ မြန်မာငွေ သိန်း ၆၀၀ ကျော်ပေးဝယ်လိုက်ရတဲ့ လက်ကောက် အကျိုးလေးက သူ့ကို တစ်သက်တာ စိတ်နာစေနိုင်ပါတယ်။
Credit:Popolay



မှတ်ချက်များ