ဥေရာပႏိုင္ငံအသီးသီးကို ခရီးဆန႔္မယ့္ သင္ဇာဝင့္ေက်ာ္
Zawgyi ျဖင့္ဖတ္ရန္
မေရာက္ဖူးတဲ့ ႏိုင္ငံကို သြားရမွာပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ခရီးသြားတာ ဝါသနာပါတဲ့အတြက္ ခရီးထြက္ဖို႔ ရည္႐ြယ္ၿပီး ပိုက္ဆံစု တတ္တယ္တဲ့။ အခုလည္း ခရီးသြားအစီအစဥ္႐ိုက္ဖို႔ ဥေရာပ ဘက္ကို ခရီးဆန႔္ဦးမယ္လို႔ ဆိုပါတယ္။
သင္ဇာဝင့္ေက်ာ္ဟာ မၾကာခင္မွာ သ႐ုပ္ေဆာင္ တိုင္႐ြန္နဲ႔အတူ ခရီးသြားအစီအစဥ္တစ္ခုအတြက္ ဥေရာပ ဘက္ကို ခရီးထြက္ရမယ္လို႔ ဆိုပါတယ္။ ဥေရာပႏိုင္ငံေတြကိုမေရာက္ဖူးေသးတဲ့ သူမအတြက္ေတာ့ အသစ္အဆန္းတစ္ခုျဖစ္မယ္လို႔လည္း မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။
“သင္ဇာကေတာ့ Europe ဘက္ကို တစ္ခါမွ မေရာက္ဖူးပါဘူး။ တခ်ိဳ႕ေတြက ပိုက္ဆံစုရင္ တိုက္ဝယ္ဖို႔၊ ကားဝယ္ဖို႔၊ အိမ္ဝယ္ဖို႔ စုၾကတာရွိတယ္။ သင္ဇာ ပိုက္ဆံစုတာကက်ေတာ့ ခရီးသြားဖို႔ ပိုက္ဆံစုတာပါ။ ပိုက္ဆံရွိၿပီဆိုတာနဲ႔ သင္ဇာ ခရီးသြားခ်င္တယ္။ ကိုယ့္ဘဝမွာ မသြားဖူးတဲ့ေနရာ မရွိသေလာက္ကို သြားခ်င္တာ။ ကိုယ္က်န္းမာေနတဲ့အခ်ိန္မွာ ခရီးသြားခြင့္ရတာဆိုေတာ့ သြားခ်င္တဲ့သူေတြ သြားၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။
သင္ဇာဝင့္ေက်ာ္ကိုယ္တိုင္ကလည္း ခရီးသြားတာကို ႏွစ္သက္တဲ့ သူတစ္ေယာက္ပါတဲ့။ ဒါေပမယ့္ ဒီခရီးမွာေတာ့ ပရိသတ္ေတြ သိခ်င္ေနတဲ့ ဖက္ရွင္လန္းလန္းေတြ ဝတ္လို႔ အဆင္ေျပမွာမဟုတ္ဘူးဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၁၇ ရက္ေန႔က “The Travellers” အစီအစဥ္မိတ္ဆက္ပြဲကို တက္ေရာက္ရင္းေျဖဆိုခဲ့ပါတယ္။
“ ခရီးသြားမွာဆိုေတာ့ ဖက္ရွင္အပိုင္းေတြနဲ႔ပတ္သက္ၿပီး ဆန္းဆန္းျပားျပားဝတ္ျပလို႔လည္းမရဘူး။ ရာသီဥတု ေအးတယ္ဆိုေတာ့ အဝတ္ထူထူေလးေတြပဲ ဝတ္တာ ေတြ႕ရမွာပါ။ ခရီးသြားတဲ့ေနရာေတြကလည္း တစ္ေနရာနဲ႔ တစ္ေနရာမတူဘူး။ အခုသြားမယ့္ ေနရာေတြဆိုရင္လည္း ဗဟုသုတ ေလ့လာစရာေတြ အမ်ားႀကီးရွိတယ္ဆိုေတာ့ ေလ့လာခြင့္ရမွာေပါ့ေနာ္”လို႔ ဆိုပါတယ္။
သင္ဇာဝင့္ေက်ာ္ နဲ႔ တိုင္႐ြန္တို႔ဟာ Passionate Traveller ကုမၼဏီနဲ႔အတူ ဇန္နဝါရီလအတြင္းမွာ ဥေရာပႏိုင္ငံေတြကို ခရီးထြက္မယ္လို႔ သိရပါတယ္။ ဥေရာပႏိုင္ငံေတြထဲကမွ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္မယ္လို႔ သိရပါတယ္။ ဒီခရီးစဥ္ရဲ႕ အစီအစဥ္ကိုေတာ့ “The Travellers” ဆိုၿပီးေတာ့ နာမည္ေပးထားပါတယ္။ Mntv ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။
သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပုံအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြက စတင္သိရွိ အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။
Credit:Duwun
Unicode ဖြင့်ဖတ်ရန်
ဥရောပနိုင်ငံအသီးသီးကို ခရီးဆန့်မယ့် သင်ဇာဝင့်ကျော်
မရောက်ဖူးတဲ့ နိုင်ငံကို သွားရမှာပါ။သင်ဇာဝင့်ကျော်ကတော့ ခရီးသွားတာ ဝါသနာပါတဲ့အတွက် ခရီးထွက်ဖို့ ရည်ရွယ်ပြီး ပိုက်ဆံစု တတ်တယ်တဲ့။ အခုလည်း ခရီးသွားအစီအစဉ်ရိုက်ဖို့ ဥရောပ ဘက်ကို ခရီးဆန့်ဦးမယ်လို့ ဆိုပါတယ်။
သင်ဇာဝင့်ကျော်ဟာ မကြာခင်မှာ သရုပ်ဆောင် တိုင်ရွန်နဲ့အတူ ခရီးသွားအစီအစဉ်တစ်ခုအတွက် ဥရောပ ဘက်ကို ခရီးထွက်ရမယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံတွေကိုမရောက်ဖူးသေးတဲ့ သူမအတွက်တော့ အသစ်အဆန်းတစ်ခုဖြစ်မယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“သင်ဇာကတော့ Europe ဘက်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ တချို့တွေက ပိုက်ဆံစုရင် တိုက်ဝယ်ဖို့၊ ကားဝယ်ဖို့၊ အိမ်ဝယ်ဖို့ စုကြတာရှိတယ်။ သင်ဇာ ပိုက်ဆံစုတာကကျတော့ ခရီးသွားဖို့ ပိုက်ဆံစုတာပါ။ ပိုက်ဆံရှိပြီဆိုတာနဲ့ သင်ဇာ ခရီးသွားချင်တယ်။ ကိုယ့်ဘဝမှာ မသွားဖူးတဲ့နေရာ မရှိသလောက်ကို သွားချင်တာ။ ကိုယ်ကျန်းမာနေတဲ့အချိန်မှာ ခရီးသွားခွင့်ရတာဆိုတော့ သွားချင်တဲ့သူတွေ သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” လို့ သူကဆိုပါတယ်။
သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ခရီးသွားတာကို နှစ်သက်တဲ့ သူတစ်ယောက်ပါတဲ့။ ဒါပေမယ့် ဒီခရီးမှာတော့ ပရိသတ်တွေ သိချင်နေတဲ့ ဖက်ရှင်လန်းလန်းတွေ ဝတ်လို့ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က “The Travellers” အစီအစဉ်မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။
“ ခရီးသွားမှာဆိုတော့ ဖက်ရှင်အပိုင်းတွေနဲ့ပတ်သက်ပြီး ဆန်းဆန်းပြားပြားဝတ်ပြလို့လည်းမရဘူး။ ရာသီဥတု အေးတယ်ဆိုတော့ အဝတ်ထူထူလေးတွေပဲ ဝတ်တာ တွေ့ရမှာပါ။ ခရီးသွားတဲ့နေရာတွေကလည်း တစ်နေရာနဲ့ တစ်နေရာမတူဘူး။ အခုသွားမယ့် နေရာတွေဆိုရင်လည်း ဗဟုသုတ လေ့လာစရာတွေ အများကြီးရှိတယ်ဆိုတော့ လေ့လာခွင့်ရမှာပေါ့နော်”လို့ ဆိုပါတယ်။
သင်ဇာဝင့်ကျော် နဲ့ တိုင်ရွန်တို့ဟာ Passionate Traveller ကုမ္မဏီနဲ့အတူ ဇန်နဝါရီလအတွင်းမှာ ဥရောပနိုင်ငံတွေကို ခရီးထွက်မယ်လို့ သိရပါတယ်။ ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ရဲ့ အစီအစဉ်ကိုတော့ “The Travellers” ဆိုပြီးတော့ နာမည်ပေးထားပါတယ်။ Mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။
Credit:Duwun

မှတ်ချက်များ