အသက္ေတြႀကီးမသြားခင္ အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ ဖန္တီးထားသင့္တဲ့ အမွတ္တရေလးေတြ
Zawgyiျဖင့္ဖတ္ရန္
သူငယ္ခ်င္းဆိုတဲ့ စကားလံုးက ၾကားလိုက္ရတာနဲ႔တင္ ေႏြးေထြးမႈေတြ၊ ေပ်ာ္႐ြင္မႈေတြ၊ အမွတ္တရေတြ ပါဝင္လို႔ေနပါတယ္။ တစ္ခ်ိန္က သူငယ္ခ်င္းေတြနဲ႔ အတူုလုပ္ခဲ႔ၾကတဲ့ ေပါေၾကာင္ေၾကာင္ အ႐ူးထခဲ႔တာေတြဟာ အသက္အ႐ြယ္တစ္ခု ေရာက္သြားခဲ့ရင္ေတာ့ တန္ဖိုးျဖတ္မရတဲ့ အမွတ္တရေတြအျဖစ္ က်န္႐ွိေနတတ္ပါတယ္ေနာ္။ ဒါေၾကာင့္ အသက္ေတြႀကီးမသြားခင္မွာ သူငယ္ခ်င္းေတြနဲ႔ ဖန္တီးလို႔ရသမွ် အမွတ္တရေတြကို ဖန္တီးထားသင့္ပါတယ္။
စြန္႔စြန္႔စားစား ခရီးသြားမယ္
သူငယ္ခ်င္းေတြနဲ႔ ခရီးသြားတာေလာက္ ေပ်ာ္ဖို႔ေကာင္းတာ မ႐ွိပါဘူးေနာ္။ လြတ္လပ္မႈအရသာကို အပီအျပင္ခံစားရင္း ကိုယ္နဲ႔ စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားရတာ အရမ္းမိုက္ပါတယ္။ ခရီးသြားတဲ့ေနရာမွာ ႐ိုး႐ိုးခရီးဆိုတာထက္ စြန္႔စြန္႔စားစား သြားရတဲ့ခရီးမ်ိဳးဆို ပိုေကာင္းပါတယ္။ ပင္ပင္ပန္းပန္းနဲ႔ ေတာင္ေတြတက္ၿပီး ေတာင္ထိပ္ေရာက္တဲ့အခါ tent ေလးထိုးၿပီး ညဘက္ မီးပံုပြဲ လုပ္ရင္း ေပ်ာ္ေပ်ာ္ပါးပါး ကုန္လြန္ရတဲ့ အခ်ိန္က ဘာနဲ႔မွ မလဲႏိုင္တဲ့ အမွတ္တရေတြပါ။
Night out ထြက္မယ္
Night out ထြက္တယ္ဆိုတာက အရက္ေသစာေတြ ေသာက္စားတာမ်ိဳး မဟုတ္ပဲနဲ႔ သူငယ္ခ်င္းေတြနဲ႔ မိုးခ်ဳပ္ေအာင္ လမ္းသလားမွာကို ဆိုလိုတာပါ။ လမ္းေတြေပၚမွာ တိတ္ဆိတ္ေနတဲ့အခ်ိန္ ကိုယ္ေတြရဲ႕ အသံေတြကလြဲၿပီး ဘာသံမွ မ႐ွိေတာ့တဲ့ အခ်ိန္မ်ိဳးက တစ္မ်ိဳးေလးခံစားလုိ႔ေကာင္းပါတယ္္။ သူငယ္ခ်င္းေတြရဲ႕ ရယ္ေမာစေနာက္တဲ့ အသံေတြပဲ လြမ္းျခံဳေနတဲ့ ပတ္ဝန္းက်င္ေလးက ကိုယ္ေတြအပိုင္စီးထားတဲ့ ေနရာေလးျဖစ္ေနပါတယ္။ ဒါေၾကာင့္ တစ္ခါေလာက္ျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔ night out သင့္ပါတယ္။
မုန္႔လုပ္စားမယ္
သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အိမ္တစ္အိမ္မွာ စုၿပီးေတာ့့ မုန္႔လုပ္စားရင္း တစ္ေန႔လံုးအခ်ိန္ျဖဳန္းရတာလည္း အမွတ္တရျဖစ္ေစပါတယ္။ မုန္႔အတူအတူလုပ္ရင္း ရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ စကားေတြေျပာၾကတဲ့ အခ်ိန္္က ဘဝရဲ႕ အမွတ္တရေတြြထဲက တစ္ခုပါ။ သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနရရင္ ေျပာစရာစကားမကုန္္ေအာင္ ႐ွိေနတတ္ၾကတယ္ဟုတ္။ ဒီလိုမ်ိဳး အမွတ္တရမ်ိဳးကလည္း ဖန္တီးၾကည့္သင့္ပါတယ္ေနာ္။
ပရဟိတလုပ္မယ္
သူငယ္ခ်င္းေတြ စုၿပီးေတာ့ လူထုအက်ိဳးၿပဳတဲ့ အရာတစ္ခုခု လုပ္သင့္ပါတယ္။ ကိုယ္တို႔တတ္ႏုိင္သေလာက္ေသာ အားနဲ႔ အလွဴအတန္းတစ္ခုခု၊ ဒါမွမဟုတ္ ပရဟိတ တစ္ခုခုမ်ိဳး လုပ္ၾကည့္သင့္ပါတယ္။ ဒီလိုမ်ိဳး လုပ္ရပ္ဟာ ကုသိုလ္လည္းရၿပီး အမွတ္တရလည္း ျဖစ္ေစႏုိင္လို႔ သူငယ္ခ်င္းေတြနဲ႔ အတူတူ လုပ္ၾကည့္သင့္ပါတယ္။
Khin
Credit:Aunty may
Unicodeဖြင့်ဖတ်ရန်
အသက်တွေကြီးမသွားခင် အချိန်မှာ သူငယ်ချင်းတွေနဲ့ ဖန်တီးထားသင့်တဲ့ အမှတ်တရလေးတွေ
သူငယ်ချင်းဆိုတဲ့ စကားလုံးက ကြားလိုက်ရတာနဲ့တင် နွေးထွေးမှုတွေ၊ ပျော်ရွင်မှုတွေ၊ အမှတ်တရတွေ ပါဝင်လို့နေပါတယ်။ တစ်ချိန်က သူငယ်ချင်းတွေနဲ့ အတူုလုပ်ခဲ့ကြတဲ့ ပေါကြောင်ကြောင် အရူးထခဲ့တာတွေဟာ အသက်အရွယ်တစ်ခု ရောက်သွားခဲ့ရင်တော့ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရတွေအဖြစ် ကျန်ရှိနေတတ်ပါတယ်နော်။ ဒါကြောင့် အသက်တွေကြီးမသွားခင်မှာ သူငယ်ချင်းတွေနဲ့ ဖန်တီးလို့ရသမျှ အမှတ်တရတွေကို ဖန်တီးထားသင့်ပါတယ်။
စွန့်စွန့်စားစား ခရီးသွားမယ်
သူငယ်ချင်းတွေနဲ့ ခရီးသွားတာလောက် ပျော်ဖို့ကောင်းတာ မရှိပါဘူးနော်။ လွတ်လပ်မှုအရသာကို အပီအပြင်ခံစားရင်း ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ခရီးသွားရတာ အရမ်းမိုက်ပါတယ်။ ခရီးသွားတဲ့နေရာမှာ ရိုးရိုးခရီးဆိုတာထက် စွန့်စွန့်စားစား သွားရတဲ့ခရီးမျိုးဆို ပိုကောင်းပါတယ်။ ပင်ပင်ပန်းပန်းနဲ့ တောင်တွေတက်ပြီး တောင်ထိပ်ရောက်တဲ့အခါ tent လေးထိုးပြီး ညဘက် မီးပုံပွဲ လုပ်ရင်း ပျော်ပျော်ပါးပါး ကုန်လွန်ရတဲ့ အချိန်က ဘာနဲ့မှ မလဲနိုင်တဲ့ အမှတ်တရတွေပါ။
Night out ထွက်မယ်
Night out ထွက်တယ်ဆိုတာက အရက်သေစာတွေ သောက်စားတာမျိုး မဟုတ်ပဲနဲ့ သူငယ်ချင်းတွေနဲ့ မိုးချုပ်အောင် လမ်းသလားမှာကို ဆိုလိုတာပါ။ လမ်းတွေပေါ်မှာ တိတ်ဆိတ်နေတဲ့အချိန် ကိုယ်တွေရဲ့ အသံတွေကလွဲပြီး ဘာသံမှ မရှိတော့တဲ့ အချိန်မျိုးက တစ်မျိုးလေးခံစားလို့ကောင်းပါတယ်။ သူငယ်ချင်းတွေရဲ့ ရယ်မောစနောက်တဲ့ အသံတွေပဲ လွမ်းခြုံနေတဲ့ ပတ်ဝန်းကျင်လေးက ကိုယ်တွေအပိုင်စီးထားတဲ့ နေရာလေးဖြစ်နေပါတယ်။ ဒါကြောင့် တစ်ခါလောက်ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ night out သင့်ပါတယ်။
မုန့်လုပ်စားမယ်
သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်တစ်အိမ်မှာ စုပြီးတော့ မုန့်လုပ်စားရင်း တစ်နေ့လုံးအချိန်ဖြုန်းရတာလည်း အမှတ်တရဖြစ်စေပါတယ်။ မုန့်အတူအတူလုပ်ရင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေပြောကြတဲ့ အချိန်က ဘဝရဲ့ အမှတ်တရတွေထဲက တစ်ခုပါ။ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် ပြောစရာစကားမကုန်အောင် ရှိနေတတ်ကြတယ်ဟုတ်။ ဒီလိုမျိုး အမှတ်တရမျိုးကလည်း ဖန်တီးကြည့်သင့်ပါတယ်နော်။
ပရဟိတလုပ်မယ်
သူငယ်ချင်းတွေ စုပြီးတော့ လူထုအကျိုးပြုတဲ့ အရာတစ်ခုခု လုပ်သင့်ပါတယ်။ ကိုယ်တို့တတ်နိုင်သလောက်သော အားနဲ့ အလှူအတန်းတစ်ခုခု၊ ဒါမှမဟုတ် ပရဟိတ တစ်ခုခုမျိုး လုပ်ကြည့်သင့်ပါတယ်။ ဒီလိုမျိုး လုပ်ရပ်ဟာ ကုသိုလ်လည်းရပြီး အမှတ်တရလည်း ဖြစ်စေနိုင်လို့ သူငယ်ချင်းတွေနဲ့ အတူတူ လုပ်ကြည့်သင့်ပါတယ်။
Khin
Credit:Aunty may


မှတ်ချက်များ