ငယ္ငယ္တုန္းကသင္ခဲ့တဲ့ ပညာနဲ႔ ပလာတာဆိုင္ေလး ဖြင့္ေတာ့မယ္ဆိုတဲ့ ညီနႏၵ
Zawgyi ျဖင့္ဖတ္ရန္
ဗ်ိဳက္နဲ႔ ညီနႏၵတို႔ ညီအစ္ကိုႏွစ္ေယာက္က တစ္ခ်ိန္က မိန္းကေလးပရိသတ္ေတြ သည္းသည္းလႈပ္အားေပးခဲ့ရတဲ့ သ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။
ဗ်ိဳက္ကေတာ့ ကြယ္လြန္သြားတာ အေတာ္ၾကာၿပီ ျဖစ္ေပမယ့္ ညီနႏၵကေတာ့ အခုခ်ိန္ထိတိုင္ သူခ်စ္တဲ့ အႏုပညာနယ္ပယ္ထဲမွာ က်င္လည္ေနဆဲ ျဖစ္ပါတယ္။
ညီနႏၵက အႏုပညာေလာကကေန ေခတၱေပ်ာက္ကြယ္သြားေပမယ့္ အခုဆိုရင္ေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဇာတ္လမ္းတြဲေတြမွာ လက္မလည္ေအာင္သ႐ုပ္ေဆာင္ေနရတာ ျဖစ္ပါတယ္။လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ေလာက္ကတည္းက ေအာင္ျမင္မႈေတြကိုရရွိပိုင္ဆိုင္ထားတဲ့ ဝါရင့္သဘာရင့္
သ႐ုပ္ေဆာင္တစ္ဦးပဲျဖစ္ပါတယ္။ ညီနႏၵတစ္ေယာက္ (၂၀၁၃) ခုႏွစ္တုန္းက မႏၲေလးမွာ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္ခဲ့ေပမယ့္ စီးပြားေရးနားမလည္မႈေတြေၾကာင့္ဆုံးရႈံးခဲ့မႈမ်ားစြာရွိခဲ့ၿပီး အခက္ခဲမ်ားစြာနဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္ ။ အဲ့ဒီေနာက္မွာ မိုးကုတ္ေက်ာက္တြင္းရွိ ေက်ာက္အလုပ္သမားေတြကို အုပ္ခ်ဳပ္ရတဲ့အလုပ္နဲ႔ ရပ္တည္ခဲ့ပါတယ္ ။ အခုလတ္တေလာမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြ ဆက္လက္လုပ္ကိုင္ေနၿပီး ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္ေနခဲ့ပါၿပီ ။
ညီနႏၵရဲ႕ ေမြးရပ္ေျမကေတာ့ လာရႈိးၿမိဳ႕ျဖစ္ၿပီး လာရႈိးသားတစ္ေယာက္ျဖစ္တဲ့ ညီနႏၵက ေမြးရပ္ေျမကေန သင္ယူတတ္ေျမာက္လာတဲ့ ပညာေလးတစ္ခုနဲ႔စီးပြားေရးလုပ္ေတာ့မွာျဖစ္ပါတယ္ ။ “ကြၽန္ေတာ္ ပလာတာဆိုင္ဖြင့္ရင္ အားေပးၾကမွာလား ခင္ဗ်ာ… ကြၽန္ေတာ့ေမြးရပ္ေျမ လားရႈိးၿမိဳ႕မွာ သင္ယူတတ္ေျမာက္ခဲ့တဲ့လက္မႈအတတ္ပညာေလးပါ… မၾကာခင္အေကာင္အထည္ေဖာ္ပါ့မယ္ေနာ္ ” ဆိုတဲ့စာသားေလးနဲ႔အတူ ပရိသတ္ေတြကို အားေပးၾကဖို႔ ေမတၱာရပ္ခံလိုက္တာပါ ။
ညီနႏၵကိုခ်စ္ခင္ၾကတဲ့ ခ်စ္ပရိသတ္ႀကီးကလည္း ညီနႏၵရဲ႕ တစ္ႏိုင္တစ္ပိုင္စီးပြားေရးေလး ျဖစ္တဲ့ ပလာတာဆိုင္ေလးဖြင့္ရင္ အားေပးၾကဖို႔မေမ့ၾကနဲ႔ဦးေနာ္ ။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ငယ်ငယ်တုန်းကသင်ခဲ့တဲ့ ပညာနဲ့ ပလာတာဆိုင်လေး ဖွင့်တော့မယ်ဆိုတဲ့ ညီနန္ဒ
ဗျိုက်နဲ့ ညီနန္ဒတို့ ညီအစ်ကိုနှစ်ယောက်က တစ်ချိန်က မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။
ဗျိုက်ကတော့ ကွယ်လွန်သွားတာ အတော်ကြာပြီ ဖြစ်ပေမယ့် ညီနန္ဒကတော့ အခုချိန်ထိတိုင် သူချစ်တဲ့ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။
ညီနန္ဒက အနုပညာလောကကနေ ခေတ္တပျောက်ကွယ်သွားပေမယ့် အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ လက်မလည်အောင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့ ဝါရင့်သဘာရင့်
သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ညီနန္ဒတစ်ယောက် (၂၀၁၃) ခုနှစ်တုန်းက မန္တလေးမှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပေမယ့် စီးပွားရေးနားမလည်မှုတွေကြောင့်ဆုံးရှုံးခဲ့မှုများစွာရှိခဲ့ပြီး အခက်ခဲများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာ မိုးကုတ်ကျောက်တွင်းရှိ ကျောက်အလုပ်သမားတွေကို အုပ်ချုပ်ရတဲ့အလုပ်နဲ့ ရပ်တည်ခဲ့ပါတယ် ။ အခုလတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်နေခဲ့ပါပြီ ။
ညီနန္ဒရဲ့ မွေးရပ်မြေကတော့ လာရှိုးမြို့ဖြစ်ပြီး လာရှိုးသားတစ်ယောက်ဖြစ်တဲ့ ညီနန္ဒက မွေးရပ်မြေကနေ သင်ယူတတ်မြောက်လာတဲ့ ပညာလေးတစ်ခုနဲ့စီးပွားရေးလုပ်တော့မှာဖြစ်ပါတယ် ။ “ကျွန်တော် ပလာတာဆိုင်ဖွင့်ရင် အားပေးကြမှာလား ခင်ဗျာ… ကျွန်တော့မွေးရပ်မြေ လားရှိုးမြို့မှာ သင်ယူတတ်မြောက်ခဲ့တဲ့လက်မှုအတတ်ပညာလေးပါ… မကြာခင်အကောင်အထည်ဖော်ပါ့မယ်နော် ” ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တွေကို အားပေးကြဖို့ မေတ္တာရပ်ခံလိုက်တာပါ ။
ညီနန္ဒကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်ကြီးကလည်း ညီနန္ဒရဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလေး ဖြစ်တဲ့ ပလာတာဆိုင်လေးဖွင့်ရင် အားပေးကြဖို့မမေ့ကြနဲ့ဦးနော် ။
share from: burmese.asia


မှတ်ချက်များ