FDA က သုဝဏၰေဈးသို႔ ေရွာင္တခင္ဝင္ေရာက္စစ္ေဆး၊ ခြင့္ျပဳခ်က္မဲ့ ေဆးဝါး၊ အလွကုန္မ်ားေတြ႕ရွိသိမ္းဆည္း




Zawgyi ျဖင့္ဖတ္ရန္


ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ အစားေသာက္ႏွင့္ေဈးဝါးကြပ္ကဲေရးဦးစီးဌာန(FDA) သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုဝဏၰေဈးအတြင္း ဝင္ေရာက္စစ္ေဆးရာ ခြင့္ျပဳခ်က္မဲ့ ေဆးဝါး၊အလွကုန္မ်ားႏွင့္ ေဖာ္မလင္ပါသည့္ ပဲေသြးတမ်ိဳးကို ေတြ႕ရွိခဲ့ေၾကာင္း FDAယေန႔ (ႏိုဝင္ဘာ ၂၂ရက္)သတင္းထုတ္ျပန္သည္။



ၿပီးခဲ့သည့္ ႏိုဝင္ဘာ၁၈ရက္ရက္က ခ႐ိုင္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ႏွင့္ ၿမိဳ႕နယ္ အစားအေသာက္ႏွင့္ ေဆးဝါးႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီးဝင္မ်ား ပူးေပါင္းကာ သုဝဏၰေဈးသို႔ ေရွာင္တခင္ဝင္ ေရာက္စစ္ ေဆးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။





သုဝဏၰေဈးအတြင္းမွ မုန႔္ဖတ္၊ နန္းႀကီး၊ ညႇပ္ေခါက္ဆြဲ၊ ဂ်ဳံေခါက္ဆြဲ၊ ငါးပိ၊ လက္ဖက္၊ ပဲျပား၊ ပဲေသြးတို႔တြင္ ခြင့္မျပဳ ဓာတုပစၥည္း သုံးစြဲျခင္းရွိ၊ မရွိ ေ႐ြ႕လ်ာဓာတ္ခြဲယာဥ္ျဖင့္ ဝင္ေရာက္စစ္ေဆးရာတြင္ ပဲေသြးတမ်ိဳးတြင္ ခြင့္မျပဳဓာတုပစၥည္း ေဖာ္မလင္ သုံးစြဲ ထားေၾကာင္းေတြ႕ရွိသည့္အတြက္ ေရာင္းခ်သည့္ေဈးသည္အား ခံဝန္ကတိထိုးခိုင္းခဲ့ေၾကာင္း၊သိမ္းဆည္း ပစၥည္းမ်ားအား ဖ်က္ ဆီးခဲ့ၿပီး ပင္ရင္းပဲေသြးထုတ္လုပ္သည့္ ေနရာသို႔ သြားေရာက္၍ အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း၊ ယင္း အျပင္ အျခားသံသယရွိသည့္ အစားအေသာက္မ်ားအား ဓာတ္ခြဲခန္းသို႔ ေပးပို႔ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစားအ ေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွသိရသည္။



ယင္းအျပင္ ေဆးဆိုင္မ်ားႏွင့္ အလွကုန္ဆိုင္မ်ားအား စစ္ေဆးရာတြင္ ေဆးဆိုင္မ်ားတြင္ ျမန္မာႏိုင္ငံေဆးဝါးမွတ္ပုံတင္အ မွတ္ မပါရွိသည့္ ေဆးဝါးမ်ား၊ အလွကုန္ဆိုင္မ်ားတြင္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ သုံးစြဲရန္မသင့္ သည့္ ေဆးဝါးမ်ားအား သိမ္းဆည္ခဲ့ကာ ဆက္လက္အေရးယူမႈမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
zaw32-17


share from:burmese.asia


Unicode ဖြင့်ဖတ်ရန်

FDA က သုဝဏ္ဏဈေးသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ ခွင့်ပြုချက်မဲ့ ဆေးဝါး၊ အလှကုန်များတွေ့ရှိသိမ်းဆည်း

ရန်ကုန်အရှေ့ပိုင်းခရိုင် အစားသောက်နှင့်ဈေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) သည် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဈေးအတွင်း ဝင်ရောက်စစ်ဆေးရာ ခွင့်ပြုချက်မဲ့ ဆေးဝါး၊အလှကုန်များနှင့် ဖော်မလင်ပါသည့် ပဲသွေးတမျိုးကို တွေ့ရှိခဲ့ကြောင်း FDAယနေ့ (နိုဝင်ဘာ ၂၂ရက်)သတင်းထုတ်ပြန်သည်။



ပြီးခဲ့သည့် နိုဝင်ဘာ၁၈ရက်ရက်က ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီးဝင်များ ပူးပေါင်းကာ သုဝဏ္ဏဈေးသို့ ရှောင်တခင်ဝင် ရောက်စစ် ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။



သုဝဏ္ဏဈေးအတွင်းမှ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ငါးပိ၊ လက်ဖက်၊ ပဲပြား၊ ပဲသွေးတို့တွင် ခွင့်မပြု ဓာတုပစ္စည်း သုံးစွဲခြင်းရှိ၊ မရှိ ရွေ့လျာဓာတ်ခွဲယာဉ်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် ပဲသွေးတမျိုးတွင် ခွင့်မပြုဓာတုပစ္စည်း ဖော်မလင် သုံးစွဲ ထားကြောင်းတွေ့ရှိသည့်အတွက် ရောင်းချသည့်ဈေးသည်အား ခံဝန်ကတိထိုးခိုင်းခဲ့ကြောင်း၊သိမ်းဆည်း ပစ္စည်းများအား ဖျက် ဆီးခဲ့ပြီး ပင်ရင်းပဲသွေးထုတ်လုပ်သည့် နေရာသို့ သွားရောက်၍ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်း အပြင် အခြားသံသယရှိသည့် အစားအသောက်များအား ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှသိရသည်။



ယင်းအပြင် ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား စစ်ဆေးရာတွင် ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အ မှတ် မပါရှိသည့် ဆေးဝါးများ၊ အလှကုန်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် သည့် ဆေးဝါးများအား သိမ်းဆည်ခဲ့ကာ ဆက်လက်အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

share from:burmese.asia


မှတ်ချက်များ