Zawgyi ျဖင့္ဖတ္ရန္
မိန္းကေလးတစ္ေယာက္ဟာ ဂ်င္းေဘာင္းဘီ ၈ ထည္တိတိကို ဆိုင္တစ္ဆိုင္ထဲ တစ္ခ်ိန္ထဲမွာပင္ အလစ္သုတ္ၿပီး သူ႔ရဲ႕ကိုယ္ေပၚမွာ ထပ္ဝတ္လာတာကို ဖမ္းမိသြားခဲ့ပါတယ္။ ဒီေဘာင္းဘီေတြကို တစ္လႊာၿပီးတစ္လႊာ ခြၽတ္ခိုင္းေနတဲ့ ဗီဒီယိုက ရက္ပိုင္းအတြင္းမွာပင္ အြန္လိုင္းေပၚမွာ ၾကည့္ရႈသူ ၂.၅ သန္းေက်ာ္ရွိေနတဲ့ ႐ုပ္သံတစ္ခု ျဖစ္ေနပါတယ္။
႐ုပ္သံထဲက အမ်ိဳးသမီးဟာ ဗင္နီဇြဲလားသူလို႔ ယူဆရၿပီး ဘယ္ေနရာမွာ ျဖစ္ခဲ့တာလဲဆိုတကိုေတာ့ အတိအက် မသိရပါဘူး။ ဒီ႐ုပ္သံဟာ ပီ႐ူးႏိုင္ငံကေန စတင္ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။ ဗီဒီယိုထဲမွာ မည္သူမည္ဝါဟ မသိရတဲ့ အမ်ိဳးသမီးဟာ သန႔္စင္ခန္းတစ္ခုထဲမွာ ဂ်င္းေဘာင္းဘီေတြ ခြၽတ္ခ်ခိုင္းခံေနရပါတယ္။ ဗီဒီယို႐ိုက္ေနတဲ့သူက တစ္ထည္ၿပီးတစ္ထည္ လိုက္ေရတြက္ေနပါတယ္။
ေဘာင္းဘီ ၈ ထည္ ခြၽတ္ခ်ၿပီးေနာက္မွာ ေနာက္ဆုံးတစ္ထည္ကို ခပ္သုတ္သုတ္ခြၽတ္ျပၿပီး သူမမွာ အတြင္းခံပဲက်န္ေတာ့ေၾကာင္း အတည္ျပဳခဲ့ရပါတယ္။ ဒီ႐ုပ္သံကို ျပန္လည္ေဝမွ်သူ တစ္သိန္း နီးပါးရွိၿပီး ဝင္ေရာက္ေျပာဆို ေဝဖန္ေရးသားထားတာေတြကိုလည္း ေတြ႕ရပါတယ္။
အခ်ိဳ႕က ေထာင္ထဲပို႔ဖို႔သင့္တယ္လို႔ ေျပာထားသလို အခ်ိဳ႕ကလည္း သူမမွာ ဘာအခက္အခဲရွိေနလဲဆိုတာ ဘယ္သူမွမသိႏိုင္ပဲ လူေတြက ေဝဖန္ေနၾကတယ္လို႔ ေရးသားထာၾကပါတယ္။ မည္သို႔ပင္ ဆိုေစကာမူ ဂ်င္းေဘာင္းဘီ ၉ ထည္ကို ပိပိရိရိထပ္ဝတ္ၿပီး အလစ္သုတ္လာႏိုင္တဲ့ အစြမ္းကိုေတာ့ လူေတြအားလုံး အံ့အားသင့္ခဲ့ၾကရပါတယ္။ ဒီအမ်ိဳးသမီးကို တရားဥပေဒအရ အေရးယူခံရမႈ ရွိ/မရွိဆိုတာကိုေတာ့ မသိရပါ။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
ဂျင်းဘောင်းဘီ ၈ ရှည်ထည်ထပ်ဝတ်ပြီး အလစ်သုတ်တဲ့ မိန်းကလေးလူမိသွား (ရုပ်သံ)
မိန်းကလေးတစ်ယောက်ဟာ ဂျင်းဘောင်းဘီ ၈ ထည်တိတိကို ဆိုင်တစ်ဆိုင်ထဲ တစ်ချိန်ထဲမှာပင် အလစ်သုတ်ပြီး သူ့ရဲ့ကိုယ်ပေါ်မှာ ထပ်ဝတ်လာတာကို ဖမ်းမိသွားခဲ့ပါတယ်။ ဒီဘောင်းဘီတွေကို တစ်လွှာပြီးတစ်လွှာ ချွတ်ခိုင်းနေတဲ့ ဗီဒီယိုက ရက်ပိုင်းအတွင်းမှာပင် အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၂.၅ သန်းကျော်ရှိနေတဲ့ ရုပ်သံတစ်ခု ဖြစ်နေပါတယ်။
ရုပ်သံထဲက အမျိုးသမီးဟာ ဗင်နီဇွဲလားသူလို့ ယူဆရပြီး ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲဆိုတကိုတော့ အတိအကျ မသိရပါဘူး။ ဒီရုပ်သံဟာ ပီရူးနိုင်ငံကနေ စတင်ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မည်သူမည်ဝါဟ မသိရတဲ့ အမျိုးသမီးဟာ သန့်စင်ခန်းတစ်ခုထဲမှာ ဂျင်းဘောင်းဘီတွေ ချွတ်ချခိုင်းခံနေရပါတယ်။ ဗီဒီယိုရိုက်နေတဲ့သူက တစ်ထည်ပြီးတစ်ထည် လိုက်ရေတွက်နေပါတယ်။
ဘောင်းဘီ ၈ ထည် ချွတ်ချပြီးနောက်မှာ နောက်ဆုံးတစ်ထည်ကို ခပ်သုတ်သုတ်ချွတ်ပြပြီး သူမမှာ အတွင်းခံပဲကျန်တော့ကြောင်း အတည်ပြုခဲ့ရပါတယ်။ ဒီရုပ်သံကို ပြန်လည်ဝေမျှသူ တစ်သိန်း နီးပါးရှိပြီး ဝင်ရောက်ပြောဆို ဝေဖန်ရေးသားထားတာတွေကိုလည်း တွေ့ရပါတယ်။
အချို့က ထောင်ထဲပို့ဖို့သင့်တယ်လို့ ပြောထားသလို အချို့ကလည်း သူမမှာ ဘာအခက်အခဲရှိနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပဲ လူတွေက ဝေဖန်နေကြတယ်လို့ ရေးသားထာကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဂျင်းဘောင်းဘီ ၉ ထည်ကို ပိပိရိရိထပ်ဝတ်ပြီး အလစ်သုတ်လာနိုင်တဲ့ အစွမ်းကိုတော့ လူတွေအားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ ဒီအမျိုးသမီးကို တရားဥပဒေအရ အရေးယူခံရမှု ရှိ/မရှိဆိုတာကိုတော့ မသိရပါ။
Credit : popolay
မှတ်ချက်များ