ဘဏ္ေပါင္း ၂၁၇ က ေဒၚလာ သန္း ၄၀၀ ေက်ာ္ ခိုးယူၿပီးဒုကၡသည္ေတြအတြက္ တစ္ျပား တစ္ခ်ပ္မွ မက်န္ေအာင္ လႉဒါန္းခဲ့တဲ့ ေခတ္သစ္ ေရာ္ဘင္ဟုဒ္




Zawgyi ျဖင့္ဖတ္ရန္


အင္တာနက္ေပၚမွာ အၿမဲပ်ံ႕ႏွံ႔ေလ့ရွိေနတဲ့ “ဟမ္ဇား၏ ကမာၻ ကို ေျပာခဲ့ေသာစကား” ဆိုတဲ့ ပိုစ့္ကို ဖတ္ဖူးမွာပါ။ အဲဒီပိုစ့္မွာ ဘဏ္ေတြဆီက ေဒၚလာ သန္း ၄၀၀ ေက်ာ္ကို ဟက္ၿပီး ဒုကၡသည္ေတြကို လႉဒါန္းခဲ့တယ္ ဆိုတဲ့ဟက္ကာ ဟမ္ဇားဟာ သူ႔ကိုေသဒါဏ္မေပးမီမွာ ” က်ေနာ္ ဒီျပစ္မႈအတြက္ ဝန္ခ်ေတာင္းပန္ဖို႔ မရွိပါဘူ ၿပီးေတာ့ ကမာၻႀကီးအတြက္ သတင္းစကားတစ္ခု ပါးလိုက္ခ်င္ပါတယ္ တဲ့ ” ပိုမိုေကာင္းမြန္တဲ့ ၿငိမ္းခ်မ္းတဲ့ ကမာၻႀကီးကို ဖန္တီးတည္ေဆာက္ဖို႔ အသုံးမခ်ခဲ့ဘူးဆိုရင္ ေငြေၾကးနဲ႔ ရာထူးအာဏာဆိုတာ အလကားပါ ဘာမွမဟုတ္ပါဘူး ” ᠌᠌᠌လို႔ ဆိုခဲ့ပါသတဲ့။ ပုံမွာေတာ့ ႀကိဳးေပးမခံရမီ ၿပဳံးေနတဲ့ လူတစ္ေယာက္ရဲ႕ ပုံနဲ႔ပါ။ ဒီပုံပါ




တကယ္ေတာ့ ဒါဟာ ဂ်င္း ပါ။ ဟမ္ဇား အေၾကာင္းနည္းနည္းနဲ႔ ေရာႀကိတ္ထားတာပါ။ တကယ္ေတာ့ ဟမ္ဇားက မေသပါဘူး။ အခုပုံထဲက လူကလည္းဟမ္ဇား မဟုတ္ပါဘူး။ တရားသူႀကီးကို ေသနတ္နဲ႔ျပစ္သတ္မႈ နဲ႔ ေသဒါဏ္ခ်မွတ္ခံရတဲ့ အီရန္ႏိုင္ငံသားတစ္ေယာက္ျဖစ္တဲ့ Majid Kavousifar ရဲ႕ ပုံပါ။ ထုံးစံအတိုင္း လူႀကိဳက္ရင္ၿပီးေရာ စိတ္ဝင္စားရင္ၿပီးေရာ မဟုတ္မမွန္ေတြကို ေရးေလ့ရွိသူေတြက ဒီလိုပိုစ့္ကို ဖန္တီးခဲ့တာပါ။ အခုထိလည္း ဒီဂ်င္းပိုစ့္ကို ထပ္ထပ္ရွယ္ေနတာ ေတြ႕ရဦးမွာပါ။

ဒါဆိုရင္ ဟမ္ဇားက ဘယ္သူလဲ။ ဘယ္ေရာက္သြားလဲ။မိတ္ေဆြ သိခ်င္ေနတဲ့ ဟမ္ဇားရဲ႕အေၾကာင္းကို မွ်ေဝလိုက္ပါတယ္။




ဟမ္ဇား (Hamza Bendelladj) ဟာ အယ္လ္ဂ်ီးယားႏိုင္ငံသား ဟက္ကာ တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ကုဒ္နံပါတ္က BX1 ပါ။ အၿမဲၿပဳံးေနတတ္လို႔ သူ႔ကို Smiling Hacker လို႔ ေခၚေလ့ရွိၾကပါတယ္။ သူ႔ကို ၁၉၈၈ခုႏွစ္က အယ္လ္ဂ်ီးနီးယားႏိုင္ငံ ေျမာက္ပိုင္းက Tizi Ouzou ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက ထူးခြၽန္လြန္းၿပီး နည္းပညာကို ေတာက္ေလွ်ာက္လိုက္စားခဲ့ၿပီး ႀကီးလာတဲ့အခ်ိန္မွာေတာ့ Interpol နဲ႔ FBI ရဲ႕ အလိုအရွိဆုံး ဟက္ကာ ၁၀ေယာက္ စာရင္းဝင္ခဲ့ပါတယ္။ သူဟာ ဘာသာ စကား ၅မ်ိဳးကို ကြၽမ္းက်င္စြာေျပာႏိုင္ပါတယ္။



FBI က သူ႔ကို အလိုရွိရျခင္းအေၾကာင္းကေတာ့ သူဟာ ဥေရာပ နဲ႔ အေမရိကန္ဘဏ္ေတြ ဆီကေန ေဒၚလာသန္းေပါင္း ရာနဲ႔ခ်ီၿပီး ဟက္ယူခဲ့လို႔ပါ။ သူ႔ရဲ႕ RimiG33k ကြန္ပ်ဴတာဗိုင္းရပ္စ္ဟာလည္း ကမာၻတဝန္းက ကြန္ပ်ဴတာေပါင္း သန္း ၅၀ ခန႔္ကို ဒုကၡေရာက္ေစခဲ့ပါတယ္။ ဒါေတြကို သူတစ္ေယာက္တည္းလုပ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ႐ုရွားသူငယ္ခ်င္း Aleksandr Andreevich Panin နဲ႔ ပူးေပါင္းလုပ္ခဲ့တာပါ။

ဒါ့အျပင္ ဟမ္ဇားဟာ နည္းပညာေတာ္လြန္းပါတယ္ ဆိုတဲ့ အစၥေရးအစိုးရရဲ႕ ဝဘ္ဆိုဒ္ကိုလည္း ဟက္ခဲ့ပါေသးတယ္။ သူဟက္ၿပီး ရရွိခဲ့တဲ့ ေဒၚလာ သန္း ၂၈၀ ကိုေတာ့ ပါလက္စတိုင္း နဲ႔ အာဖရိက က ဒုကၡသည္ေတြကို ေပးလႉခဲ့ပါတယ္။

ဒုကၡေပးလြန္းတဲ့ ဟမ္ဇားကို ကမာၻ႔ရဲဌာန ေတြ နဲ႔ FBI က ၂၀၁၀ ခုႏွစ္ေလာက္တည္းက အပူတျပင္း စုံစမ္းရွာေဖြ ခဲ့ပါတယ္။ ၃ႏွစ္ၾကာၿပီးတဲ့ေနာက္ ၂၀၁၃ခုႏွစ္ ဇန္နဝါရီလမွာ ၈ ရက္ေန႔မွာ ဟမ္ဇားကို ဖမ္းမိခဲ့ပါတယ္။ ထိုင္းရဲေတြက ထိုင္းေလဆိပ္မွာ ဖမ္းမိခဲ့တာျဖစ္ၿပီး ဟမ္ဇားက မေလးရွားကေန အီဂ်စ္ကို အသြား ဘန္ေကာက္မွာ Transist လုပ္တဲ့အခ်ိန္မွာ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။



သူ႔ကို ဖမ္းမိတဲ့အခ်ိန္မွာ ဟမ္ဇားဟာ ျငင္းဆန္တာ ခုခံတာေတြကို မလုပ္ပဲ အသာတၾကည္ပဲ အဖမ္းခံခဲ့ပါတယ္။ အတူပါလာတဲ့ မိသားစုကိုေတာင္ ၿပဳံး႐ႊင္စြာ ေအးေအးေဆးေဆး ႏႈတ္ဆက္ၿပီးမွ ရဲေတြနဲ႔ လိုက္သြားခဲ့တာပါ။ သူ႔ ဇနီး နဲ႔ သမီးကေတာ့ သူမပါတဲ့ အီဂ်စ္ခရီးစဥ္ကို ဆက္သြားခဲ့ပါတယ္။ ဟမ္ဇားက မီဒီယာေတြနဲ႔ ေတြ႕တဲ့အခါမွာလည္း သူ႔ရဲ႕ Smiling Hacker ဆိုတဲ့ အမည္လိုပဲ အၿမဲၿပဳံးေနေလ့ရွိပါတယ္။ ႐ိုက္သမွ်ပုံေတြအားလုံးမွာ လက္ထိပ္နဲ႔ေတာင္ ၿပဳံးေနတဲ့ သူ႔ကို ျမင္ၾကရမွာပါ။ အဲဒီအခ်ိန္က ဟမ္ဇားရဲ႕ အသက္ဟာ ၂၅ႏွစ္ပဲ ရွိပါေသးတယ္။ထိုင္းကေန တဆင့္ ျပစ္ဒါဏ္စီရင္ခံဖို႔ အေမရိကန္ကိုေရာက္ခဲ့ပါတယ္။ ဟမ္ဇားကို တူနီးရွား နဲ႔ အယ္လ္ဂ်ီးနီးယား ဆိုရွယ္မီဒီယာ သုံးစြဲသူေတြက ေထာက္ခံခဲ့ၾကပါတယ္။ သူတို႔ေတြဟာ ဟမ္ဇားကို ေသဒါဏ္အထိ ျပစ္ဒါဏ္ေပးမွာ စိုးရိမ္တဲ့အတြက္ ဆိုရွယ္နက္ဝက္လႈပ္ရွားမႈကို ပူးေပါင္းဖန္တီးခဲ့ၾကပါတယ္။ အယ္လ္ဂ်ီးနီးယားရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အျပင္ အေမရိကသမၼတ အိုဘားမားထံကိုပါ ဟမ္ဇား အတြက္ သက္ညႇာေပးဖို႔ အသနားခံစာေတြ တင္ၾကပါတယ္။ဒီလႈပ္ရွားမႈဟာ အလြန္ႀကီးမားလာတဲ့အတြက္ ေနာက္ဆုံးမွာေတာ့ အယ္လ္ဂ်ီးနီးယားႏိုင္ငံက အေမရိကန္သံအရာရွိျဖစ္သူ Joan A. Polaschik က ကြန္ပ်ဴတာျပစ္မႈဟာ လူသတ္မႈလို Capital Crime မဟုတ္တဲ့အတြက္ ေသဒါဏ္ေပးခံရမွာ မဟုတ္ဘူး ၊ မစိုးရိမ္ၾကပါနဲ႔ လို႔ သူ႔ရဲ႕ Twitter ကေန ေျပာၾကားခဲ့ပါတယ္။



၂၀၁၃ခုႏွစ္ ေမလမွာ အေမရိကန္ရဲ႕ အတၱလႏၲာတရား႐ုံးမွာ သူ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီးတဲ့ေနာက္ တရား႐ုံးက သူ႔ကို ေထာင္ဒါဏ္ ႏွစ္ ၃၀ နဲ႔ ဒါဏ္ေငြ ေဒၚလာ သန္း ၄၀ ေပးေဆာင္ရမယ္ လို႔ခ်မွတ္ခဲ့ပါတယ္။ ဟမ္ဇားရဲ႕ ပါတနာျဖစ္သူ Aleksandr Andreevich Panin ကိုလည္း ၂၀၁၄ခုႏွစ္မွာ ထပ္ဖမ္းမိခဲ့ပါတယ္။

၂၀၁၃ခုႏွစ္က စလို႔ ဟမ္ဇားဟာ ေထာင္က်ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၆ခုႏွစ္မွာေတာ့ ဟမ္ဇားရဲ႕ ျပစ္ဒါဏ္ကို ေျပာင္းလဲေပးခဲ့ပါတယ္။ ေထာင္ဒါဏ္ ၁၅ ႏွစ္ နဲ႔ ျပဳျပင္ေရးကာလ ၃ႏွစ္ ဆိုၿပီးေတာ့ပါ။ သူ႔ရဲ႕ပါတနာျဖစ္သူကိုေတာ့ ေထာင္ဒါဏ္ ၉ႏွစ္ခြဲ ခ်မွတ္ခဲ့ပါတယ္။ အခုထိေတာ့ ဟမ္ဇားဟာ အေမရိကန္ အက်ဥ္းေထာင္ထဲမွာ သူ႔ရဲ႕ျပစ္ဒါဏ္ကို က်ခံေနရဆဲျဖစ္ပါတယ္။ အခုေလာက္ ဆိုရင္ အင္တာနက္ပိုစ့္ေတြထဲကလို ဟမ္ဇား မေသေသးဘူး ဆိုတာကို သိေလာက္ၿပီထင္ပါတယ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်


ဘဏ်ပေါင်း ၂၁၇ က ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူပြီးဒုက္ခသည်တွေအတွက် တစ်ပြား တစ်ချပ်မှ မကျန်အောင် လှူဒါန်းခဲ့တဲ့ ခေတ်သစ် ရော်ဘင်ဟုဒ်


အင်တာနက်ပေါ်မှာ အမြဲပျံ့နှံ့လေ့ရှိနေတဲ့ “ဟမ်ဇား၏ ကမ္ဘာ ကို ပြောခဲ့သောစကား” ဆိုတဲ့ ပိုစ့်ကို ဖတ်ဖူးမှာပါ။ အဲဒီပိုစ့်မှာ ဘဏ်တွေဆီက ဒေါ်လာ သန်း ၄၀၀ ကျော်ကို ဟက်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့တယ် ဆိုတဲ့ဟက်ကာ ဟမ်ဇားဟာ သူ့ကိုသေဒါဏ်မပေးမီမှာ ” ကျနော် ဒီပြစ်မှုအတွက် ဝန်ချတောင်းပန်ဖို့ မရှိပါဘူ ပြီးတော့ ကမ္ဘာကြီးအတွက် သတင်းစကားတစ်ခု ပါးလိုက်ချင်ပါတယ် တဲ့ ” ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်ဖို့ အသုံးမချခဲ့ဘူးဆိုရင် ငွေကြေးနဲ့ ရာထူးအာဏာဆိုတာ အလကားပါ ဘာမှမဟုတ်ပါဘူး ” ᠌᠌᠌လို့ ဆိုခဲ့ပါသတဲ့။ ပုံမှာတော့ ကြိုးပေးမခံရမီ ပြုံးနေတဲ့ လူတစ်ယောက်ရဲ့ ပုံနဲ့ပါ။ ဒီပုံပါ



တကယ်တော့ ဒါဟာ ဂျင်း ပါ။ ဟမ်ဇား အကြောင်းနည်းနည်းနဲ့ ရောကြိတ်ထားတာပါ။ တကယ်တော့ ဟမ်ဇားက မသေပါဘူး။ အခုပုံထဲက လူကလည်းဟမ်ဇား မဟုတ်ပါဘူး။ တရားသူကြီးကို သေနတ်နဲ့ပြစ်သတ်မှု နဲ့ သေဒါဏ်ချမှတ်ခံရတဲ့ အီရန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Majid Kavousifar ရဲ့ ပုံပါ။ ထုံးစံအတိုင်း လူကြိုက်ရင်ပြီးရော စိတ်ဝင်စားရင်ပြီးရော မဟုတ်မမှန်တွေကို ရေးလေ့ရှိသူတွေက ဒီလိုပိုစ့်ကို ဖန်တီးခဲ့တာပါ။ အခုထိလည်း ဒီဂျင်းပိုစ့်ကို ထပ်ထပ်ရှယ်နေတာ တွေ့ရဦးမှာပါ။

ဒါဆိုရင် ဟမ်ဇားက ဘယ်သူလဲ။ ဘယ်ရောက်သွားလဲ။မိတ်ဆွေ သိချင်နေတဲ့ ဟမ်ဇားရဲ့အကြောင်းကို မျှဝေလိုက်ပါတယ်။

ဟမ်ဇား (Hamza Bendelladj) ဟာ အယ်လ်ဂျီးယားနိုင်ငံသား ဟက်ကာ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကုဒ်နံပါတ်က BX1 ပါ။ အမြဲပြုံးနေတတ်လို့ သူ့ကို Smiling Hacker လို့ ခေါ်လေ့ရှိကြပါတယ်။ သူ့ကို ၁၉၈၈ခုနှစ်က အယ်လ်ဂျီးနီးယားနိုင်ငံ မြောက်ပိုင်းက Tizi Ouzou မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ထူးချွန်လွန်းပြီး နည်းပညာကို တောက်လျှောက်လိုက်စားခဲ့ပြီး ကြီးလာတဲ့အချိန်မှာတော့ Interpol နဲ့ FBI ရဲ့ အလိုအရှိဆုံး ဟက်ကာ ၁၀ယောက် စာရင်းဝင်ခဲ့ပါတယ်။ သူဟာ ဘာသာ စကား ၅မျိုးကို ကျွမ်းကျင်စွာပြောနိုင်ပါတယ်။



FBI က သူ့ကို အလိုရှိရခြင်းအကြောင်းကတော့ သူဟာ ဥရောပ နဲ့ အမေရိကန်ဘဏ်တွေ ဆီကနေ ဒေါ်လာသန်းပေါင်း ရာနဲ့ချီပြီး ဟက်ယူခဲ့လို့ပါ။ သူ့ရဲ့ RimiG33k ကွန်ပျူတာဗိုင်းရပ်စ်ဟာလည်း ကမ္ဘာတဝန်းက ကွန်ပျူတာပေါင်း သန်း ၅၀ ခန့်ကို ဒုက္ခရောက်စေခဲ့ပါတယ်။ ဒါတွေကို သူတစ်ယောက်တည်းလုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ရုရှားသူငယ်ချင်း Aleksandr Andreevich Panin နဲ့ ပူးပေါင်းလုပ်ခဲ့တာပါ။

ဒါ့အပြင် ဟမ်ဇားဟာ နည်းပညာတော်လွန်းပါတယ် ဆိုတဲ့ အစ္စရေးအစိုးရရဲ့ ဝဘ်ဆိုဒ်ကိုလည်း ဟက်ခဲ့ပါသေးတယ်။ သူဟက်ပြီး ရရှိခဲ့တဲ့ ဒေါ်လာ သန်း ၂၈၀ ကိုတော့ ပါလက်စတိုင်း နဲ့ အာဖရိက က ဒုက္ခသည်တွေကို ပေးလှူခဲ့ပါတယ်။

ဒုက္ခပေးလွန်းတဲ့ ဟမ်ဇားကို ကမ္ဘာ့ရဲဌာန တွေ နဲ့ FBI က ၂၀၁၀ ခုနှစ်လောက်တည်းက အပူတပြင်း စုံစမ်းရှာဖွေ ခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက် ၂၀၁၃ခုနှစ် ဇန်နဝါရီလမှာ ၈ ရက်နေ့မှာ ဟမ်ဇားကို ဖမ်းမိခဲ့ပါတယ်။ ထိုင်းရဲတွေက ထိုင်းလေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဟမ်ဇားက မလေးရှားကနေ အီဂျစ်ကို အသွား ဘန်ကောက်မှာ Transist လုပ်တဲ့အချိန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။



သူ့ကို ဖမ်းမိတဲ့အချိန်မှာ ဟမ်ဇားဟာ ငြင်းဆန်တာ ခုခံတာတွေကို မလုပ်ပဲ အသာတကြည်ပဲ အဖမ်းခံခဲ့ပါတယ်။ အတူပါလာတဲ့ မိသားစုကိုတောင် ပြုံးရွှင်စွာ အေးအေးဆေးဆေး နှုတ်ဆက်ပြီးမှ ရဲတွေနဲ့ လိုက်သွားခဲ့တာပါ။ သူ့ ဇနီး နဲ့ သမီးကတော့ သူမပါတဲ့ အီဂျစ်ခရီးစဉ်ကို ဆက်သွားခဲ့ပါတယ်။ ဟမ်ဇားက မီဒီယာတွေနဲ့ တွေ့တဲ့အခါမှာလည်း သူ့ရဲ့ Smiling Hacker ဆိုတဲ့ အမည်လိုပဲ အမြဲပြုံးနေလေ့ရှိပါတယ်။ ရိုက်သမျှပုံတွေအားလုံးမှာ လက်ထိပ်နဲ့တောင် ပြုံးနေတဲ့ သူ့ကို မြင်ကြရမှာပါ။ အဲဒီအချိန်က ဟမ်ဇားရဲ့ အသက်ဟာ ၂၅နှစ်ပဲ ရှိပါသေးတယ်။ထိုင်းကနေ တဆင့် ပြစ်ဒါဏ်စီရင်ခံဖို့ အမေရိကန်ကိုရောက်ခဲ့ပါတယ်။ ဟမ်ဇားကို တူနီးရှား နဲ့ အယ်လ်ဂျီးနီးယား ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက ထောက်ခံခဲ့ကြပါတယ်။ သူတို့တွေဟာ ဟမ်ဇားကို သေဒါဏ်အထိ ပြစ်ဒါဏ်ပေးမှာ စိုးရိမ်တဲ့အတွက် ဆိုရှယ်နက်ဝက်လှုပ်ရှားမှုကို ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ အယ်လ်ဂျီးနီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြင် အမေရိကသမ္မတ အိုဘားမားထံကိုပါ ဟမ်ဇား အတွက် သက်ညှာပေးဖို့ အသနားခံစာတွေ တင်ကြပါတယ်။ဒီလှုပ်ရှားမှုဟာ အလွန်ကြီးမားလာတဲ့အတွက် နောက်ဆုံးမှာတော့ အယ်လ်ဂျီးနီးယားနိုင်ငံက အမေရိကန်သံအရာရှိဖြစ်သူ Joan A. Polaschik က ကွန်ပျူတာပြစ်မှုဟာ လူသတ်မှုလို Capital Crime မဟုတ်တဲ့အတွက် သေဒါဏ်ပေးခံရမှာ မဟုတ်ဘူး ၊ မစိုးရိမ်ကြပါနဲ့ လို့ သူ့ရဲ့ Twitter ကနေ ပြောကြားခဲ့ပါတယ်။



၂၀၁၃ခုနှစ် မေလမှာ အမေရိကန်ရဲ့ အတ္တလန္တာတရားရုံးမှာ သူ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် တရားရုံးက သူ့ကို ထောင်ဒါဏ် နှစ် ၃၀ နဲ့ ဒါဏ်ငွေ ဒေါ်လာ သန်း ၄၀ ပေးဆောင်ရမယ် လို့ချမှတ်ခဲ့ပါတယ်။ ဟမ်ဇားရဲ့ ပါတနာဖြစ်သူ Aleksandr Andreevich Panin ကိုလည်း ၂၀၁၄ခုနှစ်မှာ ထပ်ဖမ်းမိခဲ့ပါတယ်။

၂၀၁၃ခုနှစ်က စလို့ ဟမ်ဇားဟာ ထောင်ကျခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၆ခုနှစ်မှာတော့ ဟမ်ဇားရဲ့ ပြစ်ဒါဏ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထောင်ဒါဏ် ၁၅ နှစ် နဲ့ ပြုပြင်ရေးကာလ ၃နှစ် ဆိုပြီးတော့ပါ။ သူ့ရဲ့ပါတနာဖြစ်သူကိုတော့ ထောင်ဒါဏ် ၉နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ အခုထိတော့ ဟမ်ဇားဟာ အမေရိကန် အကျဉ်းထောင်ထဲမှာ သူ့ရဲ့ပြစ်ဒါဏ်ကို ကျခံနေရဆဲဖြစ်ပါတယ်။ အခုလောက် ဆိုရင် အင်တာနက်ပိုစ့်တွေထဲကလို ဟမ်ဇား မသေသေးဘူး ဆိုတာကို သိလောက်ပြီထင်ပါတယ်။

share from: burmese.asia


မှတ်ချက်များ