သင့္ကိုယ္သင္ ေျပာင္းလဲသင့္ၿပီလို႔ ယူဆတဲ့အခ်ိန္ ျပဳလုပ္ႏိုင္တဲ့ အရာ(၇) ခု
Zawgyiျဖင့္ဖတ္ရန္
သင့္ကိုယ္သင္ေျပာင္းလဲသင့္ၿပီလို႔ ယူဆတဲ့အခ်ိန္ ဒီအတိုင္းမေနပါနဲ႔။ တစ္ခုခုလုပ္လိုက္ပါ။ သင့္ရဲ႕ေန႔စဥ္ဘဝက တစ္ေန႔လာလည္း ဒီဟာပဲ အၿမဲျဖစ္ေနၿပီး ၿငီးေငြ႕ဖို႔ေကာင္းေနရင္ သင္ေျပာင္းလဲခ်င္လာပါလိမ့္မယ္။ ဘဝကို ၿငီးေငြ႕လာတဲ့အခ်ိန္ သင့္ရဲ႕ စိတ္အားထက္သန္မႈေတြ၊ တီထြင္ႏိုင္စြမ္းေတြေပ်ာက္ဆံုးတတ္ပါတယ္။ သင့္ကိုယ္သင္ ေျပာင္းလဲဖို႔လိုၿပီလို႔ ခံစားလာရင္ ဒီအရာ ၇ ခုကို လုပ္ၾကည့္လိုက္ပါ။ လုပ္ရက်ိဳးနပ္မွာပါေနာ္..
၁။ အလုပ္သစ္ေျပာင္းပါ
ဒီအရာကေတာ့ ေျပာင္းလဲသင့္ၿပီလို႔ ထင္မိတဲ့အခ်ိန္ ျပဳလုပ္ႏိုင္တဲ့ စြန္႔စားမႈႀကီးတစ္ခုပါ။ ကၽြႏ္ုပ္တို႔အခ်ိန္အမ်ားစုက အိမ္မွာထက္ အလုပ္မွာကုန္ဆံုးတာမ်ားပါတယ္။ အလုပ္မွာမေပ်ာ္တာက သင့္ရဲ႕ အေကာင္းျမင္စိတ္ကို ေပ်ာက္ဆံုးေစပါတယ္။ ဒါေၾကာင့္ ေျပာင္းလဲသင့္ၿပီလို႔ ထင္တဲ့အခ်ိန္ ဒီအခ်က္ကို စဥ္းစားႏိုင္ပါတယ္။
၂။ Volunteer လုပ္ပါ
အလုပ္မွာေပ်ာ္ေပမယ့္ အားတဲ့အခ်ိန္ကို တစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေစတနာ့ဝန္ထမ္းလုပ္ၾကည့္ပါ။ မိဘမဲ့ကေလးေတြနဲ႔ ကစားပါ။ သက္ႀကီးရြယ္အိုေတြလိုအပ္တာကို ကူညီေပးပါ။ ဒီလိုလုပ္တာက လူသစ္ေတြနဲ႔ ရင္းႏွီးခြင့္ရသလို သင္လည္း ေပ်ာ္ရႊင္လာပါလိမ့္မယ္။ ဒါေၾကာင့္ ေျပာင္းလဲသင့္တယ္လို႔ ထင္တဲ့အခ်ိန္ Volunteer လုပ္တာကလည္း ေကာင္းတဲ့အခ်က္ပါ။
၃။ ကိုယ့္ရဲ႕အခ်စ္ေရးကို ျပန္ဆန္းစစ္ပါ
ကိုယ့္ရဲ႕ အခ်စ္ေရးက ကိုယ့္ဘက္ကပဲ ေပးဆပ္မႈေတြမ်ားေနလား။ တကယ္ေကာေပ်ာ္ရႊင္ရလား။ဒါေတြကို ျပန္ဆန္းစစ္ပါ။ ေျပာင္းလဲသင့္ရင္ ေျပာင္းလဲပါ။
၄။ ဝါသနာအသစ္တစ္ခုရွာပါ
ေျပာင္းလဲသင့္တယ္လို႔ စဥ္းစားမိတာက အာ႐ုံေျပာင္းဖို႔လိုအပ္တယ္လို႔ အခ်က္ေပးေနတာပါ။ ဒါေၾကာင့္ ကိုယ္မလုပ္ဖူးတဲ့အရာတစ္ခုကို ဆန္းလုပ္ၾကည့္ပါ။ သင္လုပ္ၾကည့္မယ္လို႔ စဥ္းစားဖူးတဲ့အရာတစ္ခုကို လုပ္ရမယ့္အခ်ိန္ေရာက္ပါၿပီ။
၅။ ဘဝမွာ အေျပာင္းအလဲတစ္ခုလုပ္လိုက္ပါ
ကိုယ့္ဘဝမွာ လံုးဝအေျပာင္းအလဲႀကီးတစ္ခုလုပ္ပါ။ အိမ္ေထာင္ျပဳရမယ့္အခ်ိန္တန္ၿပီ ခ်စ္သူလည္းရွိၿပီဆိုရင္ အိမ္ေထာင္ျပဳပါ။ ေခြးေလးတစ္ေကာင္ေမြးၾကည့္ပါ။ လံုးဝေျပာင္းလဲသြားမယ့္အရာတစ္ခုခု လုပ္ၾကည့္ပါ။
၆။ ပိတ္ရက္မွာ ခရီးသြားပါ
ပိတ္ရက္မွာ စိတ္အေျပာင္းအလဲအေနနဲ႔ ခရီးသြားၾကည့္ပါ။ သင့္ရဲ႕စိတ္ကိုထြက္ေပါက္ေပးသလို ျဖစ္ေစပါတယ္။
၇။ ကိုယ့္ကိုကိုယ္စိန္ေခၚပါ
ကၽြႏ္ုပ္တို႔ဘဝမွာ စိန္ေခၚမႈေတြလိုအပ္ပါတယ္။ ေအာင္ျမင္မႈတစ္ခုက ကိုယ့္ဘဝကို အေျပာင္းအလဲျဖစ္ေစပါတယ္။ စိန္ေခၚမႈေတြကို ႀကိဳးစားလုပ္ၾကည့္ပါ။
Credit:မိုင္စတိုင္ျမန္မာ
Unicodeဖြင့်ဖတ်ရန်
သင့်ကိုယ်သင် ပြောင်းလဲသင့်ပြီလို့ ယူဆတဲ့အချိန် ပြုလုပ်နိုင်တဲ့ အရာ(၇) ခု
သင့်ကိုယ်သင်ပြောင်းလဲသင့်ပြီလို့ ယူဆတဲ့အချိန် ဒီအတိုင်းမနေပါနဲ့။ တစ်ခုခုလုပ်လိုက်ပါ။ သင့်ရဲ့နေ့စဉ်ဘဝက တစ်နေ့လာလည်း ဒီဟာပဲ အမြဲဖြစ်နေပြီး ငြီးငွေ့ဖို့ကောင်းနေရင် သင်ပြောင်းလဲချင်လာပါလိမ့်မယ်။ ဘဝကို ငြီးငွေ့လာတဲ့အချိန် သင့်ရဲ့ စိတ်အားထက်သန်မှုတွေ၊ တီထွင်နိုင်စွမ်းတွေပျောက်ဆုံးတတ်ပါတယ်။ သင့်ကိုယ်သင် ပြောင်းလဲဖို့လိုပြီလို့ ခံစားလာရင် ဒီအရာ ၇ ခုကို လုပ်ကြည့်လိုက်ပါ။ လုပ်ရကျိုးနပ်မှာပါနော်..
၁။ အလုပ်သစ်ပြောင်းပါ
ဒီအရာကတော့ ပြောင်းလဲသင့်ပြီလို့ ထင်မိတဲ့အချိန် ပြုလုပ်နိုင်တဲ့ စွန့်စားမှုကြီးတစ်ခုပါ။ ကျွန်ုပ်တို့အချိန်အများစုက အိမ်မှာထက် အလုပ်မှာကုန်ဆုံးတာများပါတယ်။ အလုပ်မှာမပျော်တာက သင့်ရဲ့ အကောင်းမြင်စိတ်ကို ပျောက်ဆုံးစေပါတယ်။ ဒါကြောင့် ပြောင်းလဲသင့်ပြီလို့ ထင်တဲ့အချိန် ဒီအချက်ကို စဉ်းစားနိုင်ပါတယ်။
၂။ Volunteer လုပ်ပါ
အလုပ်မှာပျော်ပေမယ့် အားတဲ့အချိန်ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ စေတနာ့ဝန်ထမ်းလုပ်ကြည့်ပါ။ မိဘမဲ့ကလေးတွေနဲ့ ကစားပါ။ သက်ကြီးရွယ်အိုတွေလိုအပ်တာကို ကူညီပေးပါ။ ဒီလိုလုပ်တာက လူသစ်တွေနဲ့ ရင်းနှီးခွင့်ရသလို သင်လည်း ပျော်ရွှင်လာပါလိမ့်မယ်။ ဒါကြောင့် ပြောင်းလဲသင့်တယ်လို့ ထင်တဲ့အချိန် Volunteer လုပ်တာကလည်း ကောင်းတဲ့အချက်ပါ။
၃။ ကိုယ့်ရဲ့အချစ်ရေးကို ပြန်ဆန်းစစ်ပါ
ကိုယ့်ရဲ့ အချစ်ရေးက ကိုယ့်ဘက်ကပဲ ပေးဆပ်မှုတွေများနေလား။ တကယ်ကောပျော်ရွှင်ရလား။ဒါတွေကို ပြန်ဆန်းစစ်ပါ။ ပြောင်းလဲသင့်ရင် ပြောင်းလဲပါ။
၄။ ဝါသနာအသစ်တစ်ခုရှာပါ
ပြောင်းလဲသင့်တယ်လို့ စဉ်းစားမိတာက အာရုံပြောင်းဖို့လိုအပ်တယ်လို့ အချက်ပေးနေတာပါ။ ဒါကြောင့် ကိုယ်မလုပ်ဖူးတဲ့အရာတစ်ခုကို ဆန်းလုပ်ကြည့်ပါ။ သင်လုပ်ကြည့်မယ်လို့ စဉ်းစားဖူးတဲ့အရာတစ်ခုကို လုပ်ရမယ့်အချိန်ရောက်ပါပြီ။
၅။ ဘဝမှာ အပြောင်းအလဲတစ်ခုလုပ်လိုက်ပါ
ကိုယ့်ဘဝမှာ လုံးဝအပြောင်းအလဲကြီးတစ်ခုလုပ်ပါ။ အိမ်ထောင်ပြုရမယ့်အချိန်တန်ပြီ ချစ်သူလည်းရှိပြီဆိုရင် အိမ်ထောင်ပြုပါ။ ခွေးလေးတစ်ကောင်မွေးကြည့်ပါ။ လုံးဝပြောင်းလဲသွားမယ့်အရာတစ်ခုခု လုပ်ကြည့်ပါ။
၆။ ပိတ်ရက်မှာ ခရီးသွားပါ
ပိတ်ရက်မှာ စိတ်အပြောင်းအလဲအနေနဲ့ ခရီးသွားကြည့်ပါ။ သင့်ရဲ့စိတ်ကိုထွက်ပေါက်ပေးသလို ဖြစ်စေပါတယ်။
၇။ ကိုယ့်ကိုကိုယ်စိန်ခေါ်ပါ
ကျွန်ုပ်တို့ဘဝမှာ စိန်ခေါ်မှုတွေလိုအပ်ပါတယ်။ အောင်မြင်မှုတစ်ခုက ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေကို ကြိုးစားလုပ်ကြည့်ပါ။
Credit:မိုင်စတိုင်မြန်မာ


မှတ်ချက်များ