အေရျပားတြင္ အျဖဴကြက္ထရျခင္း အေၾကာင္းအရင္းႏွင့္ အတြက္ ကုသရန္ နည္းလမ္းမ်ား
Zawgyi ျဖင့္ဖတ္ရန္
အေရျပားမွာအျဖဴကြက္ေတြျဖစ္လာရင္လူေတြေၾကာက္လန႔္တတ္ပါတယ္။အထူးသျဖင့္ မူရင္းအသားညိဳတဲ့ျမန္မာႏိုင္ငံသားေတြမွာေတာ့အျဖဴကြက္ႀကီးကထင္းေနတတ္တဲ့အတြက္ႀကိဳက္ႏွစ္သက္ခ်င္းေတာ့မရွိပါဘူး။
တခ်ိဳ႕ က်န္းမာေရးအသိနည္းပါးတဲ့လူေတြဆိုရင္ဒါဟာကူးစက္တတ္တဲ့အနာႀကီးေရာဂါလိုအေရျပားေရာဂါတစ္ခုလို႔ထင္တတ္ၾကပါတယ္။ဒီအတြက္လည္းအခုေဆာင္းပါးကို ေရးျဖစ္တာပါ။
အေရျပားမွာအျဖဴကြက္ထျခင္းကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္ႏိုင္ပါတယ္။ဒီေဆာင္းပါးမွာ ေဖာ္ျပေပးမွာေတြကေတာ့
ညႇင္း
အျဖဴကြက္ေတြကိုပန္းေရာင္၊အနီေရာင္ အနားသတ္ေတြနဲ႔ ရွိေနတတ္တဲ့အေျခအေနတစ္ခုပါ။အထူးသျဖင့္ ေနေလာင္ခံအရည္ျပားေတြမွာပိုထင္းေနတတ္ပါတယ္။ယားယံျခင္း ၊အေရျပားကြာျခင္း၊အရည္ျပားေျခာက္ေသြ႕ျခင္းတို႔ႀကဳံရတတ္ပါတယ္။မႈိေၾကာင့္ျဖစ္တတ္တယ္လို႔ယူဆၾကသူေတြရွိေပမဲ့ ဘာေၾကာင့္ျဖစ္တယ္ဆိုတာကိုေတာ့အတိအက် မသိရေသးပါဘူး။
စစ္တမ္းေတြအရေတာ့ ေခြၽးအထြက္မ်ားျခင္း ၊အဆီျပန္ျခင္း၊ရာသီဥတုစိုစြတ္ျခင္း၊ခုခံ အားနည္းျခင္းေတြနဲ႔သက္ဆိုင္တယ္လို႔ဆိုၾကပါတယ္။မ်ားေသာအားျဖင့္ ေစာေစာသိၿပီးကုသရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။မႈိကို ကုသတဲ့ေဆးေတြနဲ႔ကုသေလ့ရွိပါတယ္ ။
ႏွင္းခူ
ဓာတ္မတည့္ျခင္းနဲ႔ယွဥ္တြဲၿပီးျဖစ္တဲ့အေရျပားေရာဂါတစ္ခုပါ။ယားယံၿပီးအနီအဖုေလးေတြထေနတတ္ျခင္းကိုညႇင္းခူလို႔ ေခၚပါတယ္။တစ္ခါတေလမွာအျဖဴဖတ္ေတြပါ ပါေနတတ္ၿပီးေတာ့မ်က္ႏွာ၊ဦးေခါင္း၊ ေျခဆစ္လက္ဆစ္ေတြမွာျဖစ္ေလ့ရွိပါတယ္။
ယားယံတတ္တဲ့အတြက္ကုတ္ရင္းဖဲ့ရင္းကေနပြင့္ၿပီးအနာျဖစ္တတ္ပါတယ္။ဒါေပမဲ့လည္းအေရျပားအကြက္ကအခ်ိန္အမ်ားစုမွာ ေျခာက္ေသြ႕ေနေလ့ရွိပါတယ္ ။ညႇင္းခူကို လူႀကီးေတြထက္ကေလးငယ္ေတြမွာပိုေတြ႕ရတတ္ပါတယ္။
ကုသမႈမွာေတာ့အေရျပားေျခာက္ေသြ႕ေအာင္ထားျခင္း ၊ ေရအၾကာႀကီး စိမ္ခ်ိဳးျခင္းမ်ားကို ေရွာင္ျခင္း ၊ဓာတုပစၥည္းေတြကိုအသုံးမျပဳျခင္း ၊ဓာတ္မတည့္သည္မ်ားကို ေရွာင္ၾကဥ္ျခင္းေတြလုပ္ရပါမယ္။လိုအပ္သလို ဆရာဝန္ၫြန္ၾကားတဲ့ cream ေတြကိုလည္း လိမ္းရပါမယ္ ။
ခ႐ုသင္း
အသားေရာင္ညိဳမဲမႈအတြက္ခႏၶာကိုယ္က melatonin ဆိုတဲ့ဓာတ္ေတြကိုထုတ္ပါတယ္။အဆိုပါဓာတ္ေတြကိုအေရျပားက မထုတ္တဲ့အခါမွာအသားေတြကြက္ၿပီးုဖူ လာတတ္ပါတယ္။ထူးျခားခ်က္ကခႏၶာကိုယ္တစ္ဖက္ျခမ္းမွာပဲ ျဖစ္တတ္ပါတယ္။
ဒူးဆစ္၊ လက္၊ဆံပင္ေတြနဲ႔လိင္အဂၤါေနရာေတြအျပင္ပါးေစာင္နဲ႔ႏွာေခါင္းေနရာေတြမွာျဖစ္တတ္ပါတယ္။ဘာေၾကာင့္ုဖစ္ရတာလဲဆိုတာကိုေတာ့ မသိေသးပါဘူးကုသမႉအေနနဲ႔ကေတာ့ စတီး႐ြိဳက္ေဆးမ်ား ၊immunoglobulinကုထုံးနဲ႔အလင္းကုထုံးေတြနဲ႔ကုသတတ္ၾကပါတယ္ ။
ေနေလာင္ျခင္း
ေနပူထဲအၾကာႀကီးထြက္ျဖစ္တဲ့အခါမွာခႏၶာကိုယ္မွာအျဖဴကြက္ေတြ ျဖစ္တတ္ပါတယ္ ။ အထူးသျဖင့္လက္ေမာင္းနဲ႔ ေျခေထာက္ေတြမွာမနာက်င္တတ္တဲ့ ေနေလာင္ကြက္ေတြျဖစ္တတ္ပါတယ္ ။အမ်ိဳးသားေတြ၊အသက္ႀကီးတဲ့အမ်ိဳးသမီးေတြထက္အမ်ိဴးသမီးငယ္ေတြမွာပိုၿပီးျဖစ္ေလ့ရွိပါတယ္ ။
ကုသမႈအေနနဲ႔ ေနေရာင္ခံ cream ေတြလိမ္းျခင္း ၊တတ္ႏိုင္သမွ် ေနရာင္ျခည္နဲ႔တိုက္႐ိုက္မထိေတြ႕ေအာင္ ေနျခင္း ၊အဝတ္အထည္ပြပြနဲ႔လက္ရွည္အက်ီမ်ားဝတ္ျခင္းေတြလိုအပ္ပါတယ္။
ဒီအေျခအေနအတြက္ေတာ့ ျမန္မာလိုနာမည္ေခၚရခက္ပါတယ္။ေမးေစ့နဲ႔ပါးေစာင္ေနရာေတြမွာပန္းေရာင္သန္းသို႔မဟုတိ ျဖဴေလ်ာ့တဲ့အကြက္ေတြ ျဖစ္လာျခင္းပါ။မ်ားေသာအားျဖင့္ ေျခာက္ေသြ႕ေလ့ရွိၿပီးထိလိုက္ရင္ ကြာက်တတ္ပါတယ္။ကေလးငယ္ေတြနဲ႔ ဆယ္ေက်ာ္သက္ေတြမွာပိုျဖစ္တတ္ပါတယ္
တခါတေလမွာႏွင္းခူနဲ႔တြဲၿပီးလည္း ျဖစ္တတ္ပါတယ္။အေထြအထူးကုသမႈမလိုပဲ ေပ်ာက္ကင္းတတ္သလို ျပန္လည္း ျဖစ္တတ္ပါတယ္။ကုသမႉအပိုင္းမွာေတာ့ moisturzing cream မ်ား ၊ စတီး႐ြိဳက္ လိမ္းေဆးေတြနဲ႔ ကုသႏိုင္ပါတယ္ ။
Dr.AKM #DrZiwaka #ေဒါက္တာဇီဝက
Unicode ဖြင့်ဖတ်ရန်
အရေပြားတွင် အဖြူကွက်ထရခြင်း အကြောင်းအရင်းနှင့် အတွက် ကုသရန် နည်းလမ်းများ
အရေပြားမှာအဖြူကွက်တွေဖြစ်လာရင်လူတွေကြောက်လန့်တတ်ပါတယ်။အထူးသဖြင့် မူရင်းအသားညိုတဲ့မြန်မာနိုင်ငံသားတွေမှာတော့အဖြူကွက်ကြီးကထင်းနေတတ်တဲ့အတွက်ကြိုက်နှစ်သက်ချင်းတော့မရှိပါဘူး။
တချို့ ကျန်းမာရေးအသိနည်းပါးတဲ့လူတွေဆိုရင်ဒါဟာကူးစက်တတ်တဲ့အနာကြီးရောဂါလိုအရေပြားရောဂါတစ်ခုလို့ထင်တတ်ကြပါတယ်။ဒီအတွက်လည်းအခုဆောင်းပါးကို ရေးဖြစ်တာပါ။
အရေပြားမှာအဖြူကွက်ထခြင်းကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ဒီဆောင်းပါးမှာ ဖော်ပြပေးမှာတွေကတော့
ညှင်း
အဖြူကွက်တွေကိုပန်းရောင်၊အနီရောင် အနားသတ်တွေနဲ့ ရှိနေတတ်တဲ့အခြေအနေတစ်ခုပါ။အထူးသဖြင့် နေလောင်ခံအရည်ပြားတွေမှာပိုထင်းနေတတ်ပါတယ်။ယားယံခြင်း ၊အရေပြားကွာခြင်း၊အရည်ပြားခြောက်သွေ့ခြင်းတို့ကြုံရတတ်ပါတယ်။မှိုကြောင့်ဖြစ်တတ်တယ်လို့ယူဆကြသူတွေရှိပေမဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့အတိအကျ မသိရသေးပါဘူး။
စစ်တမ်းတွေအရတော့ ချွေးအထွက်များခြင်း ၊အဆီပြန်ခြင်း၊ရာသီဥတုစိုစွတ်ခြင်း၊ခုခံ အားနည်းခြင်းတွေနဲ့သက်ဆိုင်တယ်လို့ဆိုကြပါတယ်။များသောအားဖြင့် စောစောသိပြီးကုသရင် ပျောက်ကင်းနိုင်ပါတယ်။မှိုကို ကုသတဲ့ဆေးတွေနဲ့ကုသလေ့ရှိပါတယ် ။
နှင်းခူ
ဓာတ်မတည့်ခြင်းနဲ့ယှဉ်တွဲပြီးဖြစ်တဲ့အရေပြားရောဂါတစ်ခုပါ။ယားယံပြီးအနီအဖုလေးတွေထနေတတ်ခြင်းကိုညှင်းခူလို့ ခေါ်ပါတယ်။တစ်ခါတလေမှာအဖြူဖတ်တွေပါ ပါနေတတ်ပြီးတော့မျက်နှာ၊ဦးခေါင်း၊ ခြေဆစ်လက်ဆစ်တွေမှာဖြစ်လေ့ရှိပါတယ်။
ယားယံတတ်တဲ့အတွက်ကုတ်ရင်းဖဲ့ရင်းကနေပွင့်ပြီးအနာဖြစ်တတ်ပါတယ်။ဒါပေမဲ့လည်းအရေပြားအကွက်ကအချိန်အများစုမှာ ခြောက်သွေ့နေလေ့ရှိပါတယ် ။ညှင်းခူကို လူကြီးတွေထက်ကလေးငယ်တွေမှာပိုတွေ့ရတတ်ပါတယ်။
ကုသမှုမှာတော့အရေပြားခြောက်သွေ့အောင်ထားခြင်း ၊ ရေအကြာကြီး စိမ်ချိုးခြင်းများကို ရှောင်ခြင်း ၊ဓာတုပစ္စည်းတွေကိုအသုံးမပြုခြင်း ၊ဓာတ်မတည့်သည်များကို ရှောင်ကြဉ်ခြင်းတွေလုပ်ရပါမယ်။လိုအပ်သလို ဆရာဝန်ညွန်ကြားတဲ့ cream တွေကိုလည်း လိမ်းရပါမယ် ။
ခရုသင်း
အသားရောင်ညိုမဲမှုအတွက်ခန္ဓာကိုယ်က melatonin ဆိုတဲ့ဓာတ်တွေကိုထုတ်ပါတယ်။အဆိုပါဓာတ်တွေကိုအရေပြားက မထုတ်တဲ့အခါမှာအသားတွေကွက်ပြီးုဖူ လာတတ်ပါတယ်။ထူးခြားချက်ကခန္ဓာကိုယ်တစ်ဖက်ခြမ်းမှာပဲ ဖြစ်တတ်ပါတယ်။
ဒူးဆစ်၊ လက်၊ဆံပင်တွေနဲ့လိင်အင်္ဂါနေရာတွေအပြင်ပါးစောင်နဲ့နှာခေါင်းနေရာတွေမှာဖြစ်တတ်ပါတယ်။ဘာကြောင့်ုဖစ်ရတာလဲဆိုတာကိုတော့ မသိသေးပါဘူးကုသမှူအနေနဲ့ကတော့ စတီးရွိုက်ဆေးများ ၊immunoglobulinကုထုံးနဲ့အလင်းကုထုံးတွေနဲ့ကုသတတ်ကြပါတယ် ။
နေလောင်ခြင်း
နေပူထဲအကြာကြီးထွက်ဖြစ်တဲ့အခါမှာခန္ဓာကိုယ်မှာအဖြူကွက်တွေ ဖြစ်တတ်ပါတယ် ။ အထူးသဖြင့်လက်မောင်းနဲ့ ခြေထောက်တွေမှာမနာကျင်တတ်တဲ့ နေလောင်ကွက်တွေဖြစ်တတ်ပါတယ် ။အမျိုးသားတွေ၊အသက်ကြီးတဲ့အမျိုးသမီးတွေထက်အမျိူးသမီးငယ်တွေမှာပိုပြီးဖြစ်လေ့ရှိပါတယ် ။
ကုသမှုအနေနဲ့ နေရောင်ခံ cream တွေလိမ်းခြင်း ၊တတ်နိုင်သမျှ နေရာင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင် နေခြင်း ၊အဝတ်အထည်ပွပွနဲ့လက်ရှည်အကျီများဝတ်ခြင်းတွေလိုအပ်ပါတယ်။
Pityriasis alba
ဒီအခြေအနေအတွက်တော့ မြန်မာလိုနာမည်ခေါ်ရခက်ပါတယ်။မေးစေ့နဲ့ပါးစောင်နေရာတွေမှာပန်းရောင်သန်းသို့မဟုတိ ဖြူလျော့တဲ့အကွက်တွေ ဖြစ်လာခြင်းပါ။များသောအားဖြင့် ခြောက်သွေ့လေ့ရှိပြီးထိလိုက်ရင် ကွာကျတတ်ပါတယ်။ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာပိုဖြစ်တတ်ပါတယ်
တခါတလေမှာနှင်းခူနဲ့တွဲပြီးလည်း ဖြစ်တတ်ပါတယ်။အထွေအထူးကုသမှုမလိုပဲ ပျောက်ကင်းတတ်သလို ပြန်လည်း ဖြစ်တတ်ပါတယ်။ကုသမှူအပိုင်းမှာတော့ moisturzing cream များ ၊ စတီးရွိုက် လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ် ။
Dr.AKM #DrZiwaka #ဒေါက်တာဇီဝက
မှတ်ချက်များ