မိန္းကေလးေတြ အသည္းကြဲတဲ့အခါ ေက်ာ္ျဖတ္ရတဲ့ အဆင့္ (၇)ဆင့္
Zawgyiျဖင့္ဖတ္ရန္
ေယာက်ာ္းေလးေတြနဲ႕ မိန္းကေလးေတြက ၾကံဳလာတဲ့ အျဖစ္အပ်က္ေတြကို ရင္ဆိုင္ပံု၊ ေျဖရွင္းပံု၊ တံု႕ျပန္ပံုခ်င္း မတူၾကတာေၾကာင့္ အသည္းကြဲတဲ့အခါမွာလည္း ေယာက်ာ္းေလးေတြနဲ႕ မိန္းကေလးေတြမတူကြဲျပားပါတယ္။ ေယာက်ာ္းေလးေတြက စစခ်င္းမွာ လမ္းခြဲရလို႕ ေပါ့ပါးလြတ္လပ္သြားသလို ခံစားရျပီး ေနာက္ၾကာလာမွာ တျဖည္းျဖည္းေနာင္တရလာတာမ်ိဳးပါ။ ဒါဆို မိန္းကေလးေတြကေရာ?? မိန္းကေလးေတြကေတာ့ ဒီလိုပါ …။
(၁) ျငင္းဆန္တယ္
စစခ်င္းမွာ ကိုယ္ခ်စ္တဲ့သူကို ဆံုးရံႈးလိုက္ရျပီဆိုတာကို လံုးဝလက္မခံနိုင္တာေၾကာင့္ ဒီအေျခအေန တကယ္ျဖစ္ေနတာမဟုတ္ဘူးလို႕ ကိုယ့္ကိုယ္ကိုျငင္းဆန္တယ္။ တကယ္ျပတ္သြားျပီလို႕လည္း လက္မခံေသးဘူး။ အရင္တုန္းကလိုပဲ သူ႕ဘက္က လာျပန္ေခ်ာ့ျပီး ျပန္အဆင္ေျပသြားဦးမွာပဲလို႕ ထင္ေနတယ္။
(၂) ျပန္နီးစပ္ခ်င္တယ္
တကယ္တမ္း ကိုယ္ထင္သလို မဟုတ္ဘဲ၊ အဆက္အသြယ္မရွိေတာ့တဲ့အခါ တကယ္ၾကီးျပတ္ျပီလားဆိုတဲ့ စိတ္နဲ႕ အထိတ္တလန္႕ျဖစ္ျပီး သူနဲ႕ျပန္နီးစပ္ခ်င္တဲ့ စိတ္ေတြျဖစ္လာတယ္။ ကိုယ့္ကိုယ္ကို အသံုးမက်တဲ့သူတစ္ေယာက္လို၊ တန္ဖိုးမဲ့တဲ့သူတစ္ေယာက္လို ခံစားခ်က္မ်ိဳးေတြျဖစ္လာတာလည္း ဒီအဆင့္မွာပါပဲ။
(၃) သူျပန္လာဖို႕ ဘာပဲလုပ္ရလုပ္ရဆိုတာမ်ိဳး
အဲ့ဒီလို ျပန္ျပီးနီးစပ္ခ်င္လာတဲ့အခါ ဘာကိုမွ မစဉ္းစားေတာ့ဘဲ သူကိုယ့္ဆီျပန္လာဖို႕ ဘာပဲလုပ္ရလုပ္ရ ဆိုတာမ်ိဳးျဖစ္လာပါတယ္။ အေရွ႕မွာ စိတ္ကို တင္းထားခဲ့သမွ် ဒီအဆင့္မွာ မက္ေဆ့ေတြ ဆက္တုိက္ပို႕တာမ်ိဳး၊ ကိုယ့္ဖုန္းတင္မက အေဖဖုန္း၊ အေမဖုန္း၊ သူငယ္ခ်င္းဖုန္းေတြနဲ႕ ဖုန္းဆက္တိုက္ေခၚတာမ်ိဳး၊ အတူတူသြားခဲ့ဖူးတဲ့ေနရာေတြကို သြားတာမ်ိဳးေတြလုပ္မိတတ္ၾကပါတယ္။
(၄) ေဒါသထြက္မယ္
သူကိုယ့္ဆီျပန္လာဖို႕ နည္းမ်ိဳးစံုနဲ႕ျပန္ၾကိဳးစားေပမယ့္ တကယ္တမ္းျပန္မလာတဲ့အခါ ေဒါသေတြ အဆံုးစြန္ထြက္လာပါလိမ့္မယ္။ ဒီအဆင့္မွာ ကိုယ့္ေဘးက လူေတြကို သူ႕ရဲ႕မေကာင္းေၾကာင္းေတြေျပာမိတာမ်ိဳး၊ ေအာက္ဖဲလွန္တာမ်ိဳးေတြ လုပ္မိတတ္ပါတယ္။ မိန္းကေလးတိုင္း ဒီလိုလုပ္တယ္မေျပာဘူးေနာ္၊ လုပ္မိနိုင္တယ္လို႕ေျပာတာ၊ သူ႕ကို ထိခိုက္ေစမယ့္ တျခားအရာေတြလည္း လုပ္နိုင္ပါေသးတယ္။
(၅) ျပန္သံုးသပ္မယ္
အေပၚက အဆင့္ေတြၾကံဳျပီးလို႕မွ သူနဲ႕ကိုယ္ျပန္အဆင္မေျပေတာ့ဘူးဆိုရင္ ကိုယ္ရွိန္သတ္ျပီး ဒီအခ်စ္ေရးနဲ႕ ပတ္သက္လို႕၊ ကိုယ့္ရဲ႕အေျခအေနနဲ႕ပတ္သက္လို႕ ေသခ်ာျပန္စဉ္းစားသံုးသပ္မယ္။ ဒီလို စဉ္းစားသံုးသပ္နိုင္တဲ့အဆင့္ကိုေရာက္လာရင္ေတာ့ အသည္းကြဲတာကိုေက်ာ္လြန္သြားျပီလို႕ေျပာလို႕ရပါတယ္။
(၆) လက္ခံမယ္
သူနဲ႕ကိုယ္နဲ႕ အဆင္မေျပေတာ့ဘူး၊ ေရွ႕ဆက္လို႕ မရေတာ့ဘူးဆိုတာကို ေသခ်ာနားလည္သြားျပီမို႕ ဒီအေျခအေနကို လက္ခံလုိက္ပါျပီ။ ဒီလိုလက္ခံျပီးသြားျပီဆိုရင္ေတာ့ တစ္ဖက္က ဘယ္ေလာက္ပဲျပန္ၾကိဳးစားၾကိဳးစား လံုးဝျပန္လက္ခံေတာ့မွာမဟုတ္ပါဘူး။
(၇) ေမွ်ာ္လင့္ခ်က္အသစ္ေတြျဖစ္လာမယ္
သူမရွိလည္း အဆင္ေျပတယ္ဆိုတာကိုေကာင္းေကာင္းသိသြားျပီ၊ ဖိစီးေလးလံေနတဲ့ ခံစားခ်က္ေတြ တျဖည္းျဖည္းေလ်ာ့ပါးေပ်ာက္ကြယ္လာျပီ၊ တစ္ေလာကလံုးမွာ တစ္ေယာက္တည္းရွိသလိုမ်ိဳး၊ ဘယ္ေနရာမွာမွ မသံုးမဝင္ေတာ့သလိုမ်ိဳး၊ တန္ဖိုးမရွိေတာ့သလို ခံစားရတာမ်ိဳးေတြလည္း တျဖည္းျဖည္းေပ်ာက္ကြယ္လာျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈပိုရွိလာျပီ။ ျပီးေတာ့ ေမွ်ာ္လင့္ခ်က္အသစ္ေတြျဖစ္လာျပီ၊ ကိုယ့္ကိုယ္ကိုျပန္လည္တည္ေဆာက္နိုင္လာျပီ။
MAY THAZINHTOO
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
မိန်းကလေးတွေ အသည်းကွဲတဲ့အခါ ကျော်ဖြတ်ရတဲ့ အဆင့် (၇)ဆင့်
ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေက ကြုံလာတဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ပုံ၊ ဖြေရှင်းပုံ၊ တုံ့ပြန်ပုံချင်း မတူကြတာကြောင့် အသည်းကွဲတဲ့အခါမှာလည်း ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေမတူကွဲပြားပါတယ်။ ယောကျာ်းလေးတွေက စစချင်းမှာ လမ်းခွဲရလို့ ပေါ့ပါးလွတ်လပ်သွားသလို ခံစားရပြီး နောက်ကြာလာမှာ တဖြည်းဖြည်းနောင်တရလာတာမျိုးပါ။ ဒါဆို မိန်းကလေးတွေကရော?? မိန်းကလေးတွေကတော့ ဒီလိုပါ …။
(၁) ငြင်းဆန်တယ်
စစချင်းမှာ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရပြီဆိုတာကို လုံးဝလက်မခံနိုင်တာကြောင့် ဒီအခြေအနေ တကယ်ဖြစ်နေတာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုငြင်းဆန်တယ်။ တကယ်ပြတ်သွားပြီလို့လည်း လက်မခံသေးဘူး။ အရင်တုန်းကလိုပဲ သူ့ဘက်က လာပြန်ချော့ပြီး ပြန်အဆင်ပြေသွားဦးမှာပဲလို့ ထင်နေတယ်။
(၂) ပြန်နီးစပ်ချင်တယ်
တကယ်တမ်း ကိုယ်ထင်သလို မဟုတ်ဘဲ၊ အဆက်အသွယ်မရှိတော့တဲ့အခါ တကယ်ကြီးပြတ်ပြီလားဆိုတဲ့ စိတ်နဲ့ အထိတ်တလန့်ဖြစ်ပြီး သူနဲ့ပြန်နီးစပ်ချင်တဲ့ စိတ်တွေဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူတစ်ယောက်လို၊ တန်ဖိုးမဲ့တဲ့သူတစ်ယောက်လို ခံစားချက်မျိုးတွေဖြစ်လာတာလည်း ဒီအဆင့်မှာပါပဲ။
(၃) သူပြန်လာဖို့ ဘာပဲလုပ်ရလုပ်ရဆိုတာမျိုး
အဲ့ဒီလို ပြန်ပြီးနီးစပ်ချင်လာတဲ့အခါ ဘာကိုမှ မစဉ်းစားတော့ဘဲ သူကိုယ့်ဆီပြန်လာဖို့ ဘာပဲလုပ်ရလုပ်ရ ဆိုတာမျိုးဖြစ်လာပါတယ်။ အရှေ့မှာ စိတ်ကို တင်းထားခဲ့သမျှ ဒီအဆင့်မှာ မက်ဆေ့တွေ ဆက်တိုက်ပို့တာမျိုး၊ ကိုယ့်ဖုန်းတင်မက အဖေဖုန်း၊ အမေဖုန်း၊ သူငယ်ချင်းဖုန်းတွေနဲ့ ဖုန်းဆက်တိုက်ခေါ်တာမျိုး၊ အတူတူသွားခဲ့ဖူးတဲ့နေရာတွေကို သွားတာမျိုးတွေလုပ်မိတတ်ကြပါတယ်။
(၄) ဒေါသထွက်မယ်
သူကိုယ့်ဆီပြန်လာဖို့ နည်းမျိုးစုံနဲ့ပြန်ကြိုးစားပေမယ့် တကယ်တမ်းပြန်မလာတဲ့အခါ ဒေါသတွေ အဆုံးစွန်ထွက်လာပါလိမ့်မယ်။ ဒီအဆင့်မှာ ကိုယ့်ဘေးက လူတွေကို သူ့ရဲ့မကောင်းကြောင်းတွေပြောမိတာမျိုး၊ အောက်ဖဲလှန်တာမျိုးတွေ လုပ်မိတတ်ပါတယ်။ မိန်းကလေးတိုင်း ဒီလိုလုပ်တယ်မပြောဘူးနော်၊ လုပ်မိနိုင်တယ်လို့ပြောတာ၊ သူ့ကို ထိခိုက်စေမယ့် တခြားအရာတွေလည်း လုပ်နိုင်ပါသေးတယ်။
(၅) ပြန်သုံးသပ်မယ်
အပေါ်က အဆင့်တွေကြုံပြီးလို့မှ သူနဲ့ကိုယ်ပြန်အဆင်မပြေတော့ဘူးဆိုရင် ကိုယ်ရှိန်သတ်ပြီး ဒီအချစ်ရေးနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်လို့ သေချာပြန်စဉ်းစားသုံးသပ်မယ်။ ဒီလို စဉ်းစားသုံးသပ်နိုင်တဲ့အဆင့်ကိုရောက်လာရင်တော့ အသည်းကွဲတာကိုကျော်လွန်သွားပြီလို့ပြောလို့ရပါတယ်။
(၆) လက်ခံမယ်
သူနဲ့ကိုယ်နဲ့ အဆင်မပြေတော့ဘူး၊ ရှေ့ဆက်လို့ မရတော့ဘူးဆိုတာကို သေချာနားလည်သွားပြီမို့ ဒီအခြေအနေကို လက်ခံလိုက်ပါပြီ။ ဒီလိုလက်ခံပြီးသွားပြီဆိုရင်တော့ တစ်ဖက်က ဘယ်လောက်ပဲပြန်ကြိုးစားကြိုးစား လုံးဝပြန်လက်ခံတော့မှာမဟုတ်ပါဘူး။
(၇) မျှော်လင့်ချက်အသစ်တွေဖြစ်လာမယ်
သူမရှိလည်း အဆင်ပြေတယ်ဆိုတာကိုကောင်းကောင်းသိသွားပြီ၊ ဖိစီးလေးလံနေတဲ့ ခံစားချက်တွေ တဖြည်းဖြည်းလျော့ပါးပျောက်ကွယ်လာပြီ၊ တစ်လောကလုံးမှာ တစ်ယောက်တည်းရှိသလိုမျိုး၊ ဘယ်နေရာမှာမှ မသုံးမဝင်တော့သလိုမျိုး၊ တန်ဖိုးမရှိတော့သလို ခံစားရတာမျိုးတွေလည်း တဖြည်းဖြည်းပျောက်ကွယ်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီ။ ပြီးတော့ မျှော်လင့်ချက်အသစ်တွေဖြစ်လာပြီ၊ ကိုယ့်ကိုယ်ကိုပြန်လည်တည်ဆောက်နိုင်လာပြီ။
MAY THAZINHTOO
Credit:Aunty May


မှတ်ချက်များ