၈ လ⁠ေက်ာ္အတြင္း ၁၃၆ ⁠ေပါင္က်သြားခဲ့သူ




Zawgyi ျဖင့္ဖတ္ရန္

ကြၽန္မနာမည္ Heather ပါ။ အသက္ ၂၄ ⁠ႏွစ္ရွိ⁠ၿပီး အရပ္ ၅ ⁠ေပ ၆ လက္မ ⁠ျမင့္ပါတယ္။ ဒီလို ၁၃၆ ⁠ေပါင္ မက်ခင္တုန္း ကကြၽန္မ ရဲ႕ကိုယ္အ⁠ေလးခ်ိန္က ၂၅၄ ⁠ေပါင္ရွိခဲ့ပါတယ္။

ဝိတ္⁠ေလွ်ာ့ဖို႔ဆုံး⁠ျဖတ္လိုက္⁠ျခင္း

ကြၽန္မမွာ ၂ ⁠ႏွစ္နဲ႔ ၄ ⁠ႏွစ္အ႐ြယ္ သား⁠ေလး ၂ ⁠ေယာက္ရွိပါတယ္။ ကြၽန္မသူတို႔⁠ေလး⁠ေတြနဲ႔မ⁠ေမာမပန္းဘဲ ⁠ေကာင္း⁠ေကာင္း⁠ေဆာ့ ခ်င္ပါတယ္။ ⁠ေနာက္⁠ၿပီး မွန္ထဲ⁠ၾကည့္မိရင္⁠ေတာင္ ကြၽန္မကိုယ္ကြၽန္မ မုန္းတဲ့ခံစားခ်က္ကို လည္း စိတ္ကုန္လာပါတယ္။ ဒီလိုနဲ႔ ⁠ေနလာရင္း တစ္မနက္ခင္းမွာ အိပ္ယာထဲက ထထခ်င္း ဝိတ္⁠ေလွ်ာ့ဖို႔ တစ္ခုခု ကိုကြၽန္မလုပ္သင့္⁠ၿပီဆိုတဲ့ အသိခ်က္ကနဲဝင္လာပါတယ္။ အဲဒီ⁠ေနာက္ပိုင္းမွာ ကြၽန္မ ဒီအသိစိတ္⁠ေလးကို အ⁠ၿမဲ⁠ႏွလုံးသြင္း⁠ျဖစ္⁠ၿပီး က်န္းမာလွပတဲ့ ဘဝတစ္ခုကို ဖန္တီးဖို႔ ကိုယ့္ကိုကိုယ္ တြန္းအား⁠ေပး⁠ျဖစ္ပါတယ္။

⁠ႀကိဳးစားခဲ့တဲ့ မ⁠ေမ့⁠ႏိုင္⁠ေန႔ရက္မ်ား

ပထမဆုံးအ⁠ေနနဲ႔ တစ္⁠ေန႔တာလုံးစားသမွ်ကို စာအုပ္တစ္အုပ္ထဲမွာ ဒိုင္ယာရီ⁠ေရးသလို ⁠ေရးမွတ္တဲ့ အက်င့္ ကိုပ်ိဳး⁠ေထာင္ခဲ့ ပါတယ္။ ⁠ေနာက္⁠ၿပီး တစ္ခါတည္း အမ်ား⁠ႀကီးစားတဲ့အက်င့္ကို ⁠ေရွာင္⁠ၿပီး က်န္းမာ⁠ေရးနဲ႔ညီၫြတ္တဲ့ အစားအစာ⁠ေတြကို နည္းနည္းနဲ႔ အ⁠ႀကိမ္⁠ေရမ်ားမ်ား စား⁠ေပးပါတယ္။ ⁠ေရကလြဲ⁠ၿပီး ဘာအခ်ိဳရည္မွ မ⁠ေသာက္ဘဲ⁠ေန ခဲ့ပါတယ္။ ⁠ေလ့က်င့္ ခန္းအ⁠ေနနဲ႔⁠ေတာ့ လမ္း⁠ေလွ်ာက္တာမ်ိဳးကစ⁠ၿပီးလုပ္ခဲ့ပါတယ္။ ⁠ေနာက္ပိုင္းမွအ⁠ေလး နဲ႔ ⁠ေလ့က်င့္တဲ့ ⁠ေလ့က်င့္ခန္းမ်ိဳးကို လုပ္ခဲ့ပါတယ္။

နာက်င္လည္း ⁠ေရွ႕ဆက္⁠ေလွ်ာက္ဆဲ

⁠ေလ့က်င့္ခန္းလုပ္⁠ေတာ့ ⁠ႂကြက္သား⁠ေတြ⁠ေရာင္⁠ၿပီး တစ္ကိုယ္လုံးကိုင္႐ိုက္ထားသလို နာက်င္ခဲ့ပါတယ္။ ပင္ ပန္း⁠ေပမယ့္ ကြၽန္မအားတင္း⁠ၿပီး ဆက္လုပ္ပါတယ္။ ဘာလို႔လဲဆို⁠ေတာ့ ပင္ပန္းတာနဲ႔ယွဥ္ရင္ ရလာတဲ့ရလဒ္က ကြၽန္မအတြက္ အရမ္းတန္ဖိုးရွိတာကိုး။ ပန္းတိုင္သို႔ ⁠ေရာက္ရွိ⁠ျခင္း⁠ေလ့က်င့္ခန္းလုပ္ရင္း လုပ္ရင္းနဲ႔ ၈ လ နည္းနည္း⁠ေက်ာ္လာ⁠ေတာ့ ၁၃၆ ⁠ေပါင္က်သြား⁠ၿပီး ကိုယ္အ⁠ေလးခ်ိန္ ၁၁၈ ⁠ေပါင္ပဲ က်န္ပါ⁠ေတာ့တယ္။ ကြၽန္မက ကိုယ္အ⁠ေလးခ်ိန္က်လြယ္ပါတယ္။ ဒါကလည္း အသက္ငယ္⁠ေသးလို႔ ⁠ျဖစ္ပါလိမ့္မယ္။ ⁠ေနာက္⁠ၿပီး ရ⁠ေအာင္လုပ္မယ္ဆိုတဲ့ စိတ္စြမ္းအင္ ⁠ေမြး⁠ျမဴထား⁠ႏိုင္တာရယ္၊ အခ်ိဳ⁠ေတြနဲ႔ ဝ⁠ေစ⁠ႏိုင္တဲ့ အစားအ⁠ေသာက္⁠ေတြအားလုံးကို ⁠ေဝး⁠ေဝးက⁠ေရွာင္⁠ႏိုင္တာရယ္⁠ေ⁠ၾကာင့္လဲ ဒီလို⁠ျမန္⁠ျမန္က်သြားတာလို႔ ယုံ⁠ၾကည္ပါ တယ္။

ဝိတ္ထိန္း⁠ျခင္း⁠ႏွင့္ ⁠ေ⁠ျပာင္းလဲလာ⁠ေသာ စိတ္ခံစားခ်က္

ကိုယ္အ⁠ေလးခ်ိန္ ၁၁၈ ⁠ေပါင္⁠ေရာက္⁠ၿပီး⁠ေပမယ့္ တစ္ပတ္ကို ၆ ရက္ တိတိ မပ်က္မကြက္ ⁠ေလ့က်င့္ခန္းသြား လုပ္ပါတယ္။ အရင္လို စိတ္ညစ္စရာ၊ စိတ္ရႈပ္စရာ၊ အားငယ္တာ၊ ရွက္တာ⁠ေတြ၊ ကိုယ့္ကိုကိုယ္ယုံ⁠ၾကည္မႈမရွိတာ⁠ေတြ အခုဆို ကြၽန္မ မွာမရွိ⁠ေတာ့ပါဘူး။ အားအင္⁠ေတြလည္း ပိုရွိလာ⁠ၿပီး က⁠ေလး⁠ေတြကို အ⁠ေကာင္းဆုံးပံ့ပိုး⁠ေပး⁠ႏိုင္တဲ့ အ⁠ေမတစ္⁠ေယာက္⁠ျဖစ္⁠ေန ပါ⁠ၿပီ။ ဝိတ္⁠ေလွ်ာ့⁠ႏိုင္ခဲ့တာ ကြၽန္မအတြက္ ကိုယ့္ဘာကိုယ္လုပ္⁠ေပး⁠ႏိုင္ခဲ့သမွ်ထဲမွာ အ⁠ေကာင္းဆုံး⁠ျဖစ္ပါတယ္။

အ⁠ျခားဝိတ္⁠ေလွ်ာ့ခဲ့သူမ်ား၏ ⁠ေအာင္⁠ျမင္မႈမ်ားက အားတစ္ခု⁠ျဖစ္ခဲ့ ဝိတ္⁠ေလွ်ာ့⁠ေနတုန္းက စိတ္ဓာတ္က်⁠ၿပီး ဆက္မလုပ္ခ်င္⁠ေတာ့ တဲ့ အခါမ်ိဳး⁠ေတြရွိခဲ့ပါတယ္။ အဲဒီလိုအခ််ိန္မွာ internet က⁠ေန⁠ၿပီး တ⁠ျခားသူ⁠ေတြရဲ႕ ⁠ႀကိဳးစား⁠ေအာင္⁠ျမင္ခဲ့တာ⁠ေတြကို ဖတ္⁠ၿပီး ကိုယ့္ကိုကိုယ္ စိတ္⁠ျပန္တက္⁠ႂကြလာ⁠ေအာင္ လုပ္ပါတယ္။ ဝိတ္⁠ေလွ်ာ့တယ္ဆိုတာ လြယ္တဲ့အလုပ္မဟုတ္တဲ့အတြက္ အပင္ပန္းခံဖို႔၊ ဇြဲရွိဖို႔၊ အ⁠ေရး⁠ႀကီး⁠ေ⁠ၾကာင္း ကိုယ့္ကိုကိုယ္ အ⁠ၿမဲသတိ⁠ေပး⁠ျဖစ္ပါတယ္။

ကြၽန္မလိုပဲ ဝိတ္က်ခ်င္တဲ့သူ⁠ေတြကို ⁠ေအာက္ပါနည္းလမ္း⁠ေတြလိုက္နာဖို႔ တိုက္တြန္းလိုပါတယ္။

၁။ စိတ္ရွည္ပါ၊ ရည္မွန္းခ်က္ပန္းတိုင္ထား⁠ၿပီး တဆင့္ခ်င္း လွမ္းတက္ပါ။

၂။ လႈပ္ရွားမႈ⁠ၾကမ္း⁠ၾကမ္း⁠ေတြက အ႐ိုး၊ အဆစ္ နဲ႔ ⁠ႂကြက္သား⁠ေတြကို အနာတရ⁠ျဖစ္⁠ေစပါတယ္။ ဒါ⁠ေ⁠ၾကာင့္ ⁠ေပ်ာ့⁠ေပ်ာင္းတဲ့ ⁠ေလ့က်င့္ခန္း⁠ေတြက⁠ေနစ⁠ၿပီး လုပ္⁠ေဆာင္⁠ၿပီးမွ တ⁠ျဖည္း⁠ျဖည္းတိုး⁠ၿပီး လုပ္သြားပါ။

၃။ အဆီ⁠ေလာင္ကြၽမ္း⁠ေစမယ့္ အစားအ⁠ေသာက္⁠ေတြ⁠ေ႐ြးခ်ယ္ စား⁠ေသာက္ပါ။

၄။ တစ္ခါစားနည္းနည္းနဲ႔ တစ္⁠ေန႔မွာ ၅ – ၆ ⁠ႀကိမ္စားပါ။ ည ၈ နာရီ⁠ေနာက္ပိုင္း ဘာမွမစားပါနဲ႔။ ဝိတ္တက္ လာမွာဆိုး⁠ၿပီး အစာမစားဘဲမ⁠ေနပါနဲ႔။ အထူးသ⁠ျဖင့္ မနက္စာမစားဘဲ မ⁠ေနပါနဲ႔။

၅။ အဆီနည္း အသား၊ ⁠ေပါင္မုန႔္ညိဳ၊ ပဲအမ်ိဳးမ်ိဳး၊ ဟင္း⁠ႏု⁠ႏြယ္ စတဲ့ အာဟာရဓာတ္⁠ျပည့္ဝတဲ့ အစားအစာ⁠ေတြ ကိုစားပါ။ ပ႐ိုတင္းဓာတ္⁠ႂကြယ္ဝတဲ့ အစားအ⁠ေသာက္⁠ေတြကို မ်ားမ်ားစား⁠ေပးရင္ ဗိုက္⁠ၾကာ⁠ၾကာ⁠ျပည့္⁠ေစတဲ့အတြက္ အလြန္အကြၽံစား⁠ျဖစ္တာကို ကာကြယ္ရာ⁠ေရာက္ပါတယ္။ ဆီ⁠ေ⁠ၾကာ္⁠ေတြ၊ အ⁠ျမန္စာ⁠ေတြ စားတာကို⁠ေရွာင္⁠ၾကဥ္ပါ။

၆။ ⁠ေရမ်ားမ်ား⁠ေသာက္ပါ။ ⁠ေရ⁠ေသာက္⁠ျခင္းဟာ ဆာ⁠ေလာင္မႈကို ⁠ေ⁠ျပ⁠ေပ်ာက္⁠ေစ႐ုံသာမက အသားအ⁠ေရ ⁠ၾကည္လင္⁠ေစ⁠ၿပီး ခ⁠ႏၶာကိုယ္ထဲက အဆိပ္အ⁠ေတာက္⁠ေတြကို ကင္းစင္⁠ေစပါတယ္။

၇။ ⁠ေန႔ရက္တိုင္းကို ⁠ေပ်ာ္႐ႊင္မႈမ်ား⁠ႏွင့္စတင္ပါ။ ⁠ေပ်ာ္စရာ⁠ေကာင္းတဲ့ အ⁠ေတြး⁠ေတြကိုပဲ ⁠ေခါင္းထဲမွာထားပါ။

Credit – drmyanmar.com




Unicode ဖြင့်ဖတ်ရန်

၈ လ⁠ကျော်အတွင်း ၁၃၆ ⁠ပေါင်ကျသွားခဲ့သူ




ကျွန်မနာမည် Heather ပါ။ အသက် ၂၄ ⁠နှစ်ရှိ⁠ပြီး အရပ် ၅ ⁠ပေ ၆ လက်မ ⁠မြင့်ပါတယ်။ ဒီလို ၁၃၆ ⁠ပေါင် မကျခင်တုန်း ကကျွန်မ ရဲ့ကိုယ်အ⁠လေးချိန်က ၂၅၄ ⁠ပေါင်ရှိခဲ့ပါတယ်။

ဝိတ်⁠လျှော့ဖို့ဆုံး⁠ဖြတ်လိုက်⁠ခြင်း

ကျွန်မမှာ ၂ ⁠နှစ်နဲ့ ၄ ⁠နှစ်အရွယ် သား⁠လေး ၂ ⁠ယောက်ရှိပါတယ်။ ကျွန်မသူတို့⁠လေး⁠တွေနဲ့မ⁠မောမပန်းဘဲ ⁠ကောင်း⁠ကောင်း⁠ဆော့ ချင်ပါတယ်။ ⁠နောက်⁠ပြီး မှန်ထဲ⁠ကြည့်မိရင်⁠တောင် ကျွန်မကိုယ်ကျွန်မ မုန်းတဲ့ခံစားချက်ကို လည်း စိတ်ကုန်လာပါတယ်။ ဒီလိုနဲ့ ⁠နေလာရင်း တစ်မနက်ခင်းမှာ အိပ်ယာထဲက ထထချင်း ဝိတ်⁠လျှော့ဖို့ တစ်ခုခု ကိုကျွန်မလုပ်သင့်⁠ပြီဆိုတဲ့ အသိချက်ကနဲဝင်လာပါတယ်။ အဲဒီ⁠နောက်ပိုင်းမှာ ကျွန်မ ဒီအသိစိတ်⁠လေးကို အ⁠မြဲ⁠နှလုံးသွင်း⁠ဖြစ်⁠ပြီး ကျန်းမာလှပတဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ ကိုယ့်ကိုကိုယ် တွန်းအား⁠ပေး⁠ဖြစ်ပါတယ်။

⁠ကြိုးစားခဲ့တဲ့ မ⁠မေ့⁠နိုင်⁠နေ့ရက်များ

ပထမဆုံးအ⁠နေနဲ့ တစ်⁠နေ့တာလုံးစားသမျှကို စာအုပ်တစ်အုပ်ထဲမှာ ဒိုင်ယာရီ⁠ရေးသလို ⁠ရေးမှတ်တဲ့ အကျင့် ကိုပျိုး⁠ထောင်ခဲ့ ပါတယ်။ ⁠နောက်⁠ပြီး တစ်ခါတည်း အများ⁠ကြီးစားတဲ့အကျင့်ကို ⁠ရှောင်⁠ပြီး ကျန်းမာ⁠ရေးနဲ့ညီညွတ်တဲ့ အစားအစာ⁠တွေကို နည်းနည်းနဲ့ အ⁠ကြိမ်⁠ရေများများ စား⁠ပေးပါတယ်။ ⁠ရေကလွဲ⁠ပြီး ဘာအချိုရည်မှ မ⁠သောက်ဘဲ⁠နေ ခဲ့ပါတယ်။ ⁠လေ့ကျင့် ခန်းအ⁠နေနဲ့⁠တော့ လမ်း⁠လျှောက်တာမျိုးကစ⁠ပြီးလုပ်ခဲ့ပါတယ်။ ⁠နောက်ပိုင်းမှအ⁠လေး နဲ့ ⁠လေ့ကျင့်တဲ့ ⁠လေ့ကျင့်ခန်းမျိုးကို လုပ်ခဲ့ပါတယ်။

နာကျင်လည်း ⁠ရှေ့ဆက်⁠လျှောက်ဆဲ

⁠လေ့ကျင့်ခန်းလုပ်⁠တော့ ⁠ကြွက်သား⁠တွေ⁠ရောင်⁠ပြီး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်ခဲ့ပါတယ်။ ပင် ပန်း⁠ပေမယ့် ကျွန်မအားတင်း⁠ပြီး ဆက်လုပ်ပါတယ်။ ဘာလို့လဲဆို⁠တော့ ပင်ပန်းတာနဲ့ယှဉ်ရင် ရလာတဲ့ရလဒ်က ကျွန်မအတွက် အရမ်းတန်ဖိုးရှိတာကိုး။ ပန်းတိုင်သို့ ⁠ရောက်ရှိ⁠ခြင်း⁠လေ့ကျင့်ခန်းလုပ်ရင်း လုပ်ရင်းနဲ့ ၈ လ နည်းနည်း⁠ကျော်လာ⁠တော့ ၁၃၆ ⁠ပေါင်ကျသွား⁠ပြီး ကိုယ်အ⁠လေးချိန် ၁၁၈ ⁠ပေါင်ပဲ ကျန်ပါ⁠တော့တယ်။ ကျွန်မက ကိုယ်အ⁠လေးချိန်ကျလွယ်ပါတယ်။ ဒါကလည်း အသက်ငယ်⁠သေးလို့ ⁠ဖြစ်ပါလိမ့်မယ်။ ⁠နောက်⁠ပြီး ရ⁠အောင်လုပ်မယ်ဆိုတဲ့ စိတ်စွမ်းအင် ⁠မွေး⁠မြူထား⁠နိုင်တာရယ်၊ အချို⁠တွေနဲ့ ဝ⁠စေ⁠နိုင်တဲ့ အစားအ⁠သောက်⁠တွေအားလုံးကို ⁠ဝေး⁠ဝေးက⁠ရှောင်⁠နိုင်တာရယ်⁠ေ⁠ကြာင့်လဲ ဒီလို⁠မြန်⁠မြန်ကျသွားတာလို့ ယုံ⁠ကြည်ပါ တယ်။

ဝိတ်ထိန်း⁠ခြင်း⁠နှင့် ⁠ေ⁠ပြာင်းလဲလာ⁠သော စိတ်ခံစားချက်

ကိုယ်အ⁠လေးချိန် ၁၁၈ ⁠ပေါင်⁠ရောက်⁠ပြီး⁠ပေမယ့် တစ်ပတ်ကို ၆ ရက် တိတိ မပျက်မကွက် ⁠လေ့ကျင့်ခန်းသွား လုပ်ပါတယ်။ အရင်လို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ အားငယ်တာ၊ ရှက်တာ⁠တွေ၊ ကိုယ့်ကိုကိုယ်ယုံ⁠ကြည်မှုမရှိတာ⁠တွေ အခုဆို ကျွန်မ မှာမရှိ⁠တော့ပါဘူး။ အားအင်⁠တွေလည်း ပိုရှိလာ⁠ပြီး က⁠လေး⁠တွေကို အ⁠ကောင်းဆုံးပံ့ပိုး⁠ပေး⁠နိုင်တဲ့ အ⁠မေတစ်⁠ယောက်⁠ဖြစ်⁠နေ ပါ⁠ပြီ။ ဝိတ်⁠လျှော့⁠နိုင်ခဲ့တာ ကျွန်မအတွက် ကိုယ့်ဘာကိုယ်လုပ်⁠ပေး⁠နိုင်ခဲ့သမျှထဲမှာ အ⁠ကောင်းဆုံး⁠ဖြစ်ပါတယ်။

အ⁠ခြားဝိတ်⁠လျှော့ခဲ့သူများ၏ ⁠အောင်⁠မြင်မှုများက အားတစ်ခု⁠ဖြစ်ခဲ့ ဝိတ်⁠လျှော့⁠နေတုန်းက စိတ်ဓာတ်ကျ⁠ပြီး ဆက်မလုပ်ချင်⁠တော့ တဲ့ အခါမျိုး⁠တွေရှိခဲ့ပါတယ်။ အဲဒီလိုအချျိန်မှာ internet က⁠နေ⁠ပြီး တ⁠ခြားသူ⁠တွေရဲ့ ⁠ကြိုးစား⁠အောင်⁠မြင်ခဲ့တာ⁠တွေကို ဖတ်⁠ပြီး ကိုယ့်ကိုကိုယ် စိတ်⁠ပြန်တက်⁠ကြွလာ⁠အောင် လုပ်ပါတယ်။ ဝိတ်⁠လျှော့တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် အပင်ပန်းခံဖို့၊ ဇွဲရှိဖို့၊ အ⁠ရေး⁠ကြီး⁠ေ⁠ကြာင်း ကိုယ့်ကိုကိုယ် အ⁠မြဲသတိ⁠ပေး⁠ဖြစ်ပါတယ်။

ကျွန်မလိုပဲ ဝိတ်ကျချင်တဲ့သူ⁠တွေကို ⁠အောက်ပါနည်းလမ်း⁠တွေလိုက်နာဖို့ တိုက်တွန်းလိုပါတယ်။

၁။ စိတ်ရှည်ပါ၊ ရည်မှန်းချက်ပန်းတိုင်ထား⁠ပြီး တဆင့်ချင်း လှမ်းတက်ပါ။

၂။ လှုပ်ရှားမှု⁠ကြမ်း⁠ကြမ်း⁠တွေက အရိုး၊ အဆစ် နဲ့ ⁠ကြွက်သား⁠တွေကို အနာတရ⁠ဖြစ်⁠စေပါတယ်။ ဒါ⁠ေ⁠ကြာင့် ⁠ပျော့⁠ပျောင်းတဲ့ ⁠လေ့ကျင့်ခန်း⁠တွေက⁠နေစ⁠ပြီး လုပ်⁠ဆောင်⁠ပြီးမှ တ⁠ဖြည်း⁠ဖြည်းတိုး⁠ပြီး လုပ်သွားပါ။

၃။ အဆီ⁠လောင်ကျွမ်း⁠စေမယ့် အစားအ⁠သောက်⁠တွေ⁠ရွေးချယ် စား⁠သောက်ပါ။

၄။ တစ်ခါစားနည်းနည်းနဲ့ တစ်⁠နေ့မှာ ၅ – ၆ ⁠ကြိမ်စားပါ။ ည ၈ နာရီ⁠နောက်ပိုင်း ဘာမှမစားပါနဲ့။ ဝိတ်တက် လာမှာဆိုး⁠ပြီး အစာမစားဘဲမ⁠နေပါနဲ့။ အထူးသ⁠ဖြင့် မနက်စာမစားဘဲ မ⁠နေပါနဲ့။

၅။ အဆီနည်း အသား၊ ⁠ပေါင်မုန့်ညို၊ ပဲအမျိုးမျိုး၊ ဟင်း⁠နု⁠နွယ် စတဲ့ အာဟာရဓာတ်⁠ပြည့်ဝတဲ့ အစားအစာ⁠တွေ ကိုစားပါ။ ပရိုတင်းဓာတ်⁠ကြွယ်ဝတဲ့ အစားအ⁠သောက်⁠တွေကို များများစား⁠ပေးရင် ဗိုက်⁠ကြာ⁠ကြာ⁠ပြည့်⁠စေတဲ့အတွက် အလွန်အကျွံစား⁠ဖြစ်တာကို ကာကွယ်ရာ⁠ရောက်ပါတယ်။ ဆီ⁠ေ⁠ကြာ်⁠တွေ၊ အ⁠မြန်စာ⁠တွေ စားတာကို⁠ရှောင်⁠ကြဉ်ပါ။

၆။ ⁠ရေများများ⁠သောက်ပါ။ ⁠ရေ⁠သောက်⁠ခြင်းဟာ ဆာ⁠လောင်မှုကို ⁠ေ⁠ပြ⁠ပျောက်⁠စေရုံသာမက အသားအ⁠ရေ ⁠ကြည်လင်⁠စေ⁠ပြီး ခ⁠န္ဓာကိုယ်ထဲက အဆိပ်အ⁠တောက်⁠တွေကို ကင်းစင်⁠စေပါတယ်။

၇။ ⁠နေ့ရက်တိုင်းကို ⁠ပျော်ရွှင်မှုများ⁠နှင့်စတင်ပါ။ ⁠ပျော်စရာ⁠ကောင်းတဲ့ အ⁠တွေး⁠တွေကိုပဲ ⁠ခေါင်းထဲမှာထားပါ။

Credit – drmyanmar.com

မှတ်ချက်များ