ေလးတန္းေလာက္ကတည္းက ကြဲကြာေနတဲ့ ဖခင္ရဲ႕ဆက္သြယ္မႈကို ေမွ်ာ္လင့္ေနတဲ့ ျမန္မာအိုင္ေဒါက ထက္အၪၨလီ


Zawgyiျဖင့္ဖတ္ရန္

ျမန္မာအိုင္ေဒါမွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ လြိဳင္ေကာ္သူ ကယားမေလး ထက္အၪၨလီဟာ  ျမန္မာအိုင္ေဒါ Season 4 ရဲ႕ Top Finalist (၁၁) ေယာက္မွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသမီး အဆိုရွင္ တစ္ဦးျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္က ဖခင္ျဖစ္သူ နဲ႔ကြဲကြာခဲ့ရၿပီး ယခုအခါမွာ ဖခင္ျဖစ္သူနဲ႔ ျပန္လည္ဆုံေတြ႕လိုေနၿပီး ဖခင္ျဖစ္သူထံမွ အဆက္အသြယ္ ရဖို႔ေမွ်ာ္လင့္ေနပါတယ္။

ျမန္မာအိုင္ေဒါ Season 4 ရဲ႕ ဒုတိယေျမာက္အပါတ္ရဲ႕ ပါဝင္ယွဥ္ၿပိဳင္မႈ မစခင္မွာ သူမက  ‘ အေဖနဲ႔က ေတာ့ အဆက္အသြယ္ေတာ့ မရွိေတာ့ပါဘူး ။ ေလးတန္းေလာက္မွာ စတင္ၿပီး ခြဲခြာေနခဲ့တာ..။ သမီးကို လာေတြ႕ႏိုင္မယ္လို႔ ယုံၾကည့္ပါတယ္။ ပါးပါးနဲ႔လည္း ေတြ႕ခ်င္တယ္။ ညီမေလးကလည္း ပါးပါးကို လြမ္းေနတယ္ ။ သမီးကို ဆက္သြယ္ေပးပါ ’ လို႔ ဝမ္းနည္း မ်က္ရည္က်ကာ ေျပာဆိုခဲ့ပါတယ္။

ထက္အၪၨလီဟာ ျမန္မာအိုင္ေဒါ Season 4 ရဲ႕ Second Week မွာ နာမည္ေက်ာ္ အဆိုေတာ္ မဆုန္သင္းပါ ရဲ႕ ‘ရပါတယ္’ဆိုတဲ့ သီခ်င္းကို သီဆိုခဲ့ၿပီး  ပရိတ္သတ္ေတြနဲ႔ ဒိုင္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။

ထက္အၪၨလီဟာ Make Up Artist တစ္ေယာက္အျဖစ္နဲ႔အသက္ေမြးဝမ္းေက်ာင္းျပဳေနၿပီး သူမဝါသနာပါတဲ့ အဆိုေတာ္ ျဖစ္ဖို႔ ေျခလွမ္းေတြကိုလည္း စတင္ေနပါၿပီ။

သူမကို အားေပးတဲ့ ပရိတ္သတ္ေတြလည္း အမ်ားႀကီးရွိေနၿပီး ျမန္မာအိုင္ေဒါ ေနာက္တစ္ဆင့္ တစ္ဆင့္ကို တက္လွမ္းႏိုင္ပါေစ။ ေနာက္ သူမခ်စ္ရတဲ့ ဖခင္ျဖစ္သူနဲ႔ မၾကာခင္မွာ ျပန္ဆုံေတြ႕ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:(ပိုပိုေလး)

Unicodeဖြင့်ဖတ်ရန်

လေးတန်းလောက်ကတည်းက ကွဲကွာနေတဲ့ ဖခင်ရဲ့ဆက်သွယ်မှုကို မျှော်လင့်နေတဲ့ မြန်မာအိုင်ဒေါက ထက်အဉ္ဇလီ

မြန်မာအိုင်ဒေါမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လွိုင်ကော်သူ ကယားမလေး ထက်အဉ္ဇလီဟာ  မြန်မာအိုင်ဒေါ Season 4 ရဲ့ Top Finalist (၁၁) ယောက်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး အဆိုရှင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်က ဖခင်ဖြစ်သူ နဲ့ကွဲကွာခဲ့ရပြီး ယခုအခါမှာ ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့လိုနေပြီး ဖခင်ဖြစ်သူထံမှ အဆက်အသွယ် ရဖို့မျှော်လင့်နေပါတယ်။

မြန်မာအိုင်ဒေါ Season 4 ရဲ့ ဒုတိယမြောက်အပါတ်ရဲ့ ပါဝင်ယှဉ်ပြိုင်မှု မစခင်မှာ သူမက  ‘ အဖေနဲ့က တော့ အဆက်အသွယ်တော့ မရှိတော့ပါဘူး ။ လေးတန်းလောက်မှာ စတင်ပြီး ခွဲခွာနေခဲ့တာ..။ သမီးကို လာတွေ့နိုင်မယ်လို့ ယုံကြည့်ပါတယ်။ ပါးပါးနဲ့လည်း တွေ့ချင်တယ်။ ညီမလေးကလည်း ပါးပါးကို လွမ်းနေတယ် ။ သမီးကို ဆက်သွယ်ပေးပါ ’ လို့ ဝမ်းနည်း မျက်ရည်ကျကာ ပြောဆိုခဲ့ပါတယ်။

ထက်အဉ္ဇလီဟာ မြန်မာအိုင်ဒေါ Season 4 ရဲ့ Second Week မှာ နာမည်ကျော် အဆိုတော် မဆုန်သင်းပါ ရဲ့ ‘ရပါတယ်’ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပြီး  ပရိတ်သတ်တွေနဲ့ ဒိုင်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

ထက်အဉ္ဇလီဟာ Make Up Artist တစ်ယောက်အဖြစ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေပြီး သူမဝါသနာပါတဲ့ အဆိုတော် ဖြစ်ဖို့ ခြေလှမ်းတွေကိုလည်း စတင်နေပါပြီ။

သူမကို အားပေးတဲ့ ပရိတ်သတ်တွေလည်း အများကြီးရှိနေပြီး မြန်မာအိုင်ဒေါ နောက်တစ်ဆင့် တစ်ဆင့်ကို တက်လှမ်းနိုင်ပါစေ။ နောက် သူမချစ်ရတဲ့ ဖခင်ဖြစ်သူနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:(ပိုပိုလေး)

မှတ်ချက်များ