အြန္လိုင္းမွာ ရာဂစိတ္ကို အစာေကြၽးဖို႔ သမီးငယ္ေလးကို ေရာင္းစားတဲ့ ဖခင္




Zawgyi ျဖင့္ဖတ္ရန္

အင္တာနက္ဆိုတဲ့ နည္းပညာႀကီး အရွိန္အဟုန္နဲ႔ တိုးတက္လာၿပီးတဲ့ေနာက္မွာ လူသားေတြရဲ႕ က်င့္ဝတ္ေတြ ေစာင့္ထိန္းအပ္တာေတြ၊ ခ်စ္ျခင္းေမတၱာေတြ၊ တန္ဖိုးထားတတ္မႈေတြ အားလုံးဟာ ေျပာင္းျပန္အခ်ိဳးက်ၿပီး လူမႈဘဝရဲ႕ က႑တိုင္းမွာ ဆုတ္ယုတ္ပ်က္ဆီးလာေနပါတယ္။

တ႐ုတ္ႏိုင္ငံ ဖူဂ်ီယန္စီရင္စုက ဖခင္တစ္ဦးဟာ သူ႔ရဲ႕ သမီးငယ္ေလးကို အြန္လိုင္းကေနတစ္ဆင့္ အျခားလင္မယားစုံတြဲကို တ႐ုတ္ယြမ္ ၈၀၀,၀၀၀ (က်ပ္သိန္း ၁၇၀ ေက်ာ္) နဲ႔ ေရာင္းစားခဲ့ပါတယ္။ သူဟာ ဘာေၾကာင့္မ်ား ဒီေလာက္မ်ားတဲ့ ပိုက္ဆံေတြကို ေသေရးရွင္ေရး လိုေနတာပါလိမ့္..?



သမီးေလးကို ေရာင္းခ်ရာက ရလာတဲ့ ပိုက္ဆံေတြကို အြန္လိုင္းေပၚက ေပ်ာ္ေတာ္ဆက္ ေဖာ္ခြၽတ္မယ္ေတြကို ပိုက္ဆံေပးၿပီး စိတ္ႀကိဳက္ၾကည့္ႏိုင္ဖို႔ အသုံးျပဳခဲ့ပါတယ္။ အစပိုင္းမွာ အားလုံးအဆင္ေျပေျပရွိေနခဲ့ေပမယ့္ ကေလးကို ဝယ္သြားခဲ့တဲ့ လင္မယားက ကေလးအတြက္ မွတ္ပုံတင္ေလွ်ာက္တဲ့အခ်ိန္မွာ ေမြးစာရင္းအတု သုံးခဲ့တာေၾကာင့္ အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြလုပ္ခဲ့ရာမွ အျဖစ္မွန္ေတြေပၚလာခဲ့ပါတယ္။




ကေလးရဲ႕ဖခင္ျဖစ္တဲ့ ‘မစၥတာလု’ ဆိုသူဟာ ၾကားပြဲစားႏွစ္ေယာက္ကေနတစ္ဆင့္ ၂၀၁၇ ခုႏွစ္တုန္းက သားေလးေပ်ာက္ဆုံးသြားလို႔ ပူေဆြးေသာကေရာက္ေနတဲ့ ဇနီးေမာင္ႏွံနဲ႔ အြန္လိုင္းေပၚမွာ ခ်ိပ္ဆက္မိခဲ့ပါတယ္။ သူ႔အေနနဲ႔လည္း ဇနီးသည္ အိမ္ကေနထြက္သြားၿပီး ျပန္ေရာက္မလာေတာ့တဲ့အတြက္ သမီးေလးကို ေစာင့္ေရွာက္ဖို႔ အခက္ႀကဳံေနေၾကာင္း ထိုလင္မယားကို ေျပာဆိုခဲ့ပါတယ္။ အဲဒီေနာက္ ႏွစ္ဖက္ သေဘာတူညီခ်က္နဲ႔ ယြမ္ ၈၀၀,၀၀၀ ေပးကာ ကေလးအၿပီးအပိုင္ေမြးစားခြင့္ျပဳေၾကာင္း စာခ်ဳပ္မွာ လက္မွတ္ထိုးေပးလိုက္ၿပီး ကေလးကိုပါ ေပးခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ “မစၥတာလု” ဟာ ေဖာ္ခြၽတ္မယ္ေတြကို စြဲလမ္းတပ္မက္တဲ့စိတ္နဲ႔ ကိုယ့္ကေလးကို ေရာင္းစားတဲ့ လူကုန္ကူးမႈနဲ႔ တရားဆြဲခံထားရပါတယ္။ ကေလးကိုေတာ့ ဘယ္သူေတြက ေစာင့္ေရွာက္ေပးထားလည္းဆိုတာကိုေတာ့ ရွင္းလင္းစြာ မသိရွိရပါဘူး။ ကံေကာင္းရင္ေတာ့ သူ႔ရဲ႕ေမြးစား မိဘေတြကပဲ ဆက္လက္ ေမြးစားခြင့္ ရေကာင္းရသြားႏိုင္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အွန်လိုင်းမှာ ရာဂစိတ်ကို အစာကျွေးဖို့ သမီးငယ်လေးကို ရောင်းစားတဲ့ ဖခင်



အင်တာနက်ဆိုတဲ့ နည်းပညာကြီး အရှိန်အဟုန်နဲ့ တိုးတက်လာပြီးတဲ့နောက်မှာ လူသားတွေရဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းအပ်တာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တန်ဖိုးထားတတ်မှုတွေ အားလုံးဟာ ပြောင်းပြန်အချိုးကျပြီး လူမှုဘဝရဲ့ ကဏ္ဍတိုင်းမှာ ဆုတ်ယုတ်ပျက်ဆီးလာနေပါတယ်။

တရုတ်နိုင်ငံ ဖူဂျီယန်စီရင်စုက ဖခင်တစ်ဦးဟာ သူ့ရဲ့ သမီးငယ်လေးကို အွန်လိုင်းကနေတစ်ဆင့် အခြားလင်မယားစုံတွဲကို တရုတ်ယွမ် ၈၀၀,၀၀၀ (ကျပ်သိန်း ၁၇၀ ကျော်) နဲ့ ရောင်းစားခဲ့ပါတယ်။ သူဟာ ဘာကြောင့်များ ဒီလောက်များတဲ့ ပိုက်ဆံတွေကို သေရေးရှင်ရေး လိုနေတာပါလိမ့်..?



သမီးလေးကို ရောင်းချရာက ရလာတဲ့ ပိုက်ဆံတွေကို အွန်လိုင်းပေါ်က ပျော်တော်ဆက် ဖော်ချွတ်မယ်တွေကို ပိုက်ဆံပေးပြီး စိတ်ကြိုက်ကြည့်နိုင်ဖို့ အသုံးပြုခဲ့ပါတယ်။ အစပိုင်းမှာ အားလုံးအဆင်ပြေပြေရှိနေခဲ့ပေမယ့် ကလေးကို ဝယ်သွားခဲ့တဲ့ လင်မယားက ကလေးအတွက် မှတ်ပုံတင်လျှောက်တဲ့အချိန်မှာ မွေးစာရင်းအတု သုံးခဲ့တာကြောင့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှ အဖြစ်မှန်တွေပေါ်လာခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်တဲ့ ‘မစ္စတာလု’ ဆိုသူဟာ ကြားပွဲစားနှစ်ယောက်ကနေတစ်ဆင့် ၂၀၁၇ ခုနှစ်တုန်းက သားလေးပျောက်ဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ ဇနီးမောင်နှံနဲ့ အွန်လိုင်းပေါ်မှာ ချိပ်ဆက်မိခဲ့ပါတယ်။ သူ့အနေနဲ့လည်း ဇနီးသည် အိမ်ကနေထွက်သွားပြီး ပြန်ရောက်မလာတော့တဲ့အတွက် သမီးလေးကို စောင့်ရှောက်ဖို့ အခက်ကြုံနေကြောင်း ထိုလင်မယားကို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် သဘောတူညီချက်နဲ့ ယွမ် ၈၀၀,၀၀၀ ပေးကာ ကလေးအပြီးအပိုင်မွေးစားခွင့်ပြုကြောင်း စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပြီး ကလေးကိုပါ ပေးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ “မစ္စတာလု” ဟာ ဖော်ချွတ်မယ်တွေကို စွဲလမ်းတပ်မက်တဲ့စိတ်နဲ့ ကိုယ့်ကလေးကို ရောင်းစားတဲ့ လူကုန်ကူးမှုနဲ့ တရားဆွဲခံထားရပါတယ်။ ကလေးကိုတော့ ဘယ်သူတွေက စောင့်ရှောက်ပေးထားလည်းဆိုတာကိုတော့ ရှင်းလင်းစွာ မသိရှိရပါဘူး။ ကံကောင်းရင်တော့ သူ့ရဲ့မွေးစား မိဘတွေကပဲ ဆက်လက် မွေးစားခွင့် ရကောင်းရသွားနိုင်ပါတယ်။

Credit : popolay


မှတ်ချက်များ