လူေတြဟာ လူအခ်င္းခ်င္းထက္ တိရစာၦန္ေတြကို ပိုခ်စ္တတ္ၾကေၾကာင္း ေလ့လာေတြ႔ရွိ
Zawgyiျဖင့္ဖတ္ရန္
ေလ့လာခ်က္ေတြအရ လူအခ်ိဳ႕ဟာ လူသားအခ်င္းခ်င္းထက္ သူတို႔ရဲ႕တိရစာၦန္ေလးေတြကို ပိုႏွစ္သက္ ပိုခ်စ္ခင္ၾကတာကိုေတြ႔ရပါတယ္။ဒီလိုဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကိုလည္း သုေတသီေတြကေလ့လာခဲ့ၾကပါတယ္။
အေရွ႕ေျမာက္တကၠသိုလ္မွသုေတသနပညာရွင္ေတြဟာ ဒီလိုထူးျခားတဲ့အျဖစ္အပ်က္ရဲ႕ေနာက္မွာဘာေတြရွိ မလဲဆိုတာကိုသိခ်င္တဲ့အတြက္ ေလ့လာစမ္းစစ္မႈေတြကိုလုပ္ခဲ့ပါတယ္။ ဒီလိုေလ့လာမႈေတြလုပ္ျပီးတဲ့ေနာက္ လူအခ်ိဳ႕ဟာ လူသားေတြထက္ ေခြးေလးေတြကိုပိုႏွစ္သက္တာကိုေတြ႔ရွိခဲ့ပါတယ္။
ဒီေလ့လာခ်က္ေတြကေတာ့….
Society and Animals အဖြဲ႔အစည္းကေဖာ္ျပခဲ့တဲ့ေလ့လာခ်က္ေတြထဲမွာ Jack Levin နဲ႔ Arnold Arluke ဆိုတဲ့ သုေတသနပညာရွင္(၂)ဦးက ဒီျဖစ္ရပ္ကိုေလ့လာမႈတစ္ခုလုပ္ခဲ့ပါတယ္။ အဲတာကေတာ့ တိရစာၦန္ေလးေတြ ညွင္းပန္းႏွိပ္စက္ခံရတာနဲ႔ လူလူခ်င္းညွင္းပန္းႏွိပ္စက္ခံရတာႏွစ္ခုကိုယွဥ္ျပီးစမ္းသပ္မႈေတြလုပ္ခဲ့ပါတယ္။
ဒီစမ္းသပ္မႈမွာေလ့လာေတြ႔ရွိတာကေတာ့ လူလူခ်င္းညွင္းပန္းႏွိပ္စက္မႈမွာ ခံရသူရဲ႕အသက္အရြယ္ကိုၾကည့္ျပီး လူေတြရဲ႕ေ၀ဖန္မႈအမ်ိဳးမ်ိဳးကိုေတြ႔ရွိခဲ့ပါတယ္။ညွင္းပန္းႏွိပ္စက္ခံရတဲ့ေနရာမွာ ကေလးငယ္တစ္ေယာက္ဆိုရင္ေတာ့ လူေတြရဲ႕ေ၀ဖန္မႈကတစ္မိ်ဳးထြက္ေပၚလာခဲ့ျပီး လူၾကီးတစ္ေယာက္ဆိုရင္ ေ၀ဖန္မႈက တစ္မ်ိဳးထြက္လာခဲ့ပါတယ္။
စမ္းသပ္ခဲ့တဲ့နည္းလမ္းေတြကေတာ့….
ေက်ာင္းသားအေယာက္(၂၄၀)ကို လူၾကီးတစ္ဦး သို႔မဟုတ္ ကေလးတစ္ဦးကို အျခားလူတစ္ေယာက္က ေဘ့စ္ေဘာတုတ္တံနဲ႔ရိုက္ေနခဲ့တဲ့အေၾကာင္း၊ ေခြးေလးကို ေခြးၾကီးက အႏိုင္က်င့္ညွင္းပန္းႏွိပ္စက္ေနတဲ့ အေၾကာင္းအရာ (၂)ခုကို သတင္းအေနနဲ႔ျပသခဲ့ရာမွာ အမ်ိဳးမ်ိဳးေသာရလဒ္ေတြထြက္ေပၚလာခဲ့ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ တိရစာၦန္ေတြဟာ လူေတြလို ကိုယ့္ကိုကိုယ္ကာကြယ္နိုင္တဲ့အေျခအေနေတြမရွိတဲ့ အတြက္ တိရစာၦန္ေလးေတြကို ပိုျပီးကရုဏာသက္ၾကတာကိုေတြ႔ရပါတယ္။
လူေတြထက္ တိရစာၦန္ေလးေတြကိုဘာေၾကာင့္ႏွစ္သက္ရတာလဲဆိုေတာ့……
သုေတသီေတြရဲ႕ေလ့လာခ်က္အခ်က္ လူေတြနာက်င္ခံစားရတာထက္ တိရစာၦန္ေလးေတြ နာက်င္ခံစားရတာကို လူေတာ္ေတာ္မ်ားမ်ားက ကရုဏာသက္ၾကပါတယ္။ဒီညွင္းပန္းႏွိပ္စက္ခံရတဲ့ေနရာမွာ ကေလးတစ္ဦးဆိုရင္ေတာ့ လူေတြရဲ႕ကရုဏာသက္မႈဦးတည္ခ်က္ဟာ ကေလးျဖစ္သြားတာကိုလည္းေတြ႔ရတယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ဒါေပမယ့္ တိရစာၦန္ကိုခ်စ္တဲ့လူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ေခြးေတြကို သူတို႔မိသားစု၀င္ တစ္ေယာက္လိုသေဘာထားျပီး ခ်စ္ခင္ၾကပါတယ္။
ဒီျဖစ္ရပ္ကိုေလ့လာတဲ့ေနာက္ဆံုးရလဒ္ကေတာ့……….
ႏွိပ္စက္ခံရတဲ့အသက္အရြယ္ေပၚမူတည္ျပီး လူေတြတံု႔ျပန္မႈဟာေျပာင္းလဲခ်က္ရွိေနတာကို ေလ့လာေတြ႔ရွိခဲ့ရ တာပဲျဖစ္ပါတယ္။ သင္တို႔ေကာ ဒီေလ့လာခ်က္ေတြနဲ႔ပတ္သက္ျပီး ဘယ္လိုထင္လဲ? တစ္ေယာက္အျမင္ကို တစ္ေယာက္ ေျပာသြားၾကည့္ၾကပါလား။
Thae
Credit – shwelight
Unicodeဖြင့်ဖတ်ရန်
လူတွေဟာ လူအချင်းချင်းထက် တိရစ္ဆာန်တွေကို ပိုချစ်တတ်ကြကြောင်း လေ့လာတွေ့ရှိ
လေ့လာချက်တွေအရ လူအချို့ဟာ လူသားအချင်းချင်းထက် သူတို့ရဲ့တိရစ္ဆာန်လေးတွေကို ပိုနှစ်သက် ပိုချစ်ခင်ကြတာကိုတွေ့ရပါတယ်။ဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုလည်း သုတေသီတွေကလေ့လာခဲ့ကြပါတယ်။
အရှေ့မြောက်တက္ကသိုလ်မှသုတေသနပညာရှင်တွေဟာ ဒီလိုထူးခြားတဲ့အဖြစ်အပျက်ရဲ့နောက်မှာဘာတွေရှိ မလဲဆိုတာကိုသိချင်တဲ့အတွက် လေ့လာစမ်းစစ်မှုတွေကိုလုပ်ခဲ့ပါတယ်။ ဒီလိုလေ့လာမှုတွေလုပ်ပြီးတဲ့နောက် လူအချို့ဟာ လူသားတွေထက် ခွေးလေးတွေကိုပိုနှစ်သက်တာကိုတွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာချက်တွေကတော့….
Society and Animals အဖွဲ့အစည်းကဖော်ပြခဲ့တဲ့လေ့လာချက်တွေထဲမှာ Jack Levin နဲ့ Arnold Arluke ဆိုတဲ့ သုတေသနပညာရှင်(၂)ဦးက ဒီဖြစ်ရပ်ကိုလေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။ အဲတာကတော့ တိရစ္ဆာန်လေးတွေ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ လူလူချင်းညှင်းပန်းနှိပ်စက်ခံရတာနှစ်ခုကိုယှဉ်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။
ဒီစမ်းသပ်မှုမှာလေ့လာတွေ့ရှိတာကတော့ လူလူချင်းညှင်းပန်းနှိပ်စက်မှုမှာ ခံရသူရဲ့အသက်အရွယ်ကိုကြည့်ပြီး လူတွေရဲ့ဝေဖန်မှုအမျိုးမျိုးကိုတွေ့ရှိခဲ့ပါတယ်။ညှင်းပန်းနှိပ်စက်ခံရတဲ့နေရာမှာ ကလေးငယ်တစ်ယောက်ဆိုရင်တော့ လူတွေရဲ့ဝေဖန်မှုကတစ်မျိုးထွက်ပေါ်လာခဲ့ပြီး လူကြီးတစ်ယောက်ဆိုရင် ဝေဖန်မှုက တစ်မျိုးထွက်လာခဲ့ပါတယ်။
စမ်းသပ်ခဲ့တဲ့နည်းလမ်းတွေကတော့….
ကျောင်းသားအယောက်(၂၄၀)ကို လူကြီးတစ်ဦး သို့မဟုတ် ကလေးတစ်ဦးကို အခြားလူတစ်ယောက်က ဘေ့စ်ဘောတုတ်တံနဲ့ရိုက်နေခဲ့တဲ့အကြောင်း၊ ခွေးလေးကို ခွေးကြီးက အနိုင်ကျင့်ညှင်းပန်းနှိပ်စက်နေတဲ့ အကြောင်းအရာ (၂)ခုကို သတင်းအနေနဲ့ပြသခဲ့ရာမှာ အမျိုးမျိုးသောရလဒ်တွေထွက်ပေါ်လာခဲ့ပေမယ့် လူတော်တော်များများကတော့ တိရစ္ဆာန်တွေဟာ လူတွေလို ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့အခြေအနေတွေမရှိတဲ့ အတွက် တိရစ္ဆာန်လေးတွေကို ပိုပြီးကရုဏာသက်ကြတာကိုတွေ့ရပါတယ်။
လူတွေထက် တိရစ္ဆာန်လေးတွေကိုဘာကြောင့်နှစ်သက်ရတာလဲဆိုတော့……
သုတေသီတွေရဲ့လေ့လာချက်အချက် လူတွေနာကျင်ခံစားရတာထက် တိရစ္ဆာန်လေးတွေ နာကျင်ခံစားရတာကို လူတော်တော်များများက ကရုဏာသက်ကြပါတယ်။ဒီညှင်းပန်းနှိပ်စက်ခံရတဲ့နေရာမှာ ကလေးတစ်ဦးဆိုရင်တော့ လူတွေရဲ့ကရုဏာသက်မှုဦးတည်ချက်ဟာ ကလေးဖြစ်သွားတာကိုလည်းတွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ကိုချစ်တဲ့လူတော်တော်များများက သူတို့ရဲ့ခွေးတွေကို သူတို့မိသားစုဝင် တစ်ယောက်လိုသဘောထားပြီး ချစ်ခင်ကြပါတယ်။
ဒီဖြစ်ရပ်ကိုလေ့လာတဲ့နောက်ဆုံးရလဒ်ကတော့……….
နှိပ်စက်ခံရတဲ့အသက်အရွယ်ပေါ်မူတည်ပြီး လူတွေတုံ့ပြန်မှုဟာပြောင်းလဲချက်ရှိနေတာကို လေ့လာတွေ့ရှိခဲ့ရ တာပဲဖြစ်ပါတယ်။ သင်တို့ကော ဒီလေ့လာချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ? တစ်ယောက်အမြင်ကို တစ်ယောက် ပြောသွားကြည့်ကြပါလား။
Thae
Credit – shwelight


မှတ်ချက်များ