ေခါင္းကိုက္ကိုက္နဲ႔အိပ္ယာဝင္ခဲ့ရာမွ အျဖစ္ဆိုးနဲ႔ၾကံဳခဲ့ရတဲ့ ၂၁ ႏွစ္အရြယ္မိန္းမလွေလး
Zawgyiျဖင့္ဖတ္ရန္
News.AU မွ ေဖာ္ျပခ်က္အရ အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္ေလးတစ္ဦးမွာ ေခါင္းကိုက္ကိုက္နဲ႔ ညအိပ္ယာဝင္သြားခဲ့ၿပီး ေနာက္တစ္ေန႔မနက္မွာေတာ့ အသက္ဆံုးရံႈးခဲ့ရတယ္ဆိုၿပီး ဖတ္ခဲ့ရပါတယ္။ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ ကိုးကားေဖာ္ျပေပးလိုက္ပါတယ္။
UK, Gateshead မွာ မိခင္နဲ႔အတူတူေနထုိင္ေနတဲ့ အသက္ ၂၁ ႏွစ္အရြယ္ မိန္းကေလး Jessica Cain ပါ။ သူမဟာ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတုန္းက ရုတ္တရက္အသက္ဆံုးရံႈးသြားခဲ့ပါတယ္။ မေသဆံုးခင္ညတုန္းက Jessica ဟာ မိခင္ကိုေခါင္းကိုက္တယ္လို႔ေျပာခဲ့တယ္တဲ့။ ဒါေၾကာင့္ ပါရာစီတေမာေတာင္းေသာက္ကာ အိပ္ယာေစာေစာဝင္သြားခဲ့ပါတယ္။
ေနာက္တစ္ေန႔မနက္က်ေတာ့ မိခင္ျဖစ္သူက သမီးေလးသက္သာလားေမးမလို႔ သြားႏႈိးခဲ့ေပမယ့္ Jessica ျပန္မထူးခဲ့ပါဘူး။ ဘယ္ေလာက္လႈပ္ႏိႈးႏိႈး မ်က္ေတာင္တစ္ခ်က္ခတ္မေလာတဲ့ Jessica ရဲ႕အေျခအေနကို မိခင္ခင္ဗ်ာေခါင္းနားပမ္းႀကီးကာ စိုးရိမ္လာစျပဳေနခဲ့ပါၿပီ။ ဒါေၾကာင့္ အေရးေပၚဌာနကို အေၾကာင္းၾကားကာ အျမန္လာေစခဲ့ၿပီး ေဆးရံုတင္တဲ့အခါမွာေတာ့ Jessica ေလးဟာ အသက္မရွိေတာ့ပါဘူးတဲ့။
မိခင္ရဲ႕ေျပာၾကားခ်က္အရ Jessica ဟာ က်န္းမာတဲ့ကေလးတစ္ေယာက္ပါ။ ခရီးေတြထြက္ရတာႀကိဳက္ၿပီး အျမဲတမ္းျပံဳးေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္လည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Derby တကၠသိုလ္မွာ အႏုပညာေမဂ်ာကို သင္ၾကားေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီလို ထက္ထက္ျမက္ျမက္နဲ႔ ရုပ္ကေလးကလည္းေခ်ာ၊ စိတ္သေဘာထားလည္းေကာင္းတဲ့ Jessica တစ္ေယာက္ ဆံုးပါးသြားတယ္ဆိုေတာ့ မိသားစုေတြေရာ သူငယ္ခ်င္းေတြပါ ေတာ္ေတာ္ေလး ယူက်ံဳးမရျဖစ္ခဲ့ၾကပါတယ္။
ေသဆံုးတဲ့အေၾကာင္းအရင္းကို စစ္ေဆးၾကည့္လိုက္တဲ့အခါမွာေတာ့ Jessica ဟာ ဦးေႏွာက္အေမွးေရာင္ေနၿပီး ေသြးဆိပ္လည္းသင့္ေနခဲ့တာပါတဲ့။
ဦးေႏွာက္အေေမွးေရာင္တဲ့လကၡဏာေတြကေတာ့..
(၁) အဖ်ားရွိမယ္
(၂) ေနသာထုိင္သာမရွိဘဲ ေအာ့အန္ခ်င္မယ္
(၂) ေခါင္္းကိုုက္မယ္
(၃) ခႏၶာကုိယ္ေပၚမွာ အနီစက္ (ၾကာလာရင္ ခရမ္းေရာင္အစက္) ေလးေတြျဖစ္လာမယ္၊ အဲဒီအစက္ေလးေတြေပၚ ဖန္ခြက္နဲ႔ဖိကာလွိမ့္ၾကည့္တဲ့အခါ အေရာင္မမွိန္သြားဘဲ ဒီအတုိင္းပဲရွိိေနမယ္
(၄) လည္ပင္းနားမွာ အပ္နဲ႔ထိုးေနသလို စူးစူးေလးေတြျဖစ္ေနမယ္
(၅) အလင္းေရာင္ကိုခံႏုိင္ရည္မရွိဘူး
(၆) အင္အားယုတ္ေလ်ာ့ေနျခင္း
(၇) ေျခဖ်ား၊ လက္ဖ်ားေအးစက္ျခင္း
(၈) တက္ျခင္း စတာေတြပဲျဖစ္ပါတယ္။ ဒီလိုလကၡဏာမ်ိဳးရွိေနၿပီဆုိရင္ေတာ့ သာမန္အေအးမိၿပီးဖ်ားတာ၊ ေခါင္းကိုက္တာမ်ိဳးမဟုတ္ဘဲ ဦးေႏွာက္အေျမွးပါးေယာင္ေနၿပီဆိုတာ ေသခ်ာသေလာက္ရွိေနၿပီမလို႔ နီးစပ္ရာေဆးရံုကို ေျပးပါလို႔ပဲ တိိုက္တြန္းပါရေစ။
Penny
Credit – Shwemom
Unicodeဖြင့်ဖတ်ရန်
ခေါင်းကိုက်ကိုက်နဲ့အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ ၂၁ နှစ်အရွယ်မိန်းမလှလေး
News.AU မှ ဖော်ပြချက်အရ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်လေးတစ်ဦးမှာ ခေါင်းကိုက်ကိုက်နဲ့ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက်မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
UK, Gateshead မှာ မိခင်နဲ့အတူတူနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။ သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ရုတ်တရက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။ ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ်ယာစောစောဝင်သွားခဲ့ပါတယ်။
နောက်တစ်နေ့မနက်ကျတော့ မိခင်ဖြစ်သူက သမီးလေးသက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် Jessica ပြန်မထူးခဲ့ပါဘူး။ ဘယ်လောက်လှုပ်နှိုးနှိုး မျက်တောင်တစ်ချက်ခတ်မလောတဲ့ Jessica ရဲ့အခြေအနေကို မိခင်ခင်ဗျာခေါင်းနားပမ်းကြီးကာ စိုးရိမ်လာစပြုနေခဲ့ပါပြီ။ ဒါကြောင့် အရေးပေါ်ဌာနကို အကြောင်းကြားကာ အမြန်လာစေခဲ့ပြီး ဆေးရုံတင်တဲ့အခါမှာတော့ Jessica လေးဟာ အသက်မရှိတော့ပါဘူးတဲ့။
မိခင်ရဲ့ပြောကြားချက်အရ Jessica ဟာ ကျန်းမာတဲ့ကလေးတစ်ယောက်ပါ။ ခရီးတွေထွက်ရတာကြိုက်ပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Derby တက္ကသိုလ်မှာ အနုပညာမေဂျာကို သင်ကြားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို ထက်ထက်မြက်မြက်နဲ့ ရုပ်ကလေးကလည်းချော၊ စိတ်သဘောထားလည်းကောင်းတဲ့ Jessica တစ်ယောက် ဆုံးပါးသွားတယ်ဆိုတော့ မိသားစုတွေရော သူငယ်ချင်းတွေပါ တော်တော်လေး ယူကျုံးမရဖြစ်ခဲ့ကြပါတယ်။
သေဆုံးတဲ့အကြောင်းအရင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ Jessica ဟာ ဦးနှောက်အမှေးရောင်နေပြီး သွေးဆိပ်လည်းသင့်နေခဲ့တာပါတဲ့။
ဦးနှောက်အေမှေးရောင်တဲ့လက္ခဏာတွေကတော့..
(၁) အဖျားရှိမယ်
(၂) နေသာထိုင်သာမရှိဘဲ အော့အန်ချင်မယ်
(၂) ခေါင်းကိုက်မယ်
(၃) ခန္ဓာကိုယ်ပေါ်မှာ အနီစက် (ကြာလာရင် ခရမ်းရောင်အစက်) လေးတွေဖြစ်လာမယ်၊ အဲဒီအစက်လေးတွေပေါ် ဖန်ခွက်နဲ့ဖိကာလှိမ့်ကြည့်တဲ့အခါ အရောင်မမှိန်သွားဘဲ ဒီအတိုင်းပဲရှိနေမယ်
(၄) လည်ပင်းနားမှာ အပ်နဲ့ထိုးနေသလို စူးစူးလေးတွေဖြစ်နေမယ်
(၅) အလင်းရောင်ကိုခံနိုင်ရည်မရှိဘူး
(၆) အင်အားယုတ်လျော့နေခြင်း
(၇) ခြေဖျား၊ လက်ဖျားအေးစက်ခြင်း
(၈) တက်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးရှိနေပြီဆိုရင်တော့ သာမန်အအေးမိပြီးဖျားတာ၊ ခေါင်းကိုက်တာမျိုးမဟုတ်ဘဲ ဦးနှောက်အမြှေးပါးယောင်နေပြီဆိုတာ သေချာသလောက်ရှိနေပြီမလို့ နီးစပ်ရာဆေးရုံကို ပြေးပါလို့ပဲ တိုက်တွန်းပါရစေ။
Penny
Credit – Shwemom


မှတ်ချက်များ