‘အချစ်မှာ ဘောင်တွေမရှိ’ ဆိုတာ သက်သေပြခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် Lesbian စုံတွဲ
Zawgyiဖြင့်ဖတ်ရန်
ဒီမင်္ဂလာစုံတွဲကတော့ အချစ်မှာ စည်းတွေ ၊ ဘောင်တွေ မရှိဆိုတာ သက်သေပြခဲ့ပါတယ်။ တစ်ယောက်က အိန္ဒိယနိုင်ငံက ဖြစ်ပြီး တစ်ယောက်ကတော့ ပါကစ္စတန်နိုင်ငံကပါ။ ပိုပြီး ထူးခြားတာက သူတို့နှစ်ယောက်စလုံးဟာ အမျိုးသမီးနှစ်ယောက်ဖြစ်နေတာပါပဲ။ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကတော့ သမိုင်းကြောင်းမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အဆင်မပြေမှုတွေ၊ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ပြီး အခုထိလည်း အငြိုးထားမှုတွေ ရှိနေတဲ့ အခြေအနေပါ။
Bianca Maieli ဆိုတဲ့ အမျိုးသမီးကတော့ ဆင်စွယ်ရောင်ဆာရီကို အလှဆုံးဝတ်ဆင်ထားပါတယ်။ Saima Ahmad ဆိုတဲ့ အမျိုးသမီးကတော့ အိန္ဒိယအမျိုးသားရိုးရာဝတ်စုံ sherwani ကို ဝတ်ဆင်ထားပါတယ်။ Maieli ကတော့ မိရိုးဖလာပါကစ္စတန်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Ahmad ကတော့ ကိုလံဘို-အိန္ဒိယ သွေးနှောတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့နှစ်ယောက် စဆုံစည်းခဲ့ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာပဲ မင်္ဂလာလက်ထပ်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ Metro UK နဲ့ PinkNews တို့မှာ ဖော်ပြထားတာ တွေ့ရတာပါ။
“Saima နဲ့ ကျွန်မနဲ့က သူငယ်ချင်းအချင်းချင်းကြားထဲက စတွေ့ခဲ့ကြတာပါ။ ၂၀၁၄ လောက်ပေါ့။ အဲဒီအချိန်ကတည်းကနေ အခုလို အခြေအနေအထိ လက်တွဲမဖြုတ်ဘဲ နေလာခဲ့ကြတာပါ” လို့ Maieliက ပြောပါတယ်။ အရမ်းကို လှနေတဲ့ သူတို့ရဲ့ မင်္ဂလာဆောင်ဝတ်စုံကို ဖန်တီးသူကတော့ ဒီဇိုင်နာ Bilal Hussain Kazimov ဖြစ်ပါတယ်။
မင်္ဂလာလက်ထပ်ပွဲမှာ သူတို့ဒီလို ဝတ်စားထားပုံနဲ့ ပတ်သက်ပြီး Maieli က “ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အလေးထားတဲ့အတွက်ကြောင့် ဒီလိုဝတ်ဆင်ထားတာပါ”လို့ ဆိုပါတယ်။ မင်္ဂလာပွဲကိုလည်း (၄) ပွဲ လုပ်သွားမှာဖြစ်ပြီး တစ်ပွဲချင်းစီမှာ ကိုယ်ပိုင်အရောင်တွေ ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီမင်္ဂလာပွဲတွေအတွက် ပြင်ဆင်မှုများကလည်း အကုန်လုံးနီးပါး handmade တွေဖြစ်ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းဟာ အခုအချိန်အထိ တရားမဝင်သေးပါဘူး။ လိင်တူဆက်ဆံခြင်းဟာလည်း ပြစ်မှုမြောက်တယ်လို့ အိန္ဒိယနိုင်ငံ အစိုးရက ထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပါကစ္စတန်နိုင်ငံမှာတော့ လိင်တူဆက်ဆံခြင်းဟာ သေဒဏ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။
Ref: Metro UK, PinkNews
Credit – Shwemom
Unicodeဖြင့်ဖတ်ရန်

မှတ်ချက်များ