မိတ္ကပ္လိမ္းရင္ ၾကည့္ရဆိုးေစတဲ့ ေခြၽးေပါက္ေတြကို ျပန္က်ဥ္းေစမယ့္ သဘာဝနည္းလမ္း
Zawgyiျဖင့္ဖတ္ရန္
မ်က္ႏွာအသားအေရေပၚမွာ ေခၽြးေပါက္ေတြက်ယ္ေနတယ္ဆိုတာ ေတာ္ေတာ္ေလးကိုၾကည့္ရဆိုးတဲ့ အရာတစ္ခုပါပဲ။ ေခၽြးေပါက္ေတြဘာေၾကာင့္ ျဖစ္လာတာလဲဆိုတဲ့ ေမးခြန္းကိုေျဖရမယ္ဆိုရင္ေတာ့ အသားအေရအမ်ိဳးအစားေပၚမူတည္ေနတာပါ။ အသက္အရြယ္နဲ႔လည္းဆိုင္သလို ေနပူထဲကိုသြားလာေနတဲ့သူေတြမွာ အေတြ႔မ်ားပါတယ္။
မ်က္ႏွာမွာေခၽြးေပါက္ေတြ က်ယ္ေနမယ္ဆိုရင္ အဆီျပန္တာေတြျဖစ္ၿပီး၊ မိတ္ကပ္သားကိုလည္း ၾကာရွည္မခံတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ေခၽြးေပါက္က်ယ္ေနတာေတြကိုဘယ္လိုျပန္ကုသၾကမလဲ။ နည္းလမ္းေကာင္းေလးေတြရွိၿပီးသားပါေနာ္။
ရွားေစာင္းလက္ပတ္ဂ်ယ္
ရွားေစာင္းလက္ပတ္ဂ်ယ္က သင့္အသားအေရအတြက္ ေကာင္းမြန္တဲ့အေထာက္အပံ့ေတြ အမ်ားႀကီးေပးႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ဂ်ယ္ကိုညဘက္အိပ္ခါနီးမွာလိမ္းတာအေကာင္းဆံုးပါ။ မလိမ္းခင္မွာ မ်က္ႏွာကိုေသခ်ာသန္႔စင္ေပးဖို႔ေတာ့ လိုမယ္ေနာ္။ ဒါမွလည္း ရွားေစာင္းလက္ပတ္ရဲ႕ အားသာခ်က္ေတြကို အသားအေရက ေသခ်ာစုပ္ယူသြားႏိုင္မွာေပါ႔။
လိမ္းထားေပးၿပီး ညဘက္မွာအိပ္စက္အနားယူလိုက္ပါ။ မနက္ဖက္မွာေတာ့ ေရေအးေလးနဲ႔ ေသခ်ာေဆးေၾကာေပးမယ္ဆိုရင္ေတာ့ ေခၽြးေပါက္ေတြကို တျဖည္းျဖညး္က်ဥ္းလာေစမွာပဲျဖစ္ပါတယ္။
တိုနာ
တစ္ခ်ိဳ႕ တိုနာကိုသံုးဖို႔ သိပ္မလိုဘူးလို႔ထင္ေနၾကပါတယ္။ အမွန္ကေတာ့ မ်က္ႏွာအသားအေရေပၚမွာရွိေနတဲ့ ေခၽြးေပါက္ေတြကိုက်ဥ္းေစဖို႔အတြက္ အကူအညီေပးႏိုင္ပါတယ္။ သင့္အသားအေရနဲ႔ အဆင္ေျပမယ့္ တိုနာအမ်ိဳးအစားကို ေရြးခ်ယ္ဝယ္ယူၿပီး ေန႔ေရာညပါ အသံုးျပဳေပးဖို႔ လိုအပ္ပါတယ္။
ေနေလာင္ခံခရင္မ္
ေနေလာင္ခံခရင္မ္ကို လိမ္းေနက်မဟုတ္ဘူးဆိုရင္ ဒီအက်င့္ကိုအခုကစၿပီး ျပင္လိုက္ေတာ့ေနာ္။ ေနပူထဲကိုသြားတဲ့အခါမွာ မ်က္ႏွာအသားအေရမွာလည္း ေနေလာင္ခံကာကြယ္ေဆးကို မလိမ္းဘူးဆိုရင္ သင့္အသားအေရပ်က္စီးေစတဲ့အျပင္ ေခၽြးေပါက္ေတြကိုက်ယ္လာေစၿပီး ဝက္ၿခံေတြကိုပါျဖစ္လာေစႏိုင္ပါတယ္။
ဒီအခ်က္ေတြကေတာ့ ေခၽြးေပါက္က်ယ္တာေတြကို ေလ်ာ့နည္းေစဖို႔အတြက္ လိုက္နာသင့္တဲ့အခ်က္ေတြျဖစ္ၿပီး ေကာင္းမြန္တဲ့အသားအေရမ်ိဳးကို ရရွိပိုင္ဆိုင္ဖို႔အတြက္ဆိုရင္ တကယ္ကိုလိုအပ္ပါတယ္။
Credit:My Style Myanmar
Unicodeဖြင့်ဖတ်ရန်
မိတ်ကပ်လိမ်းရင် ကြည့်ရဆိုးစေတဲ့ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် သဘာဝနည်းလမ်း
မျက်နှာအသားအရေပေါ်မှာ ချွေးပေါက်တွေကျယ်နေတယ်ဆိုတာ တော်တော်လေးကိုကြည့်ရဆိုးတဲ့ အရာတစ်ခုပါပဲ။ ချွေးပေါက်တွေဘာကြောင့် ဖြစ်လာတာလဲဆိုတဲ့ မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ အသားအရေအမျိုးအစားပေါ်မူတည်နေတာပါ။ အသက်အရွယ်နဲ့လည်းဆိုင်သလို နေပူထဲကိုသွားလာနေတဲ့သူတွေမှာ အတွေ့များပါတယ်။
မျက်နှာမှာချွေးပေါက်တွေ ကျယ်နေမယ်ဆိုရင် အဆီပြန်တာတွေဖြစ်ပြီး၊ မိတ်ကပ်သားကိုလည်း ကြာရှည်မခံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချွေးပေါက်ကျယ်နေတာတွေကိုဘယ်လိုပြန်ကုသကြမလဲ။ နည်းလမ်းကောင်းလေးတွေရှိပြီးသားပါနော်။
ရှားစောင်းလက်ပတ်ဂျယ်
ရှားစောင်းလက်ပတ်ဂျယ်က သင့်အသားအရေအတွက် ကောင်းမွန်တဲ့အထောက်အပံ့တွေ အများကြီးပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကိုညဘက်အိပ်ခါနီးမှာလိမ်းတာအကောင်းဆုံးပါ။ မလိမ်းခင်မှာ မျက်နှာကိုသေချာသန့်စင်ပေးဖို့တော့ လိုမယ်နော်။ ဒါမှလည်း ရှားစောင်းလက်ပတ်ရဲ့ အားသာချက်တွေကို အသားအရေက သေချာစုပ်ယူသွားနိုင်မှာပေါ့။
လိမ်းထားပေးပြီး ညဘက်မှာအိပ်စက်အနားယူလိုက်ပါ။ မနက်ဖက်မှာတော့ ရေအေးလေးနဲ့ သေချာဆေးကြောပေးမယ်ဆိုရင်တော့ ချွေးပေါက်တွေကို တဖြည်းဖြည်းကျဉ်းလာစေမှာပဲဖြစ်ပါတယ်။
တိုနာ
တစ်ချို့ တိုနာကိုသုံးဖို့ သိပ်မလိုဘူးလို့ထင်နေကြပါတယ်။ အမှန်ကတော့ မျက်နှာအသားအရေပေါ်မှာရှိနေတဲ့ ချွေးပေါက်တွေကိုကျဉ်းစေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ သင့်အသားအရေနဲ့ အဆင်ပြေမယ့် တိုနာအမျိုးအစားကို ရွေးချယ်ဝယ်ယူပြီး နေ့ရောညပါ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
နေလောင်ခံခရင်မ်
နေလောင်ခံခရင်မ်ကို လိမ်းနေကျမဟုတ်ဘူးဆိုရင် ဒီအကျင့်ကိုအခုကစပြီး ပြင်လိုက်တော့နော်။ နေပူထဲကိုသွားတဲ့အခါမှာ မျက်နှာအသားအရေမှာလည်း နေလောင်ခံကာကွယ်ဆေးကို မလိမ်းဘူးဆိုရင် သင့်အသားအရေပျက်စီးစေတဲ့အပြင် ချွေးပေါက်တွေကိုကျယ်လာစေပြီး ဝက်ခြံတွေကိုပါဖြစ်လာစေနိုင်ပါတယ်။
ဒီအချက်တွေကတော့ ချွေးပေါက်ကျယ်တာတွေကို လျော့နည်းစေဖို့အတွက် လိုက်နာသင့်တဲ့အချက်တွေဖြစ်ပြီး ကောင်းမွန်တဲ့အသားအရေမျိုးကို ရရှိပိုင်ဆိုင်ဖို့အတွက်ဆိုရင် တကယ်ကိုလိုအပ်ပါတယ်။
Credit:My Style Myanmar


မှတ်ချက်များ