ေငြကို အလဟႆမသုံးမိဘဲ ျမန္ျမန္ဆန္ဆန္ စုေဆာင္းတတ္ေစဖို႔ နည္းလမ္း (၃) သြယ္
Zawgyiျဖင့္ဖတ္ရန္
လူတိုင္း ပိုက္ဆံ စုခ်င္ၾကပါတယ္။ ဒါေပမယ့္ တစ္ေန႔ကို ပိုက္ဆံ ဘယ္ေလာက္သံုးလိုက္သလဲဆိုတာ အလြယ္တကူ စစ္ေဆးဖို႔ မလြယ္ကူလွပါဘူး။
ပိုက္ဆံရွိေလ ပိုသံုးျဖစ္ေလ။ ဒါ့ေၾကာင့္ ပိုက္ဆံသံုးတာကို ရပ္တန္႕ဖို႔ ခက္ခဲလွပါတယ္။ ပိုက္ဆံစုခ်င္တဲ့သူေတြအတြက္ အျမန္ဆံုး စုႏိုင္မယ့္ နည္းလမ္းေတြကိုေျပာျပေပးခ်င္ပါတယ္။ အမ်ားႀကီးမဟုတ္ဘူး။ နည္းလမ္း (၃) ခုတည္းပဲဆိုေတာ့ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။
၁။ တိုးတိုးၿပီးစုသြားပါ
ဒီတစ္ပတ္မွာ ၅၀၀၀ စုရင္၊ ေနာက္တစ္ပတ္မွာ ၁၀၀၀၀ စုပါ။ ဒီတစ္လမွာ ၅၀၀၀၀ စုရင္ ေနာက္လမွာ ၁၀၀၀၀၀ ေလာက္ စုႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ။
၂။ ေလွ်ာ့ေစ်းေပးတ့ဲအခါဝယ္မယ္
ေစ်းဝယ္တဲ့အခါ ကိုယ္လည္းတကယ္လိုေနတဲ့ ပစၥည္းမ်ဳိးကို ေလွ်ာ့ေစ်းေပးတဲ့အခါ ဝယ္လိုက္ပါ။ ဒါေပမယ့္ မလိုအပ္ဘဲ ေစ်းသက္သာတယ္ဆိုၿပီး အမ်ားႀကီးမဝယ္ပါနဲ႔လို႔အႀကံျပဳခ်င္ပါတယ္ေနာ္။
၃။ အက်င့္ဆိုးေတြကိုျပင္ပါ
အလုပ္ေနာက္က်ရင္ ပိုက္ဆံျဖတ္ခံရမွာ လူတိုင္းသိၾကပါတယ္။ ဒါ့ေၾကာင့္ အလုပ္ေနာက္မက်ေအာင္ ႀကိဳးစားပါ။ အခ်ိန္ပိုင္းအလုပ္သမားေတြကလည္း ကိုယ့္ကို အပ္ထားတဲ့အလုပ္ကို အခ်ိန္မီမၿပီးရင္ အဆငေျပမွာမဟုတ္ပါဘူး။ အခ်ိန္ကို တိက်ေအာင္နဲ႔ အလုပ္ကို ေစ့ေစ့စပ္စပ္လုပ္ပါ။ ဒါဟာလည္း ပိုက္ဆံေခၽြတာၿပီး ပိုက္ဆံစုႏိုင္တဲ့ နည္းလမ္းတစ္မ်ိဳးပါပဲ။
Source: www.trendcrown.com
Credit:My Style Myanmar
Unicodeဖြင့်ဖတ်ရန်
ငွေကို အလဟဿမသုံးမိဘဲ မြန်မြန်ဆန်ဆန် စုဆောင်းတတ်စေဖို့ နည်းလမ်း (၃) သွယ်
လူတိုင်း ပိုက်ဆံ စုချင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို ပိုက်ဆံ ဘယ်လောက်သုံးလိုက်သလဲဆိုတာ အလွယ်တကူ စစ်ဆေးဖို့ မလွယ်ကူလှပါဘူး။
ပိုက်ဆံရှိလေ ပိုသုံးဖြစ်လေ။ ဒါ့ကြောင့် ပိုက်ဆံသုံးတာကို ရပ်တန့်ဖို့ ခက်ခဲလှပါတယ်။ ပိုက်ဆံစုချင်တဲ့သူတွေအတွက် အမြန်ဆုံး စုနိုင်မယ့် နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ အများကြီးမဟုတ်ဘူး။ နည်းလမ်း (၃) ခုတည်းပဲဆိုတော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်။
၁။ တိုးတိုးပြီးစုသွားပါ
ဒီတစ်ပတ်မှာ ၅၀၀၀ စုရင်၊ နောက်တစ်ပတ်မှာ ၁၀၀၀၀ စုပါ။ ဒီတစ်လမှာ ၅၀၀၀၀ စုရင် နောက်လမှာ ၁၀၀၀၀၀ လောက် စုနိုင်အောင်ကြိုးစားကြည့်ပါ။
၂။ လျှော့ဈေးပေးတဲ့အခါဝယ်မယ်
ဈေးဝယ်တဲ့အခါ ကိုယ်လည်းတကယ်လိုနေတဲ့ ပစ္စည်းမျိုးကို လျှော့ဈေးပေးတဲ့အခါ ဝယ်လိုက်ပါ။ ဒါပေမယ့် မလိုအပ်ဘဲ ဈေးသက်သာတယ်ဆိုပြီး အများကြီးမဝယ်ပါနဲ့လို့အကြံပြုချင်ပါတယ်နော်။
၃။ အကျင့်ဆိုးတွေကိုပြင်ပါ
အလုပ်နောက်ကျရင် ပိုက်ဆံဖြတ်ခံရမှာ လူတိုင်းသိကြပါတယ်။ ဒါ့ကြောင့် အလုပ်နောက်မကျအောင် ကြိုးစားပါ။ အချိန်ပိုင်းအလုပ်သမားတွေကလည်း ကိုယ့်ကို အပ်ထားတဲ့အလုပ်ကို အချိန်မီမပြီးရင် အဆငပြေမှာမဟုတ်ပါဘူး။ အချိန်ကို တိကျအောင်နဲ့ အလုပ်ကို စေ့စေ့စပ်စပ်လုပ်ပါ။ ဒါဟာလည်း ပိုက်ဆံချွေတာပြီး ပိုက်ဆံစုနိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။
Source: www.trendcrown.com
Credit:My Style Myanmar


မှတ်ချက်များ