အကယ္ဒမီအကဲျဖတ္မွာ ရန္ေအာင္၊ လြင္မိုး နဲ႔ ေမသန္းႏု တို႔ကိုေ႐ြးခ်ယ္လိုက္ၿပီ




Zawgyi ျဖင့္ဖတ္ရန္

႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္ဟာ ၂၀၁၉ ခုႏွစ္အတြက္ အကယ္ဒမီ အကဲျဖတ္အဖြဲ႕ဝင္ေတြအျဖစ္ ရန္ေအာင္၊ လြင္မိုးနဲ႔ ေမသန္းႏုတို႔ကို ကမ္းလွမ္းထားခဲ့တယ္လို႔ ဆိုပါတယ္။ လာမယ့္ အကယ္ဒမီ ေပးပြဲမွာေတာ့ ေျပာင္းလဲမႈေတြ ျမင္ေတြ႕ရမွာပါလို႔ ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုေပးပြဲအတြက္ ဆန္ခါတင္ဇာတ္ကားမ်ားေ႐ြးခ်ယ္ အကဲျဖတ္ေရးမွာေတာ့ လြင္မိုး၊ ရန္ေအာင္နဲ႔ ေမသန္းႏုတို႔ ပါဝင္လာမယ္လို႔ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျဖစ္သူ ဦးညီညီထြန္းလြင္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ကိုလြင္မိုးရယ္၊ ကိုရန္ေအာင္ရယ္၊ ေမသန္းႏုရယ္ ကို အကူအညီေတာင္းထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူႀကီးေတြပဲ ျဖစ္ျဖစ္ေနလို႔။ သူတို႔ကလည္း ကူညီပါ့မယ္လို႔ ကတိေပးထားတယ္။



လူငယ္ေတြက လုပ္ပါဆိုေတာ့လည္း မလုပ္ႏိုင္ဘူး ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ ဇာတ္ကားေတြလည္း ပါေနတာကို။ CGI စနစ္တို႔ဘာတို႔ နားလည္တဲ့လူေတြေပါ့ လူငယ္ေတြကို အထူးဆုေပးဖို႔ လာလုပ္ေပးပါဆို ဘယ္သူမွ မလုပ္ေပးႏိုင္ဘူး’’ လို႔ သူကဆိုပါတယ္။

အကယ္ဒမီစာရင္းဝင္ဇာတ္ကားေတြနဲ႔ ပတ္သက္ၿပီး ဒီတစ္ခါမွာေတာ့ ေသေသခ်ာခ်ာေလး စိစစ္ေ႐ြးခ်ယ္ သြားမယ္လို႔လည္း ဒါ႐ိုက္တာ ညီညီထြန္းလြင္က ႏိုဝင္ဘာလ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ႐ုပ္ရွင္အစည္းအ႐ုံး ကထိန္မွာ ေျပာျပခဲ့တာပါ။



‘’ကိုလြင္မိုး၊ ကိုရန္ေအာင္၊ ေမသန္းႏု တို႔ကေတာ့ လူလတ္ပိုင္းေတြေပါ့။ ကြၽန္ေတာ္တို႔ အကယ္ဒမီ အဖြဲ႕မွာကလည္း အဖိုးႀကီးေတြ၊ အဘြားႀကီးေတြပဲ ျဖစ္ေနတာေပါ့။အဲဒီမွာ ေခတ္မမီတာတို႔၊ ေခတ္အျမင္မရွိတာတို႔ဆိုတဲ့ ျပႆနာေတြရွိတယ္။



ဒါက ႏွစ္တိုင္းပဲ။ ဘာပဲေျပာေျပာ ဒီႏွစ္ေတာ့ အေျပာင္းအလဲေလးျဖစ္မယ္။ မႏွစ္ကလည္း ေတာ္ေတာ္ေလး အဆဲခံထားရေတာ့ေလ။ ကြၽန္ေတာ္လည္း အဆဲခံဖို႔ ျပင္ဆင္ထားရတာေပါ့’’ လို႔ ေျပာပါတယ္။

ဒါ႐ိုက္တာ ညီညီထြန္းလြင္ကေတာ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔က စၿပီး ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌရာထူးကို တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ ႐ုပ္ရွင္ေလာကသားေတြရဲ႕ အက်ိဳးကို သယ္ပိုးႏိုင္မယ့္ သူတစ္ေယာက္ အျဖစ္ ျမင္ေတြ႕ခ်င္တယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ေပးထားၾကတာ ေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းႀကီးကို မတ္လ(၈) ရက္ေန႔၊၁၉၄၆ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့တာပါ။ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠဌ သက္တမ္းမွာ(၂)ႏွစ္ ျဖစ္ၿပီး တာဝန္မၿပီးဆုံးခင္ကာလမွာ အႏုပညာေလာကသားမ်ား အားလုံးစုေပါင္းၿပီး ေ႐ြးေကာက္ပြဲ ျပဳလုပ္ကာ ဥကၠဌအသစ္တင္ေျမႇာက္ေလ့ရွိပါတယ္။

share from: burmese.asia


Unicode ဖြင့်ဖတ်ရန်

အကယ်ဒမီအကဲဖြတ်မှာ ရန်အောင်၊ လွင်မိုး နဲ့ မေသန်းနု တို့ကိုရွေးချယ်လိုက်ပြီ



ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ဟာ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ အကဲဖြတ်အဖွဲ့ဝင်တွေအဖြစ် ရန်အောင်၊ လွင်မိုးနဲ့ မေသန်းနုတို့ကို ကမ်းလှမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့် အကယ်ဒမီ ပေးပွဲမှာတော့ ပြောင်းလဲမှုတွေ မြင်တွေ့ရမှာပါလို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်ဇာတ်ကားများရွေးချယ် အကဲဖြတ်ရေးမှာတော့ လွင်မိုး၊ ရန်အောင်နဲ့ မေသန်းနုတို့ ပါဝင်လာမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုလွင်မိုးရယ်၊ ကိုရန်အောင်ရယ်၊ မေသန်းနုရယ် ကို အကူအညီတောင်းထားတယ်။ ဘာကြောင့်လဲဆိုတော့ လူကြီးတွေပဲ ဖြစ်ဖြစ်နေလို့။ သူတို့ကလည်း ကူညီပါ့မယ်လို့ ကတိပေးထားတယ်။



လူငယ်တွေက လုပ်ပါဆိုတော့လည်း မလုပ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ ဇာတ်ကားတွေလည်း ပါနေတာကို။ CGI စနစ်တို့ဘာတို့ နားလည်တဲ့လူတွေပေါ့ လူငယ်တွေကို အထူးဆုပေးဖို့ လာလုပ်ပေးပါဆို ဘယ်သူမှ မလုပ်ပေးနိုင်ဘူး’’ လို့ သူကဆိုပါတယ်။

အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး ဒီတစ်ခါမှာတော့ သေသေချာချာလေး စိစစ်ရွေးချယ် သွားမယ်လို့လည်း ဒါရိုက်တာ ညီညီထွန်းလွင်က နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အစည်းအရုံး ကထိန်မှာ ပြောပြခဲ့တာပါ။



‘’ကိုလွင်မိုး၊ ကိုရန်အောင်၊ မေသန်းနု တို့ကတော့ လူလတ်ပိုင်းတွေပေါ့။ ကျွန်တော်တို့ အကယ်ဒမီ အဖွဲ့မှာကလည်း အဖိုးကြီးတွေ၊ အဘွားကြီးတွေပဲ ဖြစ်နေတာပေါ့။အဲဒီမှာ ခေတ်မမီတာတို့၊ ခေတ်အမြင်မရှိတာတို့ဆိုတဲ့ ပြဿနာတွေရှိတယ်။



ဒါက နှစ်တိုင်းပဲ။ ဘာပဲပြောပြော ဒီနှစ်တော့ အပြောင်းအလဲလေးဖြစ်မယ်။ မနှစ်ကလည်း တော်တော်လေး အဆဲခံထားရတော့လေ။ ကျွန်တော်လည်း အဆဲခံဖို့ ပြင်ဆင်ထားရတာပေါ့’’ လို့ ပြောပါတယ်။

ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကို တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် သူတစ်ယောက် အဖြစ် မြင်တွေ့ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းကြီးကို မတ်လ(၈) ရက်နေ့၊၁၉၄၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ သက်တမ်းမှာ(၂)နှစ် ဖြစ်ပြီး တာဝန်မပြီးဆုံးခင်ကာလမှာ အနုပညာလောကသားများ အားလုံးစုပေါင်းပြီး ရွေးကောက်ပွဲ ပြုလုပ်ကာ ဥက္ကဌအသစ်တင်မြှောက်လေ့ရှိပါတယ်။

share from: burmese.asia



မှတ်ချက်များ