



Zawgyi ဖြင့်ဖတ်ရန်






Writer : PP (XYZ News)

Unicode ဖြင့်ဖတ်ရန်

ဦးခေါင်းမရှိတဲ့ သစ်ကုလားအုတ်အကြာင်း


တောင်အာဖရိကနိုင်ငံ ဆာဖာရီဥယျာဉ်မှာ တွေ့ရတဲ့ သစ်ကုလားအုတ်တစ်ကောင်ရဲ့ ထူးထူးခြားခြား မြင်ကွင်းကို ကမ္ဘာလှည့် ခရီးသည်တွေက အမိအရ မှတ်တမ်းတင်ခဲ့တာပါ။ ဒီ ပုံထဲမှာ သစ်ကုလားအုတ်ရဲ့ လည်တံနဲ့ ဦးခေါင်းကို သင် တွေ့မြင်ပါသလား။
သစ်ကုလားအုတ်က ခန္ဓာကိုယ် ယားယံမှုကြောင့် သူ့ရဲ့ ရှည်လျားတဲ့ လည်တံကို ဆန့်တန်းပြီး ယားယံတဲ့ နေရာကို ကုတ်ခြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းက သစ်ကုလားအုတ်မှာ လည်တံနဲ့ ဦးခေါင်း မပါရှိတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်တွေက အဆိုပါ မြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။



သစ်ကုလားအုတ်တွေဟာ လည်တံရှည်သလို လျှာလည်း အလွန်ရှည်ပါတယ်။ သစ်ကုလားအုတ်ရဲ့ လျှာက ၁၈ လက်မကျော် ရှည်လျားတယ်လို့ ဆိုပါတယ်။


Writer : PP (XYZ News)



မှတ်ချက်များ