Zawgyi ျဖင့္ဖတ္ရန္
( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြဟာ အလႉဆိုလည္း ေလာ္စပီကာ..ကထိန္ဆိုလည္း ေလာ္စပီကာနဲ႔ သီခ်င္းေတြ တရားေတြဖြင့္တတ္ၾကပါတယ္….အလႉမွာ ကထိန္မွာ ေလာ္စပီကာဖြင့္တာကို အျပစ္မေျပာၾကေပမဲ့ ေနာက္ပိုင္းမွာေတာ့ ေလာ္စပီကာကို အခ်ိန္မေတာ္ထိ အက်ယ္ႀကီးဖြင့္တာ…ပတ္ဝန္းက်င္ မခံသာေအာင္ ဆူညံစြာဖြင့္ၿပီး အရက္ေသစာေသာက္စား ကခုန္တာေတြ ျပဳလုပ္လာတာေၾကာင့္ ေဝဖန္မႈေတြလည္း ရွိခဲ့သလို ေလာ္စပီကာအက်ယ္ႀကီးဖြင့္လို႔ ရန္ပြဲေတြ ျဖစ္ၾကတဲ့ ျပႆနာသတင္းေတြကို လည္း မၾကာခဏေတြ႕ရွိရပါတယ္…
ဒါ့ေၾကာင့္ ေလာ္စပီကာကို ဆူညံစြာဖြင့္ရင္ တိုင္ၾကားႏိုင္တယ္ဆိုတဲ့ စည္းကမ္းခ်က္ေတြလည္း ထုတ္ျပန္လာခဲ့တာေတြ႕ရပါတယ္…ယခုေဖာ္ျပေပးခ်င္တာကေတာ့ အင္တာနက္မွာ လူေတြခ်ီးက်ဴးေနၾကတဲ့ ေလာ္စပီကာမပါတဲ့ တစ္ျခားႏိုင္ငံက ကထိန္ပြဲ ဗီဒီယိုဖိုင္ေလးအေၾကာင္းပါ….
အဆိုပါဗီဒီယိုဖိုင္ေလးထဲမွာေတာ့ ႏိုင္ငံျခားသားေတြဟာ ေလာ္စပီကာမပါဘဲ ႐ိုးရာအိုးစည္ဗုံေမာင္းေတြကို တီးခတ္ၿပီး ဘုရားပုံေတာ္ေတြကိုင္ သာသနာ့အလံေတြကိုင္ကာ စီတန္းၿပီး ကထိန္ခင္းေနတာပဲ ျဖစ္ပါတယ္…. အဲလိုတီးခတ္ရာမွာလည္း ဆူညံစြာတီးခတ္တာမဟုတ္ဘဲ ပတ္ဝန္းက်င္ကို အေႏွာင့္အယွက္မျဖစ္ေစတဲ့ အသံမ်ိဳးနဲ႔သာ ထိန္းသိမ္းတီးခတ္သြားတာ ေတြ႕ရပါတယ္…
ဒီဗီဒီယိုဖိုင္ေလးကို ၾကည့္ရႈရသူေတြကေတာ့ က်ေနာ္တို႔ ႏိုင္ငံမွာလည္း ေလာ္စပီကာေတြ အက်ယ္ႀကီးမဖြင့္ဘဲ အဲဒီလိုမ်ိဳးေလး ကထိန္လွည့္ၾက မယ္ဆို ေကာင္းမွာပဲ… ဒီလိုမ်ိဳးေတြကို အတုယူသင့္တယ္လို႔ မွတ္ခ်က္စကားေတြ ေျပာထားၾကတာကိုေတြ႕ရွိရပါတယ္…
ပရိသတ္ႀကီးတို႔ေရာ ေလာ္စပီကာနဲ႔ ပတ္သက္ၿပီး ဘယ္လိုမွတ္ခ်က္ေပးခ်င္ၾကပါသလဲ…ေအာက္မွာ အဲဒီဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္….
႐ုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ
Credit : shweyaunglan
Unicode ဖြင့်ဖတ်ရန်
မြန်မာတွေ ပြန်ပြီး အတုယူ သင့်လှတဲ့ အသံချဲ့စက်တွေ လော်စပီကာတွေ လုံးဝ မပါတဲ့ သူများနိုင်ငံက ကထိန်ပွဲလေး
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အလှူဆိုလည်း လော်စပီကာ..ကထိန်ဆိုလည်း လော်စပီကာနဲ့ သီချင်းတွေ တရားတွေဖွင့်တတ်ကြပါတယ်….အလှူမှာ ကထိန်မှာ လော်စပီကာဖွင့်တာကို အပြစ်မပြောကြပေမဲ့ နောက်ပိုင်းမှာတော့ လော်စပီကာကို အချိန်မတော်ထိ အကျယ်ကြီးဖွင့်တာ…ပတ်ဝန်းကျင် မခံသာအောင် ဆူညံစွာဖွင့်ပြီး အရက်သေစာသောက်စား ကခုန်တာတွေ ပြုလုပ်လာတာကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့သလို လော်စပီကာအကျယ်ကြီးဖွင့်လို့ ရန်ပွဲတွေ ဖြစ်ကြတဲ့ ပြဿနာသတင်းတွေကို လည်း မကြာခဏတွေ့ရှိရပါတယ်…
ဒါ့ကြောင့် လော်စပီကာကို ဆူညံစွာဖွင့်ရင် တိုင်ကြားနိုင်တယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်…ယခုဖော်ပြပေးချင်တာကတော့ အင်တာနက်မှာ လူတွေချီးကျူးနေကြတဲ့ လော်စပီကာမပါတဲ့ တစ်ခြားနိုင်ငံက ကထိန်ပွဲ ဗီဒီယိုဖိုင်လေးအကြောင်းပါ….
အဆိုပါဗီဒီယိုဖိုင်လေးထဲမှာတော့ နိုင်ငံခြားသားတွေဟာ လော်စပီကာမပါဘဲ ရိုးရာအိုးစည်ဗုံမောင်းတွေကို တီးခတ်ပြီး ဘုရားပုံတော်တွေကိုင် သာသနာ့အလံတွေကိုင်ကာ စီတန်းပြီး ကထိန်ခင်းနေတာပဲ ဖြစ်ပါတယ်…. အဲလိုတီးခတ်ရာမှာလည်း ဆူညံစွာတီးခတ်တာမဟုတ်ဘဲ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေတဲ့ အသံမျိုးနဲ့သာ ထိန်းသိမ်းတီးခတ်သွားတာ တွေ့ရပါတယ်…
ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုရသူတွေကတော့ ကျနော်တို့ နိုင်ငံမှာလည်း လော်စပီကာတွေ အကျယ်ကြီးမဖွင့်ဘဲ အဲဒီလိုမျိုးလေး ကထိန်လှည့်ကြ မယ်ဆို ကောင်းမှာပဲ… ဒီလိုမျိုးတွေကို အတုယူသင့်တယ်လို့ မှတ်ချက်စကားတွေ ပြောထားကြတာကိုတွေ့ရှိရပါတယ်…
ပရိသတ်ကြီးတို့ရော လော်စပီကာနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်ကြပါသလဲ…အောက်မှာ အဲဒီဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….
ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ
Credit : shweyaunglan


မှတ်ချက်များ