ေညာင္ဦးမွာ ေျမၿပိဳၿပီး ဂူႀကီး တစ္လုံး ေပၚထြက္လာကာ အရင္ေခတ္က ႐ုပ္ထု ႏွစ္ခု ေတြ႕ရွိခဲ့တဲ့ ျဖစ္ရပ္



Zawgyi ျဖင့္ဖတ္ရန္


“လူသားအစ ျမန္မာက” လို႔ ဆိုၾကတဲ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ကမာၻဦးေခတ္ကစလို႔ ပုဂံ.ပင္းယ.အင္းဝ.ေတာင္ငူ.ေညာင္ရမ္း.ကုန္းေဘာင္စတဲ့ ဘုရင္ေခတ္ေတြရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္း သမိုင္းအေမြအႏွစ္ စတာေတြကို မၾကာခဏတူးေဖာ္ရရွိလ်က္ရွိပါတယ္…




သုေတသနျပဳလုပ္ ရွာေဖြေတြ႕ရွိတာပဲ ျဖစ္ျဖစ္…လမ္းေဖာက္ ေျမတူး အိမ္ေဆာက္လို႔ပဲ ျဖစ္ျဖစ္ ဒီလိုေရွးေဟာင္းပစၥည္းေတြကို မၾကာခဏေတြ႕ရွိတာေၾကာင့္ သက္ဆိုင္ရာတာဝန္ရွိသူေတြဆီ အပ္ႏွံၿပီး စနစ္တက် ထိန္းသိမ္းထားရွိလ်က္ရွိပါတယ္…
အခုလည္းပဲ ေညာင္ဦးၿမိဳ႕ရွိ အမွတ္ ၃ နယ္ေျမ ေအာင္ေဇယ်ရပ္ကြက္မွာကုန္းၿဖိဳရာကေန ေျမၿပိဳၿပီးေတာ့ ဂူေတြ႕ရွိခဲ့ပါတယ္… အဲဒီဂူထဲမွာေတာ့ ေရွးေဟာင္း႐ုပ္ထု ႏွစ္ခုေတြ႕ရွိခဲ့ပါတယ္….






ဂူရဲ႕ အလ်ားကိုေတာ့ တိုင္းတာလို႔ မရေသးေပမဲ့ အတြင္းပိုင္းမွာ အုတ္နဲ႔ ျပဳလုပ္ထားတဲ့ ဂူလို႔ သိရပါတယ္….. သက္ဆိုင္ရာကို အေၾကာင္းၾကားရာမွာ တာဝန္ရွိသူေတြက လာေရာက္စစ္ေဆးေနတယ္လို႔ ဆိုပါတယ္…







ခုလို ေရွးေဟာင္းပစၥည္းေတြဟာ သမိုင္းကို ေလ့လာရာမွာ အလြန္တန္ဖိုးရွိတဲ့ သက္ေသခံအေထာက္အထားအေမြအႏွစ္ေတြပဲ ျဖစ္ပါတယ္…ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း ယခုလို ေရွးေဟာင္းပစၥည္းေတြ ေတြ႕ရွိခဲ့ရင္ သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔ မေမ့နဲ႔ေနာ္….

Writer – HW (Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ညောင်ဦးမှာ မြေပြိုပြီး ဂူကြီး တစ်လုံး ပေါ်ထွက်လာကာ အရင်ခေတ်က ရုပ်ထု နှစ်ခု တွေ့ရှိခဲ့တဲ့ ဖြစ်ရပ်


“လူသားအစ မြန်မာက” လို့ ဆိုကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ကမ္ဘာဦးခေတ်ကစလို့ ပုဂံ.ပင်းယ.အင်းဝ.တောင်ငူ.ညောင်ရမ်း.ကုန်းဘောင်စတဲ့ ဘုရင်ခေတ်တွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းအမွေအနှစ် စတာတွေကို မကြာခဏတူးဖော်ရရှိလျက်ရှိပါတယ်…




သုတေသနပြုလုပ် ရှာဖွေတွေ့ရှိတာပဲ ဖြစ်ဖြစ်…လမ်းဖောက် မြေတူး အိမ်ဆောက်လို့ပဲ ဖြစ်ဖြစ် ဒီလိုရှေးဟောင်းပစ္စည်းတွေကို မကြာခဏတွေ့ရှိတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အပ်နှံပြီး စနစ်တကျ ထိန်းသိမ်းထားရှိလျက်ရှိပါတယ်…
အခုလည်းပဲ ညောင်ဦးမြို့ရှိ အမှတ် ၃ နယ်မြေ အောင်ဇေယျရပ်ကွက်မှာကုန်းဖြိုရာကနေ မြေပြိုပြီးတော့ ဂူတွေ့ရှိခဲ့ပါတယ်… အဲဒီဂူထဲမှာတော့ ရှေးဟောင်းရုပ်ထု နှစ်ခုတွေ့ရှိခဲ့ပါတယ်….





ဂူရဲ့ အလျားကိုတော့ တိုင်းတာလို့ မရသေးပေမဲ့ အတွင်းပိုင်းမှာ အုတ်နဲ့ ပြုလုပ်ထားတဲ့ ဂူလို့ သိရပါတယ်….. သက်ဆိုင်ရာကို အကြောင်းကြားရာမှာ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်…





ခုလို ရှေးဟောင်းပစ္စည်းတွေဟာ သမိုင်းကို လေ့လာရာမှာ အလွန်တန်ဖိုးရှိတဲ့ သက်သေခံအထောက်အထားအမွေအနှစ်တွေပဲ ဖြစ်ပါတယ်…ဒါကြောင့် ပရိသတ်ကြီးတို့လည်း ယခုလို ရှေးဟောင်းပစ္စည်းတွေ တွေ့ရှိခဲ့ရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ မမေ့နဲ့နော်….

Writer – HW (Shwe Yaung Lan)

မှတ်ချက်များ