သီခ်င္းကို မ်က္စိေတြ ၊ႏွာေခါင္းနဲ႔နားမေထာင္ၾကဖို႔ေျပာလိုက္တဲ့ သာဒီးလူ


Zawgyiျဖင့္ဖတ္ရန္

အားလုံးေမွ်ာ္လင့္ေနၾကတဲ့ Myanmar Idol ဆိုတဲ့သီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ ပရိသတ္ေတြေရွ႕ေမွာက္ကို ျပန္လည္ေရာက္ရီလို႔လာခဲ့ပါၿပီ။ ကမာၻ႔ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ Franchise ယူၿပီျပန္လည္က်င္းပေနၾကတဲ့ Idol သီခ်င္းဆိုၿပိဳင္ပြဲကေတာ့ ျမန္မာႏိုင္ငံမွာ က်င္းပခဲ့တာ အခုဆိုရင္ Season 4 က္ုေရာက္ရွိေနပါၿပီ ။ Season တိုင္းမွာလည္း ပရိသတ္ရဲ႕ စိတ္ဝင္စားမႈအမ်ားဆုံး အစီစဥ္တစ္ခုျဖစ္ခဲ့ပါတယ္ ။ အခု Season မွာေတာ့ Top 10 Finalists ေတြယွဥ္ၿပိဳင္ရတဲ့အဆင့္ကိုေရာက္ရွိေနပါၿပီ။

အဲ့ဒီယွဥ္ၿပိဳင္မႈရဲ႕ Result Show မွာေတာ့ Rock မ်ိဳးဆက္ရဲ႕ အေကာင္းဆုံး Band တစ္Band အျဖစ္ရပ္တည္ေနတဲ့ The Key Band က လာေရာက္ၿပီး သီခ်င္းႏွစ္ပုဒ္နဲ႔ သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္ ။ သူရဲ႕ သီဆိုမႈမွာ သူက ၿပိဳင္ပြဲဝင္ေတြအတြက္အားေပးစကားေတြကိုလည္း ” အခုလို Myanmar Idol ပြဲစဥ္ႀကီးမွာ လာေရာက္သီဆို ေဖ်ာ္ေျဖခြင့္ရတာ က်ေနာ္အရမ္းကို အံ့ဩဝမ္းသာ ဂုဏ္ယူရပါတယ္ ။ဘာျဖစ္လို႔လည္း ဆိုတဲ့အခါက်ေတာ့ က်ေနာ္ကလြန္ခဲ့တဲ့ ၁၃ ႏွစ္ေလာက္က ၿပိဳင္ပြဲတစ္ခုမွာ အခုလိုပဲ အရႈံးနဲ႔ အိမ္ျပန္ခဲ့ရဖူးပါတယ္ ။ (သေဘာက်လ်က္) အခုဆိုရင္ ဒီMyanmar Idol ၿပိဳင္ပြဲကို လာေရာက္ယွဥ္ၿပိဳင္ၾကတဲ့ပယအေယာက္ဆီတိုင္း အေယာက္ဆီတိုင္းကို အားေပးေနၾကတဲ့ ပရိသတ္ေတြ မိဘျပည္သူေတြကို က်ေနာ္ ဒီေနရာကေန သူတို႔ကိုယ္စား ပရိသတ္ေတြကိုယ္စား ေက်းဇူးတင္ပါတယ္ ။

ဒါေပမယ့္ က်ေနာ္ အႀကံေပးခ်င္တာေလးတစ္ခုရွိပါတယ္ ။စည္းေတြ ေဘာင္ေတြထဲကေန အမွတ္ေပးစည္းမ်ဥ္းေတြနဲ႔ ယွဥ္ၿပိဳင္ရတဲ့ ၿပိဳင္ပြဲဟာၿပိဳင္ပြဲပါပဲ ။ ဘယ္ေသာအခါမွ အမွန္တကယ္ Reality ျဖစ္မလာပါဘူး ။ အရႈံးနဲ႔အိမ္ျပန္ခဲ့ရတယ္ ဆိုေပမယ့္ ေနာက္မ်ားေနာက္မ်ားမွာ အခုလိုမ်ိဳး ၊ ဒီစင္ေပၚမွာ ေျခစုံမတ္မတ္ရပ္ၿပီးေတာ့ က်ေနာ့္လိုမ်ိဳး အႏုပညာခရီးလမ္းကို ဆက္လက္ၿပီးေတာ့ ေလွ်ာက္လွမ္းႏိုင္ပါေသးတယ္ ။ နည္းနည္း စကားႀကီး စကားက်ယ္ျဖစ္သြားတယ္ ဗ် ။ ေနာက္တစ္ခုအေနနဲ႔ေပါ့ေနာ္ က်ေနာ္တို႔ စစ္မွန္တဲ့ Voting ေတြ စစ္မွန္တဲ့ေ႐ြးခ်ယ္မႈေတြ ရရွိဖို႔ ၿပိဳင္ပြဲဝင္ တစ္ဦးခ်င္း တစ္ဦးခ်င္းစီတိုင္းရဲ႕ သီဆိုေဖ်ာ္ေျဖမႈေတြတိုင္းကို လူႀကီးမင္းတို႔ရဲ႕နားနဲ႔‌နားေထာင္ၿပီး ဆုံးျဖတ္ေပးၾကပါလို႔ ဒီေနရာကေန က်ေနာ္ ေမတၱာရပ္ခံပါတယ္ ။ အားေပးၾကတယ္ ဆိုတာ မ်က္စိေတြ ၊ ႏွာေခါင္းေတြနဲ႔ သီခ်င္းနားမေထာင္ၾကပါနဲ႔ နား႐ြက္နဲ႔ သီခ်င္းနားေထာင္ၾကပါ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ” ဆိုၿပီး ေျပာသြားခဲ့ပါတယ္ ။

Credit:Cantwait2say

Unicodeဖြင့်ဖတ်ရန်

သီချင်းကို မျက်စိတွေ ၊နှာခေါင်းနဲ့နားမထောင်ကြဖို့ပြောလိုက်တဲ့ သာဒီးလူ

အားလုံးမျှော်လင့်နေကြတဲ့ Myanmar Idol ဆိုတဲ့သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရီလို့လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ Franchise ယူပြီပြန်လည်ကျင်းပနေကြတဲ့ Idol သီချင်းဆိုပြိုင်ပွဲကတော့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာ အခုဆိုရင် Season 4 က်ုရောက်ရှိနေပါပြီ ။ Season တိုင်းမှာလည်း ပရိသတ်ရဲ့ စိတ်ဝင်စားမှုအများဆုံး အစီစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ။ အခု Season မှာတော့ Top 10 Finalists တွေယှဉ်ပြိုင်ရတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။

အဲ့ဒီယှဉ်ပြိုင်မှုရဲ့ Result Show မှာတော့ Rock မျိုးဆက်ရဲ့ အကောင်းဆုံး Band တစ်Band အဖြစ်ရပ်တည်နေတဲ့ The Key Band က လာရောက်ပြီး သီချင်းနှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ် ။ သူရဲ့ သီဆိုမှုမှာ သူက ပြိုင်ပွဲဝင်တွေအတွက်အားပေးစကားတွေကိုလည်း ” အခုလို Myanmar Idol ပွဲစဉ်ကြီးမှာ လာရောက်သီဆို ဖျော်ဖြေခွင့်ရတာ ကျနော်အရမ်းကို အံ့ဩဝမ်းသာ ဂုဏ်ယူရပါတယ် ။ဘာဖြစ်လို့လည်း ဆိုတဲ့အခါကျတော့ ကျနော်ကလွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ပြိုင်ပွဲတစ်ခုမှာ အခုလိုပဲ အရှုံးနဲ့ အိမ်ပြန်ခဲ့ရဖူးပါတယ် ။ (သဘောကျလျက်) အခုဆိုရင် ဒီMyanmar Idol ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ပယအယောက်ဆီတိုင်း အယောက်ဆီတိုင်းကို အားပေးနေကြတဲ့ ပရိသတ်တွေ မိဘပြည်သူတွေကို ကျနော် ဒီနေရာကနေ သူတို့ကိုယ်စား ပရိသတ်တွေကိုယ်စား ကျေးဇူးတင်ပါတယ် ။

ဒါပေမယ့် ကျနော် အကြံပေးချင်တာလေးတစ်ခုရှိပါတယ် ။စည်းတွေ ဘောင်တွေထဲကနေ အမှတ်ပေးစည်းမျဉ်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဟာပြိုင်ပွဲပါပဲ ။ ဘယ်သောအခါမှ အမှန်တကယ် Reality ဖြစ်မလာပါဘူး ။ အရှုံးနဲ့အိမ်ပြန်ခဲ့ရတယ် ဆိုပေမယ့် နောက်များနောက်များမှာ အခုလိုမျိုး ၊ ဒီစင်ပေါ်မှာ ခြေစုံမတ်မတ်ရပ်ပြီးတော့ ကျနော့်လိုမျိုး အနုပညာခရီးလမ်းကို ဆက်လက်ပြီးတော့ လျှောက်လှမ်းနိုင်ပါသေးတယ် ။ နည်းနည်း စကားကြီး စကားကျယ်ဖြစ်သွားတယ် ဗျ ။ နောက်တစ်ခုအနေနဲ့ပေါ့နော် ကျနော်တို့ စစ်မှန်တဲ့ Voting တွေ စစ်မှန်တဲ့ရွေးချယ်မှုတွေ ရရှိဖို့ ပြိုင်ပွဲဝင် တစ်ဦးချင်း တစ်ဦးချင်းစီတိုင်းရဲ့ သီဆိုဖျော်ဖြေမှုတွေတိုင်းကို လူကြီးမင်းတို့ရဲ့နားနဲ့‌နားထောင်ပြီး ဆုံးဖြတ်ပေးကြပါလို့ ဒီနေရာကနေ ကျနော် မေတ္တာရပ်ခံပါတယ် ။ အားပေးကြတယ် ဆိုတာ မျက်စိတွေ ၊ နှာခေါင်းတွေနဲ့ သီချင်းနားမထောင်ကြပါနဲ့ နားရွက်နဲ့ သီချင်းနားထောင်ကြပါ ။ ကျေးဇူးအများကြီးတင်ပါတယ် ” ဆိုပြီး ပြောသွားခဲ့ပါတယ် ။

Credit:Cantwait2say

မှတ်ချက်များ