ပင္ကိုယ္အေနေအးသေလာက္ စိတ္တိုလာရင္လည္း ထိန္းမရတဲ့ ရာသီဖြားမ်ား
Zawgyiျဖင့္ဖတ္ရန္
ကိုယ့္ေဘးနားမွာ ေန႕စဥ္ေျပာဆိုဆက္ဆံေနရတဲ့သူေတြထဲမွာ စိတ္ရွည္တဲ့သူေတြလည္းရွိသလို ၊ စိတ္တိုလြယ္တဲ့သူ၊ ဆတ္ဆတ္ထိမခံေပါက္ကြဲလြယ္တဲ့သူေတြလည္းရွိပါတယ္။ စိတ္တိုလာရင္ ထိန္းမရေအာင္ေပါက္ကြဲတတ္ျပီး ေၾကာက္စရာေကာင္းေလာက္ေအာင္ျဖစ္သြားတတ္တဲ့သူေတြကေတာ့ ဒီရာသီခြင္ေတြပါ။
Taurus ( Apr 21- May 20)
ျပိႆရာသီဖြားေတြ ေဒါသထြက္လာရင္ ေၾကာက္စရာေကာင္းလြန္းလို႕ တတ္နိုင္သေလာက္ေဝးေဝးေနသင့္ပါတယ္။ သူတို႕ရဲ႕ ေခါင္းမာလြန္းတဲ့အက်င့္ေၾကာင့္ လြယ္လြယ္နဲ႕လည္း စိတ္ဆိုးေဒါသမေျပနိုင္ၾကပါဘူး။ ေဒါသထြက္လာျပီဆိုတာနဲ႕ ေအာ္ဟစ္ေပါက္ကြဲတတ္ၾကျပီး တစ္ဖက္သားကိုျပင္းျပင္းထန္ထန္ရန္မူဖို႕၊ တိုက္ခိုက္ဖို႕ အသင့္အေနအထားမ်ိဳးျဖစ္ေနတတ္ၾကပါတယ္။ သူတို႕ကိုစိတ္ေျပသြားေအာင္လုပ္ေပးခ်င္တယ္ဆိုရင္ေတာ့ တရားခ်ဖို႕မၾကိဳးစားဘဲ တစ္ေယာက္တည္းေနခိုင္းလိုက္တာက အေကာင္းဆံုးနည္းလမ္းပါပဲ။
Leo ( July 22 – Aug 22)
စိတ္ခံစားခ်က္ျပင္းထန္လြန္းျပီး ေဒါသၾကီးလြန္းတဲ့ ျခေသၤ့ေလးေတြကေတာ့ သူတို႕ကို ဂရုမစိုက္ဘဲပစ္ထားတာမ်ိဳးကို အရမ္းစိတ္ဆိုးတတ္ၾကပါတယ္။ သူတို႕စိတ္ဆိုးတဲ့သူကို တဲ့တိုးသြားေျပာတတ္ျပီး အဲ့လိုမ်ိဳး မေျပာရမခ်င္းစိတ္မေျပတတ္ၾကပါဘူး။ စိတ္ဆိုုးလာရင္ ဘာကိုမွမျမင္ေတာ့ေလာက္ေအာင္ ေဒါသၾကီးတတ္လြန္းသူေတြပါ။
Scorpio (Oct 23 – Nov 21)
ျဗိစာၦရာသီဖြားေတြက စိတ္ဆိုးလာျပီဆိုရင္ တစ္ဖက္သားကိုအႏၱရာယ္ျဖစ္ေအာင္လုပ္ဖို႕ ဝန္မေလးတတ္ၾကတဲ့၊ အမွားလုပ္မိမွာကိုလည္း မေၾကာက္တတ္ၾကတဲ့သူေတြျဖစ္ပါတယ္။ ျပႆနာတစ္ခုခုျဖစ္လာရင္ သူတို႕ဘက္ကမွန္တယ္လို႕ပဲအျမဲထင္တတ္ၾကျပီး ဘယ္ေတာ့မွအရံႈးမေပးတတ္ပါဘူး။ သူတို႕ခ်စ္ရသူေတြက သူတို႕ရဲ႕ခံစားခ်က္ကိုနားမလည္ေပးတဲ့အခါမ်ိဳးမွာ အရမ္းခံစားရျပီး၊ စိတ္ေတြတအားတိုလာတတ္ပါတယ္။ ခ်က္ခ်င္းမတံု႕ျပန္ရရင္ေတာင္ မွတ္ထားျပီးအခြင့္အေရးရရင္ ျပန္တံု႕ျပန္တတ္တဲ့သူေတြပါ။
MAY THAZINHTOO
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ပင်ကိုယ်အနေအေးသလောက် စိတ်တိုလာရင်လည်း ထိန်းမရတဲ့ ရာသီဖွားများ
ကိုယ့်ဘေးနားမှာ နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့သူတွေထဲမှာ စိတ်ရှည်တဲ့သူတွေလည်းရှိသလို ၊ စိတ်တိုလွယ်တဲ့သူ၊ ဆတ်ဆတ်ထိမခံပေါက်ကွဲလွယ်တဲ့သူတွေလည်းရှိပါတယ်။ စိတ်တိုလာရင် ထိန်းမရအောင်ပေါက်ကွဲတတ်ပြီး ကြောက်စရာကောင်းလောက်အောင်ဖြစ်သွားတတ်တဲ့သူတွေကတော့ ဒီရာသီခွင်တွေပါ။
Taurus ( Apr 21- May 20)
ပြိဿရာသီဖွားတွေ ဒေါသထွက်လာရင် ကြောက်စရာကောင်းလွန်းလို့ တတ်နိုင်သလောက်ဝေးဝေးနေသင့်ပါတယ်။ သူတို့ရဲ့ ခေါင်းမာလွန်းတဲ့အကျင့်ကြောင့် လွယ်လွယ်နဲ့လည်း စိတ်ဆိုးဒေါသမပြေနိုင်ကြပါဘူး။ ဒေါသထွက်လာပြီဆိုတာနဲ့ အော်ဟစ်ပေါက်ကွဲတတ်ကြပြီး တစ်ဖက်သားကိုပြင်းပြင်းထန်ထန်ရန်မူဖို့၊ တိုက်ခိုက်ဖို့ အသင့်အနေအထားမျိုးဖြစ်နေတတ်ကြပါတယ်။ သူတို့ကိုစိတ်ပြေသွားအောင်လုပ်ပေးချင်တယ်ဆိုရင်တော့ တရားချဖို့မကြိုးစားဘဲ တစ်ယောက်တည်းနေခိုင်းလိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။
Leo ( July 22 – Aug 22)
စိတ်ခံစားချက်ပြင်းထန်လွန်းပြီး ဒေါသကြီးလွန်းတဲ့ ခြင်္သေ့လေးတွေကတော့ သူတို့ကို ဂရုမစိုက်ဘဲပစ်ထားတာမျိုးကို အရမ်းစိတ်ဆိုးတတ်ကြပါတယ်။ သူတို့စိတ်ဆိုးတဲ့သူကို တဲ့တိုးသွားပြောတတ်ပြီး အဲ့လိုမျိုး မပြောရမချင်းစိတ်မပြေတတ်ကြပါဘူး။ စိတ်ဆိုးလာရင် ဘာကိုမှမမြင်တော့လောက်အောင် ဒေါသကြီးတတ်လွန်းသူတွေပါ။
Scorpio (Oct 23 – Nov 21)
ဗြိစ္ဆာရာသီဖွားတွေက စိတ်ဆိုးလာပြီဆိုရင် တစ်ဖက်သားကိုအန္တရာယ်ဖြစ်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြတဲ့၊ အမှားလုပ်မိမှာကိုလည်း မကြောက်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်လာရင် သူတို့ဘက်ကမှန်တယ်လို့ပဲအမြဲထင်တတ်ကြပြီး ဘယ်တော့မှအရှုံးမပေးတတ်ပါဘူး။ သူတို့ချစ်ရသူတွေက သူတို့ရဲ့ခံစားချက်ကိုနားမလည်ပေးတဲ့အခါမျိုးမှာ အရမ်းခံစားရပြီး၊ စိတ်တွေတအားတိုလာတတ်ပါတယ်။ ချက်ချင်းမတုံ့ပြန်ရရင်တောင် မှတ်ထားပြီးအခွင့်အရေးရရင် ပြန်တုံ့ပြန်တတ်တဲ့သူတွေပါ။
MAY THAZINHTOO
Credit:Aunty May


မှတ်ချက်များ