အစ္ကိုေတြၾကား ႀကီးျပင္းရတဲ့ မိန္းကေလးေတြရဲ႕ လူသိပ္မသိတဲ့ အခက္အခဲမ်ား


Zawgyiျဖင့္ဖတ္ရန္

မိန္းကေလးအခ်င္းခ်င္း ေပါင္းသင္းဆက္ဆံေရး ညံ့တဲ့သူေတြ ျမင္ဖူးၾကတယ္မလား။ မိန္းကေလးအခ်င္းခ်င္းထက္ ေယာက်ၤားေလးေတြကို ပိုအဖက္လုပ္တယ္ဆိုၿပီး အျပစ္မတင္လိုက္ပါနဲ႔…။ အစ္ကိုေတြနဲ႔ ႀကီးခဲ့တဲ့သူေတြမို႔ အဲ့လို ျဖစ္ေနတာပါ။ သူတို႔အတြက္ေတာ့ တစ္ျခား ပံုမွန္မိန္္းကေလးေတြကေန ကြဲေနတာက အခက္အခဲ တစ္ခုပါပဲ။

(၁) မိန္းကေလးေတြကို စကားမေျပာတတ္ဘူး

သူငယ္ခ်င္း မိန္းကေလးကလည္း ရွားမွ ရွားသလို မိန္းကေလး မိတ္ေဆြသစ္ဖြဲ႔ဖို႔ ႀကိဳးစားလည္း မေအာင္ျမင္ပါဘူး။ အစ္ကိုေတြနဲ႔ စကားေျပာေနက် ျဖစ္ေတာ့ ေယာက်ၤားေလးေတြနဲ႔ စကားေျပာဖို႔က် မထူးဆန္းသလို ျဖစ္ေနေပမဲ့ မိန္းကေလးေတြကိုက် ဘယ္လို ဘယ္ကစၿပီး စကားေျပာရမယ္မွန္း မသိလို႔ အျမဲ အထင္လြဲခံေနရပါတယ္။ တစ္ျခားမိန္းကေလးေတြနဲ႔ မတူတာေၾကာင့္ အထင္လြဲခံရၿပီး စိတ္ပင္ပန္းေနရတဲ့သူေတာင္ ရွိၾကပါေသးတယ္။ ေအာက္က အခ်က္ေတြကို ဖတ္ၾကည့္ၿပီး နားလည္ေပးလိုက္ၾကပါေနာ္။

(၂) မိန္းကေလးအက်င့္ေတြ မသိဘူး

မိန္းကေလးေတြက ဘယ္လိုဆိုု ပိုသေဘာက်တယ္ ဘယ္လို ရင္းႏွီးမႈယူလို႔ ရတယ္ဆိုတာေတြ သူတို႔ မသိၾကပါဘူး။ ဘာလို႔လဲဆိုေတာ့ အစ္ကိုေတြပဲျမင္ၿပီး အစ္ကိုေတြနဲ႔ အက်င့္ေတြပဲ သိတာေၾကာင့္ မိန္းကေလးေတြ ဘယ္လို အက်င့္ရွိလဲဆိုတာ မသိေတာ့ပါဘူးတဲ့။

(၃) ေယာက်ၤားေလးေတြနဲ႔ အက်င့္ပိုနီးတယ္

အစ္ကိုေတြနဲ႔ ႀကီးခဲ့တဲ့ ေကာင္မေလးေတြက မိန္းကေလးဆန္တာထက္ ေယာက်ၤားေလးဆန္တာ ပိုမ်ားပါတယ္။ အႀကိဳက္ေတြ အက်င့္ေတြကိုက အစ္ကိုေတြနဲ႔ တူေနတတ္လို႔ အခုလို ျဖစ္တာပါ။ ေယာက်ၤားေလးအဝတ္ေတြလည္း လိုက္ဖက္ေအာင္ ဝတ္တတ္ေပမဲ့ မိန္းကေလးဝတ္ေတြဆိုရင္ တစ္ျခားမိန္းကေလးေတြနဲ႔ မတူပဲ မိန္းမအရမ္းမဆန္တ့ဲ အဝတ္ေတြကို ေရြးခ်ယ္ဝတ္တတ္ၾကပါတယ္။

(၄) ေယာက်ၤားေလးသူငယ္ခ်င္း မ်ားတယ္

ဘယ္လို ဘယ္လိုျဖစ္ၿပီး ေယာက်ၤားေလး သူငယ္ခ်င္းမ်ားသြားမွန္းေတာင္ သူ႔ကိုသူ သတိမထားမိပါဘူးတဲ့။ ေယာက်ၤားေလးသူငယ္ခ်င္းေတြၾကား မိန္းကေလးတစ္ေယာက္တည္း ျဖစ္ေနရင္ေတာင္ သူ႔ကိုယ္သူ မိန္းကေလး ျဖစ္ေနမွန္း သိပ္သတိမထားမိတတ္ၾကပါဘူး။ ဒါက အစ္ကိုေတြနဲ႔ ရင္းရင္းႏွီးႏွီး ေျပာဆိုေနၾကျဖစ္ေနေတာ့ သူတို႔အတြက္ ေယာက်ၤားေလးေတြနဲ႔ စကားေျပာတယ္ဆိုတာကို ထူးဆန္းတယ္လို႔ မခံစားရေတာ့ပါ။ ဒါေၾကာင့္ပဲ ပတ္ဝန္းက်င္က အျပစ္ေျပာၾကသလို မိန္းကေလးခ်င္း အျမင္မၾကည္လင္တာလည္း အျမဲခံေနရတာပါ။

(၅) ေယာက်ၤားေလးေတြအေၾကာင္း သိတယ္

အစ္ကိုေတြနဲ႔ တစ္အိမ္တည္း အတူတူ ႀကီးျပင္းလာခဲ့ေတာ့ ေယာက်ၤားေလးေတြ အေၾကာင္း သိေနတာ မဆန္းပါဘူးေနာ္။ ဒါေပမဲ့ တစ္ျခားမိန္းကေလးေတြနဲ႔ယွဥ္လိုက္ရင္ အျမဲ ထူးျခားေနမွာပါ။ တစ္ခါတစ္ေလ ေယာက်ၤာေလးေတြပဲ လုပ္ေလ့ရွိတဲ့ ကိစၥေတြ၊ အက်င့္ေတြကိုပါ သူတို႔က သိေနေတာ့ ဘာလိုလို ညာလိုလိုဆိုတဲ့ အထင္မ်ိဳးနဲ႔ အထင္ေသးခံရလို႔ အျမဲ ျပန္ရွင္းျပေနရတဲ့သူေတြပါ။

MAY THAZINHTOO

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

အစ်ကိုတွေကြား ကြီးပြင်းရတဲ့ မိန်းကလေးတွေရဲ့ လူသိပ်မသိတဲ့ အခက်အခဲများ

မိန်းကလေးအချင်းချင်း ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့သူတွေ မြင်ဖူးကြတယ်မလား။ မိန်းကလေးအချင်းချင်းထက် ယောင်္ကျားလေးတွေကို ပိုအဖက်လုပ်တယ်ဆိုပြီး အပြစ်မတင်လိုက်ပါနဲ့…။ အစ်ကိုတွေနဲ့ ကြီးခဲ့တဲ့သူတွေမို့ အဲ့လို ဖြစ်နေတာပါ။ သူတို့အတွက်တော့ တစ်ခြား ပုံမှန်မိန်းကလေးတွေကနေ ကွဲနေတာက အခက်အခဲ တစ်ခုပါပဲ။

(၁) မိန်းကလေးတွေကို စကားမပြောတတ်ဘူး

သူငယ်ချင်း မိန်းကလေးကလည်း ရှားမှ ရှားသလို မိန်းကလေး မိတ်ဆွေသစ်ဖွဲ့ဖို့ ကြိုးစားလည်း မအောင်မြင်ပါဘူး။ အစ်ကိုတွေနဲ့ စကားပြောနေကျ ဖြစ်တော့ ယောင်္ကျားလေးတွေနဲ့ စကားပြောဖို့ကျ မထူးဆန်းသလို ဖြစ်နေပေမဲ့ မိန်းကလေးတွေကိုကျ ဘယ်လို ဘယ်ကစပြီး စကားပြောရမယ်မှန်း မသိလို့ အမြဲ အထင်လွဲခံနေရပါတယ်။ တစ်ခြားမိန်းကလေးတွေနဲ့ မတူတာကြောင့် အထင်လွဲခံရပြီး စိတ်ပင်ပန်းနေရတဲ့သူတောင် ရှိကြပါသေးတယ်။ အောက်က အချက်တွေကို ဖတ်ကြည့်ပြီး နားလည်ပေးလိုက်ကြပါနော်။

(၂) မိန်းကလေးအကျင့်တွေ မသိဘူး

မိန်းကလေးတွေက ဘယ်လိုဆို ပိုသဘောကျတယ် ဘယ်လို ရင်းနှီးမှုယူလို့ ရတယ်ဆိုတာတွေ သူတို့ မသိကြပါဘူး။ ဘာလို့လဲဆိုတော့ အစ်ကိုတွေပဲမြင်ပြီး အစ်ကိုတွေနဲ့ အကျင့်တွေပဲ သိတာကြောင့် မိန်းကလေးတွေ ဘယ်လို အကျင့်ရှိလဲဆိုတာ မသိတော့ပါဘူးတဲ့။

(၃) ယောင်္ကျားလေးတွေနဲ့ အကျင့်ပိုနီးတယ်

အစ်ကိုတွေနဲ့ ကြီးခဲ့တဲ့ ကောင်မလေးတွေက မိန်းကလေးဆန်တာထက် ယောင်္ကျားလေးဆန်တာ ပိုများပါတယ်။ အကြိုက်တွေ အကျင့်တွေကိုက အစ်ကိုတွေနဲ့ တူနေတတ်လို့ အခုလို ဖြစ်တာပါ။ ယောင်္ကျားလေးအဝတ်တွေလည်း လိုက်ဖက်အောင် ဝတ်တတ်ပေမဲ့ မိန်းကလေးဝတ်တွေဆိုရင် တစ်ခြားမိန်းကလေးတွေနဲ့ မတူပဲ မိန်းမအရမ်းမဆန်တဲ့ အဝတ်တွေကို ရွေးချယ်ဝတ်တတ်ကြပါတယ်။

(၄) ယောင်္ကျားလေးသူငယ်ချင်း များတယ်

ဘယ်လို ဘယ်လိုဖြစ်ပြီး ယောင်္ကျားလေး သူငယ်ချင်းများသွားမှန်းတောင် သူ့ကိုသူ သတိမထားမိပါဘူးတဲ့။ ယောင်္ကျားလေးသူငယ်ချင်းတွေကြား မိန်းကလေးတစ်ယောက်တည်း ဖြစ်နေရင်တောင် သူ့ကိုယ်သူ မိန်းကလေး ဖြစ်နေမှန်း သိပ်သတိမထားမိတတ်ကြပါဘူး။ ဒါက အစ်ကိုတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုနေကြဖြစ်နေတော့ သူတို့အတွက် ယောင်္ကျားလေးတွေနဲ့ စကားပြောတယ်ဆိုတာကို ထူးဆန်းတယ်လို့ မခံစားရတော့ပါ။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်က အပြစ်ပြောကြသလို မိန်းကလေးချင်း အမြင်မကြည်လင်တာလည်း အမြဲခံနေရတာပါ။

(၅) ယောင်္ကျားလေးတွေအကြောင်း သိတယ်

အစ်ကိုတွေနဲ့ တစ်အိမ်တည်း အတူတူ ကြီးပြင်းလာခဲ့တော့ ယောင်္ကျားလေးတွေ အကြောင်း သိနေတာ မဆန်းပါဘူးနော်။ ဒါပေမဲ့ တစ်ခြားမိန်းကလေးတွေနဲ့ယှဉ်လိုက်ရင် အမြဲ ထူးခြားနေမှာပါ။ တစ်ခါတစ်လေ ယောင်္ကျာလေးတွေပဲ လုပ်လေ့ရှိတဲ့ ကိစ္စတွေ၊ အကျင့်တွေကိုပါ သူတို့က သိနေတော့ ဘာလိုလို ညာလိုလိုဆိုတဲ့ အထင်မျိုးနဲ့ အထင်သေးခံရလို့ အမြဲ ပြန်ရှင်းပြနေရတဲ့သူတွေပါ။

MAY THAZINHTOO

Credit:Aunty May

မှတ်ချက်များ