

Zawgyiဖြင့်ဖတ်ရန်






Moekalay

Source;smile

Credit:(Momolay)

Unicodeဖြင့်ဖတ်ရန်

အသက်ငယ်ငယ်နဲ့ ခက်ခဲတဲ့ သီချင်းကို လွယ်လွယ်သီဆိုနိုင်တဲ့ အေးမြဖြူ ကို ချီးကျူးလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင် မင်းသမီး စမိုင်းလ်ဟာဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို သူမချစ်ရတဲ့မောင်၊ သမီးကြီး ဆုနဒီမောင်၊ သမီးငယ်လေး ဆုရတီမောင် တို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်နေထိုင်သူလေးဖြစ်တာကြောင့် သူမတို့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို အများကလေးစားအားကျနေကြရတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် က Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲဝင် အေးမြဖြူ ရဲ့ သီဆိုမှုနဲ့ ပတ်သက်ပြီး ချီးကျူးစကား ဆိုလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Myanmar Idol Season 4 က ခုအချိန်မှာ ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြတဲ့ အစီအစဉ်တစ်ခုပါ။ မနေ့ညကတော့ ပြိုင်ပွဲဝင်တွေက တက္ကသိုလ် ကျောင်းသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ကြရတာပဲ ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ကြတဲ့အထဲမှာ ပြိုင်ပွဲဝင် အေးမြဖြူ က အဆိုတော်ချိုပြုံး သီဆိုခဲ့တဲ့ သီချင်းဖြစ်တဲ့ တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်း နဲ့ ယှဉ်ပြိုင်ခဲ့ရာ ပရိသတ်တွေ ရဲ့ အားပေးမှုများစွာရရှိခဲ့ပါတယ်။ စမိုင်းလ် က အေးမြဖြူ ရဲ့ သီဆိုမှုနဲ့ ပတ်သက်ပြီး ခုလိုပြောထားပါတယ်။

" အမလေး အေးမြဖြူ ပဲဟေး ဒီအပတ် .. ဒီလောက်ခက်တဲ့သီချင်းကို ၁၆နှစ်သမီးလေးလွယ်လွယ်ဆိုနိုင်တာ ဒီအန်တီကြီးလည်းအရမ်းကြိုက်ပါတယ် WOW wow wow ( ဦးလတ်အသံဖြင့် )" ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် စမိုင်းလ် က အေးမြဖြူ ရဲ့ သီဆိုမှုကို ချီးကျူးထားတဲ့အကြောင်း ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay

Source;smile

Credit:(Momolay)

မှတ်ချက်များ