အာရွတိုက္ရဲ႕ ေခ်ာေမာအခန္႔ညားဆံုးေသာ အမ်ိုးသားအျဖစ္ ေရြးခ်ယ္ခံထားရတဲ႔ Xiao Zhan


Zawgyiျဖင့္ဖတ္ရန္

မၾကာေသးခင္လပိုင္းတုန္းကမွ ထုတ္လႊင္႔ျပသျပီးသြားခဲ႔တဲ႔ "The Untamed " ဇာတ္လမ္းတြဲနဲ႔ လူသိမ်ားေအာင္ျမင္ခဲ႔သူ Xiao Zhan ဟာဆုိရင္ လက္ရွိအခ်ိန္မွာ တရုတ္ႏိုင္ငံအတြင္းမွာသာမက ႏိုင္ငံတကာက ပရိသတ္ေတြရဲ႕ တစ္ခဲနက္ႏွစ္သက္အားေပးျခင္းကို အခိုင္အမာရရွိေနတဲ႔ မင္းသားတစ္လက္ျဖစ္ပါတယ္။ သရုပ္ေဆာင္အရည္အခ်င္းအျပင္ အဆိုပညာမွာလည္း ပါရမီပါတဲ႔ Xiao Zhan ဟာ သရုပ္ေဆာင္မင္းသားတစ္လက္အေနနဲ႔သာမကပဲ အဆိုေတာ္တစ္ေယာက္အျဖစ္နဲ႔လည္း ပရိသတ္ေတြရဲ႕ လက္ခံအားေပးျခင္းကုိ ရရွိထားပါေသးတယ္။

အႏုပညာရွင္တစ္ေယာက္မွာရွိသင္႔တဲ႔ အရည္အေသြးေတြနဲ႔ ျပည္႔စံုတဲ႔အျပင္ ရုပ္ရည္ပိုင္းအသြင္အျပင္မွာလည္း အျပစ္ေျပာစရာမရွိတဲ႔သူဟာ အခုဆိုရင္ ၂၀၁၉ ခုႏွစ္အတြက္ အာရွတိုက္ရဲ႕ ေခ်ာေမာအခန္႔ညားဆံုးေသာ အမ်ိုးသားအျဖစ္ ေရြးခ်ယ္ခံထားရတယ္လုိ႔ သိရပါတယ္။

ထိုသတ္မွတ္ခ်က္ဟာဆုိရင္ ႏွစ္စဥ္ဆုိသလို စစ္တမ္းေကာက္ယူမွဳေတြကို ထုတ္ေဖာ္ေၾကညာေလ႔ရွိတဲ႔ TC Candler Asia ကေန ဒီႏွစ္အတြက္ ေရြးခ်ယ္ထားတဲ႔ စစ္တမ္းေကာက္ယူမွုကေန ထြက္ေပၚလာခဲ႔တာ ျဖစ္ပါတယ္။ ဒီလိုမ်ိုးသတ္မွတ္ခ်က္ထြက္ေပၚလာျပီးေနာက္မွာေတာ႔ တရုတ္ႏို္င္ငံသံုး လူမွုကြန္ရက္ျဖစ္တဲ႔ Weibo မွာ #XiaoZhan ဆိုတဲ႔ နာမည္နဲ႔ Trend လုပ္သူဦးေရဟာ သန္း ၂၀ မွ်ရွိခဲ႔တယ္လုိ႔ သိရပါတယ္။

ဒါ႔အျပင္ ႏိုင္ငံတကာမွ ပရိသတ္ေတြလည္း Twitter ကေနတဆင္႔ Xiao Zhan ရဲ႕ နာမည္နဲ႔ trend လုပ္ကာ ဂုဏ္ျပဳခဲ႔ၾကျပီး ဒီလိုမ်ိုး ေရြးခ်ယ္သတ္မွတ္ခံရမွဳဟာ Xiao Zhan အတြက္ ထိုက္တန္တယ္လို႔ ဂုဏ္ျပဳေရးသားေဖာ္ျပခဲ႔ပါတယ္။

"သူက ရုပ္ရည္ပိုင္းမွာေရာ၊ သရုပ္ေဆာင္တဲ႔ပညာမွာပါ အျပစ္ေျပာစရာမရွိတဲ႔သူပါ။ ဒီလိုမ်ိုး သတ္မွတ္ခံရမွဳေတြ၊ ခ်ီးက်ဴးခံရမွဳေတြက နူးညံ႔ၾကင္နာျပီး အေကာင္းျမင္တတ္တဲ႔ သူ႕အတြက္ ထိုက္တန္ပါတယ္" လို႔ဆိုကာ ပရိသတ္ေတြက သူတို႔ေတြခ်စ္ၾကတဲ႔ အႏုပညာရွင္အတြက္ ၀မ္းသာဂုဏ္ယူခဲ႔ၾကတာ ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ႔ Xiao Zhan ဟာဆိုရင္ အႏုပညာေလာကထဲကို ၂၀၁၅ ခုႏွစ္မွာ စတင္၀င္ေရာက္ခဲ႔တာျဖစ္ျပီး ၂၀၁၆ ခုႏွစ္မွာေတာ႔ X NINE ရဲ႕အဖဲြ႕၀င္အျဖစ္နဲ႔ စတင္ပြဲထြက္ခဲ႔ပါတယ္။ သရုပ္ေဆာင္အေနနဲ႔ စတင္ပြဲထြက္ခဲ႔တာကလည္း ၂၀၁၆ ခုႏွစ္မွာျဖစ္ျပီး ပါ၀င္သရုပ္ေဆာင္ခဲ႔တဲ႔ ဇာတ္ကားကေတာ႔ Super Star Academy ဆိုတဲ႔ ဇာတ္လမ္းတြဲပဲျဖစ္္ပါတယ္။

၂၀၁၈ ခုႏွစ္ေတာ႔ Oh! My Emperor ဆိုတဲ႔ ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ေတြရဲ႕ သေဘာက်ႏွစ္သက္အားေပးမွုကိုရရွိခဲ႔ကာ ၂၀၁၉ ခုႏွစ္မွာေတာ႔ နာမည္ၾကီး၀တၳဳတစ္ပုဒ္ျဖစ္တဲ႔ Mo Dao Zu Shi ကို ျပန္လည္ရိုက္ကူးထားတဲ႔ The Untamed မွာ သရုပ္ေဆာင္၊ အဆိုေတာ္ Wang Yi Bo နဲ႔အတူ တြဲဖက္ပါ၀င္ျပီး သရုပ္ေဆာင္ခဲ႔ပါတယ္။ အဲဒီဇာတ္ကားကို ထုတ္လႊင္႔ျပသျပီးေနာက္မွာေတာ႔ Xiao Zhan ရဲ႕ ေအာင္ျမင္မွဳအရွိန္ဟာ မထင္မွတ္ထားေလာက္ေအာင္ မ်ားျပားလာခဲ႔ပါေတာ႔တယ္။

အာရွတိုက္ရဲ႕ ေခ်ာေမာအခန္႔ညားဆံုးေသာ အမ်ိုးသားအျဖစ္ ေရြးခ်ယ္ခံထားရတဲ႔ Xiao Zhan ကို ေၾကြဆင္းေနမိၾကတဲ႔ ပရိသတ္ေတြထဲမွာေရာ သင္တို႔ေတြ ပါ၀င္ၾကရဲ႕လား။

Ref : Global Times

Credit:Mia (Momolay)

Unicodeဖြင့်ဖတ်ရန်

အာရှတိုက်ရဲ့ ချောမောအခန့်ညားဆုံးသော အမျိုးသားအဖြစ် ရွေးချယ်ခံထားရတဲ့ Xiao Zhan

မကြာသေးခင်လပိုင်းတုန်းကမှ ထုတ်လွှင့်ပြသပြီးသွားခဲ့တဲ့ "The Untamed " ဇာတ်လမ်းတွဲနဲ့ လူသိများအောင်မြင်ခဲ့သူ Xiao Zhan ဟာဆိုရင် လက်ရှိအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ တစ်ခဲနက်နှစ်သက်အားပေးခြင်းကို အခိုင်အမာရရှိနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်အရည်အချင်းအပြင် အဆိုပညာမှာလည်း ပါရမီပါတဲ့ Xiao Zhan ဟာ သရုပ်ဆောင်မင်းသားတစ်လက်အနေနဲ့သာမကပဲ အဆိုတော်တစ်ယောက်အဖြစ်နဲ့လည်း ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို ရရှိထားပါသေးတယ်။

အနုပညာရှင်တစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့အပြင် ရုပ်ရည်ပိုင်းအသွင်အပြင်မှာလည်း အပြစ်ပြောစရာမရှိတဲ့သူဟာ အခုဆိုရင် ၂၀၁၉ ခုနှစ်အတွက် အာရှတိုက်ရဲ့ ချောမောအခန့်ညားဆုံးသော အမျိုးသားအဖြစ် ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။

ထိုသတ်မှတ်ချက်ဟာဆိုရင် နှစ်စဉ်ဆိုသလို စစ်တမ်းကောက်ယူမှုတွေကို ထုတ်ဖော်ကြေညာလေ့ရှိတဲ့ TC Candler Asia ကနေ ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ စစ်တမ်းကောက်ယူမှုကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးသတ်မှတ်ချက်ထွက်ပေါ်လာပြီးနောက်မှာတော့ တရုတ်နိုင်ငံသုံး လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ #XiaoZhan ဆိုတဲ့ နာမည်နဲ့ Trend လုပ်သူဦးရေဟာ သန်း ၂၀ မျှရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှ ပရိသတ်တွေလည်း Twitter ကနေတဆင့် Xiao Zhan ရဲ့ နာမည်နဲ့ trend လုပ်ကာ ဂုဏ်ပြုခဲ့ကြပြီး ဒီလိုမျိုး ရွေးချယ်သတ်မှတ်ခံရမှုဟာ Xiao Zhan အတွက် ထိုက်တန်တယ်လို့ ဂုဏ်ပြုရေးသားဖော်ပြခဲ့ပါတယ်။

"သူက ရုပ်ရည်ပိုင်းမှာရော၊ သရုပ်ဆောင်တဲ့ပညာမှာပါ အပြစ်ပြောစရာမရှိတဲ့သူပါ။ ဒီလိုမျိုး သတ်မှတ်ခံရမှုတွေ၊ ချီးကျူးခံရမှုတွေက နူးညံ့ကြင်နာပြီး အကောင်းမြင်တတ်တဲ့ သူ့အတွက် ထိုက်တန်ပါတယ်" လို့ဆိုကာ ပရိသတ်တွေက သူတို့တွေချစ်ကြတဲ့ အနုပညာရှင်အတွက် ဝမ်းသာဂုဏ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Xiao Zhan ဟာဆိုရင် အနုပညာလောကထဲကို ၂၀၁၅ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ X NINE ရဲ့အဖွဲ့ဝင်အဖြစ်နဲ့ စတင်ပွဲထွက်ခဲ့ပါတယ်။ သရုပ်ဆောင်အနေနဲ့ စတင်ပွဲထွက်ခဲ့တာကလည်း ၂၀၁၆ ခုနှစ်မှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ Super Star Academy ဆိုတဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တော့ Oh! My Emperor ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ သဘောကျနှစ်သက်အားပေးမှုကိုရရှိခဲ့ကာ ၂၀၁၉ ခုနှစ်မှာတော့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Mo Dao Zu Shi ကို ပြန်လည်ရိုက်ကူးထားတဲ့ The Untamed မှာ သရုပ်ဆောင်၊ အဆိုတော် Wang Yi Bo နဲ့အတူ တွဲဖက်ပါဝင်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို ထုတ်လွှင့်ပြသပြီးနောက်မှာတော့ Xiao Zhan ရဲ့ အောင်မြင်မှုအရှိန်ဟာ မထင်မှတ်ထားလောက်အောင် များပြားလာခဲ့ပါတော့တယ်။

အာရှတိုက်ရဲ့ ချောမောအခန့်ညားဆုံးသော အမျိုးသားအဖြစ် ရွေးချယ်ခံထားရတဲ့ Xiao Zhan ကို ကြွေဆင်းနေမိကြတဲ့ ပရိသတ်တွေထဲမှာရော သင်တို့တွေ ပါဝင်ကြရဲ့လား။

Ref : Global Times

Credit:Mia (Momolay)

မှတ်ချက်များ