Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ကျနော်ငယ်ငယ်က ကျနော့တူမလေးတစ်ယောက် ထိပ်ကပ်နာ လို့ခေါ်တဲ့ နှာခေါင်းထိပ်ပိတ်နှာစေးနှာပိတ်ဝေဒနာကို တော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ကြာလာတော့ အနံ့အသက်ပါထွက်လာတယ်။ သူ့ဝေဒနာနောက်ဆုံး အရှင်းပျောက်ခဲ့တာတော့ ပုံမှာပြထားတဲ့ ထန်းနို့ခြောက်(ထနို့ခြောက်)ရှုပေးတာ သုံးလေးရက်အတွင်းမှာ လုံးဝပျောက်သွားခဲ့ပါတယ်။
ပြုလုပ်ပုံံကတော့ ပုံမှာပြထားတဲ့ ထနို့ခြောက်ကို အမှုန့်ဖြစ်အောင်ထောင်းရပါတယ်။ အဲ့ဒီနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများကုန်စင်အောင်ထုတ်ပါ။ထနို့ခြောက်မှုန့်ကိုပြန်ထည့်ပြီး ဆေးပေါ့လိပ်ဖွာသလို ဖွာပြီးနှာခေါင်းထဲမှအငွေ့ပြန်ထုတ်ရပါတယ်။ဆေးလိပ်သောက်သလို ရှိုက်ဖို့မလိုပါ အငွေ့နှာခေါင်းထဲမှပြန်ထုတ်ရင်ရပါပြီ။
ကျနော့ဖရင့်ထဲက ကလေးမတစ်ယောက် ထိပ်ကပ်နာဖြစ်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ ခွဲစိတ်ရမယ်ပြောလို့ ကျနော်ဒီနည်းလေးပေးလိုက်တာ ၁ရက်ထဲမှာပဲ ပိတ်ဆို့နေတဲ့အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရလွယ်ကူသွားပြီဖြစ်ပါတယ်။လေးငါးရက်ဆက်တိုက်လုပ်ပါက လုံးဝပျောက်ကင်းတာလက်တွေ့မို့ လက်တို့လိုက်ခြင်းဖြစ်ပါတယ်။
Credit: Myanmar Technews
မှတ်ချက်များ