လူတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ အလုပ္မွာ ပ်င္းလာတတ္ေၾကာင္းေတြ႕ရွိ


Zawgyiျဖင့္ဖတ္ရန္


လူတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ ခံစားခ်က္မ်ိဳးစုံကို ေတြ႕ႀကဳံလာရတတ္ပါတယ္။ အခ်ိန္တိုင္း သတိရေနတတ္တာ၊ ခဏခဏေတြ႕ခ်င္တာ၊ တစ္ခုခုကို စိတ္မဝင္စားႏိုင္တာ စတာေတြကို ႀကဳံေတြ႕ရမွာပါ။ တစ္ခါတေလမွာဆိုရင္ ဗိုက္ထဲမွာ လိပ္ျပာေတြဝဲေနသလို ခံစားခ်က္ေတြေတာင္ ျဖစ္တတ္ပါတယ္။

သုေတသနပညာရွင္ Henk van Steembergen နဲ႔ Maryland တကၠသိုလ္၊ Leiden တကၠသိုလ္က သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြက ေလ့လာခ်က္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒီေလ့လာခ်က္အရ အခ်စ္က သင့္ရဲ႕ အာ႐ုံစိုက္ႏိုင္စြမ္းနဲ႔ လုပ္ငန္းေဆာင္တာေတြအေပၚ သက္ေရာက္မႈရွိေၾကာင္း ေတြ႕ရပါတယ္။

ရည္းစားရကာစ လူငယ္ေပါင္း 42ေယာက္ ( rs သက္တမ္းေျခာက္လေအာက္) ကို သူတို႔ရဲ႕ အလုပ္လုပ္ေဆာင္မႈနဲ႔ ပတ္သက္ၿပီး ခြဲျခမ္းစိတ္ျဖာ ေမးျမန္းခဲ့ပါတယ္။ ရလဒ္အေနနဲ႔ လူတစ္ေယာက္ကို ခ်စ္မိကာစအခ်ိန္ေတြမွာ စိတ္စုစည္းႏိုင္မႈ နည္းၿပီး ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္မႈေတြလည္း ေလ်ာ့သြားတာကို ေတြ႕ရပါတယ္။

အလုပ္ေတြမွာလည္း သိပ္ၿပီး စိတ္မဝင္စားေတာ့ပါဘူး။ တစ္ခုခုကို ၾကည့္ၿပီး တစ္ေယာက္တည္း ၿပဳံးေနတတ္တာ၊ တစ္ခုခုကို အာ႐ုံမစိုက္ႏိုင္ဘဲ အေယာင္ေယာင္အမွားမွား ျဖစ္တတ္လာတာကိုလည္း ေတြ႕ရပါတယ္။“အခ်စ္က စြဲလန္းတတ္တဲ့ သဘာဝရွိတာေၾကာင့္ ဘဝမွာ ဘာက ပိုအေရးႀကီးလဲ ဆိုတာ သိႏိုင္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္မႈက လိုအပ္ပါတယ္”လို႔ Steenbergen က ေျပာပါတယ္။ အဲဒါေၾကာင့္ အခ်စ္နဲ႔အလုပ္ကို ခြဲျခားထားႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။

CREDIT LoveMedia

Unicodeဖြင့်ဖတ်ရန်

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အလုပ်မှာ ပျင်းလာတတ်ကြောင်းတွေ့ရှိ

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ခံစားချက်မျိုးစုံကို တွေ့ကြုံလာရတတ်ပါတယ်။ အချိန်တိုင်း သတိရနေတတ်တာ၊ ခဏခဏတွေ့ချင်တာ၊ တစ်ခုခုကို စိတ်မဝင်စားနိုင်တာ စတာတွေကို ကြုံတွေ့ရမှာပါ။ တစ်ခါတလေမှာဆိုရင် ဗိုက်ထဲမှာ လိပ်ပြာတွေဝဲနေသလို ခံစားချက်တွေတောင် ဖြစ်တတ်ပါတယ်။

သုတေသနပညာရှင် Henk van Steembergen နဲ့ Maryland တက္ကသိုလ်၊ Leiden တက္ကသိုလ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာချက်အရ အချစ်က သင့်ရဲ့ အာရုံစိုက်နိုင်စွမ်းနဲ့ လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှုရှိကြောင်း တွေ့ရပါတယ်။

ရည်းစားရကာစ လူငယ်ပေါင်း 42ယောက် ( rs သက်တမ်းခြောက်လအောက်) ကို သူတို့ရဲ့ အလုပ်လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာ မေးမြန်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ လူတစ်ယောက်ကို ချစ်မိကာစအချိန်တွေမှာ စိတ်စုစည်းနိုင်မှု နည်းပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုတွေလည်း လျော့သွားတာကို တွေ့ရပါတယ်။

အလုပ်တွေမှာလည်း သိပ်ပြီး စိတ်မဝင်စားတော့ပါဘူး။ တစ်ခုခုကို ကြည့်ပြီး တစ်ယောက်တည်း ပြုံးနေတတ်တာ၊ တစ်ခုခုကို အာရုံမစိုက်နိုင်ဘဲ အယောင်ယောင်အမှားမှား ဖြစ်တတ်လာတာကိုလည်း တွေ့ရပါတယ်။“အချစ်က စွဲလန်းတတ်တဲ့ သဘာဝရှိတာကြောင့် ဘဝမှာ ဘာက ပိုအရေးကြီးလဲ ဆိုတာ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုက လိုအပ်ပါတယ်”လို့ Steenbergen က ပြောပါတယ်။ အဲဒါကြောင့် အချစ်နဲ့အလုပ်ကို ခွဲခြားထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

CREDIT LoveMedia

မှတ်ချက်များ