ေက်ာင္းကပြဲသြားဖို႔ ေကာင္မေလးေတြေခၚမရလို႔ အိမ္ကေၾကာင္ေလးေခၚသြားရတဲ့အျဖစ္


Zawgyiျဖင့္ဖတ္ရန္

အေနာက္ႏုိင္ငံအထက္တန္းေက်ာင္းေတြမွာ ဓေလ့တစ္ခုရွိပါတယ္။ အဲဒါကေတာ့ အထက္တန္းေနာက္ဆံုးႏွစ္ေက်ာင္းသားေတြကို ေက်ာင္းကပြဲလုပ္ေပးတာပါ။

ေက်ာင္းပပြဲအတြက္ ေက်ာင္းသားေက်ာင္းသူတုိင္းလိုလို အတြဲရွာၾကရတဲ့ဓေလ့ဟာလည္း ရွိေနပါတယ္။ ေက်ာင္းကပြဲနီးေလ အတြဲရွာဖုိ႔ေက်ာင္းသားေတြ ပိုအလုပ္ရႈပ္ေလပါပဲ။ကပြဲအတြက္ ဒိတ္ရွာမေတြ႕ခဲ့ရင္ေတာ့ ေတာ္ေတာ္ေလးကို ရွက္ဖို႔ေကာင္းသလိုလို၊ မစြံေတာ့သလိုလိုနဲ႔ အႏွိမ္ခံၾကရပါတယ္တဲ့။ ဒါေၾကာင့္လည္း ကပြဲအတြက္ အတြဲကို မရကရရွာတတ္ၾကတာပါ။

အခုလည္းေက်ာင္းသားတစ္ယာက္က ေက်ာင္းကပြဲအတြက္ အတြဲရွာမရလို႔ဆိုၿပီး အခက္ေတြ႕ခဲ့ရပါတယ္တဲ့ေလ။ ဒါေၾကာင့္ အတြဲရွာမရတဲ့အဆံုး ေျဖရွင္းခဲ့တဲ့ပံုစံေၾကာင္ ့လူမႈပြန္ယက္မွာ နာမည္ႀကီးေနခဲ့ပါတယ္။

အဲဒါကေတာ့ အိမ္မွာေမြးထားတဲ့ေၾကာင္ေလးကို ကပြဲကို ေခၚသြားခဲ့တာပါတဲ့။ တကယ္တမ္း ကပြဲအတြက္ အတြဲမရွိရင္ေတာင္မွပဲ ညီအစ္ကိုေမာင္ႏွမေတြကို ေခၚသြားလို႔ရေပမယ့္လို႔သူကေတာ့ ေၾကာင္ေလးကိုပဲေခၚသြာားခဲ့ပါတယ္တဲ့ေလ။ ဒီအေၾကာင္းကိုေတာ့ သူ႔ရဲ႕အစ္မျဖစ္သူက ကပြဲေန႔ကဓာတ္ပံုေလးကိုTwitter မွာ တင္ထားခဲ့တာပါ။

သူမရဲ႕ေမာင္ျဖစ္သူဟာ ကပြဲအတြက္ အတြဲရွာမရတာေတာင္ သူမကိုေခၚေဖာ္မရခဲ့ဘဲနဲ႔ တန္းၿပီး အိမ္ကေၾကာင္ကိုေခၚသြားမယ္လို႔ ေျပာခဲ့ပါတယ္တဲ့။ ဒီစကားကိုလည္း သူတုိ႔အေမၾကားေရာ မိခင္ကိုယ္တုိင္ကိုက ေၾကာင္ေလးအတြက္ ကပြဲဝတ္စံုကို ခ်က္ခ်င္းသြားဝယ္ေပးခဲ့ပါတဲ့။ ေနာက္ဆံုးမွာေတာ့ ေၾကာင္ေလးကို ဂါဝန္ပန္းဆီေရာင္ေလးဆင္ေပးခဲ့ၿပီး ကပဲြကို ေခၚသြားခဲ့ပါေတာ့တယ္။

ေက်ာင္းကပြဲမွာရိုက္ထားတဲ့ ဓာတ္ပံုေလးကေတာ့ ဒီမွာပါ။ ဓာတ္ပံုထဲမွာ ေၾကာင္ေလးကေနၿပီး ၾကင္နာမႈမ်က္လံုးေတြနဲ႔ ျပန္ၾကည့္ေနတဲ့ ပံုစံေလးကေတာ့ Twitter user ေတြၾကားထဲ အရမ္းကိုအားေပးခဲ့ၾကတတာေလးပါပဲဲ။

Penny

Credit:Shwemom]

Unicodeဖြင့်ဖတ်ရန်

ကျောင်းကပွဲသွားဖို့ ကောင်မလေးတွေခေါ်မရလို့ အိမ်ကကြောင်လေးခေါ်သွားရတဲ့အဖြစ်

အနောက်နိုင်ငံအထက်တန်းကျောင်းတွေမှာ ဓလေ့တစ်ခုရှိပါတယ်။ အဲဒါကတော့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေကို ကျောင်းကပွဲလုပ်ပေးတာပါ။

ကျောင်းပပွဲအတွက် ကျောင်းသားကျောင်းသူတိုင်းလိုလို အတွဲရှာကြရတဲ့ဓလေ့ဟာလည်း ရှိနေပါတယ်။ ကျောင်းကပွဲနီးလေ အတွဲရှာဖို့ကျောင်းသားတွေ ပိုအလုပ်ရှုပ်လေပါပဲ။ကပွဲအတွက် ဒိတ်ရှာမတွေ့ခဲ့ရင်တော့ တော်တော်လေးကို ရှက်ဖို့ကောင်းသလိုလို၊ မစွံတော့သလိုလိုနဲ့ အနှိမ်ခံကြရပါတယ်တဲ့။ ဒါကြောင့်လည်း ကပွဲအတွက် အတွဲကို မရကရရှာတတ်ကြတာပါ။

အခုလည်းကျောင်းသားတစ်ယာက်က ကျောင်းကပွဲအတွက် အတွဲရှာမရလို့ဆိုပြီး အခက်တွေ့ခဲ့ရပါတယ်တဲ့လေ။ ဒါကြောင့် အတွဲရှာမရတဲ့အဆုံး ဖြေရှင်းခဲ့တဲ့ပုံစံကြောင့်လူမှုပွန်ယက်မှာ နာမည်ကြီးနေခဲ့ပါတယ်။

အဲဒါကတော့ အိမ်မှာမွေးထားတဲ့ကြောင်လေးကို ကပွဲကို ခေါ်သွားခဲ့တာပါတဲ့။ တကယ်တမ်း ကပွဲအတွက် အတွဲမရှိရင်တောင်မှပဲ ညီအစ်ကိုမောင်နှမတွေကို ခေါ်သွားလို့ရပေမယ့်လို့သူကတော့ ကြောင်လေးကိုပဲခေါ်သွာားခဲ့ပါတယ်တဲ့လေ။ ဒီအကြောင်းကိုတော့ သူ့ရဲ့အစ်မဖြစ်သူက ကပွဲနေ့ကဓာတ်ပုံလေးကိုTwitter မှာ တင်ထားခဲ့တာပါ။

သူမရဲ့မောင်ဖြစ်သူဟာ ကပွဲအတွက် အတွဲရှာမရတာတောင် သူမကိုခေါ်ဖော်မရခဲ့ဘဲနဲ့ တန်းပြီး အိမ်ကကြောင်ကိုခေါ်သွားမယ်လို့ ပြောခဲ့ပါတယ်တဲ့။ ဒီစကားကိုလည်း သူတို့အမေကြားရော မိခင်ကိုယ်တိုင်ကိုက ကြောင်လေးအတွက် ကပွဲဝတ်စုံကို ချက်ချင်းသွားဝယ်ပေးခဲ့ပါတဲ့။ နောက်ဆုံးမှာတော့ ကြောင်လေးကို ဂါဝန်ပန်းဆီရောင်လေးဆင်ပေးခဲ့ပြီး ကပွဲကို ခေါ်သွားခဲ့ပါတော့တယ်။

ကျောင်းကပွဲမှာရိုက်ထားတဲ့ ဓာတ်ပုံလေးကတော့ ဒီမှာပါ။ ဓာတ်ပုံထဲမှာ ကြောင်လေးကနေပြီး ကြင်နာမှုမျက်လုံးတွေနဲ့ ပြန်ကြည့်နေတဲ့ ပုံစံလေးကတော့ Twitter user တွေကြားထဲ အရမ်းကိုအားပေးခဲ့ကြတတာလေးပါပဲ။

Penny

Credit:Shwemom

မှတ်ချက်များ