Effect အလုပ္မလုပ္ေတာ့တဲ့ ခဏမွာ မူရင္းမ်က္ႏွာေပၚသြားခဲ့တဲ့ တရုတ္vloggerမေလး


Zawgyiျဖင့္ဖတ္ရန္

တရုတ္က ေကာင္မေလးေခ်ာေခ်ာေလးေတြရဲ႕ ဗီဒီယိုေတြကို ၾကည့္လိုက္တိုင္း ျဖဴစြတ္ႏုဖတ္ေနတဲ့ မ်က္ႏွာ၊ မိတ္ကပ္ေလးေတြနဲ႔ သြယ္သြယ္လ်လ် V-shape မ်က္ႏွာစတဲ့ လွပႏုပ်ိဳၿပီး ခ်စ္ဖို႔ေကာင္းတဲ့ မိန္းကေလးေတြအျဖစ္ ေတြ႕ဖူးၾကပါလိမ့္မယ္။ အဲဒီလိုခ်စ္စဖြယ္ႏုဖတ္ေနတဲ့ မ်က္ႏွာေလးေတြရဲ႕ အေရွ႕မွာေတာ့ effect ေပါင္းမ်ားစြာနဲ႔ျပည့္ႏွက္ေနတဲ့ beauty camera ေတြဟာ မူရင္းမ်က္ႏွာမေပၚေအင္ မားမားမတ္မတ္ကာကြယ္တားဆီးေပးေနခဲ့တာပါ။ မ်ားေသာအားျဖင့္ေပါ့။

ၿပီးခဲ့တဲဲ့လက တရုတ္ျပည္ရဲ႕ vlogger တစ္ေယာက္ live လႊင့္ေနတုန္းမွာတင္ error တက္ကာ effect က အလုပ္မလုပ္ေတာ့ဘဲ နဂိုမူရင္းမ်က္ႏွာႀကီး ေပၚသြားခဲ့လို႔ ဂရက္ရိုက္ခဲ့တယ္ဆိုၿပီး ITV မွာ ေဖာ္ျပထားခဲ့ပါတယ္။ ဒီလိုမ်က္ႏွာေလးကေနၿပီး..

..ဒီလိုမ်ိဳး မူရင္းရုပ္ေပၚသြားခဲ့တာပဲျဖစ္ပါတယ္။ Your Highness Qiao Biluo ဆိုတဲ့ နာမည္ႀကီး vlogger ဟာ တကယ္တမ္းေတာ့ အသက္၅၈ႏွစ္ရွိေနၿပီျဖစ္တဲ့ သာမန္အမ်ိဳးသမီးတစ္ေယာက္ပါ။ သူမဟာ effect ေတြပါတဲ့ beauty camera နဲ႔ Douyu ဆိုတဲ့ streaming platform မွာ live streaming ေတြလုပ္ကာ အသံခ်ိဳခ်ိဳသာသာေလးနဲ႔ fan ေတြကို ဆြဲေဆာင္ေနခဲ့သူေလးတစ္ေယာက္ပါ။ Streamer ေတြရဲ႕ ေယဘံုယ်ထံုးစံအတုိင္းပဲ သူမရဲ႕နဂိုမူရင္းမ်က္ႏွာအစစ္ကို ျမင္ဖူူးခ်င္တယ္ဆုိရင္ မွန္းထားတဲ့ပိုက္ဆံျပည့္ေအာင္ အလွဴထည့္ၾကပါဆိုၿပီး ပိုက္ဆံရွာေနခဲ့တာပါ။

တစ္ရက္မွာေတာ့ တျခား vlogger တစ္ေယာက္နဲ႔ live လႊင့္ၿပီး စကားေျပာေနတုန္း effect ဖြင့္ထားတာဟာ အလုပ္မလုပ္ဘဲနဲ႔ တစ္ခုခုမွားသြားခဲ့ၿပီး မူရင္းရုပ္ႀကီး ေပၚလာတဲ့အခါမွာေတာ့ ၾကည့္ေနတဲ့လူေတြေတာ္ေတ္ာမ်ားမ်ားက လန္႔သြားခဲ့ၾကပါတယ္။ ဒီလိုနဲ႔ အဲဒီဗီဒီယိုဟာ တရုတ္ျပည္မွာနာမည္ႀကီးလာပါေတာ့တယ္။

Penny

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

Effect အလုပ်မလုပ်တော့တဲ့ ခဏမှာ မူရင်းမျက်နှာပေါ်သွားခဲ့တဲ့ တရုတ်vloggerမလေး

တရုတ်က ကောင်မလေးချောချောလေးတွေရဲ့ ဗီဒီယိုတွေကို ကြည့်လိုက်တိုင်း ဖြူစွတ်နုဖတ်နေတဲ့ မျက်နှာ၊ မိတ်ကပ်လေးတွေနဲ့ သွယ်သွယ်လျလျ V-shape မျက်နှာစတဲ့ လှပနုပျိုပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေအဖြစ် တွေ့ဖူးကြပါလိမ့်မယ်။ အဲဒီလိုချစ်စဖွယ်နုဖတ်နေတဲ့ မျက်နှာလေးတွေရဲ့ အရှေ့မှာတော့ effect ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ beauty camera တွေဟာ မူရင်းမျက်နှာမပေါ်အေင် မားမားမတ်မတ်ကာကွယ်တားဆီးပေးနေခဲ့တာပါ။ များသောအားဖြင့်ပေါ့။

ပြီးခဲ့တဲ့လက တရုတ်ပြည်ရဲ့ vlogger တစ်ယောက် live လွှင့်နေတုန်းမှာတင် error တက်ကာ effect က အလုပ်မလုပ်တော့ဘဲ နဂိုမူရင်းမျက်နှာကြီး ပေါ်သွားခဲ့လို့ ဂရက်ရိုက်ခဲ့တယ်ဆိုပြီး ITV မှာ ဖော်ပြထားခဲ့ပါတယ်။ ဒီလိုမျက်နှာလေးကနေပြီး..

..ဒီလိုမျိုး မူရင်းရုပ်ပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ Your Highness Qiao Biluo ဆိုတဲ့ နာမည်ကြီး vlogger ဟာ တကယ်တမ်းတော့ အသက်၅၈နှစ်ရှိနေပြီဖြစ်တဲ့ သာမန်အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ effect တွေပါတဲ့ beauty camera နဲ့ Douyu ဆိုတဲ့ streaming platform မှာ live streaming တွေလုပ်ကာ အသံချိုချိုသာသာလေးနဲ့ fan တွေကို ဆွဲဆောင်နေခဲ့သူလေးတစ်ယောက်ပါ။ Streamer တွေရဲ့ ယေဘုံယျထုံးစံအတိုင်းပဲ သူမရဲ့နဂိုမူရင်းမျက်နှာအစစ်ကို မြင်ဖူူးချင်တယ်ဆိုရင် မှန်းထားတဲ့ပိုက်ဆံပြည့်အောင် အလှူထည့်ကြပါဆိုပြီး ပိုက်ဆံရှာနေခဲ့တာပါ။

တစ်ရက်မှာတော့ တခြား vlogger တစ်ယောက်နဲ့ live လွှင့်ပြီး စကားပြောနေတုန်း effect ဖွင့်ထားတာဟာ အလုပ်မလုပ်ဘဲနဲ့ တစ်ခုခုမှားသွားခဲ့ပြီး မူရင်းရုပ်ကြီး ပေါ်လာတဲ့အခါမှာတော့ ကြည့်နေတဲ့လူတွေတော်တေ်ာများများက လန့်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ အဲဒီဗီဒီယိုဟာ တရုတ်ပြည်မှာနာမည်ကြီးလာပါတော့တယ်။

Penny

Credit:Shwemom

မှတ်ချက်များ