စတိုးဆိုင္တစ္ဆိုင္ထဲ၀င္လာၿပီး ပန္ကာေလ လာခံေလ့ရွိတဲ့ ႏြားတစ္ေကာင္
Zawgyiျဖင့္ဖတ္ရန္
ကမၻာေပၚမွာ ထူးျခားဆန္းျပားျဖစ္ရပ္ေတြမ်ိဳးစံုရွိၾကပါတယ္။ အခုလည္း သင့္ အေနနဲ႔ ႏြားတစ္ေကာင္က သင့္ဆိုင္ထဲ၀င္လာျပီး အသလြတ္လာထိုင္ေနတယ္ဆိုရင္ သင့္အေနနဲ႔ဘာလုပ္ၾကမလဲ။ ထြက္ပဲေျပးရေတာ့မလို၊ ေမာင္းပဲထုတ္ရေတာ့မလိုနဲ႔ ဘာလုပ္ရမွန္းမသိ အက်ပ္ရိုက္ေစပါလိ့မ္မယ္ဟုတ္။ အဲ့လိုအျဖစ္အပ်က္မ်ိဳး Andhra Pradeshဆိုတဲ့ စတိုးဆိုင္တစ္ခု မွာျဖစ္ပ်က္ခဲ့ပါတယ္။
ပိုင္ရွင္မဲ့ႏြားတစ္ေကာင္ဟာ Sairam ဆိုတ့ဲအထည္ဆိုင္ကို ေန႔တုိင္းလာေရာက္ျပီး ဆိုင္ထဲ၀င္ကာ (၂)နာရီ(၃)နာရီၾကာ ပန္ကာေလခံ အနားလာယူေလ့ရွိပါတယ္။ ဒါေပမယ့္လို႔ ဆိုင္ရွင္ကိုလည္း အေႏွာင့္အယွက္မေပးသလို၊ ေစ်း၀ယ္သူေတြကိုလည္း ေၾကာက္လန္႔ေအာင္လုပ္တာမ်ိဳးမရွိဘဲ သူ႔ဘာသာေအးေဆးလွဲေနကာ နာရီအနည္းငယ္ၾကာတာနဲ႔ ျပန္ထြြက္သြားတတ္တယ္လို႔ News18သတင္းစာ မွာ ေဖာ္ျပထားပါတယ္။
“သူကေန႔တိုင္းလာတယ္။ ျပီးရင္ပန္ကာေအာက္မွာလွဲတယ္။ ဒါေပမယ့္ပန္ကာပိတ္လုိက္ရင္ သူ႔ဘာသူူျပန္ထြက္သြားေရာ။ ၀ယ္သူေတြကို ဘယ္ေတာ့မွ အေႏွာင့္အယွက္မေပးသလို ဆိုင္ထဲမွာလည္း ဘယ္ေတာ့မွ ေသးမေပါက္တတ္္ဘူး။ ေပါက္ခ်င္ရင္ေတာင္ ဆိုင္ထဲက ထြက္ျပီး အျပင္ေရာက္မွ ေပါက္တယ္္။´´လို႔ဆိုင္ရွင္ကေျပာပါတယ္။
“အခုလုိ သူဆိုင္ကိုေရာက္ေရာက္လာတာ (၆)လ ေလာက္ရွိေနပါျပီ။ ေႏြရာသီေန႔လယ္ခင္းအခ်ိန္ၾကီး ဆိုင္ထဲကို ႏြားတစ္ေကာင္ရုတ္တရက္ၾကီး ၀င္ခ်လာျပီး ၀င္ထုိင္ေနေတာ့ ၊ ၀ယ္သူေတြလည္း ေၾကာင္ျပီး ေၾကာက္လန္႔ကုန္ၾကတယ္။ ကၽြန္ေတာ္လည္းတရႈးရႈးနဲ႔ေမာင္းထုတ္တာေပါ့။ ဒါေပမယ့္ အႏၱရာယ္ေပးတာမဟုတ္ေတာ့ ေနာက္ပိုင္းၾကည့္ပဲၾကည့္ေနလိုက္ေတာ့တယ္။ အခုဆို ကၽြန္ေတာ့ဆိုင္က ႏြားဆိုင္ ဆိုျပီး ေတာ္ေတာ္ေလးေတာင္ နာမည္တြင္ေနျပီ ။ ဆုိင္လာတဲ့ ၀ယ္သူအမ်ိဳးသမီးေတြကလည္း သူ႔ကို မုန္႔ေတြေကၽြးၾကတယ္လုိ႔´´ဆုိင္ရွင္ကဆိုပါတယ္။
ဆိုင္ပိုင္ရွင္ကေတာ့ ဒီႏြားေလး သူ႔ဆုိင္ကိုလာျပီးကတည္းက အေရာင္းအ၀ယ္ေတြပိုေကာင္းလာလို႔ သူ႔ကို ဆိုင္ရဲ႕လာဘ္ေကာင္ႏြားအျဖစ္ သတ္မွတ္ထားတယ္လုိ႔ဆုိထားပါတယ္။
Khaing
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
စတိုးဆိုင်တစ်ဆိုင်ထဲဝင်လာပြီး ပန်ကာလေ လာခံလေ့ရှိတဲ့ နွားတစ်ကောင်
ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်တွေမျိုးစုံရှိကြပါတယ်။ အခုလည်း သင့် အနေနဲ့ နွားတစ်ကောင်က သင့်ဆိုင်ထဲဝင်လာပြီး အသလွတ်လာထိုင်နေတယ်ဆိုရင် သင့်အနေနဲ့ဘာလုပ်ကြမလဲ။ ထွက်ပဲပြေးရတော့မလို၊ မောင်းပဲထုတ်ရတော့မလိုနဲ့ ဘာလုပ်ရမှန်းမသိ အကျပ်ရိုက်စေပါလိ့မ်မယ်ဟုတ်။ အဲ့လိုအဖြစ်အပျက်မျိုး Andhra Pradeshဆိုတဲ့ စတိုးဆိုင်တစ်ခု မှာဖြစ်ပျက်ခဲ့ပါတယ်။
ပိုင်ရှင်မဲ့နွားတစ်ကောင်ဟာ Sairam ဆိုတဲ့အထည်ဆိုင်ကို နေ့တိုင်းလာရောက်ပြီး ဆိုင်ထဲဝင်ကာ (၂)နာရီ(၃)နာရီကြာ ပန်ကာလေခံ အနားလာယူလေ့ရှိပါတယ်။ ဒါပေမယ့်လို့ ဆိုင်ရှင်ကိုလည်း အနှောင့်အယှက်မပေးသလို၊ ဈေးဝယ်သူတွေကိုလည်း ကြောက်လန့်အောင်လုပ်တာမျိုးမရှိဘဲ သူ့ဘာသာအေးဆေးလှဲနေကာ နာရီအနည်းငယ်ကြာတာနဲ့ ပြန်ထွက်သွားတတ်တယ်လို့ News18သတင်းစာ မှာ ဖော်ပြထားပါတယ်။
“သူကနေ့တိုင်းလာတယ်။ ပြီးရင်ပန်ကာအောက်မှာလှဲတယ်။ ဒါပေမယ့်ပန်ကာပိတ်လိုက်ရင် သူ့ဘာသူူပြန်ထွက်သွားရော။ ဝယ်သူတွေကို ဘယ်တော့မှ အနှောင့်အယှက်မပေးသလို ဆိုင်ထဲမှာလည်း ဘယ်တော့မှ သေးမပေါက်တတ်ဘူး။ ပေါက်ချင်ရင်တောင် ဆိုင်ထဲက ထွက်ပြီး အပြင်ရောက်မှ ပေါက်တယ်။´´လို့ဆိုင်ရှင်ကပြောပါတယ်။
“အခုလို သူဆိုင်ကိုရောက်ရောက်လာတာ (၆)လ လောက်ရှိနေပါပြီ။ နွေရာသီနေ့လယ်ခင်းအချိန်ကြီး ဆိုင်ထဲကို နွားတစ်ကောင်ရုတ်တရက်ကြီး ဝင်ချလာပြီး ဝင်ထိုင်နေတော့ ၊ ဝယ်သူတွေလည်း ကြောင်ပြီး ကြောက်လန့်ကုန်ကြတယ်။ ကျွန်တော်လည်းတရှုးရှုးနဲ့မောင်းထုတ်တာပေါ့။ ဒါပေမယ့် အန္တရာယ်ပေးတာမဟုတ်တော့ နောက်ပိုင်းကြည့်ပဲကြည့်နေလိုက်တော့တယ်။ အခုဆို ကျွန်တော့ဆိုင်က နွားဆိုင် ဆိုပြီး တော်တော်လေးတောင် နာမည်တွင်နေပြီ ။ ဆိုင်လာတဲ့ ဝယ်သူအမျိုးသမီးတွေကလည်း သူ့ကို မုန့်တွေကျွေးကြတယ်လို့´´ဆိုင်ရှင်ကဆိုပါတယ်။
ဆိုင်ပိုင်ရှင်ကတော့ ဒီနွားလေး သူ့ဆိုင်ကိုလာပြီးကတည်းက အရောင်းအဝယ်တွေပိုကောင်းလာလို့ သူ့ကို ဆိုင်ရဲ့လာဘ်ကောင်နွားအဖြစ် သတ်မှတ်ထားတယ်လို့ဆိုထားပါတယ်။
Khaing
Credit:Shwemom


မှတ်ချက်များ